ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

မြွေကိုက်ခံရတဲ့အခါ

မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ အရင် post တွေလို တစ်နိုင်ငံလုံးက ‌လူတွေအတွက် ဦးတည်ထားတာ မဟုတ်ပါဘူး ။ မြွေအန္တရာယ် အများဆုံး ရှိနေနိုင်တဲ့ ဆင်ခြေဖုံးနဲ့ နယ်ဘက်က ပြည်သူတွေကို ဦးတည် ရည်ရွယ်ထားပါတယ် ။ ဒါပေမဲ့ ဒီနှစ်တွေမှာ မြို့ပေါ်မှာလည်း မြွေတွေ့ရတဲ့အသံတွေ ပိုကြားလာရတာကိုလည်း သတိပြုမိပါတယ် ‌ဒီဆောင်းပါးမှာတော့ မြွေကိုက်ခံရတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာနဲ့ မြွေအကိုက် မခံရအောင် ဘယ်လိုကာကွယ်မလဲဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။ လက်ရှိ မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် မြွေကိုက်ခံရသူတွေ ပိုများလာတာကိုလည်း သုတေသနစစ်တမ်းတွေအရ တွေ့ရပါတယ် ။ မြွေကိုက်ခံရပြီးပြီးချင်းမှာ အကိုက်ခံရတဲ့နေရာကို အဝတ်ထူထူခေါက်တင်ပြီး ပတ်တီးနဲ့ ဖွဖွ စည်းထားပါ။ (မစည်းလည်းရပါတယ်။) မြွေကိုက်ခံရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ

အခုနောက်ပိုင်း အမျိုးသားတွေတင်မကပါဘူး။ လေဒီလေးတွေပါ ဆေးလိပ်ကို စိတ်အပန်းဖြေစရာတစ်ခုအနေနဲ့ သောက်သုံး လာကြပါတယ်။ တကယ်တော့ ဆေးလိပ်သောက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တယ်ဆိုတဲ့ စကားကို ငယ်စဉ်ကတည်းကကြားဖူးခဲ့မယ်ထင်ပါတယ်။ ဒီတော့ အကောင်းဆုံးက ဆေးလိပ်ဖြတ်တာပါ။ ဆေးလိပ်ဖြတ်လိုက်ရင် ဘာတွေများထူးလာမှာမို့လဲလို့ တွေးနေမိနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လောက်ထိ အထောက်အကူပြုနိုင်သလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား………. ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ငွေကုန်ကြေးကျသက်သာရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်မှာလည်း ကျန်းမာရေးသိသိသာသာကောင်းလာမှာပါ။ ဆေးလိပ်ဖြတ်လိုက်ချိန်ကနေစပြီး တစ်ရက်ပြီး တစ်ရက်ပိုကျန်းမာလာတာကို တွေ့ရမယ်ဆိုတာ အသေအချာပါ။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုရင် နီကိုတင်းစွဲလမ်းမှုကင်းသွားမယ် ဆေးလိပ်ဖြတ်ပြီး တစ်လလောက်ကြာတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက ပုံမှန်အခြေအနေကိုပြန်ရောက်သွားပြီး နီကိုတင်းစွဲလမ်းမှုလုံးဝကင်းစင်သွားပါလိမ့်မယ်။ သွေးလည်ပတ်မှုကောင်းလာမယ် ဆေးလိပ်ဖြတ်ပြီး ၂ ပတ် ကနေ ၁၂ ပတ်တာကာလအတွင်း ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှုကောင်းလာပြီး ရုတ်တရက်နှလုံးရပ်နိုင်ခြေ တော်တော်လေးနည်းသွားပါလိမ့်မယ်။ အမောလည်းခံနိုင်လာပါလိမ့်မယ်။ အနံ့အရသာခံနိုင်စွမ်းပိုကောင်းလာမယ် ဆေးလိပ်က နှာခေါင်းနဲ့ ပါးစပ်တွင်းက အာရုံခံနိုင်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေမချိုးရေး တို့အရေး

ဒီစာဖတ်နေတဲ့သူထဲမှာ မနက်က အေးလို့ပဲဖြစ်ဖြစ် ရုံးနောက်ကျနေလို့ပဲဖြစ်ဖြစ် ရေမချိုးလာတဲ့သူရှိလား။ ကဲ စာရေးသူနဲ့ ဘဝတူတွေရှိရင်တော့ လက်ဝါးရိုက်လိုက်ပါတော့။ ရေချိုးရတာကို မကြိုက်တဲ့သူတွေဟာ ရေမချိုးရအရေး တို့အရေးဆိုပြီး အကြောင်းရင်းတွေအမြဲရှာတတ်တယ်လေ။ ခုလို အေးအေးလေးနဲ့ ချွေးမထွက်တဲ့ ရာသီဥတုနဲ့ဆိုရင်တော့ အကြောင်းရင်း အထူးအထွေရှာစရာမလိုတော့ဘူးပေါ့နော်။ တစ်နေ့တစ်ခါ ရေချိုးရမယ်ဆိုတဲ့အတွေးကို ဘယ်သူစလိုက်မှန်းမသိပေမဲ့ တစ်နေ့ကို တစ်ခါလောက်မှ ရေမချိုးရင် ညစ်ပတ်တဲ့သူရယ်လို့ အများကပြောကြမှာပါ။ တကယ်ဆို တစ်နေ့တစ်ခါ ရေချိုးဖို့က တကယ်ရော လိုအပ်ရဲ့လား။ ပူတဲ့ရာသီဥတုမှာ ချွေးတွေနဲ့ ညစ်ပတ်သွားလို့ ရေချိုးတာကတော့ ဟုတ်ပါပြီ။ အေးနေတဲ့ချိန်ဆိုရင်ရော တစ်နေ့တစ်ကြိမ် ရေချိုးရမှာလား။ သိပ္ပံလေ့လာချက်တွေအရတော့ သင်ဟာ ရေကို လိုအပ်တာထက်ပိုချိုးနေနိုင်ပါတယ်တဲ့။ အဲ့လိုပြောလိုက်ရင် ဟင် ရေချိုးတာကောင်းတာပဲမဟုတ်ဘူးလား။ အပူကျတယ်လေ။ သန့်တယ်လေ။ ပိုးသေတယ်လေဆိုပြီး ပြန်ထောက်ပြကြမှာပါ။ ရေချိုးတာရဲ့ အကျိုးကျေးဇူးတွေကတော့ ရှိနေပြီဟုတ်တယ်။ ဒါဆိုရင် ရေချိုးတာကို လျှော့လိုက်မယ်ဆိုရင်ရော။ ၁။ ဆံပင်အဆီပြန်နေတာက […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လဲလှယ်သုံးစွဲသင့်တဲ့ တကိုယ်ရည်အသုံးအဆောင်တွေ

ဘယ်ပစ္စည်းမဆို သုံးစွဲရမဲ့ သက်တမ်းအသီးသီးရှိပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ သုံးစွဲနေရတဲ့ပစ္စည်းတွေလည်း ဒီလိုပဲအချိန်တစ်ခုကြာတိုင်း လဲလှယ်ပြီးသုံးသင့်ပါတယ်။ သုံးသင့်တာထက် အချိန်ပိုဆွဲပြီး သုံးနေမယ်ဆို ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်နော်၊ ကဲ….ဒါဆို ဘယ်ပစ္စည်းတွေကို သူ့အချိန်နဲ့သူ လဲလှယ်သုံးသင့်သလဲဆိုတာ Hello Sayarwon စာဖတ်သူတွေလေ့လာကြည့်လိုက်ပါဦး။ ၁။ သွားတိုက်တံ လူတိုင်းမနက်တစ်ခေါက်၊ညတစ်ခေါက်တော့ သွားတိုက်ရပါတယ်။ နေ့တိုင်းမဖြစ်မနေ အသုံးပြုရမယ့် သွားတိုက်တံမှာလည်း သက်တမ်းရှိပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်လိုက်ပြီး သွားတိုက်တံတွေမှာ သက်တမ်းအမျိုးမျိုးရှိပါတယ်၊ ဥပမာ Oral-B ကုမ္ပဏီ ဆို သူကနေထုတ်လုပ်တဲ့သွားတိုက်တံတွေကို ၃ လတစ်ကြိမ်လဲလှယ်သုံးစွဲပေးဖို့ တိုက်တွန်းထားပါတယ်။ တကယ်လို့သင်သုံးနေတဲ့ သွားတိုက်တံကအမျှင်လေးတွေက ဖွာလန်ကျဲနေပြီဆို သွားတိုက်တံနောက်တစ်ချောင်းလဲသင့်ပြီလို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။ ၂။ မိတ်ကပ်များ မိတ်ကပ်အတော်များများကတော့ စက်ရုံကထုတ်လိုက်ကတည်းက ဘူးအပေါ်မှာသက်တမ်းကုန်ဆုံးရက်ကိုသေချာရိုက်နှိပ်ပေးထားတာကြောင့် သိပ်ပြဿနာမရှိပါဘူး။ အများစုက တစ်နှစ်၊ တစ်နှစ်ခွဲလောက်တော့ သုံးစွဲလို့ရတတ်ပါတယ်။ မက်စကာရာ (mascara)တို့ eyeliner တို့ဆိုရင်တော့ […]


ရှေးဦးသူနာပြုစုခြင်း

ခေါင်းပြင်းပြင်းထန်ထန် ထိခိုက်သွားတဲ့ သူတစ်ယောက်ကို ဘယ်လိုအရေးပေါ် ပြုစုကြမလဲ။ ။

ကိုယ်ခန္ဓာ ထိခိုက်တာတွေထဲမှာမှ ခေါင်းကို ထိခိုက်တာဟာ အစိုးရိမ်ရဆုံးနဲ့ အရေးအကြီးဆုံး သတိထားရမယ့် အရာဆိုတာ အားလုံသိကြမှာပါ။ တစ်ခြားနေရာတွေသ ာသွေးထွက်သံယိုဖြစ်ရင် တန်းသိရပေမယ့် ခေါင်းဆိုတဲ့ မာလာခွံထဲမှာ ဘာတွေဖြစ်နေလဲ ဘယ်သူမှ မြင်နိုင်တာမဟုတ်ဘူးလေ။ ပြီးတော့ ဦးနှောက်ဆိုတာ လုံးဝကို အနုစိတ် အကျဆုံး ကိုယ်တွင်း အစိတ်အပိုင်းဆိုတော့ သူ့မှာ တစ်ခုခု ဖြစ်တာနဲ့ ကျန်းမရေးကိ ုတောက်လျှောက်ထိမှာလေ။ ဒဏ်ရာရသွားတဲ့သူက သတိမေ့သွားတာမျိုး လုံးဝ ခေါ်လို့ မရတော့တာမျိုးတွေက များတယ်ဆိုတော့ သူတို့ ခံစားနေရတာကိုလည်း ပြောမပြနိုင်။ ဘာဖြစ်နေမှန်းလည်းမသိဆိုတော့ သူတို့ရဲ့ အသက်က ဘေးပတ်ဝန်းကျင်က လူတွေ အပေါ်မှာပဲ မူတည်နေတော့တာပေါ့။ ကဲဒီတော့ကိုယ့်အနီးအနားတစ်ဝိုက်မှာ ဖြစ်ဖြစ် မိသားစုသူငယ်ချင်း တစ်ယောက်ယောက်ပဲ ဖြစ်ဖြစ် ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်တဲ့ ဒဏ်ရာရလာပြီဆိုရင် ဘယ်လို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်ကိုဆပ်ပြာနဲ့ဆေးတာနဲ့ ရေမလိုလက်သန့်ဆေးရည်သုံးတာ ဘယ်ဟာပိုကောင်းလဲ ။ ။

တစ်ကိုယ်ရည်သန့်ရှင်းရေးတစ်ခုမှာ အရေးအကြီးဆုံးက ဘယ်ဟာလို့ထင်ပါသလဲ။  တစ်နေ့မစားရင် မနေနိုင်ကြတဲ့အတွက် အစားစားတဲ့နေရာမှာ အဓိက အရေးပါတဲ့ လက်သန့်ရှင်းရေးက အရေးအကြီးဆုံးပါ။ သန်ကောင်တွေရန်ကလည်း ကြောက်ရတယ်မလား။ လက်ကိုသန့်စင်တဲ့နေရာမှာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်နိုင်သလို ခုနောက်ပိုင်း ရေမရနိုင်တဲ့နေရာတွေမှာပါ သုံးလို့ရတဲ့ ရေမလို လက်သန့်ဆေးရည်တွေ ထွက်လာပါပြီ။ ရေမလိုလက်သန့်ဆေးရည်တွေက နေရာတိုင်းမှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့အပြင် သုံးရတာလည်း လွယ်ကူတယ်မလား။ တစ်ချို့ဆို ရေနဲ့ဆပ်ပြာနဲ့တောင် မသုံးတော့ဘဲ ရေမလိုလက်သန့်ဆေးရည်တွေကိုပဲ လွယ်လွယ်သုံးလိုက်ကြတာတွေရှိပါတယ်။ ဒီတော့ ဒီနေရာမှာပြောစရာရှိတာက ရေနဲ့ဆပ်ပြာသုံးတာနဲ့ ရေမလိုလက်သန့်ဆေးရည်သုံးတာမှာ ဘယ်လိုကွာခြားချက် တွေရှိလဲ။ ဘယ်ဟာက ပိုကောင်းလဲ ။ ကွာခြားချက်တွေ အရင်မပြောခင် လက်သန့်ဆေးရည်နဲ့ ရေနဲ့ဆပ်ပြာသုံးပြီးလက်သန့်စင်တာ အကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ ရေနဲ့ဆပ်ပြာသုံးမယ်ဆိုရင် လက်ပေါ်မှာ ရှိတဲ့ ပိုးမွှားနဲ့ အညစ်အကြေးတွေ သန့်စင်ဖို့အတွက် • တစ်ခါဆေးရင် စက္ကန့် ၂၀ လောက်ဆေးရမှာ ဖြစ်ပါတယ်။ ဒါမှ ပိုးမွှားတွေနဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

Vape သောက်ခြင်းက ဆိုးကျိုးရှိသလား

အခုနောက်ပိုင်းမှာ လူငယ်တွေအကြား E cigarettes သို့မဟုတ် vape ရှုခြင်း ခေတ်စားလာပါတယ် ။ vape စ‌စပေါ်ချင်းမှာ စီးကရက်ဖြတ်ချင်သူတွေအတွက် စီးကရက်လို အန္တရာယ်မများဘူးဆိုပြီး လူသုံးများလာတာ‌ကို သတိပြုမိမှာပါ ။ ဒါပေမဲ့ Vape ဟာ တကယ်ရော အန္တရာယ်ကင်းရဲ့လား။ ဆေးလိပ်ပေါ်တဲ့ အချိန်ကလည်း ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သိဖို့နှစ်ပေါင်းများစွာ အချိန်ယူပြီး လေ့လာရပါတယ် ။ သုတေသနတွေ အများကြီးလုပ်ပြီးမှ ဘယ်အရာတွေက ပိုပြီး အန္တရာယ်ရှိလာတယ်ဆိုတာကို သဘောပေါက်လာကြတဲ့အတွက် Vape သောက်ခြင်းက အန္တရာယ်ဘယ်လောက်အထိရှိသလဲဆိုတာကို အတိအကျသိဖို့အတွက် အချိန်လိုအပ်ဦးမှာပါ ။ လက်ရှိအချိန်မှာ အချို့သော လေ့လာချက်တွေအရ vape သောက်ခြင်းက နှလုံးကို ထိခိုက်နိုင်ကြောင်း တွေ့ရှိရပါတယ် ။ 2019 ခုနှစ်ထဲမှာ လုပ်ထားတဲ့ စစ်တမ်းတွေအရ E cigarette […]


ရှေးဦးသူနာပြုစုခြင်း

ခွေးကိုက်ခံရလျှင်

လမ်းဘေးခွေးတွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ မကြာခဏ ခွေးကိုက်ခံရတတ်ပါတယ် ။ အစိုးရဆေးရုံ dog bite center မှာလည်းတစ်နေ့တစ်နေ့ တန်းစီနေရတဲ့ လူနာတွေ များနေဆဲ ဖြစ်တဲ့အတွက် ခွေးကိုက်ခံရရင် ဘာတွေ လုပ်သင့်လဲဆိုတာကို ပြောပြေပေးသွားမှာပါ ။ ခွေးကိုက်ဒဏ်ရာရလျှင် အရင်ဆုံး အကိုက်ခံရတဲ့နေ့ရာကို သန့်စင်အောင် ဆပ်ပြာနဲ့ ရေဆေးရပါမယ်။ အနာကို သဲမှုန့်တွေ မဝင်အောင် သန့်စင်တဲ့ towel လေးသုံးပြီးတော့ ပတ်တီးစည်းပါ။ ပြီးရင် နီးစပ်ရာ ဆေးခန်း ဆေးရုံကိုသွားသင့်ပါတယ် ။ ဆရာဝန်နဲ့ပြပြီးတော့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ထိုးရပါမယ် ။ လက်ရှိကျင့်သုံးနေတဲ့စနစ်အရ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ခွေးကိုက်ခံရပြီး ၂၄နာရီအတွင်း ထိုးသင့်ပါတယ် ။ လက်မောင်းကို ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ဆေးထိုးရမယ့်နေ့တွေကတော့ ကာကွယ်ဆေး စထိုးတဲ့နေ့ ၊ နောက် ၃ရက်မြောက် ၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေချိုးတဲ့ခါ လုပ်မိနေနိုင်တဲ့ နည်းလမ်းမှားတွေ

ရေချိုးတာဟာ တစ်နေ့တာ ကိုယ့်တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လူတိုင်း လုပ်ကြတဲ့ အလုပ်ပါ။ မနက် အလုပ်မသွားခင်မှာ ရေချိုးတဲ့သူတွေရှိသလို ညနေအိမ်ပြန်ရောက် အိပ်ခါနီးချိန်မှာ ချိုးတဲ့သူတွေလည်းရှိတယ်။ ရေတော့ နေ့တိုင်းချိုးနေပါရဲ့၊ ရေချိုးနေတာ နည်းစနစ်မှန်ရဲ့လား၊ ရေချိုးတာကိုပဲ နည်းစနစ်တွေဘာတွေလိုလို့လား၊ ဘာခက်လို့လဲ၊ ရေလောင်း၊ ချေးတွန်း၊ ဆပ်ပြာတိုက်၊ ရေပြန်လောင်းတာပဲကို ဘာမှားစရာရှိလဲ ဆိုပြီး မေးစရာရှိပါတယ်။ ရေချိုးတာမှာလည်း ရေချိုးဖို့ အသင့်တော်ဆုံးချိန်၊ နည်းစနစ်၊ သုံးသင့်တဲ့ ဆပ်ပြာအမျိုးအစား စသဖြင့်ရှိပါတယ်တဲ့။ ဒါကြောင့် ရေချိုးတဲ့ချိန်မှာ မှားယွင်းနေနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရေရဲ့ အပူချိန် ရေချိုးတဲ့ရေဟာ အရမ်းပူရင် အသားအရေကို ခြောက်သွေ့စေနိုင်တယ်။ အရမ်းအေးနေပြန်ရင်လည်း ဆပ်ပြာ အမြှုပ်မထွက်ဘူး။ ဒါဆိုရင် ရေချိုးဖို့ အသင့်တော်ဆုံး ရေအပူချိန်ကဘာလဲပေါ့နော်။ လေ့လာချက်တွေအရတော့ ၁၀၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပါတဲ့။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာ ဘက်တီးရီးယားပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လက်အခြောက်ခံစက်သည် အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ အပေါ့အလေးသွားပြီးလို့ ထွက်လာတဲ့ အနံ့အသက်နဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးပေါင်းများစွာ အထဲမှာ ခိုအောင်းနေပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း