ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား

တစ်နေ့ကို ရေချိုးတဲ့ အကြိမ်ရေနဲ့ ပတ်သက်ပြီး လူတွေ မကြာခဏဆိုသလို အငြင်းပွားတတ်ကြပါတယ်။ ယောက်ျားလေး တော်တော်များများကတော့ ရေချိုးရမှာလည်း ပျင်းသလို နေ့တိုင်း ရေချိုးဖို့ မလိုအပ်ဘူးလို့ ခံယူထားတတ်ကြသလိုပဲ၊ ရေများများချိုးမှ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိတယ်ဆိုပြီး ခံယူထားကြသူတွေလည်း အများကြီးပါပဲ။ ဒီတော့ ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ဆိုတာကို ကြည့်လိုက်ရအောင်နော်။ ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ဆိုတော့ ရေကို ဘယ်နှစ်ကြိမ် ချိုးတာ အကောင်းဆုံးလဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဖြစ်စေ၊ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဖြစ်စေ တစ်နေ့ကို ပုံမှန် တစ်ကြိမ်လောက် ရေချိုးပေးနိုင်ရင်တော့ လုံလောက်ပါပြီ။ ကိုယ့်အသားအရေက ခြောက်တဲ့ အသားအရေဆိုရင် အကြိမ်ရေ နည်းလေ၊ ပိုကောင်းလေပါပဲ။ ချွေးထွက်များတဲ့သူဆိုရင်တော့ တစ်ကြိမ်ထက် ပိုချိုးပေးနိုင်ပါတယ်။ ဆဲလ်စေတွေနဲ့ ချွေးနဲ့ ရောပြီး ခန္ဓာကိုယ်မှာ […]


ရှေးဦးသူနာပြုစုခြင်း

မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ

ရာသီဥတုက ပေးတဲ့ သဘာဝအန္တရာယ်တွေ ထဲမှာ မိုး နဲ့ မိုးကြိုး ဆိုတာ အမြဲ တတွဲတွဲနဲ့ရယ်။ မိုးတွေ မှောင်လာပြီဆို မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေ ပါလာတတ်ပါတယ်။ မိုးခြိမ်းသံ ကြားတာနဲ့ အိမ်ထဲနေရင်းတောင် နေစရာမရှိအောင် ကြောက်လန့်နေတတ်သူတွေ ကိုယ့်အနီးအနားမှာ ရှိတယ်မဟုတ်လား။ တကယ်တော့ မိုးကြိုး အန္တရာယ် ဟာ ကြောက်ဖို့ သင့်တဲ့ အရာပါပဲ။ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာ ရှိတာတွေကို လိုက်နာပြီး ကိုယ့်အန္တရာယ်ကို ကြောက်သင့်ပါတယ်။ မိုးကြိုးပစ်ခံရရင် အသက်အန္တရာယ် လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါတွေနဲ့ စနစ်တွေ မှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်ပါတယ်။ ဘယ်လို ကာကွယ် ရမလဲ အများအားဖြင့် အပြင်မှာ ရှိနေချိန်ဟာ မိုးကြိုး ပစ်ခံရနိုင်တဲ့ အန္တရာယ် […]


ရှေးဦးသူနာပြုစုခြင်း

ရေနစ်ထားသူ တစ်ယောက်ကို ဘယ်လို ကူညီပြုစုမလဲ

ရေနစ်ခြင်းဟာ ရေထဲမှာ အသက်ရှူဖို့ ခက်ခဲပြီး လူတစ်ယောက်ကို အသက်ဆုံးရှုံးအောင် ပြုလုပ်နိုင်တဲ့ ဖြစ်ရပ်တစ်မျိုးဖြစ်ပါတယ်။ ရေနစ်ခြင်းဟာ ရာသီမရွေး အချိန်မရွေးဖြစ်နိုင်တဲ့ ပြဿနာဖြစ်ပေမယ့် ယခုလို မိုးတွင်းကာလ ရေကြီးရေလျှံမှုတွေ ပေါများတဲ့အချိန်မျိုးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ရေနစ်တဲ့သူတစ်ယောက်ကို ကြုံတွေ့ရပြီဆိုရင် ကယ်ဆယ်ပြီး အရေးပေါ် ရှေးဦးသူနာပြုစုနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ရေနစ်တဲ့သူတွေဟာ အော်ဟစ်ပြီး အကူအညီ မတောင်းနိုင်ပါဘူး၊ တောင်းနိုင်ခဲ့ရင်တောင်မှ အချိန် စက္ကန့်ပိုင်းလောက်သာဖြစ်ပါတယ်။ ဒါကြောင့် ရေနစ်တာဟာ အရေးပေါ်ကိစ္စ၊ အလျှင်အမြန်ဖြေရှင်းရမယ့် ကိစ္စအဖြစ် သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ ကလေးတွေနဲ့ အရက်အမူးလွန်နေသူတွေဆိုရင် ရေအတိမ် လက်မအနည်းငယ်မှာတင် ရေနစ်နိုင်ပါတယ်။ ရေနစ်နေတဲ့ လူတစ်ယောက်ကို အချိန်မှကယ်ဆယ်ပြီး ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ ပြုစုကုသနိုင်မယ်ဆိုရင် အသက်ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် ရေနစ်သူတစ်ယောက်ကို ကယ်တင်ပေးနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ လူတစ်ယောက် ရေနစ်တဲ့အခါ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာရေနစ်နေတာ၊ အသက်အန္တရာယ်ကြုံနေတာတွေ့ရရင် ကူညီဖို့ […]


ရှေးဦးသူနာပြုစုခြင်း

ကုန်းပေါ်မှာ ရေနစ်ခြင်း

ရေနစ်တယ်ဆိုတာမျိုးက ရေထဲမှာ နစ်မွန်းတာကို ဆိုလိုတာပါ။ ဒါပေမယ့် ရေနစ်တိုင်းတော့ ရေထဲမှာ ဖြစ်နေလိမ့်မယ်လို့ တစ်ထစ်ချ တွေးဆထားလို့မရနိုင်ပါဘူး။ ရေနစ်တဲ့ နည်းလမ်းအမျိုးမျိုးရှိနိုင်ပါတယ်။ ရေလယ်ခေါင်မှာ ရေနစ်နိုင်သလို၊ ကုန်ပေါ်မှာ နေရင်းလည်း ရေနစ်နိုင်တယ်ဆိုရင် အံ့သြနေကြမလား။ ကုန်းပေါ်မှာ ရေနစ်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကုန်းပေါ်မှာ ရေနစ်ခြင်း ရေမရှိတဲ့ အခြေအနေမျိုးမှာ အမှန်တကယ် ရေနစ်နိုင်ပါတယ်။ ကုန်းပေါ်မှာ ရေနစ်ခြင်း က အမျိုးအစား အားဖြင့်လည်း ၂ မျိုးရှိပါတယ်။ အခြောက်အတိုင်း ရေနစ်ခြင်း (Dry Drowning) ရယ် နောက်ကျရေနစ်ခြင်း (Secondary Drowning ဒါမှမဟုတ် Delayed Drowning) ရယ်ပါ။ ဒီလိုနည်းမျိုးနဲ့ ရေနစ်တာက မတော်တဆနည်းလမ်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ရေဝင်သွားတာကြောင့် ဖြစ်ရတာမျိုးပါ။ ပုံမှန် ရေနစ်တာနဲ့ အတန်ငယ်ကွဲပြားပြီးတော့ ရေနဲ့ ထိတွေ့ပြီး […]


ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဆေးမျိုချ မိတဲ့ ကလေးတွေအတွက် အရေးပေါ် ပြုစုနည်း

ကလေးတွေက ပုခက်ထဲမှာ နေတုန်းကတော့ အမေထားရင် ထားသလို နေပေမယ့် နည်းနည်းလေး တောက်တဲ့တောက်တဲ့ သွားတတ်ပြီဆိုရင် ဟိုဆွဲ ဒီဆွဲ လျှောက်ဆွဲပါတော့တယ်။ ဒါ့ပြင် ပါးစပ်ထဲလည်း လျှောက်ထည့်ပါတယ်။ ဒီတော့ ကလေးကို သေသေချာချာ မကြည့်နိုင်ရင် အန္တရာယ်များပါတယ်။ အိမ်ထဲမှာထားပေးမယ့် အလုံးစုံအန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အိမ်က ကလေးလေးက မတော်တဆများ ဆေးတွေ ဘာတွေ မျိုချမိရင် အရေးပေါ်ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာတွေ မျိုချတာ များသလဲ။ ကလေးတွေ သူတို့ မျက်လုံးထဲမှာ အရောင်ဆန်းဆန်းလေးတွေ၊ အရသာကောင်းတာလေးတွေ၊ အနံ့မွှေးမွှေးလေးတွေ ရှိတဲ့ဟာဆို စိတ်ဝင်စားကြပါတယ်။ ကြည့်ရင်းနဲ့ ပါးစပ်ထဲကို ဆတ်ခနဲ ကောက်ထည့်တာ၊ မျိုချတာ လုပ်တတ်ကြပါတယ်။ အတွေ့ရများတာတွေကတော့ သောက်ဆေးတွေ (ဗီတာမင်ဆေးတွေ၊ အားဆေးတွေ၊ လူကြီးသောက်တဲ့ဆေးတွေ)။ ပုံစံဆန်းလေးတွေ၊ အရောင်လှလှလေးတွေဆို သဘောကျကျပါတယ်။ ဥပမာ […]


ရှေးဦးသူနာပြုစုခြင်း

မိုးကြိုးပစ်ခံရသူ ကို ဘယ်လို အရေးပေါ် ကူညီရမလဲ

မိုးကို ချစ်ကြ မျှော်လင့်ခဲ့ကြပေမယ့် မိုးနဲ့အတူ ပါလာမယ့် အပေါင်းအဖော်တချို့ကိုတော့ မလိုလားကြပါဘူး။ မိုးနဲ့ အတူ လေပြင်းနဲ့ မိုးကြိုးပစ် တာတွေပါ အတူ ပါလာခဲ့ရင် မိုးရာသီလေး မလှနိုင်တော့ဘူးလေ။ ခုနောက်ပိုင်း ရာသီဥတုနဲ့ ပတ်သက်ရင် မိုးကြိုးပစ် တဲ့ သတင်းတွေ မကြာခဏ ကြားလာရပါတယ်။ မိုးမရွာခင်တောင် လျှပ်စီးတလက်လက် တဂျိန်းဂျိန်းနဲ့ ကောင်းကင်မှာ ကြိမ်းဝါးသံတွေ ကြားနေရတတ်တယ် မဟုတ်လား။ ခုနောက်ပိုင်း ဖြစ်ပေါ်လာတတ်တဲ့ မိုးတိမ်တောင်တွေကြောင့် မိုးကြိုးအန္တရာယ် သတိထားဖို့လည်း မိုးလေဝသ ပညာရှင်တွေ မကြာခဏ သတိပေးလေ့ ရှိပါတယ်။ တကယ်လို့ မိုးကြိုးပစ် တဲ့ ဖြစ်ရပ်တွေ မျက်မြင် ကြုံတွေ့ရတဲ့အခါ လူနာကို ဘယ်လို အရေးပေါ် ကူညီပေးရမလဲ ဆိုတာ သိထားဖို့တော့ သင့်ပါတယ်။ လူအပေါ် တိုက်ရိုက် မိုးကြိုးပစ်ချတာက […]


ဆေးလိပ်ဖြတ်ခြင်း

တကယ်ဆေးလိပ်ဖြတ်နိုင်အောင် ကူညီပေးမယ့် လမ်းညွှန်ချက် ၁၀ ချက်

ဆေးလိပ်သောက်တယ်ဆိုတာက မကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့်လည်း သူတစ်ပါးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဆေးလိပ်သောက်သုံးသူ သန်း ၁၀၀၀ နီးပါးရှိနေပြီးတော့ တစ်နှစ်ကို လူ ၈ သန်းလောက်က ဆေးလိပ်ကြောင့် သေဆုံးနေကြတာပါ။ ဝမ်းနည်းစရာကောင်းတာက အဲ့ဒီထဲက ၁ ဒဿမ ၂ သန်းလောက်က ဆေးလိပ်မသောက်သုံးတဲ့လူတွေဖြစ်နေတာပါပဲ။ ကိုယ့်ကိုရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုရော ထိခိုက်မှာကို မလိုလားတဲ့ လူတစ်ချို့က ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ ဆေးလိပ်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ခက်ခဲသလို လူတိုင်းလည်း မအောင်မြင်တတ်ကြပါဘူး။ ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြရသူ အမြောက်အများရှိခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း ဆေးလိပ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒရှိပြီး လမ်းတစ်ဝက်မှာ မအောင်မမြင်ဖြစ်သွားမှာလည်း စိုးရိမ်နေသူတွေအတွက် အမေရိကန်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) ရဲ့ လမ်းညွှန်ချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ဒီနည်းလမ်းတွေက […]


ရှေးဦးသူနာပြုစုခြင်း

မိုးကြိုးပစ်နေချိန်မှာ မိုဘိုင်းလ်ဖုန်း သုံးရင် ကိုယ့်ကိုထိမှန်မှာလား

နိုင်ငံတကာမှာရော မြန်မာပြည်က လူတွေဆီမှာပါ ယူဆချက် တစ်ခု ရှိပါတယ်။ မိုးပြင်းထန်နေချိန်၊ မိုးကြိုးတွေ တစ်ဒိုင်းဒိုင်းပစ်နေချိန်တွေမှာ မိုဘိုင်းလ်ဖုန်း သုံးတာ၊ ဖုန်းပြောတာတွေ ပြုလုပ်မယ်ဆိုရင် လျှပ်စစ်ဓာတ်ကို ဆွဲယူမိပြီး အသုံးပြုနေသူကို လာရောက် ထိမှန်တတ်တယ် ဆိုတာပါပဲ။ မိုးကြိုးပစ်နေချိန်မှာ မိုဘိုင်းလ်ဖုန်း သုံးရင် ကိုယ့်ကိုထိမှန်မှာလား ဒီယူဆချက်ကို နိုင်ငံပေါင်း အမြောက်အများက လူပေါင်း မြောက်များစွာက နေ့ထက်တိုင် ယုံကြည်နေကြပါတယ်။ တကယ်တမ်းမှာတော့ ဒီယူဆချက်ဟာ မှန်ကန်မှု မရှိပါဘူး။ ဥပမာပေးရရင် တောထဲသွားနေတဲ့ လူတစ်ယောက်ဟာ ဖုန်းကိုင်ထားတုန်း ကျားကိုက်ခံရတာကို ကျားက ဖုန်းကိုင်ထားလို့ လာကိုက်ပါတယ်လို့ ပြောနေသလိုပါပဲ။ မိုးကြိုးက ကိုယ့်ဖုန်းဆီ လာနေတာလား တကယ်တော့ မိုးကြိုးဆိုတာဟာ တိမ်တောင်တွေကြားထဲက လျှပ်စစ်ဓာတ် စီးဆင်းမှုတစ်မျိုးဖြစ်ပါတယ်။ တိပ်တောင်တွေရဲ့ အထက်ပိုင်းမှာ အဖိုလျှပ်စစ်ဓာတ်ရှိပြီးတော့ အောက်ခြေပိုင်းမှာ အမလျှပ်စစ်ဓာတ်ရှိပါတယ်။ ဒီအရာတွေက မြေပြင်ပေါ်ကို မိုးကြိုးပစ်ချစေအောင် ဖန်တီးတာဖြစ်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချက်ကို သန့်ဖို့လိုရဲ့လား...........

တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ကြတယ်နော်။ ဒီလို တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ရတာက ခန္ဓာကိုယ်မှာ အနံ့အသက် ကင်းစင်ဖို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်တဲ့အခါ ခေါင်းအစ ခြေအဆုံး သန့်စင်မှုတွေ လုပ်ကြပေမယ့် ဗိုက်အလယ်တည့်တည့်မှာ ရှိနေတဲ့ ချက်ကို သန့်ရှင်းရေး လုပ်မလားဆိုတာကိုတော့ စဉ်းစားကြပါတယ်။ အကြောင်းက ချက်ထဲက အညစ်အကြေးတွေကို သန့်စင်​တဲ့အခါ ဗိုက်အောင့်လိမ့်မယ်ဆိုတဲ့ အယူအဆပါ။ ဒီတော့ ချက်ကို သန့်စင်သင့်ရဲ့လားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ချက်က ဘာကြောင့် နံရတာလဲ.............. ချက်က လေဝင်လေထွက်ကောင်းတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ချက်ထဲမှာ ပုံမှန်ကတော့ ချွေးတွေ၊ ဆဲလ်သေတွေ နဲ့ အမှုန်တွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် အနံ့ဆိုးထွက်နေတာပါ။ ချက်က အနံ့ထွက်ရတဲ့ အဓိကအကြောင်းအရင်းက သန့်ရှင်းမှု အားနည်းလို့ပါ။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကို နေ့စဉ် သန့်ရှင်းရေး လုပ်သလို ချက်ကိုလည်း ပုံမှန် […]


ရှေးဦးသူနာပြုစုခြင်း

ခြေကျင်းဝတ် လည်ခြင်းအတွက် အရေးပေါ်နည်းလမ်းများ

ရုပ်ရှင်ထဲမှာ မင်းသမီးလေး ဒေါက်ဖိနပ်ဝတ်ပြီး မတော်ခြေခေါက်လို့ ခြေကျင်းဝတ် လည်သွားရင် မင်းသားက တယုတယနဲ့ ပြန်လှည့်ပေးပေမယ့် သင်အလှည့်ကျရင်တော့ ဒါမျိုးရှိချင်မှ ရှိမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ကုနိုင်အောင် သင်ထားပါ။ ဒါမှမဟုတ် မတော်တဆ ကိုယ့်ရှေ့မှာ ကိုယ့်ခရပ်ရ်ှလေးက မတော်တဆ ခြေကျင်းဝတ်လည်သွားရင်လည်း ဝင်ပြီး အမှတ်ယူနိုင်အောင် ကြိုပြီး ဖတ်ထားပါ။ ကဲ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူများပဲ ဖြစ်ဖြစ် ခြေကျင်းဝတ်လည်သွားရင် အရေးပေါ်လုပ်ပေးလို့ရအောင် အောက်ကနည်းလမ်းတွေကို မှတ်ထားပေးပါနော်။ ခြေကျင်းဝတ် လည်ပြီဆိုရင် (ရုပ်ရှင်ထဲက မင်းသမီးတစ်ယောက်ယောက်ကို မြင်ကြည့်လိုက်ပါ။) နာပါတယ်။ ဒီတိုင်းလည်းနာ၊ ထိလိုက်ရင်လည်း နာပါတယ်။ တစ်ခါတစ်လေ အညိုအမည်းစွဲပြီး ဖူးရောင်နေပါမယ်။ လှုပ်လို့မရသလို လှုပ်လိုက်တာနဲ့ နာပါတယ်။ ခြေကျင်းဝတ်ကို အပြားလိုက် ချလို့မရပါဘူး။ (ဆိုလိုတာက ခြေစုံချရပ်လို့မရပါဘူး။) ခြေကျင်းဝတ်လည်တဲ့အချိန်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း