ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ် တဲ့အခါ ကြုံလာနိုင်တဲ့ အခက်အခဲများကို ဘယ်လိုကျော်လွှားကြမလဲ။

“ဆေးလိပ်သောက်ခြင်းဟာ သင်နှင့် သင့်ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။” ဆိုတဲ့ ဆောင်ပုဒ်လေးကို လူတိုင်း ရင်းနှီးကြမှာပါ။ အဲ့ဒီဆောင်ပုဒ်အတိုင်း ဆေးလိပ်သောက်ခြင်းဟာ သောက်သုံးသူရော သူ့မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေးသာမက လူမှုရေး၊ စီးပွားရေး တွေကိုပါ ထိခိုက်စေနိုင်တဲ့ လက်နက်ကြီးတစ်ခုပါ။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ်  ဖို့  ကြိုးစားကြတဲ့သူတွေ အများကြီးရှိပေမယ့် ဖြတ်ဖို့ကြိုးစားပြီးမှ မထိန်းနိုင်ဘဲ ပြန်သောက်မိကြတဲ့သူတွေလည်း ရှိနေကြပါတယ်။ ဆေးလိပ်ဖြတ် ချင်တဲ့စိတ်ရှိပြီး ဖြတ်တဲ့အခါ ဘာတွေကြုံတွေ့နိုင်တယ်၊ ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတာကို ကြိုတင်မစဉ်းစားထားကြမိတာမျိုးကြောင့် တကယ်တမ်း အခက်အခဲတွေလည်းတွေ့တာနဲ့ အလွယ်တကူ လက်လျှော့မိတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း ဒီဆောင်းပါးလေးမှာ ဆေးလိပ်ဖြတ်မယ့်သူတွေမှာ ကြုံတွေ့နိုင်တဲ့အခက်အခဲတွေနဲ့ အဲ့ဒီအခက်အခဲတွေကို ဘယ်လို ကြိုးစားပြီးကျော်လွှားကြမယ်ဆိုတဲ့ အချက်လေးတွေကို အဓိကထားပြီး ပြောပြပေးသွားမှာပါ။ ဆေးလိပ်ဖြတ်တဲ့ အခါ အောက်ပါအချက်တွေကြောင့် အခက်အခဲတွေဖြစ်လာကြပါတယ်။ ၁။ ခန္ဓာကိုယ်က လိုအပ်ချက်တစ်ခုအနေနဲ့ ဆေးလိပ်ကို စွဲလမ်းနေခြင်း။ ဆေးလိပ်မှာပါတဲ့ အန္တရာယ်ပေးနိုင်တဲ့ […]


ရှေးဦးသူနာပြုစုခြင်း

အရိုးအက်တာ သက်သာစေဖို့

ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်ဆောင် နိုင်စေဖို့ဆိုရင် အရိုးတွေ သန်မာစေဖို့ လိုအပ်ပါမယ်။ ဒီလို အရေးပါတဲ့ အရိုးတွေ မှာ မတော်တဆ ထိခိုက်မှုတွေဖြစ်မယ်ဆိုရင် နေ့စဉ် လှုပ်ရှားမှုမှာ တော်တော်လေး ထိခိုက်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ အရိုး ကျန်းမာရေး ပြဿနာ တစ်ခုဖြစ်တဲ့ အရိုးအက်တာမျိုး ဖြစ်ခဲ့ရင် ဘယ်လို ကုသစောင့်ရှောက်မှုတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးပါရစေ။ အရိုးအက်တယ် ဆိုတာ အရိုးအက်တယ်ဆိုတာက အရိုးကျိုးတာလောက်အထိ မပြင်းထန်ပေမယ့် လှုပ်ရှားမှုလုပ်တဲ့အခါ တော်တော်လေး အခက်တွေ့စေနိုင်တဲ့ အရိုးထိခိုက်မှုပါ။ အရိုးအက်တယ်ဆိုတာက ပြင်းထန်တဲ့ ထိခိုက်မှု တစ်ခုခုကြောင့် အရိုးမှာ ကြီးကြီးမားမားထိခိုက်မှုဖြစ်တာမျိုးပါ။ အရိုးအက်တယ်ဆိုတာက trabeculae လို့ခေါ်တဲ့ အရိုးတွေကို ဆက်ပေးတဲ့ fibrous tissues တစ်ရှူးတွေ ပြင်းပြင်းထန်ထန်ထိခိုက်မိတာ ဒါမှမဟုတ် ပျက်စီဒတဲ့အခြေအနေရဲ့ နောက်ဆက်တွဲ ပြဿနာပါ။ ဒီတစ်ရှူးတွေ […]


ရှေးဦးသူနာပြုစုခြင်း

သရက်စေး လောင်ခဲ့ရင်

သရက်သီးတွေ လှိုင်လှိုင်သီးလို့ သရက်သီး ခူးရမယ့်အချိန်တောင် ရောက်လာပြီနော်။ အစိမ်းကို ငံပြာရည်၊ ငရုတ်သီးမှုန့်နဲ့စားစား၊ ငပိလေးကင်ပြီး ပုစွန်ခြောက် ဆိချက်၊ မြေပဲထောင်းလေးနဲ့ အရသာရှိရှိ သုပ်စားစား၊ ငရုတ်သီး အစိမ်းမှုန့် ဆားလေးနဲ့ တို့စားစား စားကောင်းတဲ့ သရက်သီးလေးကို ခူးတဲ့အချိန်မှာ အဖြစ်များတဲ့ ပြဿနာတစ်ခုရှိပါတယ်။ အစေးလောင်တာပါ။ ဝယ်စားတဲ့သူက ပြဿနာ မရှိပေမယ့် ကိုယ်တိုင် အပင်ကနေ ခူးစားမယ့် သူလေးတွေဆိုရင်တော့ မျက်လုံးထဲ အစေးဝင်တာမျိုး၊ လက်ကို အစေးလောင်တာ၊ မျက်နှာပေါ် အစေးကျတာ၊ အရေပြားကို အစေးလောင်တာတွေ ခံစားရနိုင်ပါတယ်။ သရက်စေးဆိုတာ ဘာလဲ........... သရက်စေးဆိုတာက သရက်သီးကို ခူးလိုက်တဲ့အခါ အကိုင်းကနေရာ သရက်သီး အညှာလေးကနေပါ ထွက်လာတဲ့ အရည်လေးတွေပါ။ ကိုင်မိပြီး ရေမဆေးဘဲ အတော်ကြာထားမိလိုက်ရင်ကို အရေပြားမှာ ပူလာနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် ခူးလိုက်တဲ့အခါတိုင်း […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးထိခိုက်နိုင်သလား

လူအများစုဟာ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်တတ်ကြောင်း သိကြပါတယ်။ ဒါပေမယ့် ဆေးလိပ်ကြောင့် နှလုံးကိုပါ ထိခိုက်နိုင်ကြောင်း သိရှိသူနည်းပါတယ်။ တကယ်တော့ ဆေးလိပ်ဟာ နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်ပွားနိုင်ခြေ မြင့်တက်စေပါတယ်။ အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ အဆိုအရ ဆေးလိပ်ကြောင့် သေဆုံးသူပေါင်းဟာ တနှစ်ကို ၄၈၀၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဆေးလိပ်ကြောင့် နှလုံးကို ဘယ်လိုထိခိုက်စေသလဲ သုတေသနတွေအရ ဆေးလိပ်သောက်တဲ့အခါ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးကြောတွေကို မာကြောလာစေပါတယ်။ စည်းချက်မမှန် နှလုံးကို ပိုပြီးအားစိုက်ကာ အလုပ်လုပ်ရစေပါတယ်။ ဆေးလိပ်ကြောင့် သွေးတိုးစေနိုင်ပြီး လေဖြတ်နိုင်ခြေလည်း မြင့်စေပါတယ်။ ဆေးလိပ်နဲ့စီးကရက်တွေမှာ အဓိကပါဝင်တာကတော့ နီကိုတင်းဖြစ်ပါတယ်။ ဒါ့အပြင် တား လို့ခေါ်တဲ့ ကတ္တရာဓာတ်ပေါင်းတမျိုးနဲ့ ကာဗွန်မိုနောက်ဆိုဒ်လည်းပါဝင်ပြီး နှလုံးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပါတယ်။ အဆိုပါ ဓာတုပစ္စည်းများဟာ သွေးကြောတွေထဲမှာ […]


ရှေးဦးသူနာပြုစုခြင်း

အက်ဆစ် လောင်တာ အတွက် ရှေးဦးသူနာပြုစုနည်း

အက်ဆစ် ၊ အယ်လ်ကာလိုင်း နဲ့ အပြင်းစား ဓာတုပစ္စည်းတွေ လောင်တဲ့အခါ အရေပြားကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ  ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။ ဆေးခန်းကို မသွားနိုင်သေးခင်မှာ အခုနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ပေးပြိး ထိခိုက်မှုနည်းအောင် လုပ်ဆောင်ပေးပါ။ ဒီလိုဖြစ်တဲ့အခါ အရင်ဆုံးလုပ်ရမှာက အရေးပေါ်ကားကို ဖုန်းဆက်ခေါ်ဖို့ပါ။ ပြီးရင်တော့ ဒီနည်းလမ်းတွေကို အမြန်ဆုံး လုပ်ဆောင်ပေးနိုင်ဖို့ လိုပါမယ်။ အက်ဆစ် လောင်တာ ကြောင့် မပြင်းထန်စေဖို့ အက်ဆစ် လောင်တာ ကြောင့် ထိခိုက်မှုနည်းစေဖို့ဆိုရင် အမြန်ဆုံး ရှေးဦးသူနာပြုစုနည်းကို လုပ်ဆောင်ဖို့လိုပါမယ်။ လက်ကို လက်အိတ် စွပ်ပါ။ ဓာတု ပစ္စည်း ဒါမှမဟုတ် အက်ဆစ် ပေနေတဲ့ အရာ၊ အဝတ်စကို ချက်ချင်းဖယ်ပါ ရေများများနဲ့ အက်ဆစ်လောင်တဲ့နေရာ ဒါမှမဟုတ် ဓာတုပစ္စည်း လောင်တဲ့နေရာကို သေချာ စင်အောင် ဆေးကြောပါ အက်ဆစ်တွေမကျန်ခဲ့အောင် ရေများများနဲ့ […]


ရှေးဦးသူနာပြုစုခြင်း

မိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းတွေ

နွေရာသီ ပူပြင်းလှတဲ့ကာလမျိုးမှာ မိတ်ဖုထွက်တာက ဖြစ်နေကြလို ကိစ္စမျိုးပါ။ လူတော်တော်များများ နွေရာသီဆိုရင် မိတ်ထွက်တာမျိုး ကြုံရတတ်ပါတယ်။ မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေမှာ အများအားဖြင့် ဖြစ်ပေါ်တတ်ပါတယ်။ မိတ်တွေ ထွက်လာရတဲ့အကြောင်းအရင်းကတော့ ချွေးပေါက်တွေ ပိတ်ဆို့မှုကြောင့် ဖြစ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ အဖြစ်များတဲ့ အရေပြားဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လည်ပင်း၊ တံတောင်၊ ကျောကုန်းနဲ့ လက်မောင်းတွေမှာ အပေါက်များတတ်ပါတယ်။ မိတ်ထွက်တာဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမျိုးမဟုတ်ပေမယ့် မိတ်ဖုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ယားယံတဲ့ဝေဒနာကတော့ အတော် ခံရခက်ပါတယ်။ ကုတ်ရင်းဖဲ့ရင်း ပွန်းပဲ့တာမျိုးတောင် ကြုံရတတ်ပါသေးတယ်။ ဘယ်လိုကုသမလဲ မိတ်ဖု ထွက်လာချိန်တွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ကုစားလို့ ရနိုင်ပါတယ်။ ခံစားရခက်တဲ့ ဝေဒနာမျိုးမို့ လူတိုင်းကတော့ ခပ်မြန်မြန်ပျောက်ကင်းချင်တတ်ကြပါတယ်။ မိတ်ဖုထွက်တာကို သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်းတွေနဲ့ သဘာဝ ထွက်ကုန်တေရှိပါတယ်။ ဒါတွေကို ဖော်ပြပေးချင်ပါတယ်။ခုလို မိတ်ဖုတွေ ထွက်ပေါ်လာခဲ့မယ်ဆိုရင် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

နွေရာသီအတွက် ရေချိုးနည်း နိဿရည်း

နွေကတော့ မှန်မှန်ကြီးကို အပူရှိန်ပြင်းပြင်းနဲ့ တာထွက်လာခဲ့ပြီ။ ထုံးစံအတိုင်း နွေရောက်ပြီဆိုတာနဲ့ အပူဒဏ်ကို ကာကွယ်ဖို့ ရေချိုးတဲ့ ကိစ္စက တွဲလျက်သားပါလာပြီ။ ပုံမှန် ရေချိုးပျင်းတဲ့လူတွေတောင် နွေမှာတော့ တတ်နိုင်သမျှ သည်းညီးခံပြီး ရေချိုးရတာပါပဲ။ ပူတာကိုး။ ရေချိုးတယ်ဆိုတာကလည်း ခဏခဏ ချိုးရင် ကောင်းတာမဟုတ်ဘူးရယ်။ ချိုးတဲ့ အချိန်ကလည်း ရှိသေးတယ်၊ အချိန်တိုင်း ချိုးလို့ သင့်လျော်တာမဟုတ်ဘူး။ မချိုးပဲနေရင်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေးပိုင်းမှာ အဆင်မပြေပြန်ဘူး။ ဒီတော့ နွေပူပူမှာ ရေဘယ်လိုချိုးသင့်သလဲဆိုတာကို လမ်းညွှန်ပြမယ်နော်။ ရေဘယ်နှစ်ကြိမ် ချိုးသင့်သလဲ ပုံမှန်ဆိုရင် တစ်ပတ်ကို ၃ ကြိမ် - ၄ ကြိမ်လောက်ပဲ ချိုးသင့်တယ်လို့ Dermatologist တွေက လမ်းညွှန်ကြပါတယ်။ နွေရာသီလို ပူတဲ့ အခါမျိုးတွေမှာတော့ တစ်နေ့ကို တစ်ကြိမ်ထက် မနည်းချိုးလို့ရပါတယ်။ ဒါပေမယ့် တစ်နေ့ကို ရေ ၂ […]


ရှေးဦးသူနာပြုစုခြင်း

မီးပိုးကောင် ဆိပ်သင့်ခြင်း

အရေပြားမှာ ရုတ်တရက် အရည်ကြည်ဖုတွေ တန်းစီပြီး ထွက်လာတယ်၊ နီရဲနေတယ်ဆိုရင် "ဟဲ့ ငါ့ ဘာကောင်များ ကိုက်သွားပါလိမ့်"လို့ တွေးတတ်ကြပါတယ်။ ထိမိတဲ့ အကောင်ကိုများ သိထားရင်တော့ ဒါ မီးပိုးကောင် ထိတာပါလား ဆိုပြီး တန်းပြော နိုင်ပါတယ်။ များသောအားဖြင့်တော့ အန္တရာယ်မရှိပေမယ့် အရေပြားမှာ စပ်ဖျဉ်းဖျဉ်းနဲ့ ယားကလည်း ယားသေး ဆိုတော့ လန့်တတ်ကြပါတယ်။ ဒီတော့ မီးပိုးကောင်ထိရင် အရေးပေါ် ဘာလုပ်သင့်လဲ ဆိုတာ ပြောပြပေးပါမယ်။ မီးပိုးကောင် ကို ဘယ်မှာတွေ့နိုင်လဲ။ မီးပိုးကောင်ဆိုတာ မည်းမည်းရှည်ရှည် အကောင်လေးပါ။ လိမ္မော် ဖောက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်နဲ့ တူပါတယ်။ ခြောက်သွေ့တာကို ကြိုက်ပြီး ညဘက်တွေ ပိုထွက်ပါတယ်။ မီးရောင်ကို ကြိုက်ပါတယ်။ မီးပိုးကောင် ဆိပ်က ဘယ်လိုသင့်တာလဲ။ မီးပိုးကောင်က ကိုက်လည်း မကိုက်သလို တုပ်လည်း မတုပ်ပါဘူး။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်ဆေးကြစို့

တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးနည်းလမ်းတွေက အထိရောက်ဆုံးနည်းလမ်းတွေဖြစ်နေတတ်ပါတယ်။ လူလူချင်းကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အထိရောက်ဆုံးနည်းလမ်းတွေထဲမှာ လက်ဆေးတာလည်း တစ်ချက်အပါအဝင်ပါပဲ။ ဒါ့ကြောင့် ဘယ်အချိန်မှာလက်ဆေးရမယ်၊ လက်ကိုသေချာစင်ကြယ်အောင်ဘယ်လိုဆေးရမယ်ဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။ လက်ဆိုတာ ခန္ဓာကိုယ်မှာ ပိုးမွှားတွေအများဆုံး အစိတ်အပိုင်းတစ်ခုပါ။ တချိန်လုံး ပစ္စည်းကိရိယာတွေကိုင်တွယ်အသုံးပြုတယ်၊ အစားအသောက်စားရင်လည်း သုံးတယ်၊ ဒီကြားထဲမှာ မျက်နှာ၊ ဆံပင်တွေလည်း ပွတ်သပ်တတ်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ရဲ့လက် ၂ ဖက်ကို သန့်သန့်ပြန့်ပြန့်မထားမိရင် ရောဂါပိုးမွှားတွေ ဘယ်လောက်တောင်ဝင်လာနိုင်လဲဆိုတာ စဉ်းစားကြည့်ပါ။ တချိန်လုံးလက်ဆေးနေဖို့လည်း မလိုပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ မဖြစ်မနေဆေးကြောသင့်ပါတယ် - အစားအစာတွေကိုချက်ပြုတ်ဖို့ မကိုင်တွယ်ခင်၊ ချက်ပြုတ်နေစဉ်နဲ့ ချက်ပြုတ်ပြီးချိန် - အစာမစားခင်အချိန် - အော့အန်ဖျားနာနေသူ ဒါမှမဟုတ် ဝမ်းလျှောနေသူလို နေထိုင်မကောင်းသူတစ်ယောက်ယောက်ကို ကိုင်တွယ်မပြုစုခင်နဲ့ ပြုစုပြီးချိန် - ထိခိုက်ရှနာဒဏ်ရာကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန် - အိမ်သာတက်ပြီးချိန် - ကလေးသေးခံလဲပေးပြီးချိန် ဒါမှမဟုတ် အိမ်သာတက်တဲ့ကလေးကိုရေဆေးသန့်စင်ပေးပြီးချိန် - နှာစေး၊ ချောင်းဆိုး၊ […]


ရှေးဦးသူနာပြုစုခြင်း

လူကြီး၊ ကလေးများ၏ အသက်ရှူလမ်းကြောင်း အတွင်း ပြင်ပ ပစ္စည်းဝင်ခြင်း (ဆို့နင်ခြင်း)

ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့ ၁။         ဆို့နင်ခြင်း ဖြစ်နေသောလူနာကို စနစ်တကျပြုစုတတ်စေရန် နဲ့ ၂။         အခြေအနေပို၍  ဆိုးမသွားစေရန် ပဲဖြစ်ပါတယ်။ Choking (ဆိုနင့်ခြင်း)ဆိုတာဘာလဲ .......... စားစရာ သို့မဟုတ် စားစရာ မဟုတ်သော အရာဝတ္တုတစ်ခုခုသည် ပုံမှန် အစာလမ်းကြောင်း အတိုင်း မသွားဘဲ အသက်ရှူလမ်းကြောင်း အတွင်းသို့ရောက်ရှိသွား၍ အသက်ရှူလမ်းကြောင်းပိတ်ဆို့သွားခြင်းကို ဆို့ နင့်ခြင်း လို့ခေါ်ပါတယ်။ ဆို့နင်ခြင်းဖြစ်ရသည့်အကြောင်းရင်း တွေကတော့ အစားအစာကို အငမ်းမရစားခြင်း၊ အလျင်စလိုမြိုချခြင်း အစာကို ဝါးမျိုစားနေစဉ် ရယ်မောခြင်း၊ စကားများပြောခြင်း အရက် အလွန်အကျွံသောက်ခြင်း ကလေးများအနီးတွင် ကစားစရာ၊ အရောင်တောက်တောက်ပစ္စည်းများ ကိုထားပါက ပါးစပ်အတွင်းသို့ ထည့်တတ်ခြင်း (ဉပမာ ပိုက်ဆံ၊ ဂေါ်လီလုံး၊ ခဲဖျက်၊ သကြားလုံး၊ ဇီးစေ့၊ ကြယ်သီး၊ ပုတီးစေ့) ကလေးများ အစားအစာကို ကြေညက်အောက်မဝါးဘဲ ပါးစပ်အတွင်း ငုံထားတတ်ခြင်းတွေဖြစ်ပါတယ်။ ဆို့နင်ခြင်းလက္ခဏာများတွေကတော့: လူနာသည် အသက်မရှူနိုင်၍ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း