ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်ဆေး ခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါများ

ဒီတစ်လောမှာခဏခဏကြားနေရတာကတော့ " လက်ဆေး ပါ" ဆိုတဲ့ စကားပါပဲ။ COVID-19 ဖြစ်နေတဲ့ အချိန်မှာ လူတွေကို ရောဂါ ကာကွယ်နိုင်ဖို့ မကြာမကြာ လက်ဆေးပါလို့ တိုက်တွန်းနေကြပါတယ်။ လက်ဆေးတာက COVID-19မှ မဟုတ်ပါဘူး။ တခြားရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဒါတွေက ဘာတွေလဲ ဆိုတာ ကြည့်ကြရအောင်။ ၁။ COVID-19 အားလုံးသိတဲ့အတိုင်း WHOက ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးတဲ့ နောက်မှာ လူတွေက COVID-19နဲ့ ပတ်သတ်လို့ စိုးရိမ်မှုတွေ မြင့်လာကြပါတယ်။ ဒီဗိုင်းရပ်စ်က အဆုတ်ရောင်ရောဂါဖြစ်ပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ အသက်ရှူလမ်းကြောင်းကနေထွက်တဲ့ အမှုန်အမွားတွေကနေ ကူးပြီး ရောဂါပျိုးချိန်က ၁၄ရက်ပါ။ ဘာလက္ခဏာမှမပြဘဲ ပိုးကို သယ်ဆောင်ထားသူ (carrier) တွေလည်း ရှိပါတယ်။ ဒီတော့ သင့်ကိုယ်သင်ရော သူများကိုရော ရောဂါမကူးအောင် ဘယ်လိုနေကြမလဲ။ CDC ကပြောတာတော့ နေမကောင်းတဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချွေးနံ့ ဘာလို့ ပြင်းရသလဲ

လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ ဟာ ရောဂါတချို့အတွက် အဓိကသဲလွန်စတွေ ဖြစ်နေနိုင်တယ် ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာက ဆေးပညာလောက မှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိလူမျိုး နဲ့ တရုတ်လူမျိုး တွေက တီဘီရောဂါ လိုမျိုး ကူးစက်နိုင်တဲ့ ရောဂါတွေကို စစ်ဆေးသိရှိ နိုင်ဖို့ အနံ့ခံအာရုံ ကို အသုံးပြခဲ့ကြပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်နံ့ ဟာ (အရေပြားက ထွက်တဲ့ ချွေးတင်မကဘဲ ခံတွင်းနံ့ ၊သွေး၊ ဆီး နဲ့ တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ ကျန်းမာရေးအခြေအနေကို ဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကို အတိုင်းအတာတစ်ခု အထိ ရှာဖွေပေးနိုင်ပါတယ်။ ချွေးနံ့ က ရောဂါအခြေအနေတွေနဲ့ ဘယ်လိုဆက်နွှယ်နေသလဲ ရောဂါတစ်ခုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်း […]


ရှေးဦးသူနာပြုစုခြင်း

ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ

များသောအားဖြင့် ပူပြင်းတဲ့ နွေရာသီရောက်လာချိန်တွေမှာ နှာခေါင်းသွေးလျှံတာမျိုး ဖြစ်တတ်ကြလေ့ရှိပါတယ်။ လေ့လာချက်တွေအရတော့ လူတွေဟာ တစ်သက်မှာ အနည်းဆုံး တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံတာမျိုးဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ နှာခေါင်းဟာ မျက်နှာရဲ့ အလယ်တည့်တည့်မှာ ရှိတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ထိခိုက်ဖို့ လွယ်ကူတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ ဆိုးရွားတဲ့ ဝေဒနာမျိုးမဟုတ်ပေမယ့် အလွန်အမင်း ပြင်းထန်ရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တာကြောင့်အဖြစ်များပြီးတော့ အသက်ငယ်ရွယ်တဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ နှာခေါင်းသွေးလျှံစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ကိုယ်တွင်းမှာ ထိခိုက်ဒါဏ်ရာရတာ၊ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ဝေဒနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုကိန်းလို မူးယစ်ဆေးဝါး အသုံးပြုမှုတွေကြောင့်လည်း ဖြစ်နိုင်သလို သွေးတိုးတာ၊ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့တာ၊ တစ်ချို့သော အကျိတ်ရောဂါတွေရှိနေတာ၊ နှာခေါင်းရိုးကျိုးတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ နှာခေါင်းသွေးလျှံလာရင် ဘယ်လို ပြုစုမလဲ ရုတ်တရက် နှာခေါင်းသွေးလျှံတာမျိုး ကြုံလာရရင် သဘာဝအတိုင်း ရပ်တန့်သွားအောင် […]


ရှေးဦးသူနာပြုစုခြင်း

နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ

နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တစ်နှစ်ထက် တစ်နှစ် နွေက ပိုပူလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ နှစ်တိုင်း အပူ လျှပ်တဲ့သူတွေ ပိုများလာပါပြီ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုခံရပါတယ်။ အပူမလျှပ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုခံရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ကြည့်ရအောင်။ အရေးပေါ် အပူပြဿနာလို့ ပြောရင် ၃ခုရှိပါတယ်။ အပူကြောင့် ကြွက်တက်တာရယ်၊ အပူကြောင့် အားအင်ကုန်ခမ်းတာရယ်၊ အပူလျှပ်တာရယ်ပါ။ ၃ခုလုံးက အရေးပေါ်အခြေအနေဖြစ်လို့ အရေးကြီးပါတယ်။ အပူချိန်များတဲ့ နေရာမှာ နေတယ်။ ဒါမှမဟုတ် နေပူထဲမှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဆိုရင် ဒီအခြေအနေ၃ခုအကြောင်းကို သိကို သိထားသင့်ပါတယ်။ ဒီအရေးပေါ်ပြဿနာတွေက […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်လိုက် တဲ့သူကို ဘယ်လိုကူညီကြမလဲ

မြွေကိုက်ရင် ဖြေဆေးရှိတယ်။ ဓာတ်လိုက် ရင် ဖြေဆေးမရှိဘူး ဆိုတာ တကယ်ပါပဲ။ ဓာတ်လိုက် တယ်လို့ပြောရင် မျက်စိထဲမှာ ပြေးမြင်ကြတာက အုန်းခနဲ ပေါက်ကွဲပြီး တစ်ကိုယ်လုံး မည်းသည်းတဲ့ သူကိုပါ။ ဒါက ပြင်းထန်တဲ့ အခြေအနေပါ။ သာမန် အိမ်မှာ လျှပ်စစ်ပစ္စည်းတွေ ကိုင်ရင်း ကျဥ်ခနဲ ဖြစ်သွားတာလည်း ဓာတ်လိုက် တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်လိုက်တာက အရေးကြီးတဲ့အတွက် သူသူကိုယ်ကိုယ် ကြုံလာခဲ့ရင် သာမန်လူတစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာလေးတွေကို ရှင်းပြပေးပါမယ်။ ဓာတ်လိုက် တယ်ဆိုတာ ဘာလဲ။ လျှပ်စီးကြောင်းက ခန္ဓာကိုယ်ကို ဖြတ်သွားတဲ့အခါ ဓာတ်လိုက်တယ်ဆိုတာ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ အတွင်းရော၊ အပြင်ရော ထိခိုက်တဲ့အပြင် ကိုယ်တွင်းအင်္ဂါပါ ပျက်စီးတတ်ပါတယ်။  ဓာတ်လိုက်စေတဲ့ ပစ္စည်းတွေကတော့ အိမ်သုံးပစ္စည်းတွေ ဓာတ်ကြိုးတွေ စက်ပစ္စည်းတွေ နောက်ဆုံး မိုးကြိုးပစ်ခံရတာကိုလည်း ဓာတ်လိုက်တယ်လို့ပဲ […]


ရှေးဦးသူနာပြုစုခြင်း

ခံတွင်း အပူလောင်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၆ သွယ်

တစ်ခါတစ်လေ ကြုံရလိမ့်မယ်။ ပူပူလောင်လောင် အစားအစာမျိုးတွေကို အလောတကြီး စားမိလိုက်တာမျိုး၊ ရေနွေးပူပူကို ရုတ်တရက် သတိမထားမိပဲ သောက်မိလိုက်တာမျိုး တွေပေါ့။ ဒီလို အချိန်မျိုးဆိုရင် အာခေါင်တစ်ခုလုံး ပူလောင်ကျိန်းစပ်ပြီး နေမထိထိုင်မသာဖြစ်သွားတတ်ကြတယ်မဟုတ်လား။ ဒီလို အာခံတွင်း အပူလောင်ပြီဆိုရင် ဆိုးရွားလှတဲ့ ဝေဒနာကိုတင် ကြုံရတာမဟုတ်ပါဘူး၊ စားရေးသောက်ရေးပါ အခက်တွေ့ကြုံရပါလိမ့်မယ်။ အပူလောင်ထားတဲ့ ခံတွင်းကြောင့် အစာစားရာမှာ အရသာမရှိတာလိုလို၊ စပ်နေတာလိုလို၊ ထုံနေတာလိုလိုနဲ့ ခံတွင်းထဲ အစာဝင်သွားရင်ကို နေရထိုင်ရ ခက်နေတော့တာပါပဲ။ ပထမအဆင့် ခံတွင်းအပူလောင်နာဟာ တစ်ရက်ဝန်းကျင်ကနေ ၁ ပတ်ဝန်းကျင်အထိ ကြာတတ်ပြီးတော့ ပြင်းထန်လွန်းတဲ့ အခြေအနေမျိုးကိုတော့ ဒုတိယအဆင့် ခံတွင်း အပူလောင်နာလို့ သတ်မှတ်လေ့ရှိပါတယ်။ ဒီလို ဝေဒနာမျိုး ခံစားရချိန်မှာ အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ သင်မထင်မှတ်ထားတဲ့ အနီးနားက အစားအစာတချို့ဟာ အဲ့ဒီ […]


ရှေးဦးသူနာပြုစုခြင်း

လည်ချောင်းထဲ ငါးရိုးစူးတာ အမြန်သက်သာအောင် ဘယ်လိုလုပ်ရမလဲ

ငါးဟင်းစားဖို့ကို လက်တွန့်သွားစေတဲ့အကြောင်းရင်းက အရိုးစူးမှာ ကြောက်ကြတာပါပဲ။ အရိုးလုံးဝမပါအောင် အရိုးနွှင်ဖို့ကလည်း လွယ်တာမှ မဟုတ်တာလေ။ အရိုးများတဲ့ ငါးတွေဆို ပိုဆိုးပြီပေါ့။ စားရင်းသောက်ရင်း အရိုးစူးတဲ့အခါ အသေးလေးတွေဆို ထမင်းမျိုချရုံ၊ ငှက်ပျောသီးစားရုံနဲ့ သက်သာနိုင်ပေမယ့် အရိုးကြီးတာ၊ လည်ချောင်းမှာပိတ်ဆို့တာ၊ အနာဖြစ်စေတာတွေက အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ ငါးရိုးစူးတာ ပြင်းထန်ရင် တစ်ခါတလေ ထမင်းစားနေရင်း အရိုးစူးပြီဆိုတာကို ရုတ်တရက်မပြောနိုင်ဘဲ အသက်မရှူနိုင်၊ လည်ချောင်းမရှင်းနိုင်ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘေးကနေ သတိထားမိပြီး အရေးပေါ်ကူညီပေးနိုင်ဖို့ အရေးကြီးပါတယ်။ အရိုးစူးနေသူဟာ - ချောင်းဆိုးမယ်၊ မျိုချလို့မရ အရမ်းနာကျင်နေမယ်၊ လည်ချောင်းထဲမှာ ပိတ်ဆို့နေမယ်၊ တံတွေးမှာ သွေးစလေးတွေပါမယ်၊ စကားလှမ်းမပြောနိုင်ဘဲ အမူအရာနဲ့ပြမယ်။ နောက်ဆက်တွဲပြဿနာ အရိုးစူးတာက သက်သာသင့်တဲ့အချိန်မှာ မသက်သာတဲ့အခါ၊ ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှု မရှိတဲ့အခါ၊ ဘယ်လိုလုပ်လုပ် အရိုးကမကျသွားတဲ့အခါ၊ ဂရုမစိုက်ဘဲ ပေတေကြိတ်ခံနေတာကြာတဲ့အခါ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ ငါးရိုးအများစုက ချွန်ထက်တာမို့  ငါးရိုးစူးတာ […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံ ခဲ့ရင် ဘာလုပ်ကြမလဲ

လူတော်တော်များများက ဘဝမှ တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံ ဖူးကြမှာပါ။ ကိုရီးယားကားထဲကလို စာတွေ အသည်းအသန်ကျက်မှ နှာခေါင်းသွေးလျှံတာမဟုတ်ပါဘူး။ နှာခေါင်းသွေးလျှံ ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ကံကောင်းတာက အများစုက မစိုးရိမ်ရပါဘူး။ အိမ်မှာတင် သွေးတိတ်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ကိုယ့်နှာခေါင်းထဲကနေ သွေးထွက်လာရင် လန့်တတ်ကြပါတယ်။ ဒါကြောင့် နှာခေါင်းသွေးလျှံ တာဘာကြောင့်လဲ။ ရုတ်တရက်ဖြစ်လာခဲ့ရင် ဘာလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ နှာခေါင်းသွေးလျှံ တာက ၂မျိုးရှိပါတယ်။ Anterior nosebleedနဲ့ Posterior nosebleedပါ။ Anterior nosebleed (နှာခေါင်းအရှေ့ဘက်က သွေးယိုခြင်း)- ဒါကနှာခေါင်းသွေးလျှံတာနဲ့ အဓိကအကြောင်းရင်းပါပဲ။ နှာနုရိုးရဲ့ အခြေနားမှာရှိတဲ့ သွေးကြောလေးတွေကနေ သွေးထွက်တာပါ။ သိပ်မပြင်းထန်တဲ့အတွက် အိမ်မှာတင်ကုလို့ရပါတယ်။ Posterior nosebleed (နှာခေါင်းအနောက်ဘက်ကသွေးထွက်ခြင်း)- သူက Anterior nosebleedနောက် အဖြစ်မများပါဘူး။ အသက်ကြီးတဲ့သူတွေမှာ […]


ရှေးဦးသူနာပြုစုခြင်း

ခွေးကိုက်ခံရရင် ဘာဆက်လုပ်ကြမလဲ။

ခွေးကိုက်ခံရရင် လူတွေအစိုးရိမ်ဆုံးက ခွေးရူးရောဂါပါ။ ဘာလို့လဲဆိုတော့ ခွေးရူးရောဂါက လူ၁၀၀ဖြစ်ရင် ၉၉ယောက်က သေနိုင်လို့ပါ။ ဒါကြောင့် ခွေးကိုက်ခံရ ပြီးရင်ဘာလုပ်ကြမလဲ။ ခွေးရူးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးသွားပါမယ်။ ခွေးကိုက်ခံရ တယ်ဆိုပေမယ့် ကြောင်ကုတ်တာကနေလည်း ခွေးရူးပြန်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့် ခွေးရူးရောဂါမဖြစ်အောင် လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါမယ်။ ခွေးကိုက်ခံရရင် ဘာဆက်လုပ်ကြမလဲ။ ခွေးကိုက်ခံရရင် ကိုက်ခံရ ပြီးတာနဲ့ လုပ်စရာ ၃ ခုရှိပါတယ်။ အနာကို သန့်ရှင်းရေးလုပ်တာ ခွေးကိုစောင့်ကြည့်တာ ကာကွယ်ဆေးထိုးတာ စတာတွေပါ။ အနာသန့်ရှင်းရေးလုပ်တာ ခွေးကိုက်ခံရပြီးပြီးချင်း အရင်ဆုံးလုပ်ရမှာ အနာကို သန့်ရှင်းရေးလုပ်ရမှာပါ။ အနာကို ဒီအတိုင်းပစ်ထားရင် ခွေးရူးမပြန်ရင်တောင် ပိုးဝင်ပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုက်ခံရတဲ့ နေရာကို ရေနဲ့ ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ သွေးတိတ်သွားအောင် အဝတ်သန့်သန့်နဲ့ ဖိထားပါ။ ပြီးရင် ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ

နာမကျန်းဖြစ်နေချိန် ဖျားနာနေချိန်တွေမှာ ရေချိုးဖို့ဆိုတဲ့ကိစ္စဟာ လူအတော်များများအတွက်တော့ နောက်ဆုံးမှ စဉ်းစားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန်အချိန်တွေမှာတောင် ရေချိုးဖို့ ပျင်းတဲ့လူတွေအတွက်ဆိုရင်တော့ ပိုဆိုးပါလိမ့်မယ်။ ဒါက အပြစ်တင်စရာကိစ္စတော့ မဟုတ်ပါဘူး။ တုပ်ကွေးလိုရောဂါမျိုးတွေကြောင့် ဖျားနာကိုက်ခဲနေချိန်တွေမှာ ရေချိုးချင်စိတ်မရှိတာဟာ သဘာဝပါပဲ။ နေမကောင်းဖြစ်နေတဲ့သူတစ်ယောက်အတွက် စောင်လေးခြုံပြီး အိပ်ယာထဲမှာ နွေးနွေးထွေးထွေး ကွေးနေချင်စိတ်က ပိုများမှာသေချာပါတယ်။ ဒါပေမယ့်လည်း ဖျားတာ နာတာကြာလာချိန်တွေမှာတော့ ရေချိုးဖို့ လိုအပ်လာပါလိမ့်မယ်။ တချို့ကတော့ ရေမချိုးပဲ ရေပတ်တိုက်တာမျိုးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် မဖြစ်မနေ ရေချိုးဖို့ လိုအပ်လာမယ်ဆိုရင်ရော။ ချိုးသင့်သလား။ ဘယ်လိုရေချိုးကြမလဲ။ ရေချိုးတာဟာ အဖျားရောဂါကို သက်သာစေသလား? ဖျားနာချိန်မှာ ရေချိုးသင့်မချိုးသင့်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေပြနိုင်စွမ်းတွေကတော့ အကန့်အသတ်နဲ့သာရှိနေပါသေးတယ်။ ဖြစ်ပေါ်နေတဲ့ အဖျားရောဂါအမျိုးအစားနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သာမန် အအေးမိ၊ နှာစေး၊ တုပ်ကွေးမိတာမျိုးဆိုရင်တော့ ရေချိုးလို့ရပါတယ်။ ဘယ်လို ရေချိုးကြမလဲ? ကိုယ်ပူနေချိန် ရေချိုးပေးတာဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း