ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

အစားအသောက် ကို ယင် မနားအောင် ဂရုစိုက်ပါ ဆိုတဲ့ စကား က အလကားတော့ မဟုတ်ပါဘူး။ ယင်ကောင် နားတဲ့ အစားအသောက် ဟာ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာ ဒါ ဖတ်ပြီးရင် သိသွားပါလိမ့်မယ်။ ယင်ကောင် နားတာ စားမိရင် ဝမ်းပျက် တတ်တယ်တဲ့။ ဒီလောက် ကိုပဲ လူသိများကြတာ ဖြစ်ပေမယ့် ယင်ကောင်က ချန်ရစ်ခဲ့တဲ့ အန္တရာယ်တွေက ထင်တာထက် ပိုဆိုးနေတာ သေချာပါတယ်။ အစားအသောက် ပေါ်မှာ ယင်ကောင်တွေ ဘာလုပ်ကြသလဲ ဘာလုပ်မယ် ထင်ပါသလဲ။ အစားအသောက် ကို လာစားနေရုံ လောက်ပဲ လို့ ထင်နေတာလား။ မဟုတ်ပါဘူး။ သူတို့က - (၁) အန်ချ ကြတယ်။ ယင်ကောင် တွေဟာ အစားအသောက်တွေပေါ် နားတဲ့အခါ သူတို့ရဲ့ နှုတ်သီးက တစ်ဆင့် […]


ရှေးဦးသူနာပြုစုခြင်း

ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

ပုခုံးဆိုတာ ခန္ဓာကိုယ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့ အဆစ်တစ်ခုပါပဲ။ ဒီလို လှုပ်နိုင်တာကြောင့်ပဲ မကြာခဏဆိုသလို အဆစ်ချော်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရလို့ပဲ ဖြစ်ဖြစ်၊ အားကစားလုပ်ရင်းပဲ ဖြစ်ဖြစ် ခိုက်မိတဲ့အခါ ပုခုံးဆစ်လွဲ တတ်ပါတယ်။ အဖြစ်လည်းများပါတယ်။  ဒါဆိုရင် ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။ ဆေးရုံမရောက်ခင် စပ်ကြားမှာ ကိုယ့်အနေနဲ့ ဘယ်လိုများ ကူညီပေးလို့ရလဲဆိုတာ ပြောပြပေးပါမယ်။ ပုခုံးဆစ်လွဲ တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေကတော့ ပုခုံးက ပြင်းပြင်းထန်ထန်နာမယ်။ လက်မောင်း ဒါမှမဟုတ် ပုခုံးမှာ ရောင်ပြီး အညိုအမည်းစွဲနေမယ်။ လက်မောင်း အပါအဝင် လက်ဖျံ၊ လက်ချောင်းတွေထိ ထုံတာ၊ အားနည်းတာ ဖြစ်နေမယ်။ လက်လှုပ်လို့မရဘူး။ ပုခုံးတခြား လက်မောင်းတခြား ဖြစ်နေမယ်။ လက်မောင်းက ကြွက်သားတွေ တောင့်နေမယ်။ ပုခုံးဆစ်လွဲ စေတယ့် အကြောင်းတွေကတော့ […]


ရှေးဦးသူနာပြုစုခြင်း

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

တစ်နေ့တာ သွားလာလှုပ်ရှားနေရင်း အမှတ်တမဲ့  ခြင် ကစလို့ ပျား၊ ခါချဉ်၊ ပုရွက်ဆိတ် စတဲ့ အင်းဆက် အမျိုးမျိုး ကိုက်ခံရနိုင်ပါတယ်။ ဒီလို ကိုက်ခံရတဲ့အခါ ဆေးတွေကို အသုံးမပြုဘဲ သက်သာအောင် လုပ်လို့ရမယ့် သဘာဝ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ များဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအေင်လား။ ပိုးကောင် ကိုက်တာလား။ အရေပြားမှာ ပိုးကောင်ကိုက်တာလား ဆိုတာကို သေချာ သိစေနိုင်မယ့် လက္ခဏာတွေက အရေပြားက နီမြန်းနေမယ် စပ်ဖျဉ်းဖျဉ်း ဖြစ်မယ် နာကျင်မယ် ရောင်ရမ်းမယ် ယားယံမယ် အရည်ကြည်ဖုထမယ် စတာတွေ ခံစားရနိုင်ပါတယ်။ ပိုးကောင် ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ပိုးကောင်ကိုက်ခံရတာကို သက်သာစေဖို့ ဆေးမလိမ်းချင်ဘူး ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။ ဆားရည်စိမ်ပါ ရေနွေးနွေး တစ်ခွက်စာထဲကို ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ် ငွေ့ ရှူနေရတဲ့ ကိုယ့်ဘေးကလူတွေ ဘာထိခိုက်လာမလဲ

တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာက မီးညှိထားတဲ့ စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ် သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ပေါင်းစပ်သွားတာ ဖြစ်ပါတယ်။ တစ်ခုတော့ မေးပါရစေ။ ကိုယ်က ဆေးလိပ်သောက်တတ်တယ် ဆိုဦးတော့ ကိုယ့်အနီးဆုံးက လူတွေကို ထိခိုက်စေမှာကို မစိုးရိမ်မိဘူးလား။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်တာချင်း အတူတူပါပဲ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်း ၇,၀၀၀ ကျော် ပါဝင်ပါတယ်။ ကိုယ့်အရင်းနှီးဆုံးသူတွေကို အန္တရာယ် အဖြစ်ခံမှာလား အရက်သောက်ရင်တောင် သောက်တဲ့သူရဲ့ ကိုယ်တွင်းမှာပဲ ရောဂါဖြစ်စေနိုင်ပေမယ့် ဆေးလိပ် ကတော့ ဒီလို မဟုတ်ပါဘူး။ ကိုယ်သောက်လိုက်တဲ့ ဆေးလိပ်ငွေ့က လေထုထဲ ရောက်သွားပြီးရင် ကိုယ်နဲ့ အနီးအနားမှာ ရှိနေသူတွေရဲ့ အသက်ရှူလမ်းကြောင်းထဲ ပျံ့နှံ့ရောက်ရှိ စေနိုင်တာပါ။ ကိုယ့်ရဲ့ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အပါအဝင် […]


ရှေးဦးသူနာပြုစုခြင်း

နားထဲကို ပိုးကောင် ဝင်သွားရင်

တဝီဝီနဲ့ ပျံနေတဲ့ ပိုးကောင် တွေ ရုတ်တရက် နားထဲကို တည့်တည့်မတ်မတ်ဝင်လာတဲ့အခါ တော်တော်ဒုက္ခရောက်ပါတယ်။ ရုတ်တရက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဒီပိုးကောင်ကို ဆွဲထုတ်ဖို့ အတင်းကြိုးစားပါတယ်။ ပိုးကောင်က နားထဲမှာ လျှောက်သွားနေမှာလား၊ နားထဲက နားစည်ကို ကိုက်လိုက်မှာလား။ နားကန်းတော့မှာလား စသဖြင့် ကြောက်လန့်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နားထဲကို ပိုးကောင်ဝင်ပြီး ပြန်မထွက်လာခဲ့ရင် အရေးပေါ် လုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ပိုးကောင် ဝင်မှန်း ဘယ်လိုသိမလဲ။ နားထဲကို ဝင်သွားတာ ပိုးကောင်ဟုတ်တယ်ဆိုရင်၊ အသက်လည်း ရှိနေသေးတယ်ဆိုရင် နားထဲမှာ တဝီဝီနဲ့ အသံကြားနေရသလို ပိုးကောင် တရွရွ သွားနေတာကိုလည်း သိရပါတယ်။ ဒါကြောင့် နားထဲမှာ အူနေပြီး၊ ယားသလိုလို ကသိကအောင့် ဖြစ်နေမှာပါ။ မတော်တဆ အကောင်က ကိုက်လိုက်တယ်၊ ဆူးနဲ့ထိုးလိုက်တယ်ဆိုရင်တော့ နာတာ၊ […]


ဆေးလိပ်ဖြတ်ခြင်း

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

အလုပ်တွေက များ၊ စိတ်ဖိစီးစရာတွေ များနေတယ် ဆို အဖော်လေး ခေါ်ပြီး ဝရံတာ မှာဖြစ်ဖြစ်၊ လှေကားနားမှာ ဖြစ်ဖြစ် စီးကရက် သွားသောက်ကြတာ အလုပ်ခွင်က ယောကျာ်းလေးတွေရဲ့ ထုံးစံ ပါပဲ။ ဘီယာဆိုင် ထိုင်တာက လွဲရင် စီးကရက်ခဲကြတာလည်း သူတို့တွေရဲ့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့နည်း တစ်မျိုး ဖြစ်နေသတဲ့လေ။ လူမှုဆက်ဆံရေးမှာလည်း အပေါင်းအသင်းတွေ၊ အလုပ်ပါတနာတွေ နဲ့ ပြင်ပတွေ့ဆုံပွဲတွေမှာ စီးကရက်လေး စတိုင်ကျကျ မီးညှိရတာ အထာကျတယ် ထင်ကြပါသေးတယ်။ ဒါပေမယ့် … နီကိုတင်း ရဲ့ လှည့်စားမှု ဆေးလိပ် သောက်လိုက်ရင် ခေါင်းကြည်သွားတယ်၊ စိတ်ရှုပ်စရာတွေ ပေါ့ပါးသွားတယ် လို့ ခံစားရတတ်တာ နီကိုတင်းရဲ့ လှည့်စားမှုအာနိသင် ဖြစ်ပါတယ်။ ဆေးလိပ်က ကျန်းမာရေး အတွက် ကောင်းကျိုးပေးတယ် ဆိုတာ ရှာမှရှားတဲ့ သတင်းခေါင်းစဉ် တစ်ခုပဲလေ။ စီးကရက်မှာ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ရေအေး ချိုးတာ နဲ့ ရေပူချိုးတာကို တစ်မျိုးစီ သီးသန့် ကြိုက်တဲ့သူတွေလည်း ရှိသလို နှစ်မျိုးလုံး ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ရေပူ၊ ရေအေး နှစ်မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အရေပြားကို သူ့နည်း သူ့ဟန်နဲ့ ကူညီပေးနေတာပါပဲ။ တချို့ကျတော့လည်း ရာသီဥတုက အေးနေရင် ရေနွေးလေး ပြောင်းချိုးပြီး ရာသီဥတုက ပူနေရင် ရေအေးအေးလေးနဲ့ ချိုးလိုက်တာမျိုးလည်း ရှိတာပေါ့။ ဒီဆောင်းပါးလေးမှာ ရေပူ၊ ရေအေး ချိုးခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဘယ်လို အထောက်အကူ ဖြစ်စေလဲဆိုတဲ့ ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ရေအေး ချိုးခြင်း ၁။ အရေပြား ယားယံတာကို သက်သာစေတယ်။ ရာသီဥတုကြောင့် ဖြစ်စေ၊ အဝတ်အစားကြောင့်၊ ဓာတ်မတည့်တာကြောင့်၊ အရေပြား ပြဿနာတစ်ခုခုကြောင့် ယားယံနေတဲ့သူတွေဆိုရင် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

လူတိုင်းကတော့ လှချင်တတ်ကြတာပါပဲ။ အထူးသဖြင့်တော့ မိန်းကလေးတွေပေါ့။ လှချင်တဲ့အခါ လှအောင် အမျိုးမျိုး အဖုံဖုံကြိုးစားကြတော့တာပါပဲ။ ဒီလိုပြုလုပ်တဲ့အခါ တစ်ခါတစ်ရံမှာ အပြုအမူမှားတွေဖြစ်နေတတ်ပါတယ်။ ဘယ်လို အပြုအမူမျိုးတွေက အပြုအမူမှားတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လှချင်လို့မှားကြတာတွေ အလှကုန်ပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာ - လှချင်ပချင်တာကြောင့် အလှကုန်ပစ္စည်းတွေကို အလွန်အမင်းအသုံးပြုတဲ့အခါမှာ မျက်နှာပေါ် ဓာတုဗေဒပစ္စည်းတွေ စုတင်နေသလိုဖြစ်နေတတ်ပါတယ်။ ဝက်ခြံပိုထွက်တာမျိုး၊ ထိခိုက်ရှနာဖြစ်လွယ်တာမျိုးတွေ ပိုဖြစ်လာမှာပါ။ ဆပ်ပြာမတိုက်သင့်တဲ့နေရာတွေကို ဆပ်ပြာအလွန်အကျွံတိုက်မိနေတာ - အမျိုးသား လိင်အင်္ဂါ၊ မိန်းမကိုယ်စတာတွေလိုမျိုး sensitive area တွေကို ဆပ်ပြာအလွန်အကျွံသုံးပြီး တိုက်ချွတ်မိနေတာကလည်း ကောင်းတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီနေရာတွေဟာလည်း တခြားနေရာတွေလိုမျိုး နေ့စဉ် သန့်ရှင်းပေးဖို့ လိုအပ်တာမှန်ပေမယ့် ဆပ်ပြာတွေ ဖိတိုက်နေလို့တော့ မရဘူးဆိုတာ သိထားပေးပါ။ အရက်သေစာသောက်စားချိန်မှာ ရေမသောက်တာ - ဝိုင်အနီက သွားအတွက်ကောင်းပေမယ့် ဝိုင်အဖြူကတော့ သွားကိုထိခိုက်စေနိုင်တဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ

တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက ကျန်းမာစေဖို့ နဲ့ ရောဂါတွေကနေ ကာကွယ်ဖို့အတွက် အထောက်အကူပြု ပေးတာကြောင့် မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ငယ်စဉ်ကာလကတည်း မွေးမြူလာသင့်တဲ့ အလေ့အထပါ။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါ ဦးစားပေးလုပ်စရာတွေ များလာတာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့အထကို အမှုမဲ့အမှတ်မဲ့ ဖြစ်လာတတ်ပါတယ်။ ဒီလို အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်မှုက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ တစ်ကိုယ်ရေ အလေ့အထကောင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ လေ့လာကြည့်ရအောင်လား။ တစ်ကိုယ်ရေ သန့်ရှင်းရေးအရေးကြီးသလား။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက လူတိုင်း မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးက ခန္ဓာကိုယ် ကျန်းမာစေသလို ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှု […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကိုယ့်လုပ်ငန်းခွင်ထဲက ဘက်တီးရီးယားပိုးမွှားတွေ အများဆုံး ရှင်သန်ရာနေရာများ

လုပ်ငန်းခွင်တစ်ခုလို့ ဆိုလိုက်တာနဲ့ စားပွဲတွေ၊ ထိုင်ခုံတွေ၊ ပစ္စည်းကိရိယာတွေ၊ စာရွက်စာတမ်းတွေနဲ့ အမြဲ လှုပ်ရှားသက်ဝင်နေတဲ့ နေရာတစ်ခုပါ။ လူပေါင်းများစွာ စုစည်းလုပ်ကိုင်နေကြတဲ့နေရာမို့ ပစ္စည်းတော်တော်များများမှာ ရောဂါပိုးမွှားတွေ၊ ဘက်တီးရီးယားတွေလည်း အလွယ်တကူ ကူးစက်တွယ်ငြိနေတတ်ပါတယ်။ ကူးစက်ရောဂါ အသစ်အဆန်းတွေ တစ်နေ့တခြားပိုမိုများပြားလာနေတဲ့ ဒီခေတ်ထဲမှာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိအောင် ဂရုတစိုက်နေထိုင်သွားဖို့ကလည်း အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ မိသားစု စားဝတ်နေရေးအတွက် ရုံးသွားရုံးတက်လုပ်နေရပေမယ့် ရုံးမှာရှိတဲ့ ပစ္စည်းတွေကနေ ရောဂါပိုးမွှားကပ်ငြိကူးစက်တာမျိုးလည်း မဖြစ်ရအောင် ဉာဏ်နဲ့ ယှဉ်ပြီး သတိထားနေထိုင်ဖို့ လိုအပ်ပါတယ်။ ခုဖော်ပြသွားမယ့် ပစ္စည်းတွေကတော့ မိမိရဲ့ ရုံးလုပ်ငန်းခွင်ထဲက ရောဂါပိုးမွှားတွေ အများဆုံးကပ်ငြိနေနိုင်တဲ့ အရာဝတ္ထုတွေ၊ အသုံးအဆောင်တွေဖြစ်ပြီး သတိထားကိုင်တွယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ စက်လှေကား ခလုတ် ရုံးတက်ရုံးဆင်းမှာ လူတိုင်းနီးပါး ထိကိုင်နေရတဲ့ ဓာတ်လှေကား ခလုတ်တွေဟာ ရောဂါပိုးမွှားတွေ တွယ်ငြိနိုင်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ဒါကြောင့်လည်း COVID-19 လို ကူးစက်ရောဂါကြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း