အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

ကျန်းမာစွာ စားသောက်ခြင်း

အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

စားမယ်သောက်မယ် အစားတလိုင်းတို့တွေ စုမိကြပြီဆိုရင် ဒီပြဿနာတော့ အမြဲကြုံရမှာပဲ။ ဒါ့ကြောင့် တချို့ဆို အစာကြေဆေးတောင် အိတ်ထဲဆောင်ထားကြတယ်။ အစားများပြီး ဗိုက်ကားနေမယ်၊ အရသာပြင်းတာတွေစားမိလို့သွေးတိုးမယ်၊ အဆီများတာတွေစားမိလို့ အဆီတက်မယ်၊ အီလည်လည်နဲ့ရယ်။ ဒါ့ကြောင့် အစားများသွားတဲ့အခါ ဘာလေးတွေနဲ့ ဖြေလို့ရလဲဆိုတာ အစားတလိုင်းလေးတွေကို အကြံပေးလိုက်မယ်နော်။ ဒါလေးတွေက ကူညီပေးပါလိမ့်မယ် - ဒိန်ချဉ် ဒိန်ချဉ်ရဲ့အကျိုးပြုဘက်တီးရီးယားအစွမ်းကြောင့် အစားအစာကြောင့် ဒါမှမဟုတ် အစားများလို့ဖြစ်လာတဲ့ ဗိုက်ပြဿနာတွေကိုပြေလည်စေနိုင်ပါတယ်။lactobacillus လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကြောင့် အူတွင်းဘက်တီးရီးယားတွေကို ထိန်းညှိပေးနိုင်ပြီး ဝမ်းပြဿနာနဲ့လေပြဿနာကိုဖြေရှင်းပေးနိုင်ပါတယ်။ ငှက်ပျောသီး အစားအသောက်တွေစားပြီးတဲ့အခါ အာခေါင်ခြောက်၊ရေငတ်ပြီးသွေးတိုးနေတာတွေ ကြုံဖူးတယ်မလား။ ဒါဆို ငှက်ပျောသီးလေးသာ စားလိုက်ပါ။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ကြွယ်ဝလို့ အငန်များတဲ့အစားအစာတွေရဲ့ သက်ရောက်မှုကို သက်သာစေပြီးသွေးဖိအားကိုကျစေပါတယ်။ လက်ဖက်စိမ်း လက်ဖက်စိမ်းရေနွေးကြမ်းတစ်ဖန်ခွက်မှာ ကိုလက်စထရောကိုကျစေတဲ့flavonoidsတွေ အပြည့်အဝပါဝင်ပါတယ်။ ဒါ့ကြောင့် စားပြီးရင် လက်ဖက်စိမ်းသောက်လိုက်တာနဲ့ အကျိုးမပြုတဲ့သွေးတွင်းကိုလက်စထရော(LDL) ပမာဏကိုလျော့ကျစေနိုင်တယ်၊သွေးဖိအားကိုလည်း ပုံမှန်ပြန်ဖြစ်စေပါတယ်။ အခွံမာသီးနဲ့ အစေ့အဆန်များ အစားများခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေတဲ့အတွက် အခွံမာသီးနဲ့ အစေ့အဆန်လေးနည်းနည်းတော့စားပေးသင့်ပါတယ်။ ဗာဒံစေ့၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး

အဆုတ်ကျန်းမာရေးက ဘယ်လောက်အရေးကြီးလဲဆိုတာ အသက်ရှူတိုင်းသတိရနေသင့်တာပါ။ အသက်ကောင်းကောင်းရှူနိုင်မှ အဆုတ်က ကျန်းမာမှာဖြစ်သလိုလေထုညစ်ညမ်းစေတဲ့အရာမှန်သမျှ အဆုတ်ရဲ့ရန်သူပါပဲ။ လေရှူသွင်းလိုက်တိုင်း ကိုယ့်ပတ်ဝန်းကျင်လေထုထဲက အန္တရာယ်ရှိတဲ့အရာဝတ္တုတွေကို အဆုတ်က လက်ခံရရှိနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အဆုတ်ကိုသန့်စင်စေမယ့် အစားအသောက်တွေကိုရွေးချယ်ဖို့အရေးကြီးပါတယ်။ ဒါမှ အဖြစ်များတဲ့ရောဂါတွေကိုကာကွယ်နိုင်မယ်၊ အဆုတ်ကိုအားကောင်းစေမယ်။ ပန်းနာရင်ကျပ်၊လေပြွန်ရောင်၊ အဆုတ်ရောင်တို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဟာ မဖြစ်အောင်ရှောင်လို့ရတဲ့ရောဂါတွေဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုရှိမယ်၊လေထုညစ်ညမ်းတာတွေမရှူရှိုက်မိအောင်သတိထားမယ်၊ဆေးလိပ်မသောက်ဘူးဆိုရင် အများစုက ဒီရောဂါတွေကိုရှောင်နိုင်ပါလိမ့်မယ်။ ဒီအချက်တွေကို လိုက်နာနိုင်ဖို့က ကျန်းမာပြည့်စုံတဲ့ အာဟာရအထောက်အပံ့ကို ရရှိနိုင်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့အစားအစာတချို့ကို အကြံပေးလိုက်မယ်နော်။ အဆုတ်ကို သဘာဝအလျောက် သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးအစားအစာ(၁၀)မျိုး (၁) ကြက်သွန်ဖြူ ကြက်သွန်ဖြူကallicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကရောဂါပိုးတွေကိုခုခံတိုက်ဖျက်ပေးပြီးရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကိုသက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။ (၂) ချင်း ချင်း(ဂျင်း)ကလည်း အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆုတ်ကိုသန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကိုနည်းနည်းထည့်ချက်တာကောင်းပါတယ်။ သံပရာသီးနဲ့ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်းရှင်းစေနိုင်တယ်။ (၃) နနွင်း ချင်းနဲ့ကြက်သွန်ဖြူလိုပဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆုတ်ကျန်းမာရေးအတွက် ကောင်းတဲ့ စပျစ်နဲ့ ဘယ်ရီသီးတွေ

စပျစ်သီးနဲ့ ဘယ်ရီသီးတွေက အဆုတ်ကျန်းမာရေးအတွက် တကယ်ကိုကောင်းတယ်လို့ သုတေသနအသစ်က ဆိုပါတယ်။ anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက်ဓါတ်တွေကြွယ်ဝတဲ့အစားအစာတွေကို စားသုံးရင် အသက်ကြီးလာတဲ့အထိအဆုတ်ရဲ့စွမ်းဆောင်ရည် အကောင်းဆုံးရှိနေမှာပါလို့ သုတေသီတွေကပြောပါတယ်။ စပျစ်သီး၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီတို့လို အရောင်ရင့်တဲ့အသီးတွေမှာတွေ့ရတတ်တာပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေများတဲ့ စားသောက်မှုပုံစံက အဆုတ်ထိခိုက်မှုတွေရန်က ကာကွယ်ပေးနိုင်ပြီး လုပ်ဆောင်နိုင်စွမ်းကို ထိန်းပေးတယ်၊ အသက်ကြီးလာတဲ့အခါ အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်လာနိုင်ခြေကိုလည်း နည်းစေနိုင်တယ် လို့ ဦးဆောင်သုတေသီ Vanessa Garcia-Larsen ကပြောပါတယ်။ လူတွေက အသက် ၃၀လောက်အရွယ်မှာ အဆုတ်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးအချိန်ပါပဲ။ အဲဒီအချိန်ကျော်လွန်သွားတဲ့အခါ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ ဓါတ်ပစ္စည်းထိတွေ့မှု၊တခြားရောဂါအခံ စတဲ့အကြောင်းရင်းအမျိုးမျိုးကို မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ကဆင်းမှုနှုန်းချင်းကွာခြားသွားကြတာပါလု့ိ သူက ဆက်ရှင်းပြပါတယ်။ ပြုပြင်စီမံထားတဲ့အစားအစာတွေကြောင့် အဆုတ်ရဲ့လုပ်ဆောင်ချက်ကို ကျဆင်းစေနိုင်တယ်လို့ အရင်သုတေသနတွေမှာတွေ့ရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အရောင်ရင့်တဲ့အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားတဲ့သူတွေက အဆုတ်လုပ်ဆောင်ချက်ကျဆင်းမှုနှုန်း ပိုနှေးစေတယ်ဆိုတာ သုတေသနအသစ်ကတွေ့ရှိခဲ့တာပါ။ လေ့လာမှုမှာနော်ဝေနဲ့ အင်္ဂလန်နိုင်ငံက ပျမ်းမျှအသက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပရိုတင်းပြည့်ဝစေဖို့ဘာကိုရွေးမလဲ.... အစားအသောက်လား....ပရိုတင်းဖြည့်စွက်စာတွေလား.....

အခုနောက်ပိုင်းဈေးကွက်ထဲမှာ ပရိုတင်းဖြည့်စွက်စာတွေကအရင်ကထက်ပိုများလာတယ်နော်။ ခန္ဓာကိုယ်အားပြည့်နေစေဖို့တင်မဟုတ်ဘဲ ကြွက်သားတွေသန်မာစေဖို့အတွက်ပါ ပရိုတင်းဖြည့်စွက်စာတွေကိုအသုံးပြုလာကြပါတယ်။ ဒီနေရာမှာပြောစရာတစ်ခုရှိလာတာက ခန္ဓာကိုယ်ကျန်းမာနေစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့အတွက် ပရိုတင်းဖြည့်စွက်စာတွေက တကယ်ပဲ လိုအပ်လားဆိုတာပါ။ ခန္ဓာကိုယ်က ပရိုတင်းကို ဘယ်လိုအသုံးပြုလဲ........... ပရိုတင်းက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းမှာရှိနေတာပါ။ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက်လည်း ပရိုတင်းကိုတော်တော်လေးလိုအပ်ပါတယ်။ ပရိုတင်းမှာ ခန္ဓာကိုယ်အတွက် မဖြစ်မနေလိုအပ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေပါတယ်။ ပရိုတင်းစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆဲလ်အဟောင်းတွေနေရာမှာအစားထိုးနိုင်မယ့် ဆဲလ်အသစ်တွေဖြစ်ပေါ်စေဖို့၊ တစ်ရှူးတွေဖြစ်ပေါ်စေဖို့၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေအသစ်ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်အဖြစ်ဖြိုခွဲအသုံးပြုမှာဖြစ်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီး ပရိုတင်းလိုအပ်ချက်ကွာခြားမှုရှိလား.......... အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ အာဟာရလိုအပ်ချက်ကကွာခြားမှုရှိနိုင်ပါတယ်။ အမျိုးသားတွေက ခန္ဓာကိုယ်ဖွဲ့စည်းပုံအရကြောင့်ရော ကြွက်သားတွေကြောင့်ပါ အမျိုးသမီးတွေထက် ပရိုတင်းပမာဏပိုမိုလိုအပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ အမျိုးသားတစ်ယောက်ကတစ်နေ့ကို ပရိုတင်းပမာဏ ၅၆ ဂရမ်လိုအပ်ပြီး အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ပရိုတင်းပမာဏ ၄၆ ဂရမ်နီးပါးလိုအပ်မှာပါ။ ဒါပေမယ့် ပုံမှန်အားဖြင့် အမျိုးသားတစ်ဦးက တစ်နေ့တာမှာ ပရိုတင်း ၁၀၀ ဂရမ်နီးပါးလောက်စားသုံးနေကြပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မူးမော်ခြင်းနဲ့ အချဉ်ဓါတ်။ ။

ကားမူး၊ လှိုင်းမူးတဲ့အခါ ဘာဆေးမှ သောက်ခင် ရော့ သံပရာသီး လေးရှူ၊ လိမ္မော်သီး လေးစားဆိုတဲ့ အကြံပေးချက်တွေ မကြာခဏ ကြားဖူးမှာပါ။ း ချဉ်တဲ့ အသီးတွေ ၊ ဖျော်ရည်ချိုချဉ်ချဉ်လေးတွေ သောက်လိုက်ရင် တကယ်လည် မူးဝေတာ သက်သာသွားတယ်မလား ။ ဘာ့ကြောင့် ချဉ်တာလေးတွေ စားလိုက်ရင် မူးမော်တာတွေ သက်သာသွားလဲဆိုတာကိုရော တွေးဖူးကြလား။ ဒီတော့ ဗီတာမင် C နဲ့ မူးဝေတာနဲ့က ဘယ်လိုဆက်စပ်မှုများရှိလဲ ။ ။ အမူးသက်သာစေတဲ့သံပရာသီးတို့ လိမ္မော်သီးတို့ဆိုတာ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေပါ။ မူးဝေခြင်းတွေကို သက်သာစေတဲ့ ဗီတာမင် C ရဲ့ ဆောင်ရွက်ချက်ကို ပြောရမယ်ဆိုရင် Histamine အကြောင်း အရင်ပြောမှ ရပါလိမ့်မယ်။ Histamine ဆိုတာ nitrogenous compound တစ်မျိုးဖြစ်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ

နေ့ရက်တိုင်းကို စိတ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းဖို့ဆန္ဒရှိနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ လူတစ်ယောက်ဟာ စိတ်ပျော်ရွှင်မှ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။ ဒီတော့ စိတ်ပျော်စေဖို့ အကောင်းဆုံးလုပ်ဆောင်သင့်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကြောင့်ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုမရှိစေဘဲနေ့ရက်တိုင်းမှာပျော်ရွှင်နေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို Helloဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ............. စိတ်ပျော်စေဖို့ ဘာတွေစားမလဲ............... စိတ်ပျော်ရွှင်ဖို့အတွက်ဆိုရင်တော့ ဆယ်လ်မွန် ဆယ်လ်မွန်က ခန္ဓါကိုယ်အတွက် အာဟာရဖြည့်တင်းပေးနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေနိုင်သလို ဆယ်လ်မွန်မှာပါတဲ့omega-3 fatty acids ကစိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး စိတ်ဓါတ်မကျအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် B12 ပါဝင်နေမှုက စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ပျော်ရွှင်နေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဟင်းနုနွယ် အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ ဟင်းနုနွယ်က ခန္ဓါကိုယ်အတွက် သံဓါတ်ြဖည့်ပေးနိုင်သလိုဖောလစ်အက်ဆစ်ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဆီရာတိုနင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေနိုင်မှာပါ။ ကြက်သား ကြက်သား၊ ကြက်ဆင်သားတို့မှာ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် စိတ်ပျော်ရွှင်စေမှာ အသေအချာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သား နဲ့ ကြက်ဆင်သားတို့က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆင်တုပ်ကွေးဖြစ်နေချိန် ခုခံအားကောင်းအောင် ဒါတွေ စားပေးဖို့လိုပါတယ်။

ခုလိုမိုးရာသီဆိုတာ တုပ်ကွေးပေါင်းစုံ ထကြွသောင်းကျန်းတဲ့ ရာသီတစ်ခုပါ။ ေသွးလွန်တုပ်ကွေး ၊ ရာသီတုပ်ကွေး ၊ ဆင်တုပ်ကွေးစတဲ့ အားလုံးသိကြတဲ့ တုပ်ကွေးတွေ စုပြီးဖြစ်ကြတဲ့ ရာသီတစ်ခုပေါ့။ နှစ်တိုင်း နှစ်တိုင်း သူတို့တွေက အလှည့်ကျနာမည်ကြီးကြပါတယ်။ ဒီနှစ်ထဲမှာ နာမည်ကြီးနေတာကတော့ ဆင်တုပ်ကွေးပေါ့ ။ ြခင်ကိုက်တာကနေ ကူးစက်လာတဲ့ ဆင်တုပ်ကွေးက ခုနောက်ပိုင်း ဖြစ်တဲ့သူတွေ များနေတော့ ဆင်တုပ်ကွေးဖြစ်နေတဲ့အချိန် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာ အရေးကြီးလာပြီပေါ့။ တုပ်ကွေးဆိုတာ ကိုယ်ခံအားတိုက်မှ ပျောက်တဲ့အရာဆိုတော့ တုပ်ကွေးဖြစ်နေချိန် ကိုယ်ခံအားကို ဖြည့်ပေးမယ့် အစားအစာက အရေးကြီးလာပြီလေ။ ဆင်တုပ်ကွေးဆိုတာ ဘာလဲ ။ ။ ဆင်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာဖြစ်ပြီး ရာသီတုပ်ကွေးလိုမျိုး နှာစေချောင်းဆိုးတဲ့လူကနေ ကူးစက်တာမဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးလိုမျိုး ခြင်ကိုက်ရာကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အဖျားကြီးပြီး ချမ်းတုန်တာ အပြင် ကိုယ်လက် ကိုက်ခဲ နာကျင်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီများပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာ (၅) မျိုး

အစားအစာတွေကို အဆီများတယ်ဆိုပြီးရှောင်စားနေတာတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဆုံးဖတ်ကြည့်လိုက်ပါနော်။ အချို့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများနေတတ်လို့ပါ။ အဆီများပေမယ့်ကျန်းမာရေးအတွက် အကျိုးများတဲ့ စားစရာတွေက ဘာတွေများလဲ................... ဒီအစားအစာကိုတွေကို အဆီပါဝင်မှုများလို့ကျန်းမာရေးနဲ့မညီညွတ်လောက်ဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ကျန်းမာချင်တယ်ဆိုရင် ဒီအစားအစာတွေကို စားပေးဖို့ လိုအပ်ပါမယ်နော်။ (၁) ထောပတ်သီး ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ အဆီပါဝင်မှုများပါတယ်။ထောပတ်သီးမှာ အဆီပါဝင်မှုက ၇၇ ရာခိုင်နှုန်းအထိရှိပြီး အသားတွေမှာပါဝင်နေတဲ့ အဆီပမာဏထက်များနေပါတယ်။ ဒါပေမယ့်ထောပတ်သီးက ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသလို အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုကိုလက်စထရောကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ဖို့ စားပေးသင့်ပါတယ်။ အကျိုးမပြုကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ (၂) ချိစ် အာဟာရကြွယ်ဝတဲ့ အစားအသောက်ရင်းမြစ်တစ်ခုပါ။ ချိစ်မှာ ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊phosphorus နဲ့ ဆီလီနီယမ်အပြင် အခြားသော အကျိုးပြု အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ပရိုတင်းကြွယ်ဝစွာပါဝင်သလို fatty acid ပါဝင်နေတာကြောင့် အမျိုးအစား (၂) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။

လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဆိုတာ အသက်အရွယ်၊ ကိုယ်ခန္ဓါအချိုးအစားနဲ့ ယောက်ျား မိန်းမပေါ်မူတည်ပြီး ပြောင်းလဲနေတာပါ။ ပုံသေမရှိပါဘူး။ ပြီးတော့ လူတွေဟာ အာဟာရမျှတအောင် စားဖို့ထက် ကိုယ်ကြိုက်တာတွေပဲ ပိုစားနေကြသူချည်းပါပဲ။ ဒါကြောင့် နေ့တိုင်း အစားစားနေပေမယ့်လည်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေအကုန်ပြည့်အောင် မရနိုင်ကြပါဘူး။ ဒီလိုနဲ့ ကြာလာတဲ့အခါ ဗီတာမင် နဲ့ သတ္တုဓါတ် ချို့တဲ့တာတွေဖြစ်လာပါတယ်။ ဒါဆို ကိုယ့်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့နေပြီဆိုတာ ဘယ်လိုသိနိုင်မှာလဲ။ ။ ကိုယ်နေ့တိုင်း အစားစားနေပေမယ့် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့တာတွေ ဖြစ်နိုင်သေးတဲ့အတွက် ကိုယ့်မှာ ဘာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့နေပြီလဲဆိုတာ သိနိုင်ဖို့ ဒီအချက်လေးတွေ ဖတ်ကြည့်စေချင်ပါတယ်။ ဗီတာမင် A ။ ။ ဗီတာမင် A ချိုတဲ့နေရင် အရေပြားမှာ ကြာဆူးတွေပေါက်လာမယ်။ ညဘက်ရောက်ရင် မျက်လုံးကသိပ်ကြည့်မကောင်းတော့ဘူး။ လက်သည်းတွေမှာလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝအတွက် အစားအသောက် (၇)မျိုး။

ကျန်းမာခြင်းအစ အစားအသောက်က ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် နေ့တိုင်း အစာစားပေးနေဖို့လိုပါတယ်။ ဒီလို အသက်ရှင်နေထိုင်တယ်ဆိုတဲ့နေရာမှာ ကျန်းမာတဲ့ ဘဝကို ပိုင်ချင်လား၊ နေထိုင်မကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ရမလားဆိုတာကတော့ ကိုယ်ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေ အပေါ်မှာ မူတည်နေပါတယ်။ နေမကောင်းဖြစ်ချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီတော့ ကိုယ်နေ့စဉ် စားနေတဲ့ ဘယ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတာလဲ ။ ဘယ်လိုအစားအစာတွေကို ဦးစားပေးစားရမလဲ ဆိုတာကို သိထားရင် တကယ်ကို ဒေါင်ဒေါင်မြည်တဲ့ ကျန်းမာရေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာတွေ စားရမလဲ ။ ။ ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက် ၇ မျိုး ။ ။ ငါး - ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးတွေ နေထိုင်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း