ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံကြရာဝယ်

နှာခေါင်းသွေးလျှံတယ်ဆိုတာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ တစ်ခါတစ်လေမှာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်သွားနိုင်ပြီး တစ်ခါတစ်ရံမှာတော့ အိမ်မှာတင် ကုလိုက်လို့ရပါတယ်။ နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းတစ်ဖက်တည်းက ဖြစ်နိုင်သလို နှစ်ဖက်စလုံးက လျှံတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  သွေးပမာဏဟာ နည်းနည်းလေးပဲ ဖြစ်နိုင်သလို များလည်းများနိုင်ပါတယ်။ အချိန်ကတော့ စက္ကန့်ပိုင်းကနေ (၁၅)မိနစ် ဒါမှမဟုတ် ဒီထက်ပိုကြာရင်လည်း ကြာနိုင်ပါတယ်။ ဆိုတော့ ဘာမဆို ဖြစ်နိုင်တဲ့ သဘောပေါ့လေ။ နှာခေါင်းသွေးလျှံရင် ဘာလုပ်မလဲ။ မတ်မတ်ထိုင်ပါ။ အရှေ့ကို အနည်းငယ်ကိုင်းပါ။ မတ်မတ်ထိုင်ခြင်းဖြင့် နှာခေါင်းကသွေးပြန်ကြောတွေရဲ့ ဖိအားကို လျော့ကျစေနိုင်တဲ့အတွက် နှာခေါင်းသွေးလျှံတာကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ ရှေ့ကို ကိုင်းခြင်းအားဖြင့် သွေးကိုမျိုချမိတာမျိုး မလုပ်မိတော့ပါဘူး။ နှာခေါင်းသွေးကို မျိုမိတဲ့အခါ အစာအိမ်အတွက် မကောင်းပါဘူး။ နှာခေါင်း သွေးလျှံတဲ့အခါ ခေါင်းမော့လိုက်တာမျိုးကို လုံးဝမလုပ်ပါနဲ့။ နှာခေါင်းကိုပိတ်လိုက်ပါ။ လက်ညိုးနဲ့လက်မကိုအသုံးပြုကာ နှာခေါင်းကို ပိတ်လိုက်ခြင်းဖြင့် သွေးထွက်လာတဲ့ နေရာကို ပိတ်ထားသလို ဖြစ်စေနိုင်ပြီး […]


ဆေးလိပ်ဖြတ်ခြင်း

နှုတ်ခမ်း၊ သွားဖုံး ညိုမည်းပြာ ဆေးလိပ်သောက်တဲ့ခါ

ဆေးလိပ်သောက်သူရဲ့ နှုတ်ခမ်းဟာ ဒေါင်လိုက်အရေးအကြောင်းတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနဲ့ သွားဖုံးဟာလည်း ပုံမှန်ထက် အရောင်ရင့်ကာ ညိုမည်းနေတတ်ပါတယ်။ ဒါကတော့ နှစ်ကာလကြာရှည်စွာ စီးကရက်၊ ဆေးရွက်ကြီးစတဲ့ ထုတ်ကုန်တွေကို သောက်သုံးရာက ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းညိုမည်းတာ ပျောက်ချင်ရင်တော့ ဆေးလိပ်ဖြတ်လိုက်တာဟာ အကောင်းဆုံးပါပဲ။ အကူအညီဖြစ်စေမယ့် နည်လမ်းအချို့ရှိပေမယ့် ဆေးလိပ်ဖြတ်လိုက်တာကတော့ သိသာတဲ့ ရလဒ်ကို ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးခြင်းဟာ သင့်နှုတ်ခမ်းအတွက် ဘာလို့မကောင်းတာလဲ ဆေးလိပ်ဟာ သွားနဲ့ ခံတွင်းရောဂါတွေ ဖြစ်စေရုံသာမက ခံတွင်းကင်ဆာ အမျိုးအစားပေါင်းများစွာကိုလည်း ဖြစ်ပွားစေပါတယ်။ ဒီလိုကျန်းမာရေးအခြေအနေတွေတင်မကပါဘူး။ သင့်ရုပ်ရည်ကိုလည်း ထိခိုက်စေနိုင်ပါ တယ်။ နှုတ်ခမ်း၊ သွားဖုံး ညိုမည်းခြင်းသာမက နှုတ်ခမ်းတစ်ဝိုက်က အသားအရေကိုလည်း လျော့တိလျော့ရဲ ဖြစ်စေကာ အရေးအကြောင်းထင်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အကြောင်းကတော့ နီကိုတင်းဒြပ်ပေါင်း ပါဝင်တဲ့အတွက်အကြောင့်ပါပဲ။ နီကိုတင်းဟာ သွေးကြောတွေကို ကျဉ်းမြောင်းရှုံ့တွစေကာ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက် သူတွေ စားသင့်တဲ့ အစားအစာများ

ဆေးလိပ်ဆိုတာ  စသောက်သောက်တုန်းကတော့ ဒီလောက်ကြီး စွဲမယ်လို့ မထင်ထားပါဘူး။ လွယ်လွယ်နဲ့ ဖြတ်လို့ရမယ်လို့ ထင်ခဲ့တယ်မလား။ ဒါပေမယ့် သောက်တာ ကြာလေလေ စွဲလေလေဖြစ်ပြီး ဖြတ်ရခက်လာပါတယ်။ ဒါက သူ့မှာ ပါဝင်တဲ့ နီကိုတင်းကြောင့်ပါ။ နီကိုတင်းက စွဲလမ်းစေတတ်တဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် ကြာလေလေ ဖြတ်ရခက်လာလေလေပါ။ ဒါပေမယ့် ဆေးလိပ်ဆိုတာ အဆုတ်ကစလို့ တစ်ကိုယ်လုံး ဘယ်နေရာမှာမှ ကောင်းကျိုးမပေးပါဘူး။ ဒါကြောင့် ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။ ဒီလို ကြိုးစားနေတဲ့ စပ်ကြားမှာ စွဲလမ်းတတ်တဲ့ နီကိုတင်းကို ကိုယ်ထဲက အမြန်ထွက်သွားအောင် ကူညီပေးတဲ့ အစားအစာကို စားပေးသင့်ပါတယ်။ ဆေးလိပ်ဖြတ်တာကို အထောက်အကူ ဖြစ်ဖို့ အပါအဝင် နီကိုတင်းကြောင့် ကျန်းမာရေးထိခိုက်တာကို လျော့ကျစေချင်လို့ပါ။ ဘာတွေစားလို့ရလဲဆိုတာကို ကြည့်ကြည့်ရအောင်။ ရေများများသောက်ပါ။ နီကိုတင်းရဲ့ မကောင်းတဲ့အချက်က ရေဓာတ်ဆုံးရှုံးစေတာပါ။ ရေများများသောက်ပေးတာက နီကိုတင်းကြောင့် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်ဆေးရင်းနဲ့ လုပ်မိတတ်တဲ့ အမှား ၆မျိုး

အားလုံးသိကြတဲ့အတိုင်း COVID - 19 ကို ကာကွယ်နိုင်သော ကာကွယ်ဆေး၊ ပိုးကိုတိုက်ရိုက်သေစေနိုင်သော ပိုးသတ်ဆေးတွေဟာ ယနေ့ထိ ကမ္ဘာမှာ စမ်းသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။ တစ်ကမ္ဘာလုံးမှာ အလျင်အမြန် ကူးစက်‌နေတဲ့ COVID - 19 ရန်က လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ရောဂါပိုး မကူးစက်‌အောင် ကာကွယ်ခြင်းပါပဲ။ ကာကွယ်ခြင်းနည်းလမ်းများစွာထဲကမှ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးဟာ လက်ဆေးခြင်းပါ။ အခြားကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ social distancing -ခပ်ခွာခွာနေခြင်း(၆ပေအကွာ)၊ mask တပ်ခြင်း နဲ့ ထိတွေ့ကိုင်တွယ်မှုများသော မျက်နှာပြင်များကို ပိုးသန့်စင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်ဆေးခြင်းက လူတိုင်းအလွယ်တကူ ပြုလုပ်နိုင်ပြီး အင်မတန်မှလည်း အရေးကြီးတာကြောင့် နည်းစနစ်တကျမှန်ကန်စွာ ဆေးကြောတတ်ဖို့ လိုအပ်လာပါတယ်။ လက်ကို စနစ်တကျမှန်ကန်စွာ ဆေးကြောနေကြပါရဲ့လား။ ပိုးတကယ်ကင်းစင်သွားနိုင်အောင် ဆေးတာလား။ အဖြစ်သဘောမျိုးပဲ […]


ဆေးလိပ်ဖြတ်ခြင်း

တစ်ဆင့်ခံ ဆေးလိပ်ငွေ့၏ နောက်ဆက်တွဲပြဿနာများ

ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ ဆေးလိပ်သောက်သုံးနေသူတွေ အနားမှာ နေမိတဲ့အခါ ဘာတွေ ဖြစ်လာနိုင်မလဲ။ တစ်ဆင့်ခံဆေးလိပ်ငွေ့တွေမှာ ဓာတုပစ္စည်းအမျိုးပေါင်း (၇၀၀၀) ကျော်ပါဝင်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ဆိုတာ ဘာကိုခေါ်သလဲဆိုရင်တော့ မိမိကိုယ်တိုင်ဆေးလိပ်မသောက်ပါဘဲ ဆေးလိပ်သောက်သုံးတဲ့လူတွေ ရှူရှိုက်ပြီးမှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ဆိုလိုတာပါ။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်အနားမှာ နေမိရင်တော့ သူရှူရှိုက်လိုက်တဲ့ အငွေ့တွေတင်မကပဲ လောက်ကျွမ်းနေဆဲဖြစ်တဲ့ စီးကရက်ကနေထွက်လာတဲ့ အငွေ့တွေကိုပါ ရှူရှိုက်မိတော့မှာပါ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူ (Passive Smoker/ Second Hand Smoker) တစ်ယောက် အတွက် ပြဿနာကဘာလဲ။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်သူတွေအတွက် ကျန်းမာရေးရလဒ်ဆိုးကျိုးတွေကတော့ ဆေးလိပ် သောက်သုံးသူတွေနဲ့ အတူတူပါပဲ။ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ဓာတုအဆိပ်အတောက် (၇,၀၀၀) ထဲက အမျိုးပေါင်း (၇၀) ဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါ။ ကိုယ်တိုင်ကိုယ်ကျဆေးလိပ်ကို တစ်ခါမှ မသောက်ဖူးတဲ့သူ ဖြစ်သည့်တိုင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာကို ဖြစ်ပွားစေပါတယ်။ အဆုတ်ကင်ဆာတင်မဟုတ်ပါဘူး ခန္ဓာကိုယ်တစ်ကိုယ် […]


ရှေးဦးသူနာပြုစုခြင်း

မြွေကိုက် ခံရပြီဆိုရင် ဘာတွေလုပ်သင့်လဲ။

မြွေတွေဟာ ကုန်းပေါ်၊ တောင်ပေါ်၊ ရေထဲ၊ မြက်တွေကြား အပြင် သစ်ပင်တွေအပေါ်ထိပါ နေရာစုံမှာ နေတတ်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေတွေ ရှိသလို အဆိပ်မရှိတဲ့မြွေ အမျိုးအစားတွေလည်းရှိပါတယ်။ မြွေကိုက် ခံရတဲ့ ပြသနာဟာ အဖြစ်များပြီး မြန်မာနိုင်ငံရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ လည်း မြွေကိုက်ခံရတဲ့ လူနာတွေကို အမြဲမပြတ်တွေ့ရှိနေရပါတယ်။ အဆိပ်ရှိတဲ့ မြွေကိုက်ခံရမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် အဆိပ်မရှိတဲ့ မြွေအကိုက်ခံရရင်တောင်မှပဲ တချို့သူတွေမှာ ဓာတ်မတည့်တဲ့ပြသနာတွေ ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာကြောင့် မြွေကိုက်ခံရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို သွားပြီး အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။ မြွေကိုက် ခံရပြီဆိုရင် ဘာတွေ လုပ်သင့်သလဲ။ ဆေးရုံ၊ ဆေးခန်းကို မြွေကိုက်ဒဏ်ရာနဲ့ ရောက်လာကြတဲ့ လူနာအချို့ဟာ မှားယွင်းတဲ့ ရှေးရိုးစွဲနည်း အချို့ကို လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ အဲ့ဒီလို မမှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ပိုပြီး […]


ရှေးဦးသူနာပြုစုခြင်း

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ကလေးငယ်လေးတွေဟာ မသိ၊ မတတ်သေးတဲ့ အရွယ်လေးတွေမို့ မတော်တဆ ထိခိုက်လွယ်၊ ရှလွယ်တဲ့ သူလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ လေးတွေရလာခဲ့ရင် ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတာလေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ အချို့သော ဒဏ်ရာတွေက ဆေးရုံသွားဖို့၊ အရေးပေါ်ကုသဖို့ လိုနိုင်ပေမယ့် အချို့ဒဏ်ရာတွေကတော့ အိမ်မှာပဲ ရှေးဦးပြုစုနည်းလေးတွေနဲ့ သေသေချာချာကုသရင် လုံလောက်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ဘယ်လို ပြတ်ရှ ဒဏ်ရာမျိုးဆို ဆေးရုံသွားသင့်တယ်၊ ဘယ်လို ဒဏ်ရာမျိုးဆို ဘာတွေ လုပ်မယ် ဆိုတဲ့ အခြေခံလေးတွေကို မျှဝေပေးသွားပါမယ်။ မိမိရဲ့ကလေးငယ်မှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ မျိုးရလာခဲ့တဲ့အခါ ၁။ ကလေးငယ်ရဲ့ ဒဏ်ရာကို မကိုင်တွယ်ခင် လက်ဆေးပါ (သို့) ပိုးသတ်ထားတဲ့ လက်အိတ်မျိုး အသုံးပြုပါ။ ဒီအချက်လေးက အရေးကြီးပါတယ်။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချိုင်းမွေးတွေကို သဘာဝနည်းလမ်းလေးတွေ သုံးပြီး ဖယ်ရှားကြရအောင်

ချိုင်းမွေးက ချိုင်းချွေးထွက်ပြီး ချွေးနံဆိုးစေသလို လက်မောင်းအောက်မှာ ယားယံလို့ နေရခက်စေပါတယ်။ လက်ပြတ်အဝတ်အစားလေးတွေ ဝတ်တဲ့အခါ မလှမပဖြစ်နေမယ့် ချိုင်းသား​ကြောင့် လက်မြှောက်ဖို့ ခက်နေတဲ့ လေဒီလေးတွေအတွက် ချိုင်းမွေးတွေကို သဘာဝပစ္စည်းလေးတွေ သုံးပြီး အန္တရာယ် ကင်းကင်းဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ ချိုင်းမွေးတွေကို သဘာဝနည်းသုံးပြီး ဖယ်ရှားရအောင် ချွေးနံ့ နံစေပြီး နေရတာကသိကအောက်ဖြစ်စေတဲ့ ချိုင်းမွေးကို ဖယ်ရှားဖို့ဆိုရင်တော့ သင်္ဘောသီးစိမ်း သင်္ဘောသီးစိမ်းက ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို အမြစ်ကနေ ဖယ်ရှားပေးတဲ့ သဘာဝ ပစ္စည်းတစ်ခုပါ။ သင်္ဘောသီးမှာပါတဲ့ papain ကမွေးညှင်းအိတ်လေးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ မလိုချင်တဲ့ အမွေးအမျှင်တွေကို အထိရောက်ဆုံးဖယ်ရှားပေးသလို နောက်ထပ် ထွက်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ သင်္ဘောသီးအစိမ်းကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက် ​ကြိတ်ခြေလိုက်ပါ။ ပြီးရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာထည့်လို့ ရောမွှေလိုက်ပါ။ သမနေတဲ့ အနှစ်ကို ချိုင်းကြားမှာ လိမ်းလို့ […]


ရှေးဦးသူနာပြုစုခြင်း

ခါချဉ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ခါချဉ် လို့ ကြားလိုက်ရင်ကို အသားတွေမှာ ကြက်သီးထသလို ခံစားမိလား……… ခါချဉ်တွေက ကိုက်ရင် တော်တော်လေး နာသလို အရေပြားမှာ အဖုအပိမ့် ထွက်တဲ့အထိ ဖြစ်တာပါ။ ယားသလို နာသလို နဲ့ လက်က ကုတ်ရင်း အရည်တွေ ထွက်တဲ့အထိတောင် မသက်သာတာမျိုး ဖြစ်တတ်ပါတယ်။ ခါချဉ်ကိုက်တဲ့အခါ ကိုက်ခံရတဲ့ဒဏ်၊ ကုတ်ဖဲ့မှုဒဏ် တွေကြောင့် အရေပြားကို ထိခိုက်တာတွေ ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကြောက်စရာကောင်းတဲ့ ခါချဉ်ကောင် ကိုက်ခံရရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးမယ်နော်။ ခါချဉ်ကိုက်ခံရတာလား ……….. ခါချဉ်ကိုက်ခံရတဲ့အခါ အရေပြားမှာ နီမြန်းမယ် အဖုအပိမ့် ထမယ် အရည်ကြည်ဖုတွေ ဖြစ်မယ် ယားယံမယ် တဆစ်ဆစ်နာမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ခါချဉ်ကိုက်ခံရတာက ပြင်းထန်မယ်ဆိုရင် အသက်ရှူရ ခက်မယ် မူးဝေမယ် အာရုံတွေ […]


ရှေးဦးသူနာပြုစုခြင်း

Heat Stroke (သို့) အပူ ဒဏ်ကြောင့် သတိလစ်ခြင်းကို ကာကွယ်ကြမယ်။

တဖြည်းဖြည်း အပူရှိန်မြင့်မားလာတဲ့ နွေရာသီရောက်လာတဲ့အခါ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရပါတယ်။ အဲဒီအထဲမှာမှ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူ ဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လာပါတယ်။ အပူဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်သလို စောစောသိပြီး ကုသမယ်ဆိုရင်လည်း အမြန်ပြန်ကောင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အဓိက အနေနဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို စောစောသိနိုင်အောင် သတိထားရမယ့် လက္ခဏာတွေ၊ ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေနဲ့ မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။ (၁) အပူ ရှိန်ကြောင့် သတိလစ်ခြင်းဆိုတာဘာလဲ။ အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး ခန္ဓာကိုယ်ကမထိန်းညှိနိုင်တော့ဘဲ တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း