ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

လူမှန်ရင်တော့ အရေပြားက ချွေးအမြဲထွက်တဲ့အတွက် ကိုယ်နံ့က အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ နဂိုထွက်တဲ့ ကိုယ်နံ့မှာတော့ အရမ်းပြင်းတာမျိုး မဟုတ်ပေမဲ့ ချွေးနဲ့ ဘက်တီးရီးယားနဲ့ ရောသွားတဲ့အခါမှသာ အောက်သိုးသိုး အနံ့မျိုးတွေ ထွက်လာတာပါ။ ချွေးနံ့ဆိုး တွေ ထွက်လာတာပါ။ ကိုယ့်ကိုယ်ကိုယ်တော့ ဒီအနံ့နဲ့ ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူးလို့ လူတွေက ထင်တတ်ကြပေမယ့် တကယ်တော့ ချွေးနံ့ဆိုးဆိုတာ လူမှုပတ်ဝန်းကျင်ထဲမှာလည်း တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေသလို ကိုယ့်ရဲ့အရေပြားကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုး များစွာ ဖြစ်စေနိုင်ပါတယ်။ တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့ ကျွန်တော် အခုပြောပြပေးမယ့် အချက်တွေကတော့ ချွေးနံ့ဆိုး မထွက်စေဖို့ အချိန်လည်းသိပ်မကုန်၊ အများကြီးလည်း ဂရုစိုက်စရာမလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ အလုပ်အရမ်းများတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် မွှေးပျံ့နေတာ မကြိုက်တဲ့ အမျိုးသားတွေအတွက်လည်း အဆင်ပြေစေနိုင်မယ်လို့ […]


ဆေးလိပ်ဖြတ်ခြင်း

ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ

ဆေးလိပ် ကို စိတ်ထွက်ပေါက် အနေနဲ့ သောက်တာ ရှိတယ်၊ အဖော်ကောင်းလို့ သောက်တာ ရှိတယ်၊ ကြိုက်လွန်းလို့ကို သောက်တာ ရှိတယ်၊ ကိုယ့်ကို ဆေးလိပ်သောက်ဖြစ်စေတဲ့ အကြောင်းရင်းက တစ်ယောက်တစ်မျိုးနဲ့ပါ။ ဒါပေမယ့် တကယ်တမ်း ဆေးလိပ်ဖြတ်တော့မယ် ဆိုရင်တော့ ဒီအကြောင်းပြချက်တွေက အရေးပါလာပါပြီ။ ဘာကြောင့် သောက်ဖြစ်နေတာလဲ ဆိုတာကို ကိုယ့်ဘာသာ အဖြေရှာနိုင်မှ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဆေးလိပ် ဘာလို့ သောက်ဖြစ်တာလဲ ယေဘုယျကျကျ ကြည့်မယ်ဆိုရင်တော့ လူတစ်ဦး ကို ဆေးလိပ်သောက်သုံးဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအားဖြင့် ဒီ ၄ မျိုး ပါဝင်နေပါတယ် - (၁) ခံစားချက် ကြောင့် သောက်ဖြစ်တာ စိတ်ရှုပ်စရာတွေ ကြုံလာရင် ဆေးလိပ်ထသောက်တတ်တယ်။ ဆေးလိပ်လေး သောက်ရင် တွေးလို့ ကောင်းတယ်၊ အတွေးနယ်ချဲ့ကြတယ်။ အလုပ်တွေ လုပ်နေရင်း ရုံးခန်းအပြင် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

ချွေးနံ့ လို့ပြောလိုက်ရင် လူအတော်များများက “ဟွန့်” ခနဲ နှာခေါင်းရှုံ့သွားကြမယ်ထင်ပါတယ်။ ဒီလို နံနံဟောင်ဟောင် ချွေးနံ့ကြီးက မထင်မှတ်ထားတဲ့ ဆွဲဆောင်မှုတွေ ရှိနေတယ်ဆိုရင် ယုံနိုင်မလား။ ဒီတစ်ခေါက်တော့ ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား တကယ်တော့ ချွေးထွက်တယ်ဆိုတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကိစ္စတစ်ရပ်ပါ။ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တစ်မျိုးလေ။ ပုံမှန်အားဖြင့် ချွေးထွက်ရင် အဆိပ်အတောက်ကင်းတာ၊ အိပ်ပျော်စေတာနဲ့ စိတ်ကြည်လင်စေတာမျိုး အကျိုးကျေးဇူးတွေ ရတတ်ပါတယ်။ ဒါပေမယ့် ဒါတင်မဟုတ်ပါဘူး။ လေ့လာချက်တွေအရဆိုရင် ချွေးရနံ့ဟာ ဆန့်ကျင်ဘက်လိင်ကိုလည်း ဆွဲဆောင်နိုင်ပါတယ်တဲ့။ ပြောရမယ်ဆိုရင် အမျိုးသားတစ်ယောက်ရဲ့ ချွေးရနံ့ကို သဘောကျလက်ခံနိုင်တဲ့ အမျိုးသမီးမျိုးဟာ အဆိုပါအမျိုးသားရဲ့ လက်တွဲဖော်ဖြစ်နိုင်ခြေရာခိုင်နှုန်း သိပ်ကိုများပါတယ်တဲ့။ ချွေးနံ့ ရဲ့ ဆွဲဆောင်မှု ချွေးထွက်တာကို […]


ရှေးဦးသူနာပြုစုခြင်း

ပုရွက်ဆိတ် (ပုရွက်နီ) ကိုက်ခံရရင် ဘာလုပ်မလဲ

ဟယ်… ပုရွက်ဆိတ်ကိုက်တာပဲ၊ ဘာမှဖြစ်တာမှ မဟုတ်တာလို့ အပြောမစောပါနဲ့ဦး။ တချို့လူတွေဆိုရင် ပုရွက်ဆိတ်အနီ ကိုက်တာ တစ်ချက် ခံလိုက်ရရင် ဖုကြီး အကြီးကြီး ထလာပြီး နာလည်းနာ၊ ယားလည်းယား အရေပြားပေါ် အကွက်လိုက်ကြီး နီနေတာမျိုး ဖြစ်ပါတယ် (ကျွန်တော်အပါအဝင်ပေါ့)။ ဒီတော့ ကျွန်တော့်လိုမျိုး ပုရွက်ဆိတ်ကိုက်ရင် ဖုထတတ်တဲ့သူတွေ၊ ခံရခက်တဲ့သူတွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်းတွေ မပြောခင် အရင်ဆုံး သိစေချင်တာက ဘာမှမဖြစ်တဲ့သူတွေကို ကြည့်ပြီး ဟင်.. ငါတစ်ယောက်တည်း အထိမခံ ဖြစ်နေတာလားလို့ မတွေးပါနဲ့။ သဘာဝတရားကြီးက သတ္တဝါတိုင်းကို သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ဖန်တီးပေးထားတာပါ။ ပုရွက်ဆိတ်တွေလည်း ဒီလိုပါပဲ။ သူတို့ အန္တရာယ် သူတို့ကာကွယ်ဖို့ အဆူးနဲ့ထိုးတယ် (အရပ်ခေါ်တော့ ကိုက်တယ်ပေါ့)။ ဒီလိုထိုးလိုက်(ကိုက်လိုက်)တဲ့အခါ အကိုက်ခံရတဲ့သူရဲ့ အရေပြားနဲ့ မတည့်ရင် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

နှာခေါင်းမွေး တွေကို နှုတ်သင့်လား

လူတိုင်းရဲ့ နှာခေါင်းထဲမှာ သဘာဝအရ အမွေးအမျှင်လေးတွေ ရှိကြပါတယ်။ များသောအားဖြင့် မိန်းကလေးတွေမှာ နှာခေါင်းမွေး လေးတွေက စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေမယ့် ယောကျ်ားလေးတွေမှာ အဲဒီအမွေးအမျှင်တွေက အပြင်ကို အများကြီးရှည်ထွက်လာပြီး ကြည့်ရရုပ်ဆိုးစေတဲ့အပြင် တစ်ခါတလေမှာ စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ တချို့ကတော့ စိတ်အနှောက်ယှက်ဖြစ်လာတဲ့အခါမှာ အဲဒီအမွေးအမျှင်လေးတွေကို လက်နဲ့ ဆွဲနှုတ်ပစ်လေ့ရှိပါတယ်။ နှာခေါင်းမွေး တွေကို နှုတ်တော့မယ်ဆိုရင် နှာခေါင်းထဲမှာရှိတဲ့ အမွေးလေးတွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်စနစ်တွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နှာခေါင်းမွေးလေးတွေဟာ ကျွန်ုပ်တို့ ရှူသွင်းလိုက်မိတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်၊ အမှုန်အမွှားတွေ၊အညစ်အကြေးတွေနဲ့ ပိုးမွှားတွေကို အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် အဆုတ်ထဲကို မရောက်သွားအောင် ကာကွယ်ပေး၊ တားဆီးပေးပါတယ်။ ဒါ့ကြောင့် နှာခေါင်းမွေးတွေကို နှုတ်လိုက်မယ်ဆိုရင် အမှုန်အမွှားတွေဝင်လာနိုင်ပြီး ပိုးဝင်ခြင်း၊ ယားယံခြင်း၊ ဓာတ်မတည့်ခြင်း စတဲ့ ပြသနာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နှာခေါင်းမွေးလေးတွေကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မလိုချင်တဲ့ အမွေး တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းများ

လူတိုင်းလူတိုင်းမှာ ခေါင်းအစ၊ ခြေအဆုံး နေရာအတော်များများမှာ အမွေး တွေ ပေါက်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် အမွေးအမျှင်တွေကို နှစ်သက်ကြတဲ့ သူတွေရှိသလို တချို့ကတော့ အမွေးအမျှင်တွေကို မကြိုက်ကြ၊ လိုချင်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီအတွက် ကိုယ်မလိုချင်တဲ့ နေရာမှာ (ဥပမာ- နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး၊ ချိုင်းမွေး နဲ့ ကျော၊ ခြေထောက်၊ လက် စတဲ့နေရာတွေမှာ) ထွက်နေတဲ့ အမွေးအမျှင်တွေကို ဖယ်ရှားဖို့ နည်းလမ်းမျိုးစုံးကို အသုံးပြုလာကြပါတယ်။ နောက်ပိုင်းမှာလည်း ခေတ်မီတိုးတက်လာတာနဲ့အမျှ အမွေးအမျှင်တွေကို ရှင်းလင်းနိုင်ဖို့အတွက် ပစ္စည်းမျိုးစုံ၊ ကုထုံးမျိုးစုံတွေလည်း ပေါ်လာပြီး ရွေးချယ်စရာတွေလည်း များပြားလာပါတယ်။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ hello ဆရာဝန် ပရိသတ်ကြီးအတွက် မလိုချင်တဲ့ အမွေးအမျှင်တွေ ကိုဖယ်ရှားဖို့ စဉ်းစားရွေးချယ်တဲ့အခါ အထောက်အကူပြုမယ့် နည်းလမ်းတွေ နဲ့ […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်လိုက် ခံရသူကို အရေးပေါ်ဘယ်လိုကူညီမလဲ

အရာရာတိုးတက်နေတဲ့ အခုခေတ်အခါမှာ လျှပ်စစ်မီးမရှိရင် ဘာမှလုပ်လို့မရပါဘူး။ အိမ်မှာဆို ချက်တာပြုတ်တာ၊လျှော်တာဖွတ်တာ၊ အစားအစာသိမ်းဆည်းတာလည်း လျှပ်စစ်မီးနဲ့ အများစုသုံးကြသလို အပြင်ဆိုလည်း အလုပ်မှာ ကွန်ပျူတာ၊ဖုန်း၊ပရင့်တာ စတာတွေအကုန် လျှပ်စစ်မီးနဲ့ပဲ အလုပ်လုပ်ကြတာပါ။ ဒီလောက်အသုံးဝင်တဲ့ လျှပ်စစ်က ဆိုးကျိုးလည်းရှိတာပေါ့။ အခန့်မသင့်ရင် ဓာတ်လိုက် နိုင်တဲ့အန္တရာယ်ရှိပြီး အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်ပါတယ်။ လမ်းသွားရင်းဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်မှာ ဓာတ်လိုက် နေတာတွေ့ရရင် ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြတယ်။ လက်မြန်ခြေမြန်နဲ့ ပြေးဆွဲလိုက်တာ၊ ဆွဲဖယ်ပေးတာတွေလုပ်မိရင် ကိုယ်ပါရောပြီး ဓာတ်လိုက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ အကူအညီတွေလာတဲ့အထိ စောင့်နေရင်လည်း အသက်မကယ်လိုက်နိုင်ဘဲနောက်ကျသွားနိုင်ပါတယ်။ ဒီတော့ ဓာတ်လိုက်နေတဲ့သူတွေ့ရင် နည်းလမ်းမှန်နဲ့ အရေးပေါ်ဘယ်လိုကူညီမလဲ။ သိထားသင့်တဲ့အဓိကအချက်တွေလေ့လာကြည့်ရအောင်။ အရင်ဆုံး - ဓာတ်လိုက် ခံရသူကို လျှပ်စစ်စီးကြောင်းကနေ ဖယ်ခွာထုတ်ပါ ဖြစ်နိုင်ရင် လျှပ်စစ်ဓာတ်ထုတ်လွှတ်နေတဲ့ပင်မနေရာကို ပိတ်လိုက်ပါ။ မရဘူးဆိုရင်ခြောက်သွေ့ပြီး လျှပ်မကူးနိုင်တဲ့အရာဝတ္ထုတစ်ခုခု( ပလတ်စတစ် သို့မဟုတ် သစ်သား)ကိုသုံးပြီး လျှပ်စစ်စီးကြောင်းနဲ့ သူ့ကို […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ

နှာခေါင်းသွေးယို ခြင်းဟာ နှာခေါင်းအတွင်းမှာ ရှိတဲ့ သွေးကြောသေးသေးလေးတွေ အကြောင်းတစ်ခုခုကြောင့် ထိခိုက်မိပြီး ဖြစ်လာရတာပါ။ နှာခေါင်းကို မကြာခဏ လက်နဲ့ နှိုက်ခြင်း၊ တစ်ခုခုနဲ့ တိုက်မိ၊ ထိခိုက်မိခြင်းနဲ့ နှာခေါင်းအတွင်းပိုင်းတွေ ခြောက်သွေ့လာခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ တစ်ကြိမ်တစ်ခါလောက် နှာခေါင်းသွေးယိုတာကတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မကြာခဏဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ရုတ်တရက် နှာခေါင်းသွေးယိုတာမျိုးတွေ ဖြစ်လာတဲ့အခါ သွေးအမြန်တိတ်ဖို့နဲ့ အန္တရာယ်မဖြစ်စေဖို့ မိမိဘာသာ ဘာတွေ လုပ်ဆောင်သင့်တယ်၊ ဘာတွေ မလုပ်သင့်ဘူးဆိုတာလေးကို ပြောပြပေးသွားမှာပါ။ ရုတ်တရက် နှာခေါင်းသွေးယို လာတဲ့အခါ ၁။ စိတ်ကို ငြိမ်အောင်ထားပါ။ စိတ်လှုပ်ရှားရင် ပိုဆိုးနိုင်တဲ့အတွက် စိတ်ကိုတည်ငြိမ်အောင် ထားသင့်ပါတယ်။ ၂။ မတ်မတ်ထိုင်ပါ။ တချို့က နှာခေါင်းသွေးယိုရင် လှဲအိပ်ရမယ်ဆိုပြီး အထင်မှားနေကြပါတယ်။ တကယ်ကတော့ ခေါင်းကို နှလုံးရှိတဲ့ နေရာရဲ့ အမြင့်ပိုင်းကို […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးပေါ့လိပ် သောက်ခြင်းက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ

ဆေးလိပ်လို့ ဆိုလိုက်ရင် စီးကရက်တင်မကဘဲ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တော်တော်များများက အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ စီးကရက်ကို သောက်ကြပေမယ့် ဆေးပြင်းလိပ်မှ သောက်တာ၊ ဆေးပေါ့လိပ်မှ သောက်တယ်။ ဒါက စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်စေလောက်ဘူးလို့ ယူဆသူတွေရှိနိုင်ပါတယ်။ ဒီတော့ လက်ကနေ မချတမ်း အပြတ်ခဲနေတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေက ကျန်းမာရေးကို တကယ်ပဲ စီးကရက်လောက် မထိခိုက်ဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆေးပေါ့လိပ်ကို အရင်းစစ်ကြည့်သော် ဆေးပေါ့လိပ်က ကျန်းမာရေးကို ဘယ်လို ထိခိုက်စေတယ်လို့ မပြောခင်မှာ ဆေးပေါ့လိပ်ရဲ့ ဇစ်မြစ်ကို အရင်စစ်ကြည့်စေချင်ပါတယ်။ ဆေးပေါ့လိပ်။ ဆေးပြင်းလိပ်တွေမှာ ပါတဲ့အမယ်တွေ ကွာပေမယ့် မကွဲမပြား အတူတူ ပါဝင်နေနိုင်တဲ့ အရာကတော့ ဆေးရွက်ကြီးပါ။ ဆေးရွက်ကြီး ပါဝင်နေမှတော့ ဆေးပေါ့လိပ်တွေ […]


ရှေးဦးသူနာပြုစုခြင်း

ဆေးသောက်ပြီး သေကြောင်းကြံစည်မှုအတွက် ရှေးဦးသူနာပြုနည်းလမ်းများ

ဒီခေတ်မှာက စိတ်ဖိစီးမှုတွေ၊ စိတ်ကျတာတွေ အဖြစ်များလာတဲ့အတွက် သေကြောင်းကြံစည်မှုတွေ ပိုများလာပါတယ်။ မကြာသေးခင်ကာလအတွင်းမှာပဲ တောာင်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက်၊ ကလေးရှေ့မှာတင် လိုက်ဖ်လွှင့်ပြီး ကြိုးဆွဲချသေသွားတဲ့ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက်၊ နောက်ပြီး ကျွန်ုပ်တို့ မသိလိုက်ဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ အသက်ပေါင်းများစွာ စသဖြင့် အများကြီး ရှိနေပါပြီ။ ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းလမ်းတွေကို ရွေးတဲ့အခါ သက်သောင့်သက်သာ ဖြစ်မယ့် နည်းလမ်းတွေကို ရွေးကြတာ များပါတယ်။ ဆေးသောက်ပြီး သတ်သေတာ အပါအဝင်ပေါ့။ ရန်ကုန်က ဂျပန်ဆေးရုံကြီးမှာ ဆိုရင် အဆိပ်ဌာနရှိတဲ့အတွက် ဆေးတွေသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကြတဲ့သူတွေ မကြာမကြာ ရောက်လာကြပါတယ်။ နာမည်ကြီး ဆယ်လီတွေ အပါအဝင်ပေါ့။ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က သေကြောင်းကြံစည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဆေးတွေ သောက်လာတာဖြစ်ဖြစ်၊ မတော်တဆ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း