အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးတိုးကိုပါ ထိန်းညှိပေးတဲ့ ဖရဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

အရည်ရွှမ်းတဲ့ ဖရဲသီးကို အနီပဲဖြစ်ဖြစ် အဝါပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြတဲ့သူ များပါတယ်။ ရေဓာတ်ပြည့်ဝစေတဲ့အပြင် ဘီတာကယ်ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ်တွေကြွယ်ဝလို့ သူ့ရဲ့ အာဟာရတန်ဖိုးက မသေးလှပါဘူး။ ဖရဲသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့အော်ဂင်းနစ်ဒြပ်ပေါင်းတွေအပြင် ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် ဘီဆစ်နဲ့ ကာရိုတီးနွိုက်နဲ့ အပင်ထွက်အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။ ဒီလောက် ပါဝင်မှုများတဲ့အသီးက ဘာကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလဲဆိုတာကြည့်ရအောင်။ ၁) ကျောက်ကပ်ရောဂါတွေကို ကုသနိုင်တယ် ဖရဲသီးမှာ ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးရာမှာ အစွမ်းထက်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုများပါတယ။ ဒါ့အပြင် သွေးတွင်း ယူရစ်အက်စစ်ပါဝင်မှုကိုလျော့နည်းစေတာ ကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုုဖြစ်နိုင်ခြေနည်းစေပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားလို့ဆီးရွှင် စေပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကိုကောင်းစေပါတယ်။ ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျောက်ကပ်ကောင်းစေဖို့ အချိန်အတော်ကြာအထောက်အကူပေးနိုင်ပြီး အရေပြားပေါ်က အစက်အပျောက်တွေနဲ့ အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ၂) အပူရှပ်ခြင်းကိုကာကွယ်ပေးတယ် ဖရဲသီးဟာ ခန္ဓာကိုယ်အပူချိန်နဲ့သွေးဖိအားကို လျော့ကျစေနိုင်တဲ့အစွမ်းရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဖိုးတန်နှလုံးလေးကျန်းမာစေဖို့ ဘာတွေစားမလဲ.....

နှလုံးစည်းချက်သံလေးကို မှန်မှန်လေးကြားနေရတာက ရှင်သန်မှုရှိနေတယ်ဆိုတဲ့ လက္ခဏာပါ။ လူတစ်ယောက်ရဲ့ ရှင်သန်မှုအတွက် နှလုံးကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ဒါကြောင့် နှလုံးကျန်းမာရေးကို သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ နှလုံးကျန်းမာစေဖို့ နေ့စဉ်နေထိုင်မှုပုံစံကိုဂရုစိုက်ဖို့လိုသလို အစားအသောက်ကိုလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ဒီတော့ နှလုံးကျန်းမာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ........ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ နှလုံးကျန်းမာစေဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံကို မှန်ကန်စေဖို့အတွက် ဒီအချက်တွေကို အလေ့အထလိုဖြစ်လာအောင် ပျိုးထောင်ဖို့လိုပါမယ်။ ဆေးလိပ်ဖြတ်ပါ သွေးတွင်းကိုလက်စထရောပုံမှန်စစ်ပါ သွေးတိုးထိန်းညှိပါ သွေးချိုထိန်းညှိပါ ကိုယ်အလေးချိန်ထိန်းပါ နေ့စဉ်လှုပ်ရှားမှုရှိပါစေ စိတ်ဖိစီးမှုဖြေလျော့ပါ အာဟာရသင့်တင့်မျှတအောင်စားပါ စတဲ့အလေ့အထတွေကို ပျိုးထောင်ပေးပါ။ နှလုံးကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေ ကျန်းမာတဲ့လူနေမှုပုံစံအတွက်အရေးပါတဲ့ နှလုံးလေးကျန်မးာစေဖို့ဆိုရင်တော့ ကညွတ် ဖောလိတ်ကြွယ်ဝစွာပါဝင်နေတဲ့ သဘာဝဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ကိုယ်တွင်းမှာ နှလုံးထိခိုက်စေနိုင်တဲ့ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေ စုပုံမှုမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ လေဖြတ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကင်းစေဖို့ စားပေးသင့်ပါတယ်။ ပဲအမျိုးမျိုး ပဲအမျိုးမျိုးက သွေးတွင်းကအကျိုးမပြုကိုလက်စထရော (LDL) ကိုကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓါတ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သလဲသီးစားရင် အစေ့ကိုထွေးမပစ်သင့်တဲ့ အကြောင်းရင်း (၁၅) ချက်

နေပူပူမှာ ရင်အေးစေတဲ့ သလဲသီးလေးကို စားတဲ့အခါ အရည်ပဲစုပ်ပြီး အစေ့ကိုပြန်ထွေးပစ်ကြတာလား။ တကယ်တော့ နှမျောဖို့ကောင်းပါတယ်နော်။ အရည်နဲ့အစေ့မှာပါတဲ့ အစွမ်းအာနိသင်တွေကို အကုန်ရနိုင်ဖို့က ဖျော်ရည်အဖြစ် ကြိတ်သောက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ သလဲသီးရဲ့အချိုရည်ထဲမှာ အပင်ထွက်ဓာတုပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော်ပါဝင်တာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ဆေးဖက်ဝင်ပစ္စည်းအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။ ကနေ့ခေတ်မှာလည်း သလဲသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း သုတေသနတွေပြုလုပ်ခဲ့ကြပြီးနောက် ၎င်းက ကင်ဆာကာကွယ်နိုင်၊ ကိုယ်ခံအားကို ကောင်းစေပြီး သားသမီးရရှိနိုင်ဖို့လည်း အထောက်အကူပြုတယ်လို့ တွေ့ရှိရပါတယ်။ သလဲသီးရဲ့ အကျိုးကျေးဇူးတွေကတော့ - ၁) ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတယ် သလဲသီးရဲ့အစေ့တွေမှာ ပိုလီဖနောဓာတ်တွေပါတာကြောင့် အနီရဲရဲအရောင်ရှိပါတယ်။ သည်ဓာတ်တွေက အစွမ်းထက်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။ သလဲသီးမှာ တခြားသစ်သီးဖျော်ရည်တွေမှာထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုပိုများပြီး ဝိုင်နီနဲ့ လက်ဖက်စိမ်းတို့မှာထက်လည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း သုံးဆပိုများပါတယ်။ သူ့မှာပါတဲ့ သည်ဓာတ်တွေက free radicals တွေကို ဖယ်ရှားပေးပြီး ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးတဲ့အပြင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ၂) ဗီတာမင် C များတယ် သလဲသီးတစ်လုံးစာ ဖျော်ရည်မှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ကျန်းမာရေးကောင်းစေမည့် အစားအသောက်များ

သက်ရှည်ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို သင့်တင့်မျှတစွာ ရွေးချယ်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်အမျိုးမျိုးနဲ့ ပရိုတိန်းစတာတွေ မျှတအောင် လတ်ဆတ်တဲ့ အသီးအရွက်များ၊ သားငါးများ၊ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်များ စတာတွေကို ရွေးချယ်စားသုံး ကျန်းမာရေးကို အထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမကဘဲ စိတ်ပိုင်းဆိုင်ရာအတွက်လည်း ပါဝင်ပါတယ်။ ဦးနှောက်ဟာ တခြားသော ကိုယ်တွင်းအင်္ဂါတွေလိုပဲ သင်စားသောက်လိုက်တဲ့အရာတွေအပေါ် တုံ့ပြန်မှု ပြုလုပ်ပါတယ်။ ဦးနှောက်ဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေကို အပြည့်အဝထမ်းဆောင်နိုင်ဖို့ ဗီတာမင်အမျိုးမျိုး၊ သတ္တုဓာတ်နဲ့ တခြားအာဟာရမျိုးစုံ နေ့စဉ်လိုအပ်ပါတယ်။ အဆိုပါအာဟာရဓာတ်တွေ ရသင့်သလောက်မရရင်တော့ ဦးနှောက်ရဲ့လုပ်ငန်းတာဝန်တွေ ချို့ယွင်းပြီး စိတ်ကျန်းမာရေး ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဘာတွေလိုအပ်သလဲ.......... ဗီတာမင်၊ သတ္တုဓာတ်နှင့် ကာဘိုဟိုက်ဒရိတ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ မရှိမဖြစ်အရေးကြီးပါတယ်။ အထူးသဖြင့် ဗီတာမင် စီ၊ ဗီတာမင် ဒီနဲ့ ဗီတာမင် ဘီအုပ်စုတွေ ပါဝင်ပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးမည့် အစားအစာများ

ပထမဆုံး ဆီရိုတိုနင်ဆိုတဲ့ ဟော်မုန်းအကြောင်း ရှင်းပြလိုပါတယ်။ ဆီရိုတိုနင်ဆိုတာဟာ စိတ်ကိုတည်ငြိမ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်ပိုင်းဆိုင်ရာကိုရော အပြုအမူကိုပါ သက်ရောက်မှု ရှိပါတယ်။ ဆီရိုတိုနင်ပမာဏကို မြင့်တက်လာစေပြီး အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tryptophan ကို စားသုံးနိုင်ပါတယ်။ tryptophan ကနေ ဆီရိုတိုနင်ကို ဖွဲ့စည်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအားဖြင့်လည်း ဆီရိုတိုနင်ပမာဏကို မြင့်တက်လာအောင် tryptophan ပါဝင်တဲ့အစာတွေ စားသုံးနိုင်ပါတယ်။ Tryptophan နည်းပါးတဲ့အခါ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုအခြေအနေမှာtryptophan ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီး ဆီရိုတိုနင်ပမာဏကို မြှင့်တင်ပေးသင့်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဆီရိုတိုနင်ဓာတ်ကို ပိုမိုကြွယ်ဝစေမယ့် အစားအစာတွေပဲ ဖြစ်ပါတယ်။ ၁။ ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ပရိုတိန်းဟာ သွေးထဲမှာပါဝင်တဲ့ tryptophan ပမာဏကို မြင့်တက်စေတယ်လို့ သုတေသနစာစောင်တွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘယ်လောက်စားစား ဗိုက်မဝဘဲ အမြဲဆာနေတာ ဘာလို့လဲ

ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကနေ အစာလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ လူက ဗိုက်ဆာလာပြီဆိုရင် ဝမ်းဗိုက်ကထဲကနေ ဂွီဂွီနဲ့ အသံတွေထွက်နေမယ်၊ စိတ်တိုဒေါသဖြစ်မယ်၊ ဘာကိုမှ အာရုံစုစည်းလို့မရတော့ဘဲ ခေါင်းကိုက်နေမှာပေါ့။ ပုံမှန်လူတစ်ယောက်က အစာစားပြီး နောက်တစ်ကြိမ်ထပ်မစားခင်အထိ နာရီတော်တော်များများ နေနိုင်တယ်ဆိုပေမဲ့ တချို့လူတွေမှာတော့ ဘယ်လောက်ပဲစားစား ဗိုက်ကဝသွားတယ်လို့ကို မခံစားရဘဲ တစ်ခုမဟုတ် တစ်ခု ရေခဲသေတ္တာထဲကနေ လိုက်ရှာပြီး ပါးစပ်ထဲထည့်ဝါးလိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းရင်းတွေကြောင့် ခဏခဏဗိုက်ဆာတတ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ ပရိုတင်းဓာတ် လုံလောက်စွာ မစားသုံးခြင်း ပရိုတင်းဓာတ်လို့ ခေါ်တဲ့ အသားဓာတ်ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြွက်သားထုတည်ဆောက်ခြင်းနဲ့ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ တစ်နေ့တာကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ဗိုက်ကိုပြည့်ဝစေပြီး အစာခဏခဏ စားချင်စိတ်ကို ဖြစ်စေတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရပ်ရှည်ဖို့ ဘာတွေစားမလဲ

လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ သက်ရောက်နေတဲ့အချက်တစ်ခုရှိတယ်။ ဒါကတော့ အရပ်ပေါ့။ အရပ်မြင့်တာကလည်း လူကိုစမတ်ကျစေတဲ့ အချက်တွေထဲက တစ်ခုပါ။ ဒီတော့ အရပ်မြင့်အောင် ကလေးကိုဘာတွေကျွေးရမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အရပ်မြင့်တာက ဗီဇနဲ့ဆိုင်လား........ လူတစ်ယောက်ရဲ့ အရပ်နိမ့်တာ၊ မြင့်တာအပေါ်မှာ မျိုးရိုးကတော်တော်လေး သက်ရောက်မှုရှိတယ်ဆိုပေမယ့် သင့်တင့်တဲ့အရပ်အမြင့်ရရှိစေဖို့အတွက်ကတော့ အာဟာရမျှတမှုရှိဖို့လည်း လိုပါမယ်။ အရပ်မြင့်ဖို့အတွက်အရေးပါတဲ့အချက်တစ်ခုကလည်းရှိပါသေးတယ်။ ဒါကတော့ ကျန်းမာတဲ့အရိုးဖွဲ့စည်းမှုရှိဖို့ပါ။ လူတစ်ယောက်အရပ်မြင့်ဖို့အတွက်က ပရိုတင်း၊ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို သင့်တင့်မျှတစွာရရှိဖို့လိုအပ်ပါမယ်။ အရပ်မြင့်အောင် ဘာတွေစားမလဲ......... အရပ်မြင့်စေဖို့ဆိုရင်တော့ ပရိုတင်း ပရိုတင်းကိုနေ့စဉ်လုံလောက်အောင် စားသုံးမှုက အရပ်မြင့်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်း က နို့နဲ့နို့ထွက်ပစ္စည်းတွေများများကျွေးပေးပါ။ နို့ကနေရတဲ့ ပရိုတင်းက အရပ်မြင့်စေဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအရွယ်ကတည်းက ပရိုတင်းပြည့်ဝမှုကို ဂရုစိုက်ပေးပါ။ ဗီတာမင် C အရိုးတွေကျန်းမာစေဖို့နဲ့ အရပ်မြင့်စေဖို့ အရေးပါတဲ့ ဗီတာမင် တစ်ရပ်ပေါ့။ တွယ်ဆက်တစ်ရှုးတွေ၊ အရွတ်နဲ့ အရွတ်တွဲတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေမကောင်းဖြစ်နေချိန် သောက်သင့်တဲ့ အားဖြည့်ဖျော်ရည်တွေ

ခုလိုရာသီဥတုက လူတော်တော်များများ ဖျားနာနေမကောင်းဖြစ်တတ်ကြတာ သတိထားမိမှာပါ။ လေထဲမှာက ရောဂါပိုးမွှားတွေ အမြဲပျံ့နှံ့နေတာဆိုတော့ ဘယ်လောက်ပဲ ကျန်းမာပြီး ဒေါင်ဒေါင်မြည်နေတဲ့သူပဲဖြစ်ဖြစ် တစ်ခေါက်လောက်ကတော့ ဖျားလိုက်ကြတာပါပဲ။ ဖျားတော့ဘာဖြစ်မလဲ၊ နောက်ဆက်တွဲအနေနဲ့ ကိုယ့်အလုပ်၊ တာဝန်၊ ပညာရေးကို ထိခိုက်လာမယ်၊ ဖျားတဲ့သူရော၊ မိသားစုဝင်တွေပါ စိတ်ရောကိုယ်ပါ ဒုက္ခရောက်ရတယ်နော်။ ဒီလိုမျိုးဖျားနေတဲ့အချိန်မှာ အစာစားချင်စိတ်ကလည်း မရှိဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ဖျားနေတဲ့အချိန်မှာ ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပြီး အဖျားတာတိုစေမယ့် ဖျော်ရည်တွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီဖျော်ရည်တွေကို အိမ်မှာရှိတဲ့ သဘာဝ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနဲ့ အလွယ်တကူကြိတ်ပြီး ဖျော်လို့ရတဲ့အတွက် မိသားစုဝင်တွေအတွက်လည်း ချက်ပြုတ်ပြင်ဆင်ရတာ သက်သာစေတာကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆို စလိုက်ကြရအောင်နော်။ ၁။ ပန်းသီး၊ မုန်လာဥနီ၊ လိမ္မော်သီးဖျော်ရည် မုန်လာဥနီရဲ့ အချိုအရသာ၊ လိမ္မော်သီးရဲ့ အချဉ်အရသာနဲ့ ပန်းသီးရဲ့ ကျန်းမာစေတဲ့ ဂုဏ်သတ္တိဟာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား

မြန်မာလူမျိုးအများစုအတွက် စည်သွပ်ဘူးပိတ် အစားအစာဆိုတာ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့၊ ချက်ထားပြီးသား အသား၊ ငါးမျိုးစုံ၊ ဒါမှမဟုတ် ပဲအမျိုးမျိုးကို ပြုတ်ပြီးတော့ဖြစ်ဖြစ် စည်သွပ်ဘူးထဲ ထည့်ပိတ်ကာ တာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီးသိုလှောင်ပြီး စားသုံးလို့ရအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အဲ့တော့ တာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ထိခိုက်စေတယ်ဆိုတော့ စည်သွပ်ဘူးပိတ်အစားအစာတွေကရော ကျန်းမာရေးကို ထိခိုက်စေနိုင်လားဆိုတာ ကြည့်လိုက်ကြရအောင်လား။ စည်သွပ်ဘူးပိတ်အစားအစာတွေဆိုတာ အစားအစာတွေကို ချက်ပြုတ်ပြီးတဲ့အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲ ထည့်ပြီး ကြာရှည်ခံစေဖို့ အနည်းငယ်ပြုပြင်ရပါတယ်။ ၁၈ ရာစုအစပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး ခုခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လူတော်တော်များများက စားသုံးလျက်ရှိပါတယ်။ အဓိကကတော့ လတ်လတ်ဆတ်ဆတ် စားစရာတွေဟာ သိပ်ပြီး ကြာရှည်မခံဘဲ ပျက်စီးပုပ်သိုးလွယ်တာကြောင့် စည်သွပ်ဘူးထဲ အလုံပိတ်ကာ လေဘေး၊ မီးဘေးကာလ၊ ပင်လယ်၊ လေထဲ ရက်ပေါင်းများစွာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Typhoid ( အူရောင်ငန်းဖျားရောဂါ) အတွက် စားသောက်မှုပုံစံ ။ ။

တိုက်ဖိုက် အူရောင်ငန်းဖျားရောဂါအကြောင်းအားလုံးကြားဖူးကြမှာ။ အစားအစာတွေ မသန့်ရှင်းရာကနေပါလာတဲ့ Salmonella typhi ဘက်တီးရီးယားဟာ ကိုယ်ထဲကိုရောက်သွားတဲ့အခါမှာ တိုက်ဖိုက် အူရောင်ငန်းဖျားရောဂါကိုဖြစ်စေပါတယ်။ လက္ခဏာတွေကတော့ ချမ်းတုန်ပြီးဖျားပြီး ခေါင်းကိုက် နုန်းခွေနေမယ် ဝမ်းချုပ်မယ် ပျို့အန်မယ် စတာတွေပဲ ဖြစပါတယ်။ နာမည်ကိုတည်းက အူရောင်ငန်းဖျားရောဂါဖြစ်တဲ့အတွက် တိုက်ဖိုက်ဖြစ်နေချိန် ကိုယ်တွင်းက အူလေးတွေ ရောင်နေမှာ ကျိန်းသေတာကြောင့် အူအတွက် အဆင်ပြေမယ့် အစားအစာတွေ ရွေးစားဖို့လိုအပ်သလို အားရှိစေမယ့် အစားအစာတွေ စားပေးဖို့လည်းလိုပါတယ်။ အူရောင်ငန်းဖျားရောဂါဖြစ်နေတဲ့သူတွေ ဘာတွေစား၊ ဘာတွေရှောင်ရမလဲ ။ ။ စားသင့်တာတွေက ( ၁ ) ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေဦးစားပေးစားပါ။ ဗီတာမင်A ဗီတာမင် B နဲ့ ဗီတာမင် C တို့ဟာ ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်ဖြစ်တာကြောင့် ရောဂါပိုးဝင်နေတဲ့အချိန် ခုခံအားပြန်အားရှိစေဖို့ ဗီတာမင် A,B,C ကြွယ်ဝတဲ့အစားအစာတေကို စားပေးပါ။ လိမ္မောသီး၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း