အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းဘူးလား

အဆီဆိုတာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတဲ့အစွဲရှိခဲ့ကြတာ ဟိုးအရင်တည်းကပါ။ တကယ်တမ်းကျ အဆီတွေအကုန်လုံးက မကောင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ essential fatty acids ခေါ် အဆီဓာတ်တချို့လည်းရှိပါတယ်။ အကျိုးပြုအဆီဓာတ်တွေနဲ့ ဆိုးကျိုးပြုအဆီဓာတ်တွေကို ခွဲခြားသိနိုင်ဖို့ ဆက်ပြီးဖတ်ကြည့်နော်။ ဆိုးကျိုးပြုတဲ့ အဆီတွေ လူ့ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးနိုင်တဲ့ အဆီအမျိုးအစားတွေက - Saturated fat (ပြည့်ဝဆီ) -ကြက်၊ ဘဲအပြင် အနီရောင်ရှိတဲ့အသားတွေနဲ့ အဆီပြည့်နို့ထွက်ပစ္စည်းတွေလိုမျိုး တိရစ္ဆာန်တွေဆီကအဓိကရရှိတဲ့ အဆီအမျိုးအစားဖြစ်ပါတယ်။ စားအုန်းဆီလိုမျိုး အပင်ထွက်အဆီတွေကလည်း ကျန်းမာရေးအတွက်မကောင်းတဲ့ ပြည့်ဝဆီတွေဖြစ်ပါတယ်။ ပြည့်ဝဆီတွေကသွေးတွင်းကိုလက်စထရောကိုမြင့်တက်စေပြီး မကောင်းတဲ့ကိုလက်စထရောLDL ပမာဏကို တိုးစေပါတယ်။ ဒါ့ကြောင့် နှလုံးသွေးကြောကျဉ်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါကိုဖြစ်နိုင်ခြေပိုများစေပါတယ်။ Trans fat (အသွင်ပြောင်းဆီ) -အစားအစာတချို့မှာ သဘာဝအလျောက် အနည်းငယ်ဖြစ်ပေါ်လာတဲ့အဆီအမျိုးအစားပါ။ ဒါပေမယ့် အသွင်ပြောင်းဆီအများစုကိုpartial hydrogenation ဆိုတဲ့ ပျစ်ခဲစေတဲ့ဖြစ်စဉ်နဲ့ပြုပြင်ထုတ်လုပ်ကြပါတယ်။ အဲလိုရရှိလာတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ

အသည်း ရဲ့လုပ်ဆောင်ချက်က အဆိပ်အတောက်တွေဖယ်ရှားတာ၊ အစားအသောက်တွေကို ခွန်အားနဲ့အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲပေးတာ စတဲ့နည်းလမ်း အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသည်းရောင်စီရောဂါရှိနေပြီဆိုရင်တော့ မကျန်းမာတော့တဲ့ အသည်းကို အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်။ အသည်းရောင်စီရောဂါရှိသူတွေ စားသင့်၊ ရှောင်သင့်တာဘာတွေလဲ ကုသမှုခံယူနေတဲ့ကာလအတွင်းမှာ အာဟာရပြည့်တဲ့အစားအသောက်တွေစားပေးမှ ကိုယ်ခံအားကို တိုးတက်စေပြီး အသည်း လုပ်ဆောင်ချက်ကို မြှင့်တင်နိုင်မယ်၊ အသည်းခြောက်ခြင်းအထိ ဖြစ်မလာအောင် ကာကွယ်နိုင်မယ်။ ဒါပေမယ့် တချို့အစားအသောက်တွေကတော့ အသည်းရောဂါကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တာတွေရှိပါတယ်။ ဒါတွေကို ရှောင်ပါ ပင်လယ်စာ ပင်လယ်စာတွေမှာ အသည်းရောင်စီရောဂါရှိသူတွေ အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေပါနေနိုင်ပါတယ်။ ဒါ့အပြင် တချို့မှာ သံဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အသည်းရောင်စီပိုးရှိသူတွေ ရှောင်သင့်ပါတယ်။ အားဆေး အားဆေးတွေက ကိုယ့်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို လွယ်လွယ်ကူကူဖြည့်စွက်ပေးနိုင်တဲ့ အရာတွေလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အသည်းရောဂါရှိသူတွေမှာတော့ သံဓာတ် သို့မဟုတ် ဗီတာမင် အေ တို့လို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်ဟာ သူများစားသောက်နေတာကို ကြည့်ရတာ ကြိုက်တဲ့သူလား။

နောက်ပိုင်း youtube, ဖေ့ဘွတ်ခ်တို့လို့မျိုး ဆိုရှယ်မီဒီယာဝက်ဆိုဒ်အမျိုးမျိုးမှာ mukbang လို့ခေါ်တဲ့ အစီအစဉ်တွေ ခေတ်စားလာပါတယ်။ Mukbang ဆိုတာ အင်္ဂလိပ်စကားလုံးတော့မဟုတ်ပါဘူး။ Muk ဆိုတာက ကိုရီးယားစကားလုံး “Muk Ja” စားရအောင်ဆိုတဲ့ အဓိပ္ပါယ်ထဲက တစ်လုံးဖြစ်ပြီးတော့ bang ဆိုတာကတော့ တီဗီအစီအစဉ် bang song ဆိုတဲ့ ကိုရီးုယား စကားလုံး bang ကနေ ဆင်းသက်လာပြီး အစားအသောက်တီဗီ အစီအစဉ်ဆိုပြီး ဖြစ်လာတာဖြစ်ပါတယ်။ ပြီးမှ နောက်ကနေ -er ထည့်လိုက်ရင် Mukbangers ဒီအစီအစဉ်တွေထဲမှာ အစားအများကြီးစားပြတဲ့သူပေါ့နော်။ စားကောင်းသောက်ဖွယ်တွေအများကြီးကို ကင်မရာရှေ့မှာ ခင်းကျင်းထားပြီး ပါဝင်တင်ဆက်တဲ့သူကလည်း လူ ၁၀ ယောက်စာလောက်ကို တစ်ထိုင်တည်း စားပြတဲ့ အစီအစဉ်တွေပေါ့။ ကယ်လိုရီ ၁၀၀၀၀ ရှိတဲ့ အစားအစာတွေ၊ အသားစိမ်းငါးစိမ်းတွေ စားပြတာ မျိုးလည်းရှိပါတယ်။ ဒီလို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနက်စာလွတ်ခြင်းနဲ့ ကျန်းမာရေး

အစစ အရာရာ အမြန်အဆန်လုပ်နေရတဲ့ ဒီခေတ်ကြီးမှာ လူငယ်အတော်များများ အလုပ်သွားဖို့၊ ကျောင်းသွားဖို့အတွက် အချိန်ပေးရတဲ့အတွက် မနက်စာလွတ်တတ်ကြပါတယ် ။ ညအိပ်ရာဝင်တာ နောက်ကျခြင်း ၊ ကားလမ်းပိတ်ခြင်းတွေကြောင့် စောစောကြိုသွားရခြင်းတွေကြောင့် မနက်စာ ကို တစ်ခါတစ်လေ လွတ်တတ်ကြပါတယ် ။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှု ရှိစေသလဲ ။ လူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်ကို အစာထဲမှာ ပါတဲ့ အာဟာရ‌ဓါတ်တွေကပဲ အဓိက ရယူပါတယ် ။  လူတွေကသာ ညဘက်အိပ်နေပေမဲ့ ခန္ဓာကိုယ်ကတော့ အသက်ရှင်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်နေရဆဲပါ ။ ခန္ဓာကိုယ်တစ်ခုလုံး အသက်ရှင်ဖို့အတွက် အာဟာရဓါတ်တွေကို ညတစ်ညလုံး သုံးထားတဲ့အတွက် မနက်ခင်းမှာ အာဟာရဓါတ်တွေ အထူးသဖြင့် သကြားဓါတ်တွေက နည်းနေပါတယ် ။ အဲ့ဒီအချိန်မှာ မနက်စာလွတ်တဲ့အတွက် အာဟာရမရရင် နဂိုကတည်းက အာဟာရဓါတ်နည်းနေတဲ့အချိန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သိုင်းရွိုက်ဟော်မုန်း နည်းနေတဲ့သူတွေ ဘာအစားအစာတွေ ဘာဆေးတွေ ရှောင်ရမလဲ ။ ။

ကိုယ်ခန္ဓာမှာရှိတဲ့ ဟော်မုန်းအားလုံးရဲ့ ဂိုဏ်းချုပ်က သိုင်းရွိုက်ဟော်မုန်းတဲ့။ ဒီတော့ သိုင်းရွိုက်ဟော်မုန်းနည်းသွားဖြစ်ဖြစ် များနေရင်ဖြစ်ဖြစ် ကိုယ်ခန္ဓာအပေါ် သက်ရောက်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ။ သိုင်းရွိုက်ဟော်မုန်း နည်းတယ်ဆိုတာ သိုင်းရွိုက်ဂလင်းကနေ ရှိသင့်တဲ့ သိုင်းရွိုက်ဟော်မုန်းတွေ အလုံအလောက်မထုတ်တဲ့ပြဿနာပါ။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းအရှေ့အောက်ဘက်နားလောက်မှာရှိတဲ့ endocrine ဂလင်းတစ်မျိုးဖြစ်ပြီး larynx. အောက်မှာ ရှိနေတဲ့ လိပ်ပြာပုံစံ ဂလင်းတစ်ခုပါ။ သူကနေ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ကိုယ်ခန္ဓာရဲ့ ကျန်းမာရေးအခြေအနေကိုထိန်းချုပ်နေတာပါ။ ဒီနေ့ဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ ဆိုတာဘာလဲ ဘယ်လို ကျန်းမာရေးပြဿနာတွေရှိလဲဆိုတာနဲ့ ဝေဒနာခံစားနေရတဲ့သူတွေ ရှောင်ရမယ့် ဆေးတွေ စားစရာတွေ အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။ • ခုခံအားဆိုင်ရာပြဿနာရှိနေတဲ့သူတွေ • ဓာတ်ရောင်ခြည်ထိတွေ့မှုခံထားရတဲ့သူတွေ • သိုင်းရွိုက်ဟော်မုန်း အရမ်းများတဲ့အတွက် radioactive iodine ကုသမှု […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သဘာဝရဲ့ Collagen

ဒီနေ့ ပြောပြမှာကတော့ တင်းရင်းလှပမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Collagen ဆိုတဲ့ ဓာတ်တစ်မျိုး အကြောင်း ဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းပစ္စည်းတွေ၊ ဖြည့်စွက်စာတွေမှာ collagen  ပါကြောင်း ကြော်ငြာရောင်းချနေတာတွေကို နေ့တိုင်းတွေ့နေရတော့ ဒီစကားလုံးလေးက စိမ်းနေမယ်လို့တော့ မထင်ဘူးနော်။ ကြားသိနေကြပေမယ့် collagen ဆိုတာ ဘာမှန်း သေချာသိချင်နေသူ တွေအတွက် ရည်ရွယ်ပြီး  ဒီစာကို ရေးတာပါ၊ ကဲ ကြည့်လိုက်ကြရအောင်။ Collagen ဆိုတာ ဘာလဲ Collagen ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အရိုး၊ အရိုးနု နဲ့ အရွတ် စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံး တွေ့ရပြီး ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မရှိမဖြစ် အသားဓာတ်တစ်မျိုးပါပဲ။ ခန္ဓာကိုယ်က အသားဓာတ်အားလုံးရဲ့ ၃၀ % လောက်က collagen […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အိမ်တွင်းသုံး လက်ဖြစ် ရေသန့်အိုးလေးတစ်လုံး

စျေးကွက်ထဲ က တချို့ ရေသန့်ဘူးတွေ က စိတ်မချရဘူး ဆိုတဲ့ သတင်းတွေ ဖတ်ဖူးကြတယ်ဟုတ်။ ဒါဆို အိမ်မှာ ရေကို တနိုင် ဘယ်လို သန့်ကြမလဲ။ ရေကို ကြိုချက်သောက်တာလည်း နည်းတစ်မျိုးပေမယ့် လုံးဝ စိတ်ချရတဲ့နည်းတော့ မဟုတ်သေးပါဘူး။ လျှပ်စစ်မီးမရှိတဲ့ အခါ .... ကြိုဖို့ချက်ဖို့ အဆင်မပြေတဲ့အခါ ... ရေစစ်ကလေးသုံးရုံနဲ့ ပိုးမွှားကင်းစင်တဲ့ရေသန့်ရမှာ စဟုတ်ဘူးလေ။ NGO တွေကဝေတဲ့ ရေသန့်ဆေးမှုန့်တွေ... အပြင်မှာရောင်းတဲ့ ရေကြည်ဆေးတွေလည်းရှိပါရဲ့.... ဒါပေမယ့် ဒီအမှုန့်တွေက ရေထဲက အညစ်အကြေးအနယ်အနှစ်တွေကို ဆွဲစုပေးလိုက်ပြီး ရေသက်သက် အနယ်အနှစ်သက်သက်ဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ။ အဲဒီ့ရေကြည်မှုန့်တွေကလည်း အလွယ်ဝယ်လို့ မရတဲ့ အခါ... အခုပြောမယ့်နည်းလေးက အိမ်တွင်းတနိုင် ရေသန့်စင်ဖို့ရာ သိပ်ကို အဆင်ပြေပါလိမ့်မယ်! ကဲကြည့်ကြရအောင်ပါ။ လိုအပ်သောပစ္စည်းများ (၁) အောက်ခြေမှာအပေါက်ငယ်လေးတွေပါတဲ့ ရေအိုး ( ပလတ်စတစ်ပုံးဆိုလည်း ရတယ်) (၂) […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ

ဟဲလို....... အစားတလိုင်းလေးတို့ရေ အသားမှအသားစားချင်တယ်လို့များ ဖြစ်နေပြီလား........ ဘာပဲစားစားအာသာမပြေဘူး။ အသားမှအသားပဲ စားချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီလိုပြောရတဲ့အကြောင်းက အသားစားချင်နေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ပြနေတဲ့ အချက်တစ်ခုဖြစ်နေနိုင်တာကြောင့်ပါ။ ပရိုတင်းအရင်းအမြစ်တစ်ခုပါ အသားက ခန္ဓာကိုယ်က ကြွက်သားတွေနဲ့အရိုးတွေ ကြံခိုင်သန်စွမ်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ကိုယ်ခံအားကောင်းစေနိုင်သလို သွေးအားနည်းရောဂါတွေမဖြစ်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။ အသားမှအသား စားချင်နေတာ ဘာကြောင့်များလဲ............. တစ်နေ့တာမှာ အသားမပါရင် မစားနိုင်ဘူး။ ဘာစားစား အသားစားရမှ အာသာပြေတယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်နော်။ အသားကိုကြိုက်လို့ ဘာစားစား အာသာမပြေဘူး။ အသားစားလိုက်ရမှာအာသာပြေတယ်ဆိုတာ သင်ဟာ ငယ်စဉ်ကတည်းက အသားကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အခြားဟင်းတွေထက်အသားဟင်းကိုမှ စားချင်နေတယ်ဆိုတာ သင်က တကယ့်ကို အသားကြိုက်သူမို့လို့ပါ။ ဒါကြောင့် အသီးအရွက်နဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပြင်းပြင်းပြပြစားချင်နေ​တဲ့အရာတွေက ပြောပြနေတဲ့ကျန်းမာရေး

အခုလောလောဆယ် အစားချင်ဆုံးက ဘာများလဲ။ အစားချင်ဆုံးအစားအစာကိုပြောပြရုံနဲ့ သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာက ဘာလဲဆိုခန့်မှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုပေမယ့် တစ်ခါတလေမှာ မဖြစ်မနေပြင်းပြင်းပြပြစားချင်နေတဲ့ စားချင်စိတ်တစ်ခုဖြစ်လာစမြဲပါ။ ဒါက သင့်ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတစ်ခုပါတဲ့။ အခုချိန်မှာ အစားချင်ဆုံးကဘာများလဲ........... အခုချိန်မှာ အစားချင်ဆုံးက အာလူးကြော် ရေခဲမုန့် ချောကလက် ပီဇာ အချိုကဲတဲ့အစားအစာတွေ အသားကင် အချိုရည်တစ်ခုခု အချဉ်ကဲတဲ့အစားအစာ အစပ်များတဲ့အစားအစာလား။ အချိုများတာတွေ စားချင်နေတာ စားစရာအရသာ အမျိုးမျိုးထဲကမှ အချိုမှ အချိုဖြစ်နေတယ်၊ ရေခဲမုန့်တွေ၊ သကြားလုံး၊ ဂျယ်လီ၊ ကွတ်ကီးတွေမှစားချင်နေတယ်ဆိုရင်တော့ သေချာတာက သွေးတွင်းသကြားဓာတ်တက်နေပါပြီ။ ဒီအချိန်မှာသာ အချိုထပ်စားမိလိုက်ရင် သွေးချိုက မိုးထိအောင်လှေကားထောင်လို့ သင့်ရဲ့ သွေးကြောလေးတွေကို ဒုက္ခပေးပါလိမ့်မယ်။ ဒါကြောင့်အချိုအရမ်းစားချင်နေတယ်ဆိုရင် သကြားလုံး၊ ဂျယ်လီနဲ့ ရေခဲမုန့်တို့အစား သဘာဝအချိုစာလေးတွေဖြစ်တဲ့ သစ်သီးလေးတွေစားပေးပါ။ ဒီအချိန်မှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက သင့်ရဲ့ အချိုစားချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်မှာပါ။ ချောကလက် အရမ်းစားချင်နေတာ ဖြစ်ဖူးလား။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေအတွက်ကော်လာဂျင်ကြွယ်ဝတဲ့ အစားအစာ (၁၀) မျိုး

အသားလေးလှလိုက်တာ ကော်လာဂျင်သောက်လို့လေ။ ဟင်..ဒါဆို အသားလှဖို့က ကော်လာဂျင်မဖြစ်မနေသောက်ဖို့လိုမှာလား။ ဒီလိုလဲမဟုတ်သေးပါဘူး။ အသားလှဖို့အတွက် ကော်လာဂျင်ရနိုင်တဲ့ အစားအစာတွေရှိပါတယ်။ ဒါဆို ဘာတွေစားရမလဲ........ အသားအရေလှပအောင် ကော်လာဂျင်ကြွယ်ဝစေဖို့ ဘာတွေစားမလဲ......... အသားအရေလှပအောင် ကော်လာဂျင်ကြွယ်ဝစေဖို့အတွက်ဒါတွေစားပေးလို့ရပါတယ်။ ငါး (အရေခွံပါစားရမယ်) ငါးစားတဲ့အခါ တော်တော်များများကအရေခွံကို ဖယ်စားလေ့ရှိကြပါတယ်။ ကော်လာဂျင်ကြွယ်ဝဖို့ဆိုရင်တော့ ငါးစားတဲ့အခါအရေခွံကိုပါစားဖို့ပြောပါရစေ။ အကြောင်းကတော့ ငါးအရေခွံမှာပါတဲ့ အမိုင်နိုအက်ဆစ်က ကော်လာဂျင်ထုတ်ဖို့အတွက် အကောင်းဆုံးလှုံ့ဆော်ပေးပါတယ်။ ငါးအရေခွံမှာ အရေပြားကျန်းမာရေးအတွက်အရေးအပါဆုံး ကော်လာဂျင်အမျိုးအစားဖြစ်တဲ့ Type I collagen ပါဝင်နေပါတယ်။ တစ်နေ့ကို အရွယ်တော် ငါး နှစ်တုံးစားပေးမယ်ဆိုရင် အရေပြားအတွက် လိုအပ်တဲ့ ကော်လာဂျင်ကို ပြည့်ပြည့်ဝဝရရှိစေမှာဖြစ်ပါတယ်။ ငရုတ်ပွ အရေပြားက ကော်လာဂျင်ထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ ဇာတ်လိုက်တစ်ဦးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် အရေပြားကို ကော်လာဂျင်ထွက်ရှိပြီး ဖြူစင်လှပေနေအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ငရုတ်ပွတွေထဲမှာ အနီရောင် ငရုတ်ပွက အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း