အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်ကောင်းကြိုက်တဲ့သူတွေသာ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ငရုတ်ကောင်းရဲ့ အံ့မခန်းကျန်းမာရေး အကျိုးကျေးဇူးများ ။ ။ ငရုတ်ကောင်းဆိုတာ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး အမွှေးအကြိုင်တစ်ခုပါ။ မွှေးပျံ့ပြီး ပူစပ်လှတဲ့သူ့ရဲ့ အာနိသင်ကြောင့် အနံ့ကလေးရတာနဲ့တင် သင့် အစားအစားချင်စိတ်ကို သူကဆွပေးနေတာပါ. ။ ဟင်းပွဲတော်တော်များများရဲ့ မွှေးရနံ့နဲ့ အရသာကို တာဝန်ယူထားရတဲ့ ဒီငရုတ်ကောင်းဟာ သင့်ကျန်းမာရေး ကောင်းမွန်ဖို့အတွက်လည်း တာဝန်ယူထားတဲ့ အရာတစ်ခုဆိုရင်မှားပါဘူး။ ငရုတ်ကောင်းက ပေးစွမ်းတဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက ဘာတွေလဲ ။ ။ အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ။ ငရုတ်ကောင်းစားလိုက်ပြီဆိုတာနဲ့ အစာခြေရည်နဲ့ အစာခြေ အင်ဇိုင်းတွေကို အစာအိမ်ထဲက ပိုထွက်စေတဲ့အပြင် အစာခြေတဲ့နေရာမှာ ကူညီပေးတဲ့ ပန်ကရိယက အင်ဇိုင်းတွေကိုလည်း ပိုထွက်စေတာကြောင့် ငရုတ်ကောင်းက အစာခြေစနစ်ကို အားပေးတဲ့ အရာတစ်ခုဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့အပြင် ငရုတ်ကောင်းဟာ လေလည်စေဖိုက […]


အာဟာရဆိုင်ရာ အချက်အလက်များ

အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ

အခုနောက်ပိုင်း အောင်မဲညို ပန်းခြောက်လေးတွေ ဈေးကွက်မှာ ခေတ်စားလာတယ်နော်။ ပန်းခြောက်လေးတွေကို ရေနွေးကြမ်းထဲခတ်သောက်တာ၊ ဆိုင်တွေမှာ အရောင်လှတဲ့အချိုရည်၊ကော့တေးတွေအထိ အသုံးပြုလာကြပြီ။ မုန့်လုပ်တဲ့ထဲ လည်း ထည့်သွင်းလာကြပြီ။ ဒီတော့ အောင်မဲညိုပန်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအပေါ် သိပ္ပံပညာအရ ဘယ်လို လေ့လာတွေ့ရှိထားလဲ ဖတ်ကြည့်လိုက်ရအောင်။ မျက်စိအားကောင်းတယ် Proanthocyanidin လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်လို့ မျက်စိကိုသွေးလည်ပတ်မှုကောင်းစေပြီး အမြင်အာရုံပိုကောင်းစေပါတယ်။ မျက်စိကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိညောင်းတာ၊မြင်လွှာထိခိုက်တာတို့အတွက်လည်း ကုသနိုင်စွမ်းရှိပါတယ်။ ဆံပင်သန်စေတယ် အောင်မဲညိုပန်းမှာbioflavonoids ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆံပင်ဖြူခြင်းကိုကာကွယ်ပေးပြီး ဆံပင်သန်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်တဲ့သူတွေအောင်မဲညိုရေနွေးကြမ်းသောက်ကြည့်နော်။ အသားလှစေတယ် အောင်မဲညို ပန်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကcollagen နဲ့elastinဟော်မုန်းချက်လုပ်မှုကို နှိုးဆွပေးပါတယ်။ ဒါ့ကြောင့် အသားအရေနုပျိုစေပြီး အရေးအကြောင်းဖြစ်ခြင်းလို ရင့်ရော်မှုပြဿနာတွေကိုလျော့ပါးစေပါတယ်။ ရာသီသွေးမှန်စေတယ် အောင်မဲညိုပန်းရဲ့ဆေးဖက်ဝင်အာနိသင်တွေထဲမှာ အမျိုးသမီးတွေ ရာသီသွေးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဓမ္မတာနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတဲ့ အမျိုးသမီးတွေအတွက်ကုသမှုရလဒ်ကောင်းစေနိုင်ပါတယ်။ ဦးနှောက်ကို အကျိုးပြုတယ် အောင်မဲညို ပန်းက ဦးနှောက်ဉာဏ်ရည်လုပ်ဆောင်ချက်တွေကိုမြှင့်တင်ပေးနိုင်တဲ့အပြင် မှတ်ဉာဏ်ကိုလည်းကောင်းစေပါတယ်။ ဆီးရွှင်စေတယ် ဆီးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာရှိသူတွေအတွက် ဆီးရွှင်ဆေးတစ်မျိုးပါပဲ။သွေးတိုးကိုလည်း ကျစေတဲ့အာနိသင်ရှိပါတယ်။ အကိုက်အခဲသက်သာစေတယ် အောင်မဲညိုပန်းက နာကျင်ကိုက်ခဲမှုတွေနဲ့ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ပါတယ်။ ရင်ချောင်စေတယ် တချို့နိုင်ငံတွေမှာ အအေးမိ၊ချောင်းဆိုး၊ ပန်းနာရင်ကျပ်တို့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမဲသား စားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ။ ။

အမဲသား ဆိုတာ အသားတွေထဲမှာ စားလို့အကောင်းဆုံး အားအရှိဆုံး အသားလို့ လူတိုင်းက လက်ခံထားကြတဲ့အရာတစ်ခုပါ။ မြန်မာနိုင်ငံက လူတချို့ကသာ ရှောင်စားကြပေမယ့် အနောက်နိုင်ငံတွေ မှာတော့ အမဲသားကို အဓိကထား စားသုံးကြပါတယ်။ တချို့လူတွေကလည်း အမဲသားဟာ အနီရောင်အသားအုပ်စုဝင်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပြောကြသလို အမဲသားဟာ အားအင်ပြည့်စေဖို့ အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်လို့လည်း ပြောကြပါတယ်။ ဒီဆောင်ပါးလေးထဲမှာတော့ အမဲသား စားခြင်းရဲ့ အကျိုးကျေးဇူး ၇ ချက် အကြောင်းပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကလည်း အမဲကြော်ဆို သိပ်ကြိုက်တာဆိုတော့ ။ ။ အမဲသားကနေရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ချက် ။ ။ ၁ - L-carnitine ပါဝင်မှု အများဆုံးပါ။ ။ L-carnitine ဆိုတာ အသားတွေမှာ အမြဲတွေ့ရလေ့ရှိတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တရုတ်အစားအစာတွေမှာ အမြဲလိုလိုပါလေ့ရှိတဲ့ ကြက်သွန်မြိတ်

တရုတ်ဆိုင်တွေ သွားစားရင် အရံဟင်းရည်ထဲ အမြဲပါတယ်၊ ကြက်သွန်မြိတ်။ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်စားမလား ကြက်သွန်မြိတ်ပါတယ်။ ကြက်သားဆန်ပြုတ် ဘာညာဆိုလည်း ကြက်သွန်မြိတ် ခတ်တယ်။ ဆီချက်ဆိုလည်း ကြက်သွန်မြိတ်ပါမှ၊ ဖက်ထုပ်စားမလား ကြက်သွန်မြိတ်နဲ့ အသားနဲ့ ထုပ်တာ။ တရုတ်အစားအစာတင်လား ဆိုတော့မဟုတ်ဘူး။ ရှမ်းအစားအစာတွေမှာလည်း ကြက်သွန်မြိတ်အသုံးများပါတယ်။ ရှမ်းအစားအစာ ဟင်းထုပ်လေးတွေမှာလည်း ကြက်သွန်မြိတ်နဲ့လေ။ ဒါဆို အနံရော အရသာရော အရမ်းထူးမသွားဘဲ ဘာလို့ ဒီလောက်သုံးကြတာလဲ။ ပရိသတ် အယောက်တစ်ရာရဲ့အဖြေက ... ကြက်သွန်မြိတ် ရဲ့ ကျန်းမာရေး ကောင်းကျိုး အစာကြေစေတယ် သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက ကြက်သွန်ဖြူလိုပဲ အလားတူအာနိသင်တွေ ပေးနိုင်ပါတယ်။ အစာမကြေဖြစ်တာတွေကို သက်သာစေနိုင်တယ်လေ။ ပြီးတော့ ကြက်သွန်မြိတ် ရဲ့ ရောဂါပိုးသေစေနိုင်တဲ့ အာနိသင်ကြောင့် ဘက်တီးရီးယား အတော်များများကို ရှင်းလင်းနိုင်တယ်ဆိုတော့ အစာအိမ်အူလမ်းကြောင်းစနစ်ကို ဒုက္ခပေးနိုင်တဲ့ salmonella ဘက်တီးရီးယားနွယ်ဝင်တွေ ကာကွယ်နိုင်တာပေါ့။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသားတွေထဲမှာ ဝက်သား ကိုအကြိုက်ဆုံးလား ။ ။

အသီးမှာသရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာ ဝက်လို့တောင် တင်စားရလောက်အောင် အသားတွေထဲမှာ ဝက်သား က မြန်မာလူမျိုးတွေ အကြိုက်ဆုံး အသားတစ်ခုပါ။ သီချင်းထဲတောင်ထည့်ဆိုရတဲ့ ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍန်က အလှူလုပ်ပြီဆို မပါလို့ကို မဖြစ်အောင်တို့မြန်မာတွေက ဝက်သားဆို သိပ်ကြိုက်ကြပါတယ်။ အသားချည်းဆိုလို့ကတော့ စိတ်မဝင်စားဘဲ သုံးထပ်သားလေးမှ ရင်ခုန်တာမျိုး။ ဝက်သားတုတ်ထိုးဆိုလည်း ၁၀၀၀၀ ဖိုးတောင်မလောက်ချင်တဲ့ ကိုကိုမမတို့ ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဝက်သားက ကျန်းမာရေးအတွက် တကယ်ရော ကောင်းရဲ့လား။ တော်တော်များများကတော့ဝက်သားက စားကောင်းတာမှန်ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ဖူးလို့ လက်ခံထားကြပါတယ်။ ကဲ စာဖတ်ပရိသတ်ကြီးရော ဘယ်လိုထင်လဲ။ ဆက်ပြီး လေ့လာကြည့်ရအောင်နော်။ ။ ဝက်သားမှာ ပါဝင်တဲ့ အာဟာရဓါတ်များ ။ ။ Calories 297 Water 53% Protein 7g Carbs […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

ပဲစောင်းလျားသီး ကို မြန်မာ့ထမင်းဝိုင်းမှာ ဟင်းချိုထဲ ခတ်ထားတာ ဒါမှမဟုတ် အတို့အမြှုပ်အဖြစ် တွေ့ရလေ့ရှိပါတယ်။ ပဲစောင်းလျားသီးနုနုလေးတွေကို ရေနွေးဖျော၊ ပါးပါးလှီးပြီး သံပရာသီးလေး၊ ပုဇွန်ခြောက်လေးနဲ့ သုပ်စားတာကလည်း လက်ဖက်သုပ်လိုပဲ ရေနွေးကြမ်းနဲ့ လိုက်ဖက်တဲ့ မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့ အသီးအရွက်တို့စရာပါဝင်စေတာ၊ သရေစာစားချိန်မှာ အသီးအရွက်တစ်မျိုးမျိုးကို သုပ်စားတာတွေဟာ နေ့စဉ်အစားအသောက်တွေထဲမှာ အသီးအရွက်တွေကို အမြဲပါဝင်စေဖို့ ရည်ရွယ်ခဲ့ပုံရတဲ့ ချစ်စရာမြန်မာဓလေ့ပါ။ ပဲစောင်းလျားသီးဆိုတာ ဈေးမှာ အမြဲရှိပေမယ့် အမြဲဝယ်မစားဖြစ်တဲ့အထဲမှာလည်း ပါဝင်ပါတယ်။ တစ်ခါတလေမှ စားဖြစ်တတ်တယ်ပေါ့။ တခုတ်တရဝယ်စားတာမျိုး သိပ်မရှိတတ်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကျိုးကျေးဇူးလေးတွေကို သိလိုက်ရရင် အမြဲမဟုတ်တောင် မကြာမကြာစားမိတော့မှာပဲ။ ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု (၁) အရွယ်တင်နုပျိုစေတယ် ပဲစောင်းလျားသီး မှာ ဗီတာမင် C နဲ့ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ရှမ်းနံနံ သာပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ်မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်း ပါတယ်၊ ရခိုင်ဟင်းတွေမှာလည်း ပါတယ်၊ မြန်မာဟင်းတွေမှာလည်း ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံ တွေ နိုင်းချင်းထည့်စားကြတာ တွေ့ဖူးတယ်။ ရှမ်းနံနံ က အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။ အစကတော့ မြန်မာမှာပဲ သုံးကြတယ် ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့် သူ့အကြောင်း ရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာ သိလိုက်ရတယ်။ ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ်၊ အစာကြေတယ် စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ

ကြက်ဥတစ်လုံးမှာ ကြက်ဥအကာ နဲ့ အနှစ်ဆိုပြီး ၂ မျိုးရှိကြတာ သိကြမှာပါ။ နှစ်မျိုးလုံးက အာဟာရကိုယ်စီရှိကြပြီး ကျန်းမာရေးနဲ့ ညီညွတ်တာချည်းပါပဲ။ ပါဝင်တဲ့ ပစ္စည်းပေါ်မူတည်ပြီးတော့သာ ကွဲသွားကြတာပါ။ ကြက်ဥအကာမှာက ပရိုတင်း တွေ ပိုပါပြီး ကြက်ဥ အနှစ်မှာကျ အဆီတွေ ပိုပါပါတယ်။ ဒီနေ့ပြောချင်တဲ့ ဆောင်းပါးလေးကတော့ ကြက်ဥအကာရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ ဒီကြည်ကြည် အရည်လေးထဲမှာ ဘယ်လို စူပါ စွမ်းအားတွေ ရှိတာပါလိမ့်။ ကြက်ဥအကာ ရဲ့ စူပါ အစွမ်းများ ကိုလက်စရော ( အဆီဓာတ် ) လုံးဝကို မပါပါဘူး။  ကြက်ဥထဲက အနှစ်ကိုဖယ်လိုက်ပြီဆိုတာနဲ့ ကျန်ခဲ့တဲ့ အကာမှာ ကိုလက်စရော အဆီဓာတ်လုံးဝကို မရှိတော့ပါဘူး. ဒါကြောင့် သွေးတွင်း အဆီ များရင် ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ကြက်စွပ်ပြုတ်

ကလေးတွေ ဖျားနာပြီဆိုရင် လူကြီးတွေ အရင်ဆုံးတိုက်ဖို့ သတိရမိတာ ဆန်ပြုတ်နဲ့ ကြက်စွပ်ပြုတ် ပါပဲ။ ကြက်သားကို အချိန်အကြာကြီး နူးနေအောင် ပြုတ်ပြီး ရလာတဲ့ အရည်ပူပူလေးဟာ အအေးမိတုပ်ကွေးအတွက်တော့ တကယ့် ဆေးစာတစ်လက်ပါပဲ။ အစာကြေလွယ်စေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ အလွယ်တကူ ပြင်ဆင်ချက်ပြုတ်လို့ ရတယ်။ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ ဒါဆိုရင် ကြက်စွပ်ပြုတ်က အဖျားပျောက်ဆေး သက်သက်ပဲလား။ သူ့မှာရော တခြား ကိုယ်ခန္ဓာအတွက် အထူးကောင်းမွန်တဲ့ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေမလဲ။ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာ ပြောပြပေးမယ်နော်။ ကြက်စွပ်ပြုတ် ရဲ့ ကျန်းမာရေး ကောင်းကျိုးများ ၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ် သတ္တုဓါတ် ။ ။

ရှင်သန်နေထိုင်နေတဲ့ လူတိုင်းအတွက် ကယ်လ်ဆီယမ် က မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုပါ။ ကိုယ်ခန္ဓါတစ်ခု ကျန်းမာသန်စွမ်းဖို့၊ အရိုးတွေ ကြံ့ခိုင်စေဖို့၊ အတွက် ကယ်ဆီယမ်က မရှိမဖြစ်လေ။ ဒီလို အရေးကြီးတဲ့ ကယ်လ်ဆီယမ်ကို ကိုယ်နေ့စဉ်စားတဲ့အစားအသောက်တွေကလည်း ရနိုင်တဲ့အပြင် ကယ်လ်ဆီယမ် ဓါတ် ချို့တဲ့တဲ့သူတွေ အတွက် ဖြည့်စွက်သောက်လို့ရတဲ့ သောက်ဆေးပြားတွေ အနေနဲ့ လည်း ရနိုင်ပါတယ်။ ။ ဘာကြောင့် ကယ်လ်ဆီယမ် လုံလုံလောက်လောက်ရှိနေဖို့ လိုအပ်တာလဲ ။ ။ ဘာကြောင့် နေ့တိုင်း လုံလောက်တဲ့ ကယ်လ်ဆီယမ် ပမာဏ ရဖို့လိုတာလဲ ။ ။ ကယ်လ်ဆီယမ်ဟာ အရိုးသန်မာဖို့အတွက် ၊ အရိုးတည်ဆောက်ဖို့အတွက် မရှိမဖြစ်ပါ။ - လူ့ကိုယ်ခန္ဓါရဲ့ အရိုးတွေ နဲ့ သွားတွေမှာ ကယ်လ်ဆီယမ် ၉၉ ရာခိုင်နှုန်း လောက်ကို တွေ့ရှိရပါတယ်။ ဒါဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း