အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက

ကျန်းမာတာကို မနှစ်သက်သူရယ်လို့ မရှိပါဘူး။ ကျန်းမာမှလည်း လုပ်ငန်းကိုင်ငန်းတွေကို ကောင်းစွာ လုပ်ကိုင်နိုင်မှာ ဖြစ်သလို နေ့စဉ်ဘဝကိုလည်း ပျော်ရွှင် ကျန်းမာစွာ ကျော်ဖြတ်နိုင်မှာပါ။ ဒါကြောင့်လည်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြတာပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သောက်ရေ ခန္ဓာကိုယ် အတွင်းရော အပြင်ပါ ကျန်းမာစေဖို့ မနက်စောစောမှာ သောက်ပေးသင့်တဲ့ ပထမဆုံးသော သောက်စရာ တစ်ခုက သောက်ရေပါ။ သောက်ရေ သန့်သန့်လေးကို အိပ်ရာနိုးနိုးချင်းမှာ သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ လက်ဖက်စိမ်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ

ရေအသက် တစ်မနက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀% ကျော်ပါဝင်နေတာကြောင့် ရေဓာတ်က ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်တယ်ဆိုတဲ့နေရာမှာလည်း ကျန်းမာဖို့ဆိုရင် သန့်ရှင်းတဲ့ သောက်သုံးရေ ကို သောက်ဖြစ်ဖို့ လိုပါမယ်။ သောက်ရေဆိုတိုင်း ရေသန့်တာမဟုတ်သလို ရေကြည်တိုင်းလည်း ရေသန့်လို့ မဆိုသာပါဘူး။ ဒီတစ်ခေါက်တော့ နေ့စဉ် သောက်သုံးနေတဲ့ သောက်သုံးရေက သန့်ရဲ့လား။ ဘေးကင်းရဲ့လား။ ဘေးမကင်းဘူးဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။ သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ ရေက အသက်ရှင်နေထိုင်ရေးအတွက် အတော်လေး အရေးပါပါတယ်။ ချက်ပြုတ်ဖို့ရော လျှော်ဖွတ်ဖို့ရော၊ သောက်ဖို့ရော၊ ချိုးဖို့ရောပေါ့။ ဒီလို အသုံးပြုနေရတဲ့ ရေတွေက သန့်ရှင်းဖို့ လိုပါမယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနေတဲ့ သောက်ရေပေါ့။ ဒီတော့ နေ့စဉ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေပူပူအတွက် သောက်စရာ

နွေပူပူမှာ ရင်ကို အေးမြသွားစေမယ့် သောက်စရာလေးတွေကို လူတိုင်း တောင့်တမိမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ နွေပူပူမှာ လူတိုင်း တောင့်တမိတတ်တဲ့ သောက်စရာ အေးအေးလေးတွေထဲက ကျန်းမာရေးနဲ့ ညီညွတ်ပြီး နွေအပူဒဏ်ကို သက်သာစေမယ့် သောက်စရာလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ နွေပူပူအတွက် သောက်စရာ ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ နွေပူပူအတွက် သောက်စရာ မကြာခင်မှာ နွေရောက်လာတော့မှာပါ။ အပူချိန်တွေက အခုချိန်ကတည်းက စပြီး မြင့်တက်စပြုနေပါပြီ။ ချွေးတွေ တအား ထွက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ နေရထိုင်ရတာ ငြီးစီစီ ဖြစ်တာတွေကို ခံစားနေရတာ လူတိုင်းနီးပါးပါ။ ဒီလို ကာလမှာ ကျန်းမာနေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ဒီလို ရေဓာတ် ပြည့်ဝအောင် ဖြည့်တင်းတဲ့နေရာမှာလည်း ကျန်းမာရေးန့ ညီညွတ်အောင် ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ နွေပူပူမှာ ကျန်းမာစွာနဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Electrolytes ကြွယ်ဝဖို့ စားပေးသင့်တာလေးများ

Electrolytes ဆိုတဲ့စကားကို ဓာတ်ဆားရည်နဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။ အားကစားတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ Electrolytesတွေကို ပြန်ဖြည့်ဖို့ဆိုပြီး ဓာတ်ဆားရည်ကို သောက်ကြတယ်လေ။ ဒီလိုဆို မေးစရာရှိတာက Electrolytes ကို ဓာတ်ဆားကနေပဲ ရနိုင်တာလား။ အခြား အစားအစာ အရင်းအမြစ်တွေကနေရော မရနိုင်ဘူးလားလို့ပါ။ ဒီအဖြေလေးကို သေသေချာချာ သိရှိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်နော်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစုအတွက် electrolytes ကို လိုအပ်ပါတယ်။ Electrolytesဆိုတာ အာရုံကြောတွေ၊ ကြွက်သားတွေ ကျန်းမာစေဖို့ ကောင်းစွာ လှုပ်ရှား လုပ်ဆောင်နိုင်စေဖို့၊ သွေးပေါင်ချိန် ထိန်းညှိဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့ Electrolytes က မရှိမဖြစ်ပါပဲ။ Electrolytes တွေက အစားအစာတွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေအနေနဲ့ ရှိနေပါတယ်။ ဥပမာပြောပြရရင် Electrolytes တွေက အစားအစာတွေထဲမှာ ကယ်လ်ဆီယမ် ကလိုရိုက် မဂ္ဂနီဆီယမ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေ လှချင်လား ..... ကန်စွန်းရွက် စားပါ

ကန်စွန်းရွက်၊ ကန်စွန်းပလိန်းတွေကို ထမင်းပူပူလေးနဲ့ တွဲစားရတာ အတော်လေး အရသာရှိပါတယ်။ ဒီလို အရသာရှိတဲ့ ကန်စွန်းရွက်လေးက အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ကန်စွန်းရွက်လေးက အသားအရေ လှပစေတယ်ဆိုတာကိုတော့ သိသူနည်းဦးမယ် ထင်ပါတယ်။ ဒါကြောင့် အသားအရေ လှချင်တယ်ဆိုရင် ကန်စွန်းရွက် စားပေးလို့ ရကြောင်း သတင်းကောင်းလေး ပါးချင်ပါတယ်။ ကန်စွန်းရွက် ဆိုတာ ကန်စွန်းရွက် ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို အရွက် ဖားဖားနဲ့ အရိုးပွပွ ကန်စွန်းတွေလည်း ရှိပါတယ်။ ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး မြေကြီးမှာ ပေါက်တဲ့ ကန်စွန်းလည်း ရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။

ငရုတ်သီး စပ်စပ်လေး၊ ဘာလေး စားစား စပ်စပ်လေးဆိုမှ ခံတွင်းတွေ့တယ်ဆိုတဲ့ သူလေးတွေရှိလား ..... အစပ် စားတယ်။ ပြီးရင် ဗိုက်အောင့်တယ်ဆိုတဲ့ သံသရာထဲမှာ ပျော်မွေ့ရင်း အစပ်တွေကို စားမိနေတယ်ဆိုရင်တော့ ရေရှည်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိရစေချင်ပါတယ်။ ဒါကြောင့် အစပ်စားပြီးရင် ဒါတွေ မလုပ်ပါနဲ့။ ဒီတော့ အစပ်စားရင်း အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဘယ်အချက်လေးတွေကို သတိထားရမလဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ အစပ်က အစာအိမ်ကို ထိခိုက်စေနိုင်သလား ....... ငရုတ်သီးက ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေတယ်။ အသားအရေ လှစေတယ်ဆိုပေမယ့် အလွန်အကျွံ စားရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ အစပ် အလွန်အကျွံစားတာက ရင်ပူတာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ငရုတ်သီး ဆိုတဲ့နေရာမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒါ သောက်ပေးတဲ့အခါ

ယနေ့ခေတ်မှာ အများစု လက်ခံထားကြတာက ဆိုဒါ ဆိုရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာလို့ပေါ့။ ဆိုဒါထဲမှာ သကြားတွေ အများကြီးပါဝင်နေတယ်။ ဒီတော့ ဆိုဒါသောက်ရင် နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ အဝလွန်တာကို ဖြစ်စေမယ်လို့ပေါ့။ ဆိုဒါက ဒီလောက် ဆိုးတာတော့ မဟုတ်ပါဘူး။ ဆိုဒါကို သီးသန့် သောက်သုံးတာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ဆိုဒါထဲကို သကြားတွေ အများကြီး ထည့်သောက်တာ၊ ကဖင်းဓာတ်တွေ ထည့်သွင်းပြီး ပြုလုပ်ထားတာကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တာပါ။ ဆိုဒါကို တစ်ခါတလေ သောက်သုံးတာက ကျန်းမာရေးကို မထိခိုက်စေပေမယ့် အချိုတွေ၊ ကဖင်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ဆိုဒါတွေကို အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဆိုဒါ သောက်ပေးတဲ့အခါ ဆိုဒါသီးသန့် သောက်သုံးတာက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ့်ကိုယ်ကို ရေသောက်ဖို့ ဘယ်လိုသတိပေးမလဲ။

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ ဖွဲ့စည်းထားတာကြောင့် တစ်နေ့တာမှာ လုံလောက်တဲ့ ရေဓာတ်ရဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် အများစုက တစ်နေ့တာ ရေလိုအပ်ချက်ကို ပြည့်မီအောင် မသောက်မိတတ်ကြပါဘူး။ ဒါကြောင့် ရေသောက်ဖို့ ကိုယ့်ကိုယ်ကို သတိပေးနေဖို့ လိုပါတယ်။ ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးက ဇီဝဖြစ်စဉ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ရေဓာတ်က လိုအပ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက် မရဘူးဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာပြီး ပါးစပ်ခြောက်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ နုံးတာ၊ မျက်တွင်းချောင်တာ၊ သွေးပေါင်ကျတာ၊ ရင်တုန်တာ၊ ကယောင်ကတမ်းတွေ ဖြစ်တာအထိ  ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ ရေဘယ်လောက် သောက်ကြမလဲ။ ဒါက သိပ်ကို ယေဘုယျ ဆန်တဲ့ မေးခွန်းပါ။ ပြောနေကျစကားကတော့ တစ်နေ့ကို ရေ၈ဖန်ခွက်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘီယာ သောက်ရင်း ကျန်းမာကြမယ်။

ဘီယာ သောက်ရင် ကောင်းတယ်လို့ ပြောလိုက်တော့ ဘီယာကြိုက်သူတွေအတွက်တော့ သတင်းကောင်းတစ်ရပ်လိုဖြစ်ပြီး အရမ်း ဝမ်းသာသွားမယ် ထင်ပါတယ်။ လူတွေက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကာလတွေကတည်းက ဘီယာကို သောက်သုံးခဲ့ကြတာပါ။ ဒီလို သိတ်အပန်းဖြေစရာ အနေနဲ့ သောက်သုံးနေကြတဲ့ ဘီယာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘီယာမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ။ အယ်လ်ကိုဟောပါတဲ့ သောက်စရာ တစ်မျိုးဖြစ်တဲ့ ဘီယာမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပရိုတင်း ကာဗိုဟိုက်ဒရိတ် နီကာဆင် Riboflavin ခိုလင်း ဖောလိတ် မဂ္ဂနီဆီယမ် ဖော့စဖရိတ် ဆီလီနီယမ် ဗီတာမင် B12 တို့ ပါဝင်နေပါတယ်။ ဘီယာ သောက်ရင်း ကျန်းမာကြမယ်။ ဘီယာသောက်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းပေးတယ်။ ဘီယာကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ

ဆောင်းရာသီက အေးအေးလေးနဲ့ ပတ်ဝန်းကျင်က ခြောက်သွေ့ သန့်ရှင်းနေပေမယ့် အေးလွန်းတာက ဗိုင်းရပ်စ်တွေရဲ့ သက်တမ်းကို ရှည်စေပြီး ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖြစ်တာကို ကာကွယ်ဖို့ ဘယ်လို လုပ်ရမလဲဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ အကြောင်း ပြောပြပေးမှာဖြစ်လို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ ဆောင်းရာသီမှာ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ သစ်တော်သီး သစ်တော်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အာဟာရ လုံလောက်ပြည့်ဝစွာ ရရှိစေတာကြောင့် ကိုယ်ခံအား ကောင်းစေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း