အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

ကျန်းမာစွာ စားသောက်ခြင်း

ကာဗိုဟိုက်ဒရိတ် ဆိုတိုင်း ရှောင်ရမှာလား

ကာဗိုဟိုက်ဒရိတ် တွေဟာ ကျန်းမာတဲ့စားသောက်မှုပုံစံမှာ မရှိမဖြစ်ပါဝင်တဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမယ့် ကာဗိုဟိုက်ဒရိတ်တွေအားလုံးတော့ အရည်အသွေးနဲ့အကျိုးပြုပုံချင်းမတူကြပါဘူး။ လူတွေက ကာဗိုဟိုက်ဒရိတ် တွေကိုလျှော့စားရမယ်လို့ပဲသိထားကြပါတယ်။ အထူးသဖြင့် ဝိတ်ချချင်တဲ့သူတွေပေါ့။ တကယ်တမ်း အမျိုးအစားမတူတဲ့ကာဗိုဟိုက်ဒရိတ်တွေရှိနေတာကို သတိမထားမိကြပါဘူး။ ဒါ့ကြောင့် ကိုယ်စားသုံးမယ့်အာဟာရတွေထဲမှာ ကာဗိုဟိုက်ဒရိတ်တွေကို မှန်ကန်အောင်ရွေးချယ်နိုင်ဖို့ ဒါလေးတွေသိထားသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ် ရိုးရိုးလား၊ အရောလား carbs လို့ခေါ်ကြတဲ့ ကာဗိုဟိုက်ဒရိတ် တွေက ခန္ဓါကိုယ်ရဲ့ပင်မခွန်အားအရင်းအမြစ်ဖြစ်ပြီး ညီညွတ်မျှတတဲ့စားသောက်မှုပုံစံတိုင်းမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်အဓိကအမျိုးအစား(၃) မျိုးက သကြားဓါတ်၊ ကစီဓါတ်နဲ့ အမျှင်ဓါတ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဓါတုဖွဲ့စည်းမှုနဲ့ ခန္ဓါကိုယ်တုံ့ပြန်မှုတွေကို အခြေခံပြီး ရိုးရိုးလား၊ အရောလား ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် အစားအသောက်အများစုမှာ ကာဗိုဟိုက်ဒရိတ်တစ်မျိုးနဲ့အထက် ပါဝင်နေတတ်တာကြောင့် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီတာ၊ မညီတာကိုရွေးချယ်ဖို့သိပ်မလွယ်နိုင်ပါဘူး။ ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေကချေဖျက်ရလွယ်ကူတဲ့ ခွန်အားအရင်းအမြစ်ဖြစ်တဲ့ အခြေခံသကြားဓါတ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ သန့်စင်၊ပြုပြင်ထားတဲ့သကြားတွေကို သကြားလုံးတွေ၊ မုန့်တွေနဲ့ အချိုရည်တွေမှာ သုံးကြပေမယ့် ဒီလိုသကြားဓါတ်တချို့က အသီးတွေနဲ့ နို့မှာလိုမျိုး သဘာဝအတိုင်းပါဝင်နေတတ်တာဖြစ်ပါတယ်။ ဂျုံကြမ်း၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော်

အသက်အရွယ်ကြီးရင့်လာလေ ဇရာကြောင့် ခန္ဓါကိုယ်မှာ ချို့ယွင်းပျက်စီးတာတွေက များလာလေလေပါ။ ဒါကြောင့် ဂရုစိုက်နိုင်မှာတော်ကာကျမယ့်အချိန်ဖြစ်လာတာပါ။ အသက် ၃၀ကျော်လာတဲ့အခါ အသားအရေက စလို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေတိုင်း အားလုံးနီးပါးကိုသေချာထိန်းသိမ်းဖို့လိုလာမှာပါ။ တကယ်လို့များသေချာဂရုမစိုက်မိဘူးဆိုရင် အရွယ်မတိုင်ခင်အိုမင်းမှုက မဖိတ်ခေါ်ဘဲ သင့်ဆီကိုပျော်ပျော်ကြီးရောက်လာနိုင်ပါတယ်။ ဒီတော့ ဇရာကြောင့်ဖြစ်တဲ့ အိုမင်းမှုကို အချိန်မတိုင်ခင်ရောက်မလာစေဖို့ ဒါလေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။ အသက် ၃၀ကျော်ရင် ဒါတွေမစားနဲ့တော့နော်လေဒီ အသက် ၃၀ကျော်လာပြီဆိုရင် နုပျိုမှုတွေက အလိုလိုပျောက်ကွယ်သွားတော့မှာပါ။ ဒါကြောင့် အချိန်မတိုင်ခင်အိုမင်းမှုကနေ ကာကွယ်တဲ့အနေနဲ့ ဒီအစားအစာတွေကို မစားဖို့လေဒီလေးတို့ကို သတိပေးပါရစေနာ်။ အချိုပါတဲ့ ဒိန်ချဉ် ဒိန်ချဉ်က ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပေမယ့် အသက် ၃၀ကျော်လာပြီဖြစ်တ့လေဒီလေးအတွက်တော့ အချိုကဲနေတဲ့ ဒိန်ချဉ်တွေက အရေးအကြောင်းတွေဖြစ်စေဖို့ အားဖြည့်ပေးနိုင်တာကြောင့်ဖြစ်နိုင်ရင် မစားကြဖို့ သတိပေးချင်ပါတယ်။ အချိုကဲလေလေ အသားအရေတင်းရင်းမှုကို ထိခိုက်စေလေလေပါ။ ဒါကြောင့် အချိုပါတဲ့ ဒိန်ချဉ်၊ရေခဲမုန့်တို့ကို မစားပါနဲ့။ ဆီသွတ်ဗူးတွေ ၂၀၁၃ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရ ဆီသွတ်ဗူးတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကင်ဆာကုထုံးခံယူနေသူတွေ စားသင့်တဲ့အာဟာရ (၇) မျိုး

ကင်ဆာကုထုံးခံယူနေတဲ့ကာလအတွင်းမှာ အရေးကြီးတာက ကုသနေတဲ့ဆေးဝါးတွေကို ခံနိုင်ရည်ရှိဖို့၊ ကျန်းမာအားပြည့်နေဖို့၊ သက်တောင့်သက်သာရှိဖို့၊ တခြားရောဂါတွေကင်းဖို့(ကိုယ်ခံအားကောင်းဖို့)ဖြစ်ပါတယ်။ ဒါမှ ကုထုံးရဲ့ထိရောက်မှုကို အပြည့်အဝရရှိနိုင်မှာပါ။ ကင်ဆာကုထုံးတွေခံယူနေတဲ့အချိန် ဒါလေးတွေ စားလို့ သင့်တော်နိုင်ပါတယ်။ (၁) မုန်လာဥနီ (ကုထုံး ပိုထိရောက်စေဖို့) ကင်ဆာလူနာတွေအတွက် အကြံပြုကြတဲ့ စားသောက်မှုပုံစံတိုင်းမှာ မုန်လာဥနီပါဝင်လေ့ရှိပါတယ်။ မုန်လာဥနီ၊ တရုတ်နံနံတို့မှာပါတဲ့ဒြပ်ပေါင်းတချို့က ကင်ဆာကုထုံးကိုအနှောင့်အယှက်ပေးနိုင်တဲ့အရာတွေ၊ လုပ်ဆောင်ချက်တွေကို တားဆီးပေးပြီး ဓါတုကုထုံးကို ထိရောက်မှုပိုရှိအောင်ထောက်ပံ့ပေးနိုင်ပါတယ်လို့ နယူးဇီလန်သုတေသနကဖော်ပြထားပါတယ်။ ဒါ့ကြောင့် ဒီဓါတ်စာကို မကြာခဏစားပေးရင် ကုထုံးကို ရလဒ်ပိုကောင်းစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ (၂) ငှက်ပျောသီး (ဝမ်းပျက်ခြင်းကို ကုသဖို့) ဆန်၊ငှက်ပျောသီး၊ အပူပေးထားတဲ့ပန်းသီး(ပန်းသီးအဆီအနှစ်)နဲ့ပေါင်မုန့်မီးကင် ဆိုတဲ့အတွဲအစပ်က ဝမ်းပျက်ဝမ်းလျှောခြင်းအတွက်ဓါတ်စာပါ။ ကင်ဆာကုထုံးကြောင့် ဝမ်းပျက်ခြင်းကို သက်သာစေနိုင်ပြီး ဝမ်းကိုခဲစေပါတယ်။ အဆီများတဲ့အစားအစာတွေ၊ အသီးအနှံတွေက ဝမ်းပျက်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။ (၃) ဂျုံကြမ်းနဲ့လုပ်တဲ့ စားစရာတွေ (ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့) ဝမ်းချုပ်နေတယ်ဆိုရင်တော့ရေများများသောက်ပါ။ ဂျုံကြမ်းပေါင်မုန့်၊ကွေကာ၊ သစ်သီးခြောက်၊ ပဲ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခန္ဓာကိုယ်က နာကျင်မှု ကို အထိရောက်ဆုံးသက်သာစေမယ့် အစားအစာ (၅) မျိုး

နာကျင်မှုကြောင့် တစ်နေ့တာမှာ စိတ်ရှုပ်နေရပြီလား။ ရောင်ရမ်းမှုတွေကြောင့် နာကျင်မှုတွေနဲ့ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ကဲ နာကျင်မှုခံစားနေရတဲ့ Helloဆရာဝန်ပရိသတ်ကြီးရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ နာကျင်မှု ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အဆစ်အမြစ်တွေ ရောင်ရမ်းတာကြောင့် နာကျင်တာ၊ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ နာကျင်တာအပါအဝင် ထိခိုက်မှုတွေကြောင့် နာကျင်တာတွေကို ခံစားရနိုင် ပါတယ်။ နာကျင်မှု တွေ သက်သာစေဖို့ ဘာစားရမလဲ…………….. နာကျင်မှုကို အစားအသောက်ကနေတဆင့် ကုစားလို့ရပါတယ်။ ကဲ…ခံစားနေရတဲ့ ခန္ဓာကိုယ်နာကျင်မှုသက်သာဖို့ ဘာတွေစားပေးရမလဲ ဆက်ကြည့်လိုက်ရအောင်လား။ (၁) လက်ဖက်စိမ်းရေနွေးကြမ်း နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အကောင်းဆုံးသောစားစရာတွေထဲကတစ်ခုပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက နာကျင်တာကိုပဲ သက်သာစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်တာပါ။ နေ့တိုင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ လက်ဖက်စိမ်းရဲ့အခြားကျန်းမာရေး အာနိသင်တွေအနေနဲ့ကတော့ ကင်ဆာ ကာကွယ်ပေးနိုင်တယ်၊ ဗိုက်အဆီကျစေနိုင်တယ်၊ စိတ်ဓာတ်ကျနိုင်ခြေနည်းစေတယ်၊ စသဖြင့် အကျိုးပြုတာတွေရှိပါတယ်။ ဒါကြောင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓါတ်ခမ်းခြောက်နေပြီလားဆိုတာ သင် ဘယ်လိုသိနိုင်မလဲ

တစ်နေ့တာ ရေကိုလုံလောက်စွာ မရတဲ့အခါ ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အသက်ရှူစနစ်၊ အစာခြေစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို ရရှိဖို့လိုအပ်ပါတယ်။ ပူလွန်းတဲ့နေ့မှာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်လွန်းတဲ့အခါ ချွေးထွက်ပြီး ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးပါတယ်။ ဖျားနာေနတဲ့အချိန်၊ အန်နေတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အချိန်မှာလည်း ရေဓါတ်နည်းသွားပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို အမြဲကိုယ့်ဘက်က ပြန်လည်ဖြည့်တင်ပေးနေဖို့ လိုအပ်တယ်နော်။ လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။ ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက် ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား

ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ခန္ဓါကိုယ်ကျန်းမာဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်ပေးဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ လိုတာထက်ပိုပြီး ရေများများသောက်မိရင်လည်း ကိုယ်ခန္ဓါအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။ ရေလုံလောက်စွာ သောက်ပေးရင် ခန္ဓါကိုယ်အတွက် ဘာအကျိုးရှိနိုင်လဲ။ အသားအရေကို ကြည်လင်ဝင်းပစေတယ်။ ဖျားနာဝေဒနာကို သက်သာစေပြီး အဖျားတာတိုစေတယ်။ ကိုယ်အလေးချိန်ကို ကျစေတယ်။ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေတယ်။ ကြွက်သားတွေကို အားဖြည့်ပေးတယ်။ စိတ်အာရုံကြည်လင်စေတယ်။ လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။ ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက် ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ ၄နှစ်မှ ၈နှစ်အတွင်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကို ဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ ။ ။

ကြွက်သားတက်အောင် ကြိုးစားနေတဲ့သူတိုင်း ပရိုတင်းshake ဆိုတာကို သိကြမှာပါ။ ပိန်ရာကနေ ဘော်ဒီတောင့်အောင်လုပ်ပေးတဲ့နေရာမှာ ပရိုတင်း shake တွေ ကဆရာကြီးလေ။ ဒီလို သောက်လိုက်ရင် ကြွက်သားတက်အောင် လုပ်ပေးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုအချိန်တွေမှာ သောက်ရမယ် ဆိုတာများရှိဦးမလား။ ြကွက်သားတက်ချင်ရင် အသားတွေ စားပေးရင် မရဘူးလား။ ကြွက်သားတက် ဗလတောင့်ချင်ရင် လိုအပ်တဲ့ပရိုတင်းကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ကြွက်သားတက်ချင်ရင် ပရိုတင်းစားပေးဖို့လိုတယ်ဆိုတာ မှန်ပေမယ့် နည်းသွားရင် အကျိုးမရှိတာမျိုး မဖြစ်တော့သလို များလွန်းပြီး အရမ်းကြွက်သားကြီးနေတာမျိုး မဖြစ်ရအောင် မှန်ကန်တဲ့ ပမာဏတော့ ဖြစ်ဖို့လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီလိုမှန်ကန်တဲ့ ပရိုတင်းပမာဏကို စားဖြစ်ဖို့ဆိုတာ အပြောကသာ လွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ကြည့်ရင် မလွယ်ကူလှပါဘူး။ အသားတွေစား ပဲတွေစား ဘယ်လောက့်ပဲ ပြောပြော ချက်လိုက်တာကြောင့် အနည်းငယ်လျော့သွားမယ့်ပရိုတင်းတွေရယ်၊ ချက်ဖို့ပြုတ်ဖို့ မအားလပ်တာရယ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အခါးစားပေးသင့်တဲ့ အကြောင်းအရင်း

အစားအသောက်တွေဆိုရင် အနံ့အရသာနဲ့ပြည့်စုံမှစားတတ်တယ်၊ ချဉ်၊ငန်၊စပ် ဒါမှမဟုတ် ချိုတဲ့အရသာလေးကိုမှ ကြိုက်တယ်ဆိုရင်တော့ဆေးဖြစ်ဝါးဖြစ်အနေနဲ့ အခါးလေးနည်းနည်းလောက်စားပါ၊ လို့ပြောပါရစေနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးထားတာမို့ ဖတ်ကြည့်ဖို့ပြောပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ....... အခါးစားပေးသင့်တဲ့အကြောင်းအရင်း အခါးကိုနေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်မှာ ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကတော့ အခါးဓါတ်က ခန္ဓါကိုယ်ကျန်းမာဖို့အတွက် လိုအပ်လို့ပါ။ အခါးစားပေးတဲ့အခါ အစာခြေစနစ်ကျန်းမာမယ် အခါးဓါတ်က အစာခြေစနစ်ထဲမှာရှိတဲ့ အဆိပ်အတော်တွေကိုဖယ်ရှားပေးပါတယ်။ အစာခြေရည်တွေဖြစ်တဲ့ တံထွေးအပါအဝင် အစာအိမ်ကအက်ဆစ်တွေဖြစ်ပေးအောင်လှုံ့ဆော်ပေးပါတယ်။ သည်းခြေရည်ကိုဖြစ်ပေါ်စေနိုင်ပြီး အသည်းက အဆီတွေချေဖျက်မှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရတာလွယ်ကူစေပြီး ခန္ဓါကိုယ်ကို လိုအပ်တဲ့ အာဟာရတွေပြည့်ပြည့်ဝဝစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အာဟာရစုပ်ယူမှု အားကောင်းစေမယ် အစာခြေအင်ဇိုင်းကို ပိုမိုထုတ်လုပ်နိုင်စေပြီး စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်စေတာကြောင့် အာဟာရချို့တဲ့တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓါတ်၊ ဗီတာမင် B12၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ညညအိပ်ခါနီး ဗိုက်ဆာတတ်လို့ စိတ်ညစ်နေပါသလား။

တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ည အိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက်စားရင် ဝိတ်တက်မယ်ဆိုတာလည်းသိတယ် ဗိုက်ကဆာနေတော့ မစားဘဲနေရင်လည်း အိပ်လို့ကမရ၊ ဒီနေ့စားလိုက်ရင် နောက်ရက် ဒီအချိန်ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေစားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက်ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော် ။ အိပ်ခါနီးတိုင်း အစားစားတတ်တဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် နည်းလမ်းတွေ ။ ( ၁ ) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာ ပရိုတင်း အဓိကပါပါစေ။ ပရိုတင်းက ကစီဓာတ်ထက်စာရင် အဆီစုခြင်းကိုလည်း မဖြစ်စေဘူး စားထားရင်လည်း အဆာခံစေတာကြောင့် တစ်နေ့တာလုံး စားထားတဲ့အစားအစာတွေက ပရိုတင်းဓာတ်ကြွယ်ဝနေဖို့ အရေးကြီးပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အနီရောင်အသားတွေ၊ ပဲ အမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ ( ၂ ) အိပ်ချိန်မှန်ပါစေ။ ညဘက်အိပ်ရာဝင်တာနောက်ကျတဲ့အခါ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားလည်း မလျှော့ဘဲနဲ့ မနက်ဆို ဘာ့ကြောင့် ဗိုက်တွေဆာပြီး နိုးလာရတာလဲ ။ ။

အစားလျှော့နေလို့ ညစာမစားလို့ မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတယ်ဆို ထားပါတော့။ ခုဟာက ပုံမှန်လည်းစားနေရက်သားနဲ့ မနက်မျက်လုံး ပွင့်လာတာနဲ့ ဗိုက်ကြီးက ဟာတာတာနဲ့ ဆာနေတယ်ဆိုတာ ဘာတွေကြောင့် ဖြစ်ရတာလဲ။ အစာအိမ်ရောဂါများရနေပြီလား ။ ။ အများအားဖြင့် ပုံမှန် ဗိုက်အဆာဆုံးအချိန်က ညနေခင်းပါ။ ဗိုက်ဆာမှု အနည်းဆုံး အချိန်တွေကတော့ မနက်ခင်းနဲ့ ညပိုင်းအချိန်တွေပါ။ ဒါပေမယ့် တချို့လူတွေအတွက်တော့ ဒီ အနည်းဆုံးဖြစ်တဲ့ ညသန်းခေါင်းကျော်နဲ့ မနက်အစောပိုင်း အချိန်တွေမှာ ဗိုက်ဆာတာမျိုးဖြစ်တတ်တာက ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။ ( ၁ ) အိပ်ရာမဝင်ခင် အစားတွေ အများကြီးစားထားလို့ပါ။ အိပ်ရာဝင်ခါနီး ၁ နာရီ ၂ နာရီလောက်အလိုမှာ သရေစာဖြစ်ဖြစ်၊ ဗိုက်ပြည့်အောင်ဖြစ်ဖြစ် တင်းနေအောင် စားလိုက်ရင် မနက်နိုးလာတဲ့အချိန် ဗိုက်ဆာနေတော့မှာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း