ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်သန့်ဆေးရည် (Hand Sanitizer) သုံးမယ်ဆိုရင် သတိထား

ရနံ့ခပ်သင်းသင်းနဲ့ ဘူးလှလှလေးတွေနဲ့ အလွယ်တကူသယ်ဆောင်လို့ရတဲ့ လက်သန့်ဆေးရည် (Hand Sanitizer) တွေဟာ ဒီကနေ့ခေတ်မှာ လူသုံးများကြပါတယ်။ အလျှင်အမြန် ခြောက်သွေ့လွယ်တယ်၊ လက်ကို သန့်စင်စေတယ်၊ ရောဂါပိုးတွေကို သေစေနိုင်တယ်စတဲ့ အကျိုးကျေးဇူးတွေကြောင့်လည်း လူကြိုက်များကြတာဖြစ်ပါတယ်။ လက်သန့်ဆေးရည်ဆိုတာ ဘာလဲ? လက်သန့်ဆေးရည် (Hand Sanitizer) တွေကို ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ အသုံးပြုဖို့ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံလိုနေရာမျိုးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ၊ ဒါမှမဟုတ် လူနာတွေနဲ့ လူနာစောင့်တွေအနေနဲ့ လက်မှာကပ်ညိလာနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကင်းစင်အောင် ဖယ်ရှားဖို့ ရည်ရွယ်ချက်နဲ့ပါ။ ဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေဟာ နေ့စဉ်လူနာတွေကို ကိုင်တွယ်ထိတွေ့နေရတာမို့ အသုံးတည့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ လက်ကို ဆပ်ပြာ၊ ရေသန့်တွေနဲ့ ဆေးကျောသန့်စင်ဖို့ အချိန်နည်းပါးတာမို့ ဒီနည်းလမ်းဟာ ထိရောက်ပြီး မြန်ဆန်တဲ့နည်းလမ်းတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ လက်သန့်ဆေးရည်တွေက ဘယ်လို သန့်စင်ပေးသလဲ ဆပ်ပြာနဲ့ ရေသန့်ကို […]


ရှေးဦးသူနာပြုစုခြင်း

ရုတ်တရက် အတက်လူနာ နဲ့ကြုံခဲ့ရင်

အိမ်မှာပဲဖြစ်ဖြစ် လမ်းသွားရင်ပဲဖြစ်ဖြစ် ရုတ်တရက် တဆတ်ဆတ်တုန်ပြီး လဲကျသွားတဲ့သူမျိုးကို တွေ့ဖူးပါသလား။ သူ့ကို ဘာလုပ်ပေးလိုက်လဲ။ တကယ်တော့ ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့သူအနေနဲ့ အတက်လူနာ ကို အတက်ကျအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် တက်နေတဲ့အချိန်အတွင်းမှာ သူအန္တရာယ်မဖြစ်အောင်တော့ စောင့်ရှောက်ပေးနိုင်ပါတယ်။ ဒီတော့ ရုတ်တရက် အတက်လူနာ နဲ့ တွေ့ခဲ့ရင် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ တက်နေမှန်းဘယ်လိုသိမလဲ။ အများစုမြင်ဖူးတဲ့ပုံစံကတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီးတက်တဲ့ generalized tonic clonic seizureပါ။ သူကတက်တော့မယ်ဆိုရင် လူက စကားပြောလည်း ပြန်မပြောပါဘူး။ မျက်နှာရှေ့လက်လှုပ်ပြလည်း ပြန်မတုံ့ပြန်ပါဘူး။ ရုတ်တရက် လဲကျသွားပါမယ်။ ပြီးရင် တစ်ကိုယ်လုံးတောင့်သွားပါတယ်။ ပြီးတာနဲ့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်သွားပါတယ်။ နောက်ဆုံးကျရင်တော့ အတက်ကျပြီး စကားပြန်ပြောလာပါမယ်။ ခေါင်းကတော့ မကြည်သေးပါဘူး။ တက်နေချိန်မှာ ပတ်ဝန်းကျင်ကို မသိတော့တဲ့အတွက် သူ့အတွက် အမြင့်ကနေပြုတ်ကျတာ၊ တခြားအက်စီးဒင့်တွေဖြစ်နိုင်တဲ့အတွက် အန္တရာယ်များပါတယ်။ နောက်တမျိုးကတော့ focal […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်ဆေးနည်းနာ အဖြာဖြာ

လက်ဆေးနည်း ဆိုတာကို အရင်က ကြားဖူးပါသလား။ လက်ဆေးတာပဲ ဘာခက်လို့လဲ။ ဒီလိုပဲဆေးလိုက်ပေါ့လို့ ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်။ ဒီလိုပဲ ဆေးလိုက်ရင် ရေနဲ့ ဆပ်ပြာ အပိုကုန်တာပဲရှိပါမယ်။ ရောဂါပိုးတွေ ထင်သလောက် မနည်းသွားပါဘူး။ အဲ့တော့ ဒီနေ့ကစပြီး စမတ်ကျကျ လက်ဆေးကြည့်ရအောင်။ မကြာခဏလက်ဆေးတာက ရောဂါပိုးတော်တော်များများကို ကာကွယ်ပြီးသားဖြစ်တယ်ဆိုတာ အားလုံးသိပြီးထားပါ။ မေးစရာရှိတာက မကြာခဏဆိုတာ တနေ့ဘယ်နှခါကို ပြောတာလဲ။ စမတ်ကျကျဆေးမယ်ဆိုတာ ဘာကိုပြောတာလဲ။ အောက်မှာဆက်ကြည့်ရအောင်။ ဘယ်အချိန်မှာ လက်ဆေးကြမလဲ။ တစ်နေ့ တစ်နေ့ တွေ့လိုက်တဲ့ လူတွေ၊ ကိုင်လိုက်တဲ့ ပစ္စည်းတွေဆိုတာ မနည်းပါဘူး။ အဲ့ဒီထိသမျှက ရောဂါပိုးတွေ ကိုယ့်လက်ကို ရောက်လာတယ်ဆိုတာ တွေးကြည့်ပါလား။ ရောဂါပိုးတွေကိုသာ သာမန်မျက်စိနဲ့ မြင်နိုင်မယ်ဆိုရင် အမလေးလေး မတွေးရဲစရာပဲ။ လက်တစ်ခုလုံး အပြည့်ဖြစ်နေမှာနော်။ ပြီးတော့ အဲ့လက်နဲ့ မုန့်စားမယ်၊ မျက်လုံးပွတ်မယ်၊ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်သူတွေက စိတ်ဓာတ်ကျနိုင်ခြေပိုများတယ်ဆိုတာ သိပြီးပြီလား....

တီထွင်မှုအားကောင်းအောင်၊ စိတ်ငြိမ်အောင်ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆေးလိပ်ကို သ​ဘောတကျနဲ့ သောက်မိနေတုန်းပဲလား.... ဒါဆိုရင်တော့ ထပ်မေးချင်တာက အလွယ်တကူရော စိတ်ဓာတ်ကျမိနေပြီလားဆိုတာပါ။ ဒါဆိုရင်တော့ စိတ်ဓာတ်ကျနေတာက ရာသီဥတုကြောင့်၊ ကြုံတွေ့နေရတဲ့ အနေအထားတွေကြောင့်ဆိုတာထက် ဆေးလိပ်သောက်တာကြောင့်လို့ပဲ ပြောပါရစေ။ ဆေးလိပ်က စွဲလမ်းစေတတ်ပါတယ် ဆေးလိပ်မှာ စွဲလမ်းစေတဲ့ဓာတ်တွေပါတာကြောင့် သောက်ပြီးတိုင်းသောက်ချင်မိနေနိုင်ပါတယ်။ ဒီလိုကနေ တစ်နေ့ကို တစ်လိပ်လောက်ပါ။ စိတ်ငြိမ်အောင်ပါဆိုပြီး သောက်ရင်းက နောက်ဆုံး တစ်နေ့ကို တစ်လိပ်ကနေ တစ်ဗူးလောက်အထိ တိုးသောက်လာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဆေးလိပ် နဲ့ စိတ်ကျန်းမာရေး ဆေးလိပ်သောက်တာက အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာစေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးစေနိုင်တယ် လူတော်တော်များများ လက်ခံထားတာက ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်လို့လေ။ တကယ်ကတော့ ဆေးလိပ်သောက်တာက စိတ်ဖိစီးမှုကို ပိုတိုးစေနိုင်တာပါ။ ဒါကို လူတွေက စိတ်ညစ်လာတဲ့အခါစိတ်ဖိစီးလာတဲ့အခါ ဖြေစရာအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကိုလုပ်တတ်ကြပါတယ်။ ဒါက ရေရှည်မှာ အဆင်မပြေတာတော့ အမှန်ပါပဲ။ ဆေးလိပ်သောက်ခြင်းက စိုးရိမ်ပိုများစေတယ် စိတ်ပြေလက်ပျောက်ဆိုပြီး ဆေးလိပ်သောက်လိုက်တိုင်း […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ

ဒီဘက်ခေတ်မှာ Gym မကစားတဲ့သူတွေ မရှိသလောက်ကို နည်းနေပါပြီ။ အသက် ၁၈ လူငယ်အရွယ်ကစလို့ အသက် ၆၀ ၇၀ ဝန်းကျင် ဘိုးဘွားတွေပါ ကိုယ်ခန္ဓာအလှအပအတွက်ကြောင့်ရော၊ ကျန်းမာရေးလိုက်စားဖို့၊ အသက်ရှည်ရှည်နေနိုင်ဖို့ Gym ကစားခြင်းက များစွာ အထောက်အကူပေးနိုင်မှာပါ။ ဒါဆို Gym ကစားတာက ကောင်းတဲ့အလေ့အကျင့်ပဲ၊ ဘာများစိုးရိမ်စရာ ရှိလို့လဲလို့ ပြန်မေးစရာဖြစ်လာပါတယ်။ အဓိကကတော့ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ လူအများ စုဝေးပြီး ကစားရာနေရာ ဖြစ်တာကြောင့်ပါပဲ။ ကိုယ်က သန့်သန့်ရှင်းရှင်းနေရတာ ကြိုက်ရင်တောင် တခြားသူတွေက ကိုယ့်လိုပဲ ပြုမူနေထိုင်ဖို့ဆိုတာ အမြဲတမ်း ဖြစ်နိုင်တာ မဟုတ်ဘူးလေ။ လူပေါင်းစုံ စရိုက်ပေါင်းစုံ အလွှာပေါင်းစုံ နေရာဒေသပေါင်းစုံကနေ လာဆော့ကြတဲ့သူတွေထဲက တချို့တွေဆိုရင် • ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ နှာချေတာ • ကိုယ်ကစားခဲ့တဲ့နေရာမှာ ချွေးတွေ အကွက်လိုက် ကျန်နေခဲ့တာ • […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အမြဲတမ်း လက်ဆေးဖို့ မမေ့ပါနဲ့၊ မပျင်းပါနဲ့

ကဲ ဘာလိုလိုနဲ့ ၂၀၂၀ ကိုရောက်လာပြီနော်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကိုယ်သိပ်ချစ်ရတဲ့ မိသားစု ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီတော့ နှစ်သစ်မင်္ဂလာမှာ ကျန်းမာရေးအတွက် ဘယ်တော့မှ မမေ့လျော့သင့်တဲ့ လက်ဆေးခြင်းအလေ့အကျင့်ကို မွေးမြူဖို့ ထပ်ပြီးတော့ အကြံပေးလိုက်ချင်ပါတယ်။ ကျွန်တော်တို့ နေအိမ်မှာပဲဖြစ်ဖြစ်၊ ရုံး၊ ကျောင်း၊ ပြင်ပနေရာတွေ၊ အရာဝတ္ထုတွေမှာ ဖုန်မှုန့်တွေ၊ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေက အမြဲကပ်ငြိနေတတ်ပါတယ်။ တချို့သောရောဂါပိုးတွေက လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ဆင့်ပွားကူးစက်ဖို့လည်း အရမ်းမြန်ပါတယ်။ ဥပမာ - အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာ၊ ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ နှာချေတာ၊ မေမေတွေ လက်မဆေးဘဲ ကိုယ့်သားသမီးကို ထမင်းဟင်း ခွံ့ကျွေးတာတွေပေါ့။ အလွယ်တကူ ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဓိကပါဝင်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

အိပ်ရာထဲမှာပဲ လှဲနေရလွန်းလို့ အိပ်ရာနာဖြစ်နေသူတွေအတွက် အိမ်တွင်းကုထုံး

အိပ်ရာထဲမှာ တစ်ချိန်လုံးလှဲနေရတဲ့ နာတာရှည်ရောဂါရှိသူတွေက ရောဂါအပြင်နောက်ထပ်ခံစားရနိုင်တဲ့ ပြဿနာတစ်ခုရှိနေပါတယ်။ ဒါကတော့ အိပ်ရာနာလိုပခေါ်ကြတဲ့ အနာတစ်မျိုးပါ။ ဒီအနာကြောင့် လူနာက ရောဂါဖိစီးမှုကိုရော အနာဖိစီးမှုကိုပါခံရပြီး နလန်ထူဖိုပခက်ခဲတာမျိုးတွေရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိပ်ရာနာဖြစ်နေသူတွေကို ပြုစုပေးနေသူတွေအတွက် အသုံးဝင်မယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်းပြောပြပေးမယ်နော်။ အိပ်ရာနာကို သက်သာစေနိုင်မယ့် အိမ်တွင်းကုထုံး အိပ်ရာနာက သေချာမကုသဘဲထားမိရင် ရောဂါပိုးတွေဝင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနာဖြစ်တဲ့အခါ သေချာလေး ကုသစောင့်ရှောက်ပေးဖို့လိုပါမယ်။ ရှားစောင်းလက်ပပ် အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အိပ်ရာနာကို ကာကွယ်ဖိုပအတွက် သုံးလို့ရသလို ကုသဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်ကိုရေစင်အောင်ဆေးလိုပ အသားလေးလွှာပြီး ဂျယ်လီသားသန့်သန့်လေးနဲ့ အနာဖြစ်နေတဲ့နေရာကိုပွတ်ပေးပါ။ အရေးပြားကိုအေးမြစေနိုင်တဲ့ ရှားစောင်းလက်ပပ်က အရေပြားကျိန်းစပ်တာ၊ ယားယံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ သစ်မွှေးပင်ရဲ့ သစ်စေး သစ်မွှေးပင်ကရတဲ့ သစ်စေးအဆီကို နနွင်းမှုန့်လေးနဲ့ရောလို့ အနာဖြစ်နေတဲ့နေရာကို ပွတ်လိမ်းပေးပါ။ သွေးလည်ပတ်မှုကိုကောင်းစေပြီး အနာကျက်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ကိုယ်တွင်းက […]


ရှေးဦးသူနာပြုစုခြင်း

အိပ်ရာနာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ

အနာတစ်ခုခုဖြစ်တဲ့အခါ သေချာစောင့်ရှောက်ပေးမှုကမဖြစ်မနေလိုအပ်ပါတယ်။ အနာတွေကို သေချာဂရုမစိုက်ပေးမှုက အနာပိုးဝင်စေတာကနေတဆင့် နောက်ဆက်တွဲ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိမ်မှာ ဒါမှမဟုတ် ဆေးရုံမှာ နာတာရှည်ရောဂါတစ်ခုခုခံစားနေတာကြောင့် အချိန်ကြာမြင့်စွာလှုပ်ရှားမှုမရှိဘဲ နေရသူတွေမှာ ဖြစ်တတ်တဲ့ အိပ်ရာနာအကြောင်းပြောပြပေးချင်ပါတယ်။ အိပ်ရာနာ ဆိုတာဘာလဲ... အိပ်ရာနာကို ဖိအားကြောင့်ဖြစ်တဲ့ အနာလို့လည်းခေါ်ပါတယ်။ အကြောင်းကတော့ အရေပြားကို အချိန်ကြာမြင့်စွာ ဖိအားဖြစ်စေတာကနေ ဖြစ်လာတဲ့အနာဖြစ်နေတာကြောင့်ပါ။ ဘယ်သူတွေမှာ အဖြစ်များလဲ........ အိပ်ရာနာက လူတိုင်းမှာဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ရောဂါတစ်ခုခုကြောင့် အိပ်ရာပေါ်မှာ အချိန်ကြာမြင့်စွာလှဲနေရသူတွေ မတော်တဆမှုတစ်ခုခုကြောင့် လှုပ်ရှားမှု မလုပ်နိုင်ဘဲ အိပ်ရာထဲမှာ လှဲနေရသူတွေ သက်ကြီးရွယ်အိုတွေ ကျောရိုးထိခိုက်ဒဏ်ရာရထားသူတွေ လေဖြတ်ထားသူတွေ ကိုမာ ဝင်နေသူတွေ ခွဲစိတ်မှုတစ်ရပ်ရပ်ကြောင့် အိပ်ရာထဲလှဲနေရသူတွေ ဆီး၊ဝမ်းပြဿနာရှိသူတွေ အာဟာရချို့တဲ့သူတွေ အသားအရမ်းခြောက်တဲ့သူ ဆီးချိုလိုမျိုုး အနာကျက်နှေးတဲ့ ကျန်းမာရေးပြဿနာတစ်ခုခုခ့စားနေရသူတွေမှာ အဖြစ်များပါ။ ဘယ်နေရာတွေမှာ အဖြစ်များလဲ........... အိပ်ရာနာအများစုက အရိုးအမာခံတွေရှိနေတတ်တဲ့ ဖနောင့် ခြေချင်းဝတ် တင်ပဆုံ မြီးညှောင်ရိုးတို့မှာ အဖြစ်များပါတယ်။ အိပ်ရာနာဖြစ်ပေါ်ပုံအဆင့်ဆင့် အိပ်ရာနာဖြစ်လာတဲ့အခါ အရေပြားကနီရဲပြီး […]


ရှေးဦးသူနာပြုစုခြင်း

အစာအဆိပ်သင့် တဲ့အခါ ဘာတွေဆောင်လို့ဘာတွေရှောင်မလဲ....

ဘာလို့မှန်းမသိဘူး။ အော့အန်နေတယ်၊ ဝမ်းတွေလည်းသွားနေတယ်။ ကိုယ်လည်း နည်းနည်းနွေးချင်သလိုလို ဖြစ်နေတယ်ဆိုရင် ဒါက အစာအဆိပ်သင့်နေတာဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့် တာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် လူတော်တော်များများမှာ ဖြစ်နိုင်သလိုနောက်ဆက်တွဲအကျိုးဆက်ကြီးတဲ့ရောဂါအခြေအနေတစ်ခုပါ။ ဒါကြောင့်ဖြစ်လာရင်သေချာကုသဖို့လိုသလို သက်သာသွားပြီးရင်လည်းသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အစာအဆိပ်သင့် တာကနေ ပြန်လည်နလန်ထူလာတဲ့အခါ အစာအဆိပ်သင့်တဲ့အခါ အော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် ခန္ဓာကိုယ်က တော်တော်လေးအားအင်ကုန်ခမ်းနေနိုင်ပါတယ်။ ရေဓာတ်လည်း တော်တော်လေး ကုန်ဆုံးနေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ရေဓာတ်တွေကို အမြန်ဆုံးပြန်ဖြည့်နိုင်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် နာလန်ထူစမှာသေချာလေးဂရုစိုက်မိဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင် စားပေးပါ နေကောင်းခါစ လူတစ်ယောက်အဖို့ အာဟာရပြည့်ဝအောင်စားသုံးဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒါ့ကြောင့် အစာအဆိပ်မိတာကနေပြန်ကောင်းလာချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးပေးပါ။ ရေဓာတ်ပြည့်ဝအောင်နေပါ အော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် ရေဓာတ်တော်တော်လေးဆုံးရှုံးသွားတဲ့ အခြေအနေမှာ ရေဓာတ်ဖြည့်ပေးဖို့က မဖြစ်မနေလိုအပ်မယ့်အချက်တစ်ခုပါ။ ဒါ့ကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြည့်ဝအောင် ပြန်လည်ဖြည့်တင်းဖို့မမေ့ပါနဲ့။ ပြည့်ပြည့်ဝဝ အနားယူပါ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းနေချိန်မှာ အကောင်းဆုံးက ပြည့်ပြည့်ဝဝအနားယူခြင်းပါ။ ဒါကြောင့် သက်သောင့်သက်သာနဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

သင်ထင်ထားတာထက်ပိုဆိုးတဲ့ Vape

ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ၏ထုတ်ပြန်ချက်အရ လွန်ခဲ့သော ဆယ့်ငါးနှစ်အတွင်း အမေရိကန်ပြည်သူတွေရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၂၁ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရှိရပါတယ်။ ဆေးလိပ်သောက်သုံးမှု လျော့ကျလာခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ မီးခိုးများထုတ်လွှတ်မှု နည်းသွားပေမဲ့ တစ်ဖက်မှာတော့ အီလက်ထရောနစ် စီးကရက်များ၊ vape များသုံးစွဲမှု မြင့်တက်လာပါတယ်။ Vape သောက်သုံးသူတွေ ထုတ်လွှတ်တဲ့ ‌အငွေ့တွေကြောင့် သင်တို့ရဲ့ ကျန်းမာရေးပိုမို ထိခိုက်နိုင်တယ်ဆိုတာကို တော်ရုံသတိမပြုမိကြပါဘူး။ ဘယ်လိုအန္တရာယ်ရှိနိုင်လဲ စီးကရက် မီးခိုး‌‌ ငွေ့တွေမှာ အဆိပ်အတောက်အမျိုးအစားပေါင်း ၇၀၀၀ ကျော်လောက်ပါ၀င်ပြီး ၅၀ ကျော်လောက်ဟာ သင့်ကို ရောဂါဆိုးဆိုးဝါးဝါးဖြစ်အောင် ဒုက္ခပေးနိုင်ပါတယ်။ ဒါကို လူတော်တော်များများက သတိမပြုမိတတ်ကြပါဘူး။ဆေးလိပ်သောက်သူတွေကနေ ထုတ်လွှတ်လိုက်တဲ့မီးခိုးငွေ့တွေက ခန္ဓာကိုယ်တွင်းသွေးခဲခြင်းကိုဖြစ်စေနိုင်ပြီး  နှလုံး‌ရောဂါ၊ လေဖြတ်ခြင်း နှင့် အဆုတ်ကင်ဆာ တို့ဖြစ်နိုင်ချေကို အားပေးပါတယ်။ ကိုယ်၀န်ဆောင် အမျိုးသမီးများဆိုရင်တော့ အချိန်မတိုင်ခင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း