ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မီးဖိုချောင်သုံး လက်နှီးစုတ် တွေနဲ့ ကိုယ့်မိသားစုကျန်းမာရေး

မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့ အိမ်မှုကိစ္စလုပ်နေတဲ့ လေဒီလေးတွေအနေနဲ့ စိတ်ဝင်စားမိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အိမ်တိုင်းလိုလိုမှာ မီးဖိုချောင်းသုံးဆိုပြီး လက်နှီးစုတ် လေးတွေ ထားထားတာ တွေ့ဖူးကြမှာပါ။ အိုးခွက်ပန်းကန်တွေ ဆေးပြီးရင် ရေခြောက်အောင် သုတ်ဖို့၊ အဝတ်လျှော်စက်တွေကို တိုက်ချွတ်ဖို့၊ စဉ်းတီတုံး၊ ငရုတ်ဆုံတွေကို အသုံးပြုပြီးသွားတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ပန်းကန်စင်၊ ကြောင်အိမ်တွေကို တိုက်ချွတ်ဆေးကြောတဲ့အခါမျိုးတွေမှာ လက်နှီးစုတ်တွေ သုံးတတ်ကြပါတယ်။ ဒီနေရာမှာ တော်တော်များများ လုပ်မိတတ်ကြတဲ့အမှားက လက်နှီးစုတ်တွေကို သုံးပြီးတာနဲ့ မလျှော်ပဲ ဒီအတိုင်းပစ်ထားလိုက်ပြီး ထပ်ခါတလဲလဲ အသုံးပြုတတ်ကြတဲ့ ပြဿနာပါပဲ။ မီးဖိုချောင်ဆိုတာ တကယ်တမ်း သမားရိုးကျကျ ပြန်တွေးကြည့်ရင် တော်တော်လေးကို ညစ်ပတ်တဲ့ နေရာတစ်ခု၊ သန့်ရှင်းရေးအမြဲလိုအပ်တဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ အသား၊ ငါးတွေကနေ ဘက်တီးရီးယားပိုးမွှားတွေ၊ အမှိုက်ပုံးကနေ ထွက်နေတဲ့ အမှိုက်နံ့၊ သိုးနေတဲ့ အစားအစာတွေ၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အသုံးဝင်တဲ့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးတစ်မျိုးပါ။ ခန္ဓာကိုယ်မှာချွေးနံ့ဆိုးကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်နော်။ ချွေးနံ့ပျောက်ဆေးတွေဆီက ဓာတုဆေးတွေကို စိုးရိမ်တယ်ဆိုရင် သဘာဝနည်းဖြစ်တဲ့ ပန်းသီးရှာလကာရည်ကိုသုံးလို့ရပါတယ်။ ခန္ဓာကိုယ်မှာ အနံ့မပါတဲ့ချွေးတွေ ထုတ်ပေးတဲ့ ချွေးဂလင်းတွေရှိပါတယ်။ဒါပေမယ့် ချိုင်း၊ပေါင်ခြံနဲ့ နို့သီးထိပ်မှာရှိတဲ့ အမွေးအမှင်ရှိတဲ့အရေပြားမှာ ချွေးနံ့ရဲ့တရားခံဖြစ်တဲ့ apocrine ဂလင်းနဲ့ sebaceous ဂလင်း တို့ရှိပါတယ်။ စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါ၊ ချိုင်းမှာရှိတဲ့ apocrine ဂလင်းက ပရိုတင်း၊ fatty acidsနဲ့ စတီးရွိုက်တို့ပါဝင်တဲ့ စေးကပ်တဲ့အရည်တွေကိုထုတ်ပေးပါတယ်။ ဒါတွေက အရေပြားမျက်နှာပြင်ပေါ်ရောက်လာတဲ့အခါ eccrine ဂလင်းတွေကနေ ထွက်လာတဲ့အနံ့မရှိတဲ့ချွေးတွေနဲ့ရော သွားပါတယ်။ ချိုင်းမှာရှိတဲ့မှိုပိုးနဲ့ဘက်တီးရီးယားတွေ (အထူးသဖြင့် staphylococcus နဲ့ corynebacterium တို့)က ပြိုကွဲပြီး သည်အရောကို propionic acid လို အနံ့ဆိုးတဲ့အက်စစ်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ခြေဖဝါးမှာလည်းဘက်တီးရီးယားလည်းတူတူပါပဲ။ ရောဂါအကြောင်းရင်းတွေနဲ့ ဆေးဝါးတချို့ကြောင့်လည်း ခန္ဓာကိုယ်အနံ့ဆိုးထွက်စေပါတယ်။ ဘယ်လိုဖြေရှင်းမလဲ ချွေးနံ့ပြင်းတာကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း (၅) ခု

ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက်ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာပိုဆိုးပါတယ်။ ဒါပေမယ့် လူကြားထဲသွားရလာရနဲ့ ကိုယ့်ဆီက အနံ့ဆိုးမထွက်စေချင်တော့လည်း ချွေးနံ့ပျောက်ဆေးတွေသုံးကြပါတယ်။ ဒီနေရာမှာ စိုးရိမ်စရာရှိလာတာက ကိုယ်အမြဲသုံးနေရတဲ့ ချွေးနံ့ပျောက်ဆေးတွေရဲ့ ပါဝင်ပစ္စည်းနဲ့ အရည်အသွေးပါပဲ။ အမြဲထိတွေ့သုံးစွဲရတာကြာလာတဲ့အခါ ချိုင်းအရေပြားကိုလည်း ဓာတုပစ္စည်းတွေနဲ့ခဏတာကင်းလွတ်ခွင့်ပေးသင့်ပါတယ်။ ဒီအတောအတွင်းမှာ အောက်မှာဖော်ပြပေးထားတဲ့ သဘာဝနည်းလေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။ (၁) ပန်းသီးရှာလကာရည် ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်ကို ရေနည်းနည်းနဲ့ရောပါ။ ဂွမ်းလုံးလေးတစ်လုံးကို နှစ်ပြီး ချိုင်းမှာ သုတ်လိမ်းပါ။ ရေချိုးပြီးချိန်နဲ့ အိပ်ရာဝင်ခါနီးအချိန် တစ်နေ့နှစ်ကြိမ်သုံးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ ဘက်တီးရီးယားသေစေနိုင်တဲ့အာနိသင်ကြောင့် ချိုင်းကြားတဝိုက်အရေပြားပေါ်က ချွေးနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။ (၂) မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း၊ သံပရာရည်တစ်ဇွန်း ရောပါ။ ချိုင်းမှာ သုတ်လိမ်းပြီး ၂ မိနစ် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

သင့်ခန္ဓာကိုယ်မှာ ဆဲလ်အရေအတွက်ထက် ဘက်တီးရီးယားပိုးမွှားတွေက ပိုများနေတယ်ဆိုတာ သင်သိပါသလား။ အဲဒီပိုးမွှားလေးတွေက လူတစ်ယောက်နဲ့တစ်ယောက်၊ လူကနေ အရာဝတ္ထုဆီကို၊ အရာဝတ္ထုကနေ လူဆီကို အဆင့်ဆင့်ပြန့်ပွားရောက်ရှိနိုင်တယ်။ အိမ်မှာရှိတဲ့ အသုံးများဆုံးအရာဝတ္ထုတချို့မှာတောင် ပိုးမွှားအမျိုးအစား ၃၄၀ကျော်ရှိနေနိုင်ပါတယ်။ ဘက်တီးရီးယားတိုင်းက အန္တရာယ်ပေးနိုင်တာမဟုတ်ပေမယ့် အိမ်ထဲမှာတင်ပဲ norovirus ၊E. coli၊ salmonella၊ staphylococcus aureus ဘက်တီးရီးယားတွေအပါအဝင် မကောင်းတဲ့ဘက်တီးရီးယားတွေအများကြီးရှိနေပါတယ်။ လူ့ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတစ်ကောင် ဝင်ရောက်သွားပြီဆိုတာနဲ့ သူကဆက်ပြီး ပွားများလာဖို့ အချိန်မိနစ် ၂၀ ပဲကြာနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေနဲ့ လုံးဝမထိတွေ့အောင်ရှောင်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့မီးဖိုချောင်ထဲ၊ရေချိုးခန်းနဲ့ ဧည့်ခန်းတွေထဲမှာ မမြင်နိုင်တဲ့ ဘာပိုးမွှားတွေပုန်းခိုနေသလဲသင်သိရဲ့လား။ သင်ကိုယ်တိုင်အတွက်ရော ပိုးမွှားတွေရန်က အပြည့်အဝကာကွယ်ထားနိုင်ပြီလား။ ဒါဆို ပိုးမွှားအများဆုံးရှိနေနိုင်တဲ့ သင့်အိမ်ကပစ္စည်း (၅) မျိုးက ဘာတွေဖြစ်မလဲ။ ပိုးမွှားတွေရန်က ဘယ်လိုကာကွယ်နိုင်မလဲ။ (၁) အဝတ်လျှော်စက် အဝတ်တစ်ခါလျှော်တိုင်း ဆပ်ပြာနဲ့ရေကို သုံးနေတာတောင်မှ အဝတ်လျှော်ကန်ဟာ ပိုးမွှားတွေပေါက်ဖွားရာနေရာတစ်ခုဖြစ်နေနိုင်ပါသေးတယ်။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်သုတ်ပဝါများတွင် ဘက်တီးရီးယားများပေါက်ပွားနိုင်ကြောင်း သတိပြုမိစေဖို့

အိမ်ထောင်စုတိုင်းရဲ့ မီးဖိုချောင်တွေမှာ အစားအစာ ချက်ပြုတ်ပြင်ဆင်ရာမှာ လက်သုတ်ပဝါ၊ လက်နှီးစတာတွေ အသုံးပြုတတ်ကြပါတယ်။ ဒီနေရာမှာ မီးဖိုချောင်သုံး လက်သုတ်ပဝါတွေနဲ့ပတ်သက်ပြီး သတိပြုသင့်တာကတော့ အဲဒီလက်နှီး၊ လက်သုတ်ပဝါတွေမှာ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ ဘက်တီးရီးယားအများစုဟာ လူတို့ကို အန္တရာယ်မဖြစ်စေပေမယ့် တချို့ကတော့ တစ်ခါတရံမှာ အစာအဆိပ်သင့်ခြင်း၊ အစားအစာများမှ ကူးစက်တတ်သောရောဂါများ ဖြစ်စေခြင်း စတဲ့ ပြဿနာတွေကို ဦးတည်စေပါတယ်။ မောရစ်သျှတက္ကသိုလ်မှ သုတေသီများဟာ လက်သုတ်ပဝါများနဲ့ ပတ်သက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနအရ မီးဖိုခန်းမှာသုံးတဲ့ လက်သုတ်ပဝါတွေကို လျှော်ဖွပ်ခြင်းမပြုဘဲ တစ်လခန့် ထားစေပါတယ်။ နောင်တစ်လပြည့်လို့ စစ်ဆေးကြည့်ရာမှာ လက်သုတ်ပဝါများရဲ့ ထက်ဝက်ခန့်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေတာကို တွေ့ရပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ လူတွေရဲ့ အူလမ်းကြောင်းမှာနေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။ အဆိုပါတွေ့ရှိချက်ကို အမေရိကန် အဏုဇီဝဗေဒအသင်းရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။ ဘယ်အခြေအနေတွေက […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း

လူသားတို့ရဲ့ နေထိုင်မှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ စက်ပစ္စည်းကိရိယာများအကူအညီနဲ့ သက်သောင့်သက်သာ နေထိုင်နိုင်လာကြပါတယ်။ နေအိမ်တိုင်းလိုလိုမှာလည်း အဝတ်အထည်များကို လျှော်ဖွပ်ဖို့ အဝတ်လျှော်စက်များ သုံးစွဲလာကြပါတယ်။ အဝတ်လျှော်စက်များကြောင့် အချိန်ကုန်လူပမ်း မဖြစ်တော့ဘဲ အလုပ်ပြီးမြောက်လာပါတယ်။ ဒါပေမယ့် သတိပြုရမယ့်တချက်ကတော့ အဝတ်လျှော်စက်များမှာ ဘက်တီးရီးယားများ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ များသောအားဖြင့် အဝတ်လျှော်စက်များကို သန့်ရှင်းရေးမပြုလုပ်ဘဲ နှစ်ရှည်လများ ထားလိုက်ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာနိုင်ပါတယ်။ သိပ္ပံပညာရှင်အချို့ကတော့ အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပေမယ့် လူကို အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ပမာဏ မရှိဘူးလို့ ဆိုကြပါတယ်။ အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေရှိကြောင်း စတင်သတိထားမိခဲ့တာက ဂျာမနီကလေးဆေးရုံတစ်ခုရဲ့ မွေးကင်းစအဆောင်က အဝတ်အထည်တွေမှာ ရောဂါပိုးတွေ့ရှိရာကနေ အစပြုပါတယ်။ ဆေးရုံအဆောင်တွေမှာ ရောဂါပိုးသတ်ခြင်းကို အစီအစဉ်တကျလုပ်ဆောင်ပေမယ့် ရောဂါပိုးတွေ တွေ့ရှိနေမြဲဖြစ်တာကြောင့် စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်ရာကနေ နောက်ဆုံးမှာ အဝတ်လျှော်စက်တွေကနေ ပြန့်ပွားနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါဆိုရင် အိမ်သုံးအဝတ်လျော်စက်တွေမှာရော ဘက်တီးရီးယားအန္တရာယ် ရှိနေပြီလား။ ပုံမှန်အားဖြင့်တော့ သိပ်ပြီးစိုးရိမ်စရာ […]


ရှေးဦးသူနာပြုစုခြင်း

နာရီဓာတ်ခဲမျိုချမိတဲ့ ကလေးတွေရဲ့ အန္တရာယ်

ကလေးတွေဆိုတာ လူကြီးလစ်တာနဲ့ မြင်မြင်ကရာ ပါးစပ်ထဲကောက်ထည့်လိုက်ရမှ။ ဒါ့ကြောင့် ကလေးရဲ့ပါးစပ်ထဲအန္တရာယ်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေ မဝင်စေဖို့ မိဘတွေက မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။ ကလေးက တခုခုနေလို့မကောင်းတာကို မိဘတွေ သတိထားမိဖို့က အရေးကြီးဆုံးပါပဲ။ မဟုတ်ရင် ကလေးနေလို့မကောင်းတာကို တခြားကျန်းမာရေးပြဿနာ တွေနဲ့ ထင်မှတ်မှားကြမယ်၊ အချိန်မီမကုသနိုင်တာကြောင့် မလိုအပ်ဘဲ ကလေးရဲ့အသက်ဆုံးရှုံးရနိုင်ပါတယ်။ အိမ်မှာပဲ ရှိနေတဲ့ အန္တရာယ်တစ်ခုက နာရီဓာတ်ခဲလို့ခေါ်တဲ့ battery လေးတွေပါ။ သကြားလုံးလေးလိုလို အရွယ်အစားမို့ ကလေးတွေကောက်စားမိတတ်တယ်။ သိပ်ကိုအန္တရာယ်ကြီး တဲ့ အရာဝတ္ထုဖြစ်ပါတယ်။ အရွယ်အစားတူတခြားအရာဝတ္ထုတွေဆိုရင် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကြောင့် အန္တရာယ်ရှိတာမှန်ပေမယ့် နာရီဓာတ်ခဲဆိုရင်တော့  ကလေးရဲ့အစာလမ်းကြောင်းထဲမှာ ဓာတ်ပြုတုံ့ပြန်မှုကြောင့် နှစ်နာရီအတွင်း ပျံ့နှံ့လောင်ကျွမ်းစေနိုင်ပါတယ်။ တချို့မိဘတွေဆို ကလေးက အစားသိပ်မစား၊ ရေသိပ်မသောက်၊ ပုံမှန်ထက်မှိုင်နေတာ၊ ငိုတာ တို့လို ထူးခြားတဲ့လက္ခဏာတွေရှိလာရင် လည်ချောင်းနာတာလား၊ အစာအိမ်ကပဲဖြစ်သလား အထင်မှားတတ်ကြပါတယ်။ အဲဒီမှာ အရေးပေါ်ကုသမှုကို မမီတော့ဘဲ […]


ဆေးလိပ်ဖြတ်ခြင်း

နှစ်ဆင့်ခံဆေးလိပ်ငွေ့ (Thirdhand Smoke)

အခုပြောပြမယ့် အကြောင်းအရာက သိပ်ပြီး ရင်းနှီးကျွမ်းတဝင်မရှိပေမယ့် သိထားတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရင်းလေးပြောပြပေးချင်ပါတယ်။ ဒါကတော့ နှစ်ဆင့်ခံဆေးလိပ်ငွေ့ အကြောင်းပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာ နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက ဆေးလိပ်ငွေ့တွေက ထိတွေ့ထားတဲ့ မျက်နှာပြင်မှာ ကြွင်းကျန်နေတဲ့ ဆေးလိပ်ငွေ့တွေပါ။ သူများကမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိတာက တဆင့်ခံဆေးလိပ်ငွေ့ပါ။ ဒီဆေးလိပ်ငွေ့တွေ က အဝတ်အစားတွေ အသုံးအဆောင်တွေမှာ ကပ်ငြိကျန်နေတာက နှစ်ဆင့်ခံ ဆေးလိပ်ငွေ့ပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက နီကိုတင်း အကြွင်းအကျန်တွေပါ။ ဘယ်လိုနေရာတွေမှာ တွေ့နိုင်မလဲ..................... နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေကို ဒီနေရာတွေမှာတွေ့ရနိုင်ပါတယ်။ အဝတ်အစားတွေ ကြမ်းခင်းတွေ ပရိဘောဂတွေ အရုပ်တွေ ကားတွေ နံရံတွေ နဲ့ အသုံးအဆောင်တွေမှာ အများဆုံးတွေ့ရနိုင်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေဟာ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ပေါင်းစပ်ထိတွေ့မိတဲ့အခါ အဆိပ်အတောက်တွေဖြစ်သွားပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလောက်နီးပါး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နှစ်ဆင့်ခံဆေးလိပ်ငွေ့ကိုလည်း ကာကွယ်ဖို့လိုပါမယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ........... ဆေးလိပ်သောက်သုံးမှုကတင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ […]


ဆေးလိပ်ဖြတ်ခြင်း

တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု

ကိုယ်တိုင် ဆေးလိပ်မသောက်တတ်တာကြောင့် ဆေးလိပ်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေကို မခံစားရဘူးလို့ထင်နေတာလား။ မဟုတ်ဘူးနော်။ နေ့စဉ်လှုပ်ရှားထိတွေ့နေတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ တဆင့်ခံဆေးလိပ်ငွေ့တွေက သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသေးတယ်။ တဆင့်ခံဆေးလိပ်ငွေ့ စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်က ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မိတာကြောင့် ဘာဖြစ်လာနိုင်လဲ............... တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိပြီး ၅ မိနစ်ကြာတဲ့အခါ နှလုံးသွေးလွှတ်ကြောမကြီးတောင့်တာမျိုးဖြစ်လာနိုင်ပါတယ်။ မိနစ် ၂၀ ကနေ နာရီဝက်အတွင်းမှာ သွေးခဲတာမျိုးဖြစ်စေနိုင်ပြီး သွေးကြောတွေထဲမှာ အဆီစုပုံမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်နိုင်ခြေများသလို လေဖြတ်နိုင်ခြေလည်း များပါတယ်။ ၂ နာရီ […]


ရှေးဦးသူနာပြုစုခြင်း

ရုတ်တရက် ခြေသလုံး ကြွက်တက်တဲ့အခါ ဘယ်လိုလုပ်ရမလဲ

လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ အထိုင်အထမှာဖြစ်ဖြစ် ရုတ်တရက် ခြေသလုံးကြွက်တက်တာ အတော်နာကျင်ရပါတယ်။ ခပ်မြန်မြန် ခပ်သွက်သွက်လမ်းလျှောက်ရင်းလည်း ဖြစ်တတ်ရဲ့။ ကြွက်သားထဲက လိပ်တက်လာသလို တောင့်တင်းနာကျင်မှုကြောင့် တစ်ခါတလေ မျက်ရည်ပါကျတဲ့အထိပါ။ ဒီလိုဖြစ်လာတဲ့အချိန် ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာလေး အကြံပေးချင်ပါတယ်။ အရင်ဆုံး - ကြွက်သားကို ဆန့်ပြီး နှိပ်နယ်ပေးပါ။ ကြွက်သားကိုပြေလျော့စေဖို့ရေနွေးနွေးနဲ့လောင်းပေးပါ။ရေနွေးဝတ်ကပ်ပေးတာလည်းကောင်းပါတယ်။ ရေခဲတုံး သို့မဟုတ်ရေအေးဝတ်ကပ်ပေးတာကလည်း တစ်နည်းပါ။ ဒီလိုကပ်တဲ့အခါမှာတော့ အရေပြားနဲ့ရေခဲ ကြားမှာ အဝတ်တစ်ခုခုခံထားဖို့တော့ မမေ့ပါနဲ့။ acetaminophen(Tylenol), ibuprofen (Advil, Motrin), ဒါမှမဟုတ် naproxen (Aleve) တို့လို အလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးဝါးတွေသောက်နိုင်ပါတယ်။ ကြွက်တက်ခြင်းအတွက် ဆရာဝန်ကသောက်ဆေးညွှန်ကြားတဲ့အခါ အတိအကျသောက်ပါ။ တစ်ခုခုအကြောင်းရှိရင် ဆရာဝန်ထံ ဆက်သွယ်ပါ။ အရည်များများသောက်ပါ။ ဓါတ်ဆားအချိုရည်တွေကလည်းြေခထောက်ကြွက်တက်ခြင်းအတွက် အထောက်အကူပေးပါတယ်။ ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက - ဟိုလျှောက်ဒီလျှောက်လုပ်ပါ။ ခြေသလုံးကြွက်သားတွေကို ဆန့်ပါ။ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်းဖြစ်ဖြစ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း