ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ရေကူးနေရင်း ကြွက်တက် လာရင်

ရေကူးနေရင်း ကြွက်တက်တယ်ဆိုတာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြွက်တက်လို့ မသေပေမယ့် ကြွက်သားတွေ လှုပ်မရတာကြောင့် အခန့်မသင့်ရင် ရေနစ်ပြီး အသက်ဆုံးရှုံးတက်ပါတယ်။ ဒါကြောင့် မတော်တဆများ ရေကူးရင်း ကြွက်တက်လာခဲ့ရင် အသက်အန္တရာယ် မထိခိုက်အောင် ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ရေကူးရင်း ဘာကြောင့်ကြွက်တက်တာလဲ။ အကြောင်းရင်းတွေ သိထားတော့ နောက်တစ်ခါ မဖြစ်အောင် ကာကွယ်လို့ရတာပေါ့။ များသောအားဖြင့်တော့ ရေနဲ့ ဓာတ်ဆား မလုံလောက်တာ။ ကြွက်သားတွေ ကောင်းကောင်း ကျုံ့ဆန့်နိုင်ဖို့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပူကလည်းပူ၊ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနေတတ်ပြီး အေးအောင်ဆိုပြီး ရေဆင်းကူးလိုက်ရင် ဒီပြဿနာဖြစ်တတ်ပါတယ်။ ကြွက်သားတွေ တောင့်တင်းတာ အလွန်အကျွံ ရေကူးတာ ရေထဲမှာ ကောင်းကောင်း အသားမကျသေးတာ ရေက အေးလွန်းတာ မလိုအပ်ဘဲ အားသုံးပြီးကူးတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ရေကူးရင်း […]


ရှေးဦးသူနာပြုစုခြင်း

ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့

ဟာ....... ယားလိုက်တာ။ အဖုလေးလည်း ဖြစ်နေတယ်။ ဘာပိုးကောင်ကိုက်သွားတာလည်းမသိ။ ယားလိုက်တာ ဒီလောက် ကုတ်နေတာတောင် အယားမပြေဘူးဆိုပြီး တအားဖိကုတ်နေတာ၊ လက်သည်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်ခံရတဲ့ နေရာမှာ အနာထပ်ဖြစ်အောင် လုပ်နေမိပြီလား ။ ဒါဆိုရင်တော့ ဒီလိုလုပ်နေတာကို အခုချက်ချင်း ရပ်လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်ခံရတဲ့ နေရာကို အယားပြေအောင် လုပ်ဖို့ ပြောပါရစေ။ ပိုးမွှားတွေ ခြင်တွေ ကိုက်ခံရရင် ဘာလို့ ယားယံရတာလဲ။ ခြင်တွေ ပိုးကောင်တွေ ကိုက်ခံရရင် ယားယံတာက လူ့ခန္ဓာကိုယ်ထဲက သွေးကို စုပ်ယူဖို့အတွက် anticoagulant နဲ့ ပရိုတင်းတို့ ပါဝင်တဲ့ တံထွေးတစ်မျိုးကို ထိုးသွင်းလိုက်တာကြောင့်ပါ။ ဒီလို ထိုးသွင်းလိုက်တဲ့အခါ ပရိုတင်းက ပြင်ပက ဝင်ရောက်လာတဲ့ အရာတစ်မျိုး ဖြစ်နေတာကြောင့် ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ပါတယ်။ ဒီတုံ့ပြန်တိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ […]


ရှေးဦးသူနာပြုစုခြင်း

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

ခွေးရူးပြန်ရောဂါကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ နည်းပါးသေးတဲ့ နိုင်ငံတွေမှာ ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေက အများအပြားရှိနေဆဲပါ။ တကယ်တော့ ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေး ထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာ တစ်ခု ပါ။ ဒီတော့ ခွေးရူးရောဂါပိုး အကြောင်း သိထားပြိး ကာကွယ်လို့ ရအောင် ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ခွေးရူးရောဂါပိုးဆိုတာ ဘာလဲ........ ခွေးရူးရောဂါပိုးဆိုတာက တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အိမ်မွေး ခွေးတွေမှာရော တောရိုင်းတိရစ္ဆာန်တွေမှာပါ တွေ့ရနိုင်ပါတယ်။ ကြောင်တွေ၊ လင်းနို့ နဲ့ ကိုက်ဖြတ်စား သတ္တဝါတွေမှာလည်း တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီရောဂါပိုးက လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ […]


ရှေးဦးသူနာပြုစုခြင်း

လုပ်ငန်းခွင်မှာ မတော်တဆ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရင်

စက်ယန္တရားတွေနဲ့ အလုပ်လုပ်နေကြတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဆိုတာက ကြုံတတ်ပါတယ်။ ဒီထဲမှာ ဆိုးဆိုးဝါးဝါး ဖြစ်တတ်တာကတော့ ခြေပြတ် လက်ပြတ်ဖြစ်တာပါပဲ။ ခြေချောင်း လက်ချောင်းလေးတွေ ဖြစ်ကောင်း ဖြစ်မယ်။ ခြေတွေ လက်တွေ ဖြစ်ကောင်း ဖြစ်မယ်။ ခုခေတ်မှာက ခြေတွေ လက်တွေ ဆိုတာက ပြတ်သွားရင်တောင် တော်တော်များများ ပြန်ဆက်နိုင်နေပါပြီ။ အဓိက အရေးကြီးတာက ခြေတွေ လက်တွေကို သေချာသိမ်းဆည်းထားနိုင်ဖို့ပါပဲ။ ယန္တရားတွေနဲ့ ထိခိုက်မိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားခဲ့ရင် ဘေးလူက အရေးကြီးပါတယ်။ ဘေးလူက သတ္တိရှိရှိနဲ့ လုပ်တတ်ကိုင်တတ်ရင် လူနာအတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာတွေ သတိထားရမလဲ။ တစ်ခုခုနဲ့ ခိုက်မိလို့ ရှိရင် ဘာတွေကို သတိထားရမလဲဆိုတော့ ဒဏ်ရာဖြစ်တဲ့နေရာကနေ လူနာကို ဘယ်လို ကယ်ထုတ်မလဲ။ ဒဏ်ရာကို ဘာလုပ်ပေးမလဲ။ […]


ရှေးဦးသူနာပြုစုခြင်း

လမ်းဘေးခွေး အကိုက်ခံရတဲ့အခါ ဘယ်လိုအရေးပေါ်ပြုစုရမလဲ

အိမ်မွေးခွေးလိုမဟုတ်ဘဲ လမ်းဘေးခွေးတွေဟာ လူတွေအပေါ် ပိုပြီးရန်လိုတတ်ကြပါတယ်။ အထူးသဖြင့် ညမှောင်တဲ့အချိန်၊ သန်းခေါင်ယံတွေမှာ အပြင်ထွက်တဲ့အခါ ခွေးတွေအနေနဲ့ မိမိပိုင်နက်အတွင်းကို ကျူးကျော်တယ်လို့ သတ်မှတ်ပြီး ရန်မူတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းဘေးခွေးများအခြေအနေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့်ခွေးတွေ အရမ်းများပါတယ်။ စနစ်တကျ မွေးမြူထားခြင်းမဟုတ်ဘဲ သနားတဲ့ စိတ်နဲ့ လူတွေက အစာတွေ မကြာခဏကျွေးတဲ့အခါ ပေါက်ဖွားနှုန်းက ပိုများလာပါတယ်။ သနားတာက တချို့နေရာတွေမှာ ကောင်းပေမယ့် နေရာတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အလေအလွင့်ခွေးတွေ များလေ၊ ခွေးရူးပြန်ရောဂါရဲ့ ဒုက္ခက မသေးလှပါဘူး။ ကလေးတွေအတွက်ဆို ပိုပြီး ဒုက္ခများပါတယ်။ မိဘမပါဘဲ ကလေးတွေကို အပြင်လွှတ်လိုက်လို့ ကလေးတွေက လမ်းဘေးခွေးတွေကို သွားစ၊ ပြီးရင် အကိုက်ခံရတဲ့အခါ ဒဏ်ရာအတွက်ပဲ ဆေးထည့်ပြီး ခွေးရူးပြန်ကာကွယ်ဆေး မထိုးရင် ကလေးရဲ့ဘဝက အဲဒီမှာတင် လမ်းဆုံးပါပြီ။ လမ်းဘေးခွေး […]


ရှေးဦးသူနာပြုစုခြင်း

ဆူးစူးတဲ့အခါ ဘယ်လိုထွင်ကြမလဲ

ဖန်ကွဲစလေး နင်းမိလိုက်၊ သစ်သားစလေး စူးလိုက်၊ နှင်းဆီလေး ဆူးထွင်ရင်း စူးသွားလိုက် တစ်မျိုး မဟုတ် တစ်မျိုးတော့ စူးဖူးမှာပါ။ လက်ထဲမှာ နာတာတာ၊ ခိုးလို့ ခုလုနဲ့ နေရထိုင်ရ မကောင်းတဲ့ ပြဿနာ တစ်ခုပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဆူးစူးသွားရင် ဘယ်လိုထွင်မလဲ၊ ဘယ်လိုအချိန်မှာတော့ ဆေးရုံဆေးခန်းသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ဆူးစူးတာကို ဘာကြောင့် ထွင်ရတာလဲ။ ဆူးစူးတာက နေရတာခက်လို့ ထွင်တယ်ဆိုပေမယ့် တခြားအကြောင်းအရင်းတွေကြောင့် မထွင်မဖြစ် ထွင်ရတာပါ။ ဆူးက နက်တယ်ဆိုရင် ပြည်တည်နာ ဖြစ်မယ် ပိုးဝင်မယ် ရောင်ရမ်းမယ် အခန့်မသင့်လို့ ဆူးတဲ့ ပစ္စည်းက မသန့်ရင် မေးခိုင်ပိုးကလည်း ဝင်တတ်သေးတာဆိုတော့ ထွင်လိုက်တာ အကောင်းဆုံးပါပဲ။ တချို့ဆူးတွေကတော့ သေးလို့ သူ့ဟာသူ ထွက်သွားတတ်ပါတယ်။ ဆူးဘယ်လိုထွင်ကြမလဲ။ အနာကို သန့်ရှင်းရေးလုပ်ပါ။ ညစ်ပေနေတာတွေ သန့်သွားအောင် အရင်ဆုံး ရေနဲ့ […]


ရှေးဦးသူနာပြုစုခြင်း

မျက်လုံးထဲကို စူပါဂလူးဝင်သွားတဲ့အခါ

ဟိုကပ် ဒီကပ် ကပ်တတ်တဲ့ စူပါဂလူးလေးဟာ မျက်လုံးထဲလည်း ဝင်တတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အခြေအနေမို့လို့ ရုတ်တရက် ကြုံလာရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာပါ။ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ စူပါဂလူးက ဘယ်လိုလုပ်ပြီး မျက်လုံးထဲဝင်တာလဲ။ အဖြစ်အများဆုံးကတော့ ကလေးအရွယ်တွေနဲ့ ဘိုးဘိုးဘွားဘွား အရွယ်တွေပါပဲ။ ကလေးတွေကတော့ လူကြီးအလစ်မှာ ဆော့ရင်း ပြုရင်း မျက်လုံးထဲကို ညှစ်မိတာကြောင့် ဝင်သွားတာပါ။ လူကြီးတွေက မမြင်မစမ်းနဲ့ မျက်စဉ်းဆေးနဲ့ မှားပြီး ခတ်တဲ့ကြပါသတဲ့ ။ ဒါကြောင့် စူပါဂလူးကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သိမ်းရမှာ ဖြစ်သလို လူကြီးတွေမမှားအောင် ဆေးဘူးတွေနဲ့ တွဲမထားပါနဲ့။ စူပါဂလူးဝင်ရင် ဘာလုပ်ရမလဲ။ စူပါဂလူးက မျက်လုံးထဲကို တန်းပြီး ဝင်သွားတာ ရှိသလို မျက်တောင်တွေမှာ ကပ်နေတာ ဒါမှမဟုတ် မျက်ခွံနှစ်ခုကြားမှာ ကပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ စူပါဂလူး […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့

ဓာတ်မတည့်ဘူး (Anaphylaxis)ဆိုတဲ့ စကားလုံးလေးကို ကြားဖူးမှာပေါ့။ သူကတော့ နို့နဲ့ ဓာတ်မတည့်ဘူးတို့၊ ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူးတို့၊ မြေပဲနဲ့ ဓာတ်မတည့်ဘူးတို့ စသဖြင့်ပေါ့။ ဓာတ်မတည့်ဖြစ်နေတဲ့ လူနာကို တွေ့ဖူးကြလား မသိ။ ဆရာဝန်တစ်ယောက်အနေနဲ့ကတော့ ခဏခဏကြုံဖူးရတာပေါ့။ ခုပဲအကောင်း တော်ကြာဆေးထိုးလိုက်ပြီးမှ ရုတ်တရက် အသက်ရှူကြပ်လာတာတို့၊ မောလာတာတို့ပေါ့။ ဒါကြောင့် ဆေးခန်းတွေမှာ မတည့်တဲ့ ဆေးရှိရင် ကြိုပြောပါလို့ ရေးထားကြတာပေါ့။ ဓာတ်မတည့်တဲ့ ပြဿနာဟာ အန္တရာယ်ရှိပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အချိန်မီကုသမှုမယူနိုင်ရင် အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သွားရင်းလာရင်းနဲ့ပဲ ဖြစ်ဖြစ် ဓာတ်မတည့်တဲ့ လူနာများ ကြုံကြိုက်ခဲ့ရင် အသက်ကယ်ပေးနိုင်အောင် ပြောပြပေးချင်ပါတယ်။ ဘာတွေနဲ့ ဓာတ်မတည့်ဘူးလဲ။ ဓာတ်မတည့်တာက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဓာတ်မတည့်ဘူးဆိုတဲ့ အနေအထားကိုယ်တိုင်က ပြင်ပက ဝင်လာတဲ့ ပစ္စည်းတစ်ခုကို ကိုယ်ခန္ဓာကိုယ်က […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက်

ရှေးဟောင်းပစ္စည်းမှ ပစ္စည်းဟောင်း မဟုတ်ပါဘူး။ ဘေထုပ်၊ တစ်ပတ်နွမ်း၊ အဟောင်းနဲ့ အသုံးပြုပြီးပစ္စည်းတွေဟာလည်း အဟောင်းပါပဲ။ တဆင့်ရယူသုံးစွဲတာ၊ ဝယ်ယူသုံးစွဲတာမျိုးလည်း ရှိတယ်မဟုတ်လား။ လူတွေက ဈေးနှုန်းသက်သာလို့၊ အလကားရလို့၊ သဘောကျလို့၊ လူကြီးတွေဆီက လက်ဆောင်ရလို့စတဲ့အကြောင်းပြချက်မျိုးစုံကြောင့် ပစ္စည်းအဟောင်းတွေကို ပြန်အသုံးချကြလေ့ရှိပါတယ်။ အကုန်အကျသက်သာပြီး သုံးရအဆင်ပြေတာကြောင့်လည်းပါတာပေါ့။ အဟောင်းတွေဟာ သုံးရအဆင်ပြေနိုင်ပေမယ့် ဒီကနေ့ခေတ်လို့ ရောဂါဘယပေါင်း သောင်းခြောက်ထောင် ပေါများနေတဲ့ခေတ်မှာ သတိထားသုံးစွဲဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် တချို့သော ပစ္စည်းအဟောင်းလေးတွေကို ပြန်လည်အသုံးပြုတော့မယ်ဆိုရင် သတိထားသင့်တာလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။ ကလေးပစ္စည်း ကလေးနဲ့သက်ဆိုင်တဲ့ ပရိဘောဂတွေ၊ တခြားအသုံးအဆောင်တွေကို ပြန်လည်အသုံးချမယ်၊ ဝယ်ယူသုံးစွဲမယ်၊ တဆင့်ခံအသုံးပြုမယ်ဆိုရင် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပျက်စီးမှုတွေ၊ အပြစ်အနာအဆာတွေတင် စစ်ဆေးရမှာမဟုတ်ပါဘူး။ သန့်ရှင်းမှုရှိမရှိလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ မော်တော်ကားထိုင်ခုံ မော်တော်ယာဉ်ထိုင်ခုံတွေဟာ ရောဂါပိုးမွှားတွေ တွယ်ငြိနေနိုင်တဲ့ နေရာတစ်ခုပါ။ ဒါကြောင့် အသစ်ဝယ်လဲမယ်၊ ဝယ်တပ်မယ်ဆိုရင် အသစ်ကိုသာ ဝယ်ယူဖို့သင့်ပါတယ်။ နောက်ပြီး ၆ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ

ဝမ်းဗိုက်အောက်နား ဆီးစပ်မရောက်ခင်လေးမှာ ချက်ရှိတာကို အားလုံးလည်း သိကြမှာပါ။ ကလေးမွေးပြီးတဲ့အခါ မိခင်နဲ့ ချိတ်ဆက်ထားတဲ့ ချက်ကြိုးကို ဖြတ်ထုတ်ပစ်လိုက်ရပြီး ထိုနေရာမှာ ချက်အဖြစ် ကျန်နေခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ချက်ဟာ အနံ့ဆိုးတွေ မထွက်တတ်သလို ထွက်လာခဲ့ရင်လည်း နှာခေါင်းနဲ့ အလွန်ဝေးတဲ့နေရာမှာ ရှိနေတဲ့အတွက် တော်ရုံအနံ့မျိုးလောက်နဲ့တော့ သိနိုင်မှာမဟုတ်ပါဘူး။ အကယ်လို့ ကိုယ့်နှာခေါင်းထဲမှာ အနံ့တစ်ခုခု အမြဲရနေလို့ ချက်ကထွက်လာတယ်လို့ သံသယရှိရင် ဒီအချက်တွေကို သေချာစစ်ကြည့်သင့်ပါတယ်။ ဘာတွေကို အရင်ဆုံးစစ်မလဲ။ • ပုံမှန်မဟုတ်သော ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေခြင်း (အဖြူရောင်၊ အဝါရောင်၊ စိမ်းဖန့်ဖန့်အရောင်) • ရောင်ရမ်းပြီး နီရဲနေခြင်း • ယားယံနေခြင်း • နာကျင်မှုရှိခြင်း • ပိုးကောင် တစ်ကောင်ကောင် ဖြတ်သွားနေသလို ခံစားရခြင်း • ဝမ်းဗိုက်မှာ အကျိတ်လုံးလို စမ်းမိခြင်း • အဖျားတက်ခြင်း စတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပါ။ ဘာကြောင့် ချက်ကနေ အနံ့ဆိုးထွက်နိုင်တာလဲ။ ၁။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း