brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

မူးမော်ခြင်းနဲ့ အချဉ်ဓါတ်။ ။

ကားမူး၊ လှိုင်းမူးတဲ့အခါ ဘာဆေးမှ သောက်ခင် ရော့ သံပရာသီး လေးရှူ၊ လိမ္မော်သီး လေးစားဆိုတဲ့ အကြံပေးချက်တွေ မကြာခဏ ကြားဖူးမှာပါ။ း ချဉ်တဲ့ အသီးတွေ ၊ ဖျော်ရည်ချိုချဉ်ချဉ်လေးတွေ သောက်လိုက်ရင် တကယ်လည် မူးဝေတာ သက်သာသွားတယ်မလား ။ ဘာ့ကြောင့် ချဉ်တာလေးတွေ စားလိုက်ရင် မူးမော်တာတွေ သက်သာသွားလဲဆိုတာကိုရော တွေးဖူးကြလား။

မူးမော်ခြင်းနဲ့ အချဉ်ဓါတ်။ ။

ဒီတော့ ဗီတာမင် C နဲ့ မူးဝေတာနဲ့က ဘယ်လိုဆက်စပ်မှုများရှိလဲ ။ ။

အမူးသက်သာစေတဲ့သံပရာသီးတို့ လိမ္မော်သီးတို့ဆိုတာ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေပါ။ မူးဝေခြင်းတွေကို သက်သာစေတဲ့ ဗီတာမင် C ရဲ့ ဆောင်ရွက်ချက်ကို ပြောရမယ်ဆိုရင် Histamine အကြောင်း အရင်ပြောမှ ရပါလိမ့်မယ်။

Histamine ဆိုတာ nitrogenous compound တစ်မျိုးဖြစ်ပြီး အူတွင်း လှုပ်ရှားမှုတွေနဲ့ အာရုံကြော အချက်ပြစနစ်တွေကို ဦးနှောက်ဆီကို ပို့ဆောင်တဲ့နေရာမှာ သူက ထိန်းချုပ်ပါတယ်။ ကားမူး ၊လှိုင်းမူး ကိုယ်ဝန်ကြောင့် မူး၊ ဘယ်လို မူးတာပဲ ဖြစ်ဖြစ် မူးပြီဆိုတာနဲ့ သွေးထဲမှာ Histamine တွေ အများကြီးထွက်လာပါတယ်။ ဒီလို များလာတဲ့ Histamine ပမာဏကြောင့် အူတွင်းလှုပ်ရှားမှုတွေနဲ့ အာရုံကြောအချက်ပြစနစ်တွေ ပိုအလုပ်လုပ်ရပြီး ပိုမူးဝေတာ ပျို့အန်ချင်တာတွေ ဖြစ်လာရတာပါ။

ကဲHistamine အကြောင်းပြီးပြီ ဆိုတော့ အခု မူးဝေတာတွေကို သက်သာစေတဲ့ ဗီတာမင် C အကြောင်းလေးလာပါပြီ။

  • သူတို့ နှစ်ခုက ပြောင်းပြန်အချိုးကျတဲ့အတွက် ဗီတာမင် C များများရှိနေလေလေ Histamine နည်းလေလေပါ။ ဒီတော့ ဗီတာမင် C ကိုယ်တွင်းမှာ ရှိနေတဲ့အခါ များနေတဲ့ Histamine ပမာဏကို ထိန်းညှိလိုက်တဲ့အတွက် ခံစားနေရတဲ့ မူးဝြေခင်းတွေ သက်သာစေတာပါ။
  • ဗီတာမင် C ရဲ့ ချဉ်မြုံ့မြုံ အရသာလေးက ပျို့အန်ချင်တာကိုလည်း ပျော်စေမယ့်အပြင်
  • ဗီတာမင် C ကြွယ်ဝတဲ့ အသီးတိုင်းမှာ ရှူလိုက်တာနဲ့ စိတ်ကို လန်းဆန်းစေတဲ့ အနံ့တစ်မျိုးကြောင့်လည်း မူးဝေခြင်းတွေ သက်သာရတာဖြစ်ပါတယ်။

ဗီတာမင် C က မူးဝေခြင်းတွေကို ဘယ်လိုသက်သာစေတဲ့အကြောင်း သိပြီးပြီဆိုတော့ ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ ဘာတွေရှိလဲဆိုတာ သိဖို့လိုလာပြီပေါ့။ ။

ဗီတာမင် C ဓါတ်ကြွယ်ဝတဲ့အသီးတွေက ချဉ်တဲ့ အသီးတွေ အားလုံးပါပဲ။

  • ရှောက်သီး၊
  • သံပရာသီး
  • လိမ္မော်သီး တို့ကတော့ အမူးအမော် ပြေစေတဲ့နေရာမှာ ဆရာကြီးတွေပေါ့။

ဒီတော့ မမဗိုက်တို့ မူးမော်တဲ့အခါ ဒီအသီးလေးတွေ အိမ်မှာဆောင်ထားပြီး ဖျော်ရည်လုပ်သောက်တာ၊ ဒီတိုင်းစားတာမျိုးလုပ်ပေးလို့ရသလို ကားမူးတတ်တဲ့ သူတွေလည်း ခရီးသွားတိုင်း ဗီတာမင် C ကြွယ်ဝတဲ့အသီးလေးတွေ ဆောင်သွားလို့ ရတယ်နော် ။ စားလို့လည်းရသလို အသီးနံ့လေးတွေ ရှူရတော့လည်း လတ်ဆတ်တာပေါ့။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။