ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ နှင့်ပြုစုနည်းများ

အဆိပ်သင့်တယ်ဆိုတာဘာလဲ အဆိပ်သင့်ခြင်းဆိုသည်မှာ အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်ခြင်းကြောင့် ကျန်းမာရေးချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်သည်။ ခန္ဓာကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်နိုင်သော နည်းလမ်းများ ၁။       စားမိခြင်း (ဥပမာ - အစာအဆိပ်သင့်ခြင်း၊ အဆိပ်သောက်ခြင်း) ၂။        ရှူရှိုက်မိခြင်း (ဥပမာ - ဓာတ်ငွေ့အဆိပ်သင့်ခြင်း၊ မတည့်သော အနံ့ရှူရှိုက်မိခြင်း) ၃။       အရေပြားအတွင်း ထိုးသွင်းခြင်း (ဥပမာ − အဆိပ်ရှိသောသတ္တဝါ အကိုက်ခံရခြင်း) ၄။       အရေပြားအတွင်း စိမ့်ဝင်ခြင်း (ဥပမာ− ဓာတုဗေဒပစ္စည်းများကို အကာအကွယ်မပါဘဲ ကြာမြင့်စွာကိုင်တွယ်   အသုံးပြုခြင်း)   စားမိခြင်းကြောင့် အဆိပ်သင့်စေသောအရာများ ဆေးဝါးနှင့် အရက်သေစာ သန့်စင် ချေး(ဂျီး)ချွတ်ဆေးများ ကိုယ်တိုင်လုပ် ဥယျာဉ်သုံးပစ္စည်းများ အပင်သုံးအားဆေး၊ ပိုးသတ်ဆေး ပိုးမွှားကြောင့် အစာအဆိပ်သင့်ခြင်း ဗိုင်းရပ်စ်ပိုးကြောင့် အစာအဆိပ်သင့်ခြင်း မတည့်သောအစားအစာများ စားမိခြင်း   လက္ခဏာများ (၁)      မူးဝေခြင်း/ခေါင်းကိုက်ခြင်း (၂)       အော့အန်ခြင်း၊ ဝမ်းသွားခြင်း (၃)      ဗိုက်နာ/ဗိုက်အောင့်ခြင်း (၄)      […]


ရှေးဦးသူနာပြုစုခြင်း

အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ ဒီတစ်ခေါက်တော့ အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ အကြောင်းအတူတူ လေ့လာလိုက်ရအောင်နော်။ အဆိပ်သင့်တယ်ဆိုတာဘာလဲ အဆိပ်သင့်ခြင်းဆိုတာက အဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ လုံလောက်သော အရေအတွက်၊ ပမာဏ ဝင်ရောက်တာကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ခြင်းကို ခေါ်ပါတယ်။ အမျိုးအစားများ အိမ်တွင်း အဆိပ်သင့်ခြင်း။ (ဥပမာ - ချွတ်ဆေး၊ ဆိုးဆေး၊ အိမ်သုတ်ဆေး၊ ကော်၊ လောင်စာဆီ) ဆေးဝါးကြောင့် အဆိပ်သင့်ခြင်း။ (ဆေးပိုသောက်၊ ဆေးသောက်မှား၊ မတည့်သောဆေး လိမ်းမိခြင်း) စက်ရုံတွင်းအဆိပ်သင့်ခြင်း။ (ဓာတ်ငွေ့၊ စက်ရုံသုံး ဓါတုဗေဒဆေးရည်) အရက်ကြောင့် အဆိပ်သင့်ခြင်း။ အပင်များကြောင့် အဆိပ်သင့်ခြင်း။ (မှို၊ သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ ပန်းဝတ်မှုန်၊ မျိုးပွားသစ်စေ့ခြောက်) […]


ရှေးဦးသူနာပြုစုခြင်း

အဖြစ်များသောအရေးပေါ်အခြေအနေများ(၂)

တက်ခြင်း တက်ခြင်းသည် ထိန်းချုပ်စေခိုင်းခြင်းမရှိဘဲ တစ်ကိုယ်လုံးရှိ ကြွက်သားများ ဆွဲငင်တုန်လှုပ်ခြင်းဖြစ်ပြီး ဦးနှောက်၏လုပ်ငန်းများ ချို့ယွင်းမှုဖြစ်ခြင်းဖြစ်သည်။                  ဖြစ်စေတတ်သောအကြောင်းရင်းများ ဦးနှောက်ဒဏ်ရာရခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း (သို့) အကျိတ်ဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ အပူရှပ်ခြင်း၊ ကလေးများ အဖျားကြီးခြင်း၊ လျှပ်စစ်ဓာတ်လိုက်ခြင်း၊ မူးယစ်ဆေးအလွန်အကျွံသုံးစွဲခြင်း၊ အရက်မူးလွန်ခြင်း၊ အဆိပ်သင့်ခြင်း၊ အရည်ခန်းခြောက်ခြင်း၊ ဝက်ရူးပြန်ခြင်း၊ စိတ်ဝေဒနာရှင်များ၊ ပြုစုခြင်း အဖျားကြီးပြီး တက်နေသောကလေးအား အပူချိန်ကျစေရန် ရေပတ်တိုက်ပေးပါ။ တက်နေစဉ် ပါးစပ်အတွင်းမှ အစာများ၊ ချွဲများကို ဖယ်ရှားပေးပါ။ အသက်ရှူလမ်းကြောင်းဖွင့်ပေးပါ။ တင်းကျပ်သောအဝတ်အစားများ လျော့ပေးပါ။ ထပ်မံ၍ဒဏ်ရာများ မရရှိစေရန်နှင့် လျှာမကိုက်မိစေရန် စောင့်ကြည့်ပြီးပြုစုပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဒဏ်ရာရရှိမှု အခြေအနေအား စစ်ဆေးပါ။ တက်တတ်သောသူ တစ်ဦးတည်းအချိန်အကြာကြီးမထားရန်၊ မိသားစုအား အကြံပြုပါ။ မိဘ၊ […]


ရှေးဦးသူနာပြုစုခြင်း

အပူလောင်ခြင်း

အပူလောင်ခြင်းဆိုသည်မှာ အပူနှင့်ဓာတုဗေဒပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။အပူလောင်ကျွမ်းခြင်းကြောင့်အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။ အရေပြားသည် ခန္ဓာကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီးအပြင်လွှာ (Epidermis) နှင့် အတွင်းလွှာ (Dermis) ဟူသည့် တစ်ရှူး (အသားမျှင်) (၂)လွှာဖြင့် တည်ဆောက်ထားပါသည်။ အပေါ်ယံ အရေပြား သည် အဆီလွှာပေါ်တွင်တည်ရှိပြီး ရေလုံစေပါသည်။ အတွင်းလွှာတွင် သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများ၊ အဆီပြုဂလင်းများ၊ ချွေးဂလင်းများနှင့် မွေးညှင်းမြစ်များပါရှိပါသည်။ အရေပြား၏ အဓိကလုပ်ငန်းစဉ်များမှာ ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် ကာကွယ်ခြင်း၊ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချွေးအဖြစ်စွန့်ထုတ်ခြင်း၊ ခန္ဓာကိုယ်အား အပူဓာတ်၊ အအေးဓာတ်တို့ကို သမမျှတစေခြင်း၊ ထိခိုက်ဒဏ်ရာများကို အနာကျက်စေခြင်း၊ (၁)      မီးလောင်ခြင်း   မီးတောက်၊ မီးတောက်နှင့် သက်ဆိုင်စေသည့် အကြောင်းရင်းများ၊ (ဖယောင်းတိုင်မီး)၊ ပွတ်တိုက်မှုကြောင့် အပူလောင်ခြင်း၊ ပေါက်ကွဲမှုကြောင့် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချွေးထွက်လွန်းတဲ့ အမျိုးသားတွေအတွက် ဆောင်ရန်၊ ရှောင်ရန်များ

ချွေးထွက်တယ်ဆိုတာ များသောအားဖြင့်တော့ ကျန်းမာတဲ့ လူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်က ကျန်းမာပြီး ပုံမှန် အလုပ်လုပ်နေတယ်ဆိုတာကို ချွေးထွက်ခြင်းကနေ သိနိုင်ပါတယ်။ အဲ့လို မဟုတ်ဘဲ ကျန်းမာရေးပြဿနာတစ်ခုခု ရှိတာ၊ ဒါမှမဟုတ် ကိုယ်သောက်နေတဲ့ ရောဂါဆေး အသစ်ရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန် ချွေးထွက်သန်တဲ့သူတွေအတွက် စိုးရိမ်စရာ မရှိပေမဲ့ နေ့စဉ်ရက်ဆက် ဆိုသလို အကြောင်းရင်းမရှိဘဲ ချွေးအလွန်အကျွံ ထွက်လာတာမျိုးကိုတော့ ဆရာဝန်နဲ့ တစ်ချက်ပြကြည့်စေချင်ပါတယ်။ များသောအားဖြင့် ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို ယှဉ်လိုက်ရင် ယောက်ျားလေးတွေက ပိုပြီး ချွေးထွက်သန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေပူမရှောင်ဘဲ အပြင်ထွက်တာ၊ ခွန်အားစိုက်ထုတ်ပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာ၊ အမြဲတမ်း လှုပ်ရှားသွားလာနေရတာ၊ လေ့ကျင့်ခန်း၊ အားကစားလုပ်တာအပြင် ယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းနှုန်းက […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်လိုက်ခြင်းရဲ့ နောက်ကွယ်က အချိန်နဲ့အမျှပြောင်းလဲမှုများ

သင်ကဆေးလိပ်သောက်တာကို အလွန်စွဲလမ်းနေတဲ့ သူဆိုရင်အခုချက်ချင်းပဲ ဆေးလိပ်ဖြတ်လိုက်ဖို့နောက်မကျသေးပါဘူးနော်။ မြန်မြန်ဖြတ်နိုင်လေလေ ကင်ဆာရောဂါနဲ့ ဆေးလိပ် ကြောင့်ဖြစ်တဲ့ အခြားရောဂါတွေ ဖြစ်ပွားမှုနှုန်း လျော့နည်းလေဖြစ်ပါတယ်။ နောက်ဆုံး စီးကရက်ကို သောက်ပြီး ဆေးလိပ်ဖြတ်လိုက်ချိန်ကစပြီး မိနစ်ပိုင်းအတွင်းမှာပဲ သင့် ခန္ဓာကိုယ် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကြုံတွေ့နိုင်မှာပါ။ အချိန်နဲ့အမျှပြောင်းလဲမှုတွေကို ပြောပြပေးပါမယ်။ ဆေးလိပ်ဖြတ်ပြီးမိနစ် ၂၀ အကြာ။      ။သင့်ရဲ့နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကတက်မနေတော့ ဘဲကျသွားမှာပါ။ ပုံမှန်အခြေအနေကို ပြန်ရောက်သွားမယ်လို့ ဆိုလိုတာပါ။ ဆေးလိပ်ဖြတ်ပြီး ၁ နာရီအကြာ။          ။သင့်ရဲ့သွေးလည်ပတ်နှုန်းတိုးတက်လာပါပြီ ၁၂ နာရီအကြာ။          ။စီးကရက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ပါဝင်ပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ အလွန်အန္တရာယ်ရှိပါတယ်။ အဆုတ်ထဲကို အောက်ဆီဂျင်ဓါတ်ငွေ့ မဝင်နိုင်အောင် တားဆီးပါတယ်။ တစ်ချိန်တည်းမှာ ပမာဏအများကြီးရှုရှိုက်မိရင်တော့ အသက်ရှုမွန်းကျပ်ပြီး သေဆုံးတဲ့ထိတောင်ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီအကြာမှာတော့ ခန္ဓာကိုယ်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှင်းလင်းသန့်စင်လိုက်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏဟာ လျော့ကျသွားပြီး […]


ရှေးဦးသူနာပြုစုခြင်း

အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

အပူငုတ်ခြင်း ဖြစ်နိုင်သောအခြေအနေများ နေပူထဲပြင်းထန်စွာ အလုပ်လုပ်ခြင်း။ ရေလုံလောက်စွာ မသောက်ဘဲ အလုပ်များများလုပ်ခြင်း။ ပူပြင်းသောပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ခြင်း။ လက္ခဏာ အလွန်အမင်းချွေးထွက်ခြင်း အသားအရေဖြူဖပ်ဖြူရော်ဖြစ်ခြင်း ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း အသားအရေ စိုစွတ်အေးစက်ခြင်း ပျို့အန်ခြင်း ခေါင်းကိုက်ခြင်း၊ တခါတရံဝမ်းလျှောခြင်း သွေးခုန်နှုန်းမြန်၍ အားနည်းခြင်း သာမန်အပူချိန်ရှိခြင်း (သို့) သာမန်အပူချိန်ထက် အနည်းငယ်မျှသာတတ်နိုင်ခြင်း ခန္ဓာကိုယ်မှ ရေနှင့်ဆားဓာတ်များ ဆုံးရှုံးခြင်း။ ပြုစုခြင်း ရေပတ်တိုက်ခြင်းဖြင့် အပူချိန်ကိုချပါ။ ရေအေးများများတိုက်ပါ။ (ဓာတ်ဆားဖျော်ရည်၊ အားဖြည့်အချိုရည်တိုက်ပါ။) လူနာကို လေကောင်းလေသန့်ရသော အရိပ်ထဲတွင်ထားပါ။ လိုအပ်ပါက လူနာကို ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။ အပူရှပ်ခြင်း လက္ခဏာ အသားအရေနီမြန်းပြီး အလွန်အမင်းပူကာ ခြောက်သွေ့ခြင်း။ ချွေးမထွက်ခြင်း။ အဖျားကြီးခြင်း။ (ကိုယ်အပူချိန်အမြင့်ဆုံး ရောက်နိုင်သည်) တခါတရံ သတိလစ်ခြင်း။ ပြုစုခြင်း လေကောင်းလေသန့်ရသော အခန်းတွင်း (သို့မဟုတ်) အရိပ်ရသောနေရာတွင် သက်တောင့် သက်သာ လဲလျောင်းထားပြီး […]


ရှေးဦးသူနာပြုစုခြင်း

အပူလောင်ခြင်း အမျိုးအစားအချို့နှင့် ပြုစုနည်းများ

အပူလောင်ခြင်းဆိုသည်မှာ အပူနှင့်ဓာတုဗေဒပစ္စည်းများကြောင့်ဖြစ်စေ၊ အရည်ပူလောင်ကျွမ်းခြင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။ အရည်ပူလောင်ခြင်းဆိုသည်မှာ ပူသောအရည်၊ အငွေ့များကြောင့် ခန္ဓာကိုယ်၏ အရေပြားတွင် ဒဏ်ရာ ရခြင်းကို ခေါ်ပါသည်။ အပူလောင်ကျွမ်းခြင်းကြောင့်အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။ အရေပြားသည် ခန္ဓာကိုယ်၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြင်လွှာ (Epidermis) နှင့် အတွင်းလွှာ (Dermis) ဟူသော တစ်ရှူး (အသားမျှင်) (၂)လွှာဖြင့် တည်ဆောက်ထားပါသည်။ အပေါ်ယံ အရေပြား သည် အဆီလွှာပေါ်တွင်တည်ရှိပြီး ရေလုံစေပါသည်။ အတွင်းလွှာတွင် သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများ၊ အဆီပြုဂလင်းများ၊ ချွေးဂလင်းများနှင့် မွေးညင်းမြစ်များပါရှိပါသည်။ အရေပြား၏ အဓိကလုပ်ငန်းစဉ်များမှာ ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် ကာကွယ်ခြင်း၊ ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချွေးအဖြစ်စွန့်ထုတ်ခြင်း၊ ခန္ဓာကိုယ်အား အပူဓာတ်၊ အအေးဓာတ်တို့ကို သမမျှတစေခြင်း၊ ထိခိုက်ဒဏ်ရာများကို […]


ရှေးဦးသူနာပြုစုခြင်း

Stay at Home မှာ ထိခိုက်မိနိုင်တဲ့ ဒဏ်ရာတွေ နဲ့ စောင့်ရှောက် ဂရုစိုက်နည်း အဖုံဖုံ

ခုကာလက ကူးစက်ပြန့်နှံ့လွယ်တဲ့ COVID_19 ဖြစ်နေတာကြောင့် အချိန်တော်တော်များများကို နေအိမ်မှာပဲ ကုန်ဆုံး နေရတယ်နော်။ ဒီကာလမှာ အပြင်ထွက်ရင် ရောဂါကူးစက်နိုင်ခြေများတာကြောင့် နေအိမ်မှာနေရင်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်တဲ့ ထိခိုက်တာတွေ မဖြစ်စေဖို့ ဘယ်လို သတိထားကြမလဲ… ဖြစ်လာခဲ့ရင်ကော ဘယ်လို စောင့်ရှောက် ဂရုစိုက်မလဲ… ဒီဆောင်းပါးလေးကနေ မျှဝေပေးပါရစေ။ နေအိမ်ထဲက အများဆုံး သွားလာနေထိုင်မိနိုင်တဲ့နေရာတွေက ဘာတွေဖြစ်မလဲ……… ရုံးတက်နေရချိန်က မနက်ရုံးသွား ညနေရုံးပြန်ရင်း နေအိမ်ရဲ့ နေရာတိုင်းကို လျှောက်မသွားနိုင်ပေမယ့် ခုလို Stay at Home နေချိန်မှာတော့ နေအိမ်ရဲ့ နေရာတော်တော်များများကို သွားလာမိနေနိုင်ပါတယ်။ ဘယ်နေရာတွေကို အများဆုံး သွားမိမယ်ထင်လဲ……… ဧည့်ခန်း တီဗွီခန်း မီးဖိုခန်း လသာဆောင်၊ ခြံထဲ ကလေးကစားတဲ့ အခန်း ရေချိုးခန်း အိမ်သာ တွေပါ။ အခြားနေရာတွေကို သွားမိနိုင်ပေမယ့် ဒီအခန်းတွေမှာ […]


ရှေးဦးသူနာပြုစုခြင်း

အနာ တစ်ခု ချုပ်ဖို့ လိုမလို ဘယ်လို ဆုံးဖြတ်မလဲ။

ဆေးခန်းကို ကွဲပြဲပြီး ရောက်လာပြီဆိုရင် အရင်ဆုံး မေးတာက ချုပ်ဖို့ လိုမှာလားတဲ့။ ချုပ်မယ်ဆိုရင်လည်း ဘယ်နှချက်ချုပ်ရမှာလဲ။ မချုပ်လို့ မရဘူးလား စသည်ဖြင့် မေးခွန်းတွေက ကြားနေကြရပါတယ်။ အနာ တိုင်းတော့ ချုပ်ဖို့ ဘယ်လိုမလဲ။ ချုပ်ဖို့ လိုတဲ့ အနာတွေကျတော့လည်း ချုပ်လိုက်မှ အနာရဲ့ နောက်ဆက်တွဲတွေကို ကာကွယ်နိုင်မယ်။ အနာကောင်းကောင်း ကျက်နိုင်မယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ချုပ်ကြတာပါ။ ဆိုတော့ အနာတစ်ခု ချုပ်ဖို့ လိုမလိုကို အောက်က အချက်တွေနဲ့ အကြမ်းဖျင်း  ဆုံးဖြတ်ပါတယ်။ ကိုယ်က ချုပ်ဖို့ မလိုဘူး ထင်ပေမယ့် ဆရာဝန်က အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ချုပ်ဖို့ လိုအပ်လို့ ချုပ်ပေး လိုက်တာမျိုးလည်း ရှိပါတယ်။ ဘယ်အချက်တွေလဲဆိုတာကို ကြည့်ရအောင်။ (၁) အနာ ရွယ်အစား အနာရဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း