ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဩဇာသီး စားရင်း ကျန်းမာကြမယ်

ရာသီပေါ်စာ ဩဇာသီး စားရတာကို သဘောကျတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဩဇာသီးစားတာက ကျန်းမာရေးကို ထောက်ကူပေးသလို အသားအရေကိုရော ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဩဇာသီး စားရင်း ရရှိမယ့် ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဩဇာသီး ဆိုတာ ဩဇာသီး ဆိုတာ ဩဇာပင်ရဲ့ အသီးပါ။ ဩဇာသီးကအပြင်ခွံမှာ အဖုအချိုင့်လေးတွေပါပြီး အရောင်က အစိမ်းရောင်ပါ။ အတွင်းသားက တစ်ဆံချင်း ဖြူဖြူလေးတွေပါ။ အထဲမှာတော့ အမည်းရောင် အစေ့လေးတွေ ပါဝင်နေပါတယ်။ အရသာက ချိုချိုလေးပါ။ အသီးတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်တာပါ။ ဩဇာပင်က အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံက အပူပိုင်းဒေသမှာ ပေါက်ရောက်ပါတယ်။ ဩဇာသီးမှာ ပါတဲ့ အာဟာရဓာတ်တွေ ဩဇာသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အဆီဓာတ် ပရိုတင်းဓာတ် ကာဗိုဟိုက်ဒရိတ် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ

နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ ဆိုလို့ ခေါင်းမရှုပ်သွားပါနဲ့။ တကယ်တော့ ပြောချင်တာက နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံဆိုတာ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နှံစားသီးနှံတွေ နဲ့ အဆီများတဲ့ ပင်လယ်ငါးတွေ ပါဝင်အောင် စားသုံးတဲ့ စားသောက်မှုပုံစံကို ဆိုလိုတာပါ။ နှလုံးအတွက် အကျိုးရှိမယ့် စားသောက်မှုပုံစံပေါ့။ ဒီလို စားသောက်မှုမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားနဲ့ ဆားပါဝင်မှု များတဲ့ အစားအစာတွေကိုတော့ မထည့်သွင်းသင့်ပါဘူး။ အကြောင်းကတော့ ဒီအစားအစာတွေက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါ။ ဒီဆောင်းပါးလေးထဲမှာ နေ့စဉ်ဘဝမှာ ကျန်းမာပေါ့ပါးစွာ လှုပ်ရှားနိုင်စေဖို့အတွက် နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ အကြောင်းလေး ဝေမျှပေးချင်ပါတယ်။ နှလုံးကျန်းမာစေမယ့် စားသောက်မှုပုံစံ နှလုံး ကျန်းမာစေဖို့ ဆိုရင် နေ့စဉ် စားသောက်မှုကို အခုပြောပြမယ့် အချက်လေးတွေအတိုင်း လိုက်လုပ်ပေးရင်ရပါတယ်။ ထည့်သွင်းစားသုံးရမယ့် စားစရာတွေ နှလုံး ကျန်းမာစေဖို့ အတွက် နေ့စဉ် စားသုံးမှုမှာ […]


အားကစားသမားများအတွက်အာဟာရ

လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ရိုးရိုးရေသောက်သင့်လား၊ ဓာတ်ဆားရည်သောက်သင့်လား။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်များတဲ့အတွက် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ ဒီလိုပြန်ဖြည့်ဖို့အတွက် အများစုက ရေသောက်ကြပါတယ်။ တချို့ကလည်း ဓာတ်ဆားရည်သောက် ကြပါတယ်။ ဘယ်ဟာက ပိုပြီးသင့်တော်သလဲ။ ရေနဲ့ ဓာတ်ဆားရည်နဲ့ ဘာကွာသလဲ။ ရေနဲ့ ဓာတ်ဆားရည်ရဲ့ အဓိကာကွာခြားချက်က ဓာတ်ဆားပါဝင်မှုနှုန်းပါ။ ရေမှာလည်း ဆားဓာတ်တွေပါပေမယ့် ဓာတ်ဆားရည်မှာကျတော့ ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း အချိုးကျထည့်သွင်းထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဂလူးကို့စ်ပါ။ ဓာတ်ဆားရည်တချို့မှာ လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ပေးဖို့ ဂလူးကို့စ်ထည့်သွင်းထားတတ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးတွေ ဆိုရင်တော့ ဓာတ်ဆားရည်သောက်ဖို့ လိုအပ်ပါတယ်။ သာမန် ၁၀မိနစ်၊ ၁၅မိနစ်လောက်ပဲ လုပ်တဲ့ လေ့ကျင့်ခန်းတွေ၊ အပေါ့စား လေ့ကျင့်ခန်းတွေ၊ ချွေးလည်း သိပ်မထွက်တဲ့ လှုပ်ရှားမှုမျိုးတွေဆိုရင် ဓာတ်ဆားရည်အစား ရေသောက်တာက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းမျိုးတွေဆိုရင်တော့ ဓာတ်ဆားရည်သောက်တာက ပိုသင့်တော်ပါတယ်။ အချိန်ကြာကြာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီးစေ့ စားလို့ရလား

ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရတယ်ဆိုတာ လူတိုင်း သိထားပြီး ဖြစ်ပေမယ့် ကြက်မောက်သီးစေ့ကို စားလို့ရတယ်ဆိုတာကိုတော့ သိသူရှားမယ် ထင်ပါတယ်။ ကြက်မောက်သီးရဲ့ အသားလွှာကို စားလို့ရသလို ကြက်မောက်သီးစေ့ကိုလည်း စားလို့ ရပါတယ်။ ဒီတော့ ကြက်မောက်သီးစေ့ စားရင် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကြက်မောက်သီးစေ့ ဆိုတာ ကြက်မောက်သီးစေ့ ဆိုတာက အခွံပေါ်မှာ အမွှေးလေးတွေပါပြီး အနီရဲရဲလေးနဲ့ ခွာလိုက်ရင် အခဲက အသားလွှာ ဖြူဖြူလေးကို စားပြီးချိန်မှာ ထွက်လာတဲ့ အစေ့လေးပါ။ ကြက်မောက်သီးရဲ့ အစေ့ပေါ့။ ကြက်မောက်သီးစေ့မှာပါတဲ့ အာဟာရ ကြက်မောက်သီးစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် အဆီဓာတ် ပရိုတင်း Thiamine (ဗီတာမင် B1) Riboflavin (ဗီတာမင် B2) Niacin (ဗီတာမင် B3) […]


အာဟာရဆိုင်ရာ အချက်အလက်များ

Maple Syrup ကျန်းမာစေသလား

Maple Syrupက မြန်မာလူမျိုးတွေနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေနိုင်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးလေးတွေ ရှိနေတာမို့ ဗဟုသုတ ရအောင် နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ Maple Syrup ဆိုတာ ဘာလဲ။ ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ Maple Syrup ဆိုတာ ဘာလဲ Maple Syrupဆိုတာ Mapleပင်ကနေရတဲ့ အချိုဓာတ်ပါတဲ့ အစေးတစ်မျိုးပါ။ အပင်ရဲ့ ပင်စည်ကို အပေါက်ကလေး ဖောက်ပြီး ဒီအစေးကို ရယူတာပါ။ Maple ပင်က သူ့ရဲ့ ကစီဓာတ်ကို အမြစ်တွေ နဲ့ အကိုင်းအခက်တွေထဲမှာ သိုလှောင်ထားတတ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာပေါ့။ နွေဦးကာလ ရောက်တဲ့အခါ ဒီလို ကာလရှည်ကြာ စုဆောင်းထားတဲ့ ကစီဓာတ်တွေကို အချိုဓာတ်ပါတဲ့ အစေးတွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ ဒီအချိုဓာတ်ပါတဲ့ အစေးတွေကို ပင်စည်ထဲက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထင်းရှူးစေ့ဆန် ကပေးတဲ့ ကျန်းမာရေး

ထင်းရှူးသား၊ ထင်းရှူးဆီတွေကို ကြားဖူးနေပေမယ့် ထင်းရှူးစေ့ဆန် ကတော့ ကြားဖူးသူရှားမယ် ထင်ပါတယ်။ စားဖူးသူလည်း ရှားနိုင်ပါတယ်။ ဒါပေမယ့် ထင်းရှူးစေ့ဆန်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ထင်းရှူးစေ့ဆန် ဆိုတာ ထင်ရှူးစေ့ဆန် ဆိုတာက ထင်းရှူးသီးရဲ့ အဆန်ပါ။ အာဟာရ ပြည့်ဝတဲ့ အဆာပြေ စားဖွယ်တစ်မျိုးပေါ့။ အစိမ်း စားလို့ ရသလို လှော်စားလို့လည်း ရပါတယ်။ အသုပ်တွေထဲမှာ မြေပဲလိုမျိုး ထောင်းထည့်ပြီး စားလို့လည်း ရပါတယ်။ အာရှတိုက် မြောက်ပိုင်း၊ ဥရောပတိုက် မြောက်ဘက်ခြမ်း နဲ့ မြောက်အမေရိက ဒေသတွေမှာ ထင်ရှူးပင်တွေ ပေါက်ရောက်ကြပါတယ်။ နေရပ်ဒေသကို လိုက်ပြီး ထင်းရှူးသီး ပုံစံ မတူကြသလို အာဟာရတန်ဖိုးချင်းလည်း မဆိုစလောက် ကွာခြားမှု ရှိပါတယ်။ မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးနီဥဆဲလ်တွေ ကျန်းမာစေဖို့

သွေးနီဥဆဲလ်တွေ က ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေ နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေ ပို့ဆောင်ပေးဖို့နဲ့ ဆဲလ်တွေနဲ့ အဆုတ်တွေဆီကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကို သယ်ယူပေးဖို့ သွေးကြောတွေထဲမှာ လှည့်ပတ်နေပါတယ်။ အောက်ဆီဂျင်တွေက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့ လုပ်ဆောင်ပေးသလို ဆဲလ်တွေ ရှင်သန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ တကယ်လို့ ကိုယ်တွင်းမှာ သွေးနီဥဆဲလ်တွေ နည်းနေပြီဆိုရင် ဖြစ်ဖြစ်၊ သွေးနီဥဆဲလ်တွေက လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ရင် ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ အားနည်းလာပြီး အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်စေနိုင်ပါတယ်။ သွေးနီဥဆဲလ် ဆိုတာ သွေးနီဥဆဲလ် ဆိုတာက သွေးဖြူဥ၊ သွေးရည်ကြည်၊ သွေးဥမွှားတွေ နည်းတူ သွေးအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ သွေးနီဥဆဲလ်တွေထဲမှာ ဟီမိုဂလိုဘင်လို့ ခေါ်တဲ့ ပရိုတင်း တစ်မျိုး ပါဝင်နေပြီး အဆုတ်တွေ နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို […]


အားကစားသမားများအတွက်အာဟာရ

Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ..... လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား .......

Protein shake ဆိုတာက လေ့ကျင့်ခန်း လုပ်သူ Gym ဆော့သူတွေနဲ့ ရင်းနှီးပြီးသား စကားလုံးလေးတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က အဆီတွေ ကျပြီး ကြွက်သားတက်အောင်သောက်လေ့ရှိတဲ့ သောက်စရာလေး တစ်ခုပါ။ ဒီလို သောက်စရာလေးကို အချိန်မှန်မှန် ပမာဏ မှန်မှန် သောက်မှ ကြွက်သားတက်ပြီး ခန္ဓာကိုယ် အချိုးအစား လှပစေမှာပါ။ ဒီတော့ Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ..... လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား ....... ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ..... လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား ....... Protein shakeလေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ..... […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီး ကြိုက်သူတွေအတွက် သတင်းကောင်း

ပုံစံဆန်းဆန်းလေးကြောင့် ငယ်ငယ်ကလေးဘဝကတည်းက နှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တဲ့ သစ်သီးလေး တစ်မျိုး ရှိပါတယ်။ ဒါကတော့ နုစဉ်မှာ အစိမ်းရောင်လေး ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ နီနီရဲရဲလေး ဖြစ်လာပြီး အခွံပေါ်မှာ အမွှေးလေးတွေ ပေါက်နေတာလေးက ကတုံးဆံပင်ပေါက်လေးလိုလို ချစ်စရာကောင်းတဲ့ ကြက်မောက်သီး ပါ။ အခွံကို နွှာပြီး အထဲက အဖြူရောင်အသီးရဲ့ အသားလွှာချိုချိုလေးကလည်း စားရတာ အတော်လေး အရသာရှိပါတယ်။ သစ်သီးတွေ အများကြီး ရှိတဲ့အထဲကမှ အကြိုက်ဆုံး အသီးလေးက ကြက်မောက်သီးလေးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ကြက်မောက်သီးမှာ ပါတဲ့ အာဟာရတွေနဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကြက်မောက်သီး ဆိုတာ ကြက်မောက်သီး ဆိုတာက အရှေ့တောင်အာရှ ဒေသမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပေ ၈၀ (၂၇ မီတာ ) အမြင့်ရှိပြီး […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း