အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ရေညှိကြိုက်သူတွေအတွက် သတင်းကောင်း

ကိုရီးယားကြည့်ရင်း မင်းသားမင်းသမီးတွေရေညှိထမင်းလိပ်စားတာတွေ့လိုက်တိုင်းဖြစ်ဖြစ်၊ရေညှိဟင်းချိုသောက်တာဖြစ်ဖြစ် ကြည့်ရင်း စားချင်နေတတ်တဲ့ရေညှိကြိုက်တတ်သူလေးတွေများရှိနေလား။ ဒါဆိုရင်တော့ စားသာစားပါ။ရေညှိက ကျန်းမာရေးအတွက်ကောင်းကျိုးများတာမို့ စားပါလို့ပြောရတာပါ။ရေညှိက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ ရေညှိ ရေညှိက ပင်လယ်ရေပြင်ထဲမှာပေါက်ဖွားတဲ့ သဘာဝစားစရာတစ်မျိုးပေါ့။ အရောင်အသွေးကနေ အနီရောင်၊ အစိမ်းရောင်၊အညိုရောင် နဲ့ အနက်ရောင်ဆိုပြီးအရောင်အသွေးအမျိုးမျိုးပါပဲ။ရေညှိက ပင်လယ်ပြင်ရှိနေတဲ့ ကမ္ဘာ့နေရာတိုင်းမှာရှိပေမယ့်ရေညှိကို အဓိကစားသုံးကြတာက ဂျပန်၊ ကိုရီးယား၊ တရုတ်တို့လိုမျိုး အာရှနိုင်ငံတွေပါ။ ဂျပန်ဆူရှီဆိုင်တွေနဲ့ ကိုရီးယားရုပ်ရှင်တွေကြောင့် အခုနောက်ပိုင်းမြန်မာနိုင်ငံမှာလည်းရေညှိစားသုံးသူအရေအတွက်တော်တော်လေးများလာပါပြီ။ရေညှိက သတ်သတ်လွတ်စားသုံးသူတွေအတွက် ဗီတာမင် နဲ့ သတ္တုဓါတ်တွေများစွာကိုပေးစွမ်းနိုင်တဲ့ စားစရာတစ်ခုပါ။ ရေညှိမှာ ဘာတွေပါလဲ ရေညှိမှာ အာဟာရဓါတ်တွေ များစွာပါဝင်နေပါတယ်။ အမိုင်နိုအက်ဆစ် ဗီတာမင် A ဗီတာမင် C ဗီတာမင် B ဗီတာမင် E သံဓါတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် အိုင်အိုဒင်း မဂ္ဂနီဆီယမ် ပရိုတင်း Fatty Acid ကာဗိုဟိုက်ဒရိတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီဥတုပူနေတဲ့အချိန် ဘာလို့ ဖရဲသီး စားပေးသင့်တာလဲ

ပူအိုက်တဲ့ ရာသီမှာ လူတော်တော်များများက ရေမကြာခဏ ဆာတတ်ကြတာကြောင့် ဖရဲသီးကို စားတတ်ကြပါတယ်။ နေပူတဲ့နေ့ရက်တွေမှာဆိုရင် စတိုးဆိုင်တွေမှာကအစ လှည်းလေးတွေအဆုံး ဖရဲသီးတွေ လှီးစိတ်ပြီး ရောင်းနေတာလည်း တွေ့ဖူးကြမှာပါ။ အရည်ရွှမ်းပြီး အရသာလည်း ရှိတဲ့ ဖရဲသီးက ဒီလို ပူအိုက်တဲ့ ရာသီအတွက် ကျန်းမာရေးဆိုင်ရာ ဘယ်လိုအကျိုးကျေးဇူးတွေ ရစေနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ ရေဓါတ်ဖြည့်တင်းပေးတယ်။ ရာသီဥတုပူလာရင် ချွေးထွက်လာမယ်။ ဆီးသွားများတဲ့အခါ ခန္ဓါကိုယ်က ရေဓါတ်ဆုံးရှုံးတာ သဘာဝပါပဲ။ ရေဓါတ်ဆုံးရှုံးတဲ့အခါမှာ ကိုယ်လက်မအီမသာဖြစ်တာ၊ လည်ချောင်းခြောက်ပြီး နာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ နေရထိုင်ရခက်တာ၊ အလုပ်လုပ်ချင်စိတ် မရှိတာ၊ မူးဝေအော့အန်ချင်စိတ်တွေ ဖြစ်လာမှာပါ။ ဖရဲသီးမှာ ရေဓါတ် ၉၂ရာခိုင်နှုန်းပါဝင်တာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်တယ်။ ဒီလို ပူအိုက်တဲ့ ရာသီမှာ သဘာဝရေသန့်အပြင် ဖြည့်စွက်အစားအစာအနေနဲ့ စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ၂။ အာဟာရဓါတ်ပေါင်း များစွာ ပါဝင်ပါတယ်။ ဖရဲသီးမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး

ကြယ်တာရာလို့တောင် အမည်ပေးတင်စားထားတဲ့စောင်းလျားသီးဟာ လှီးဖြတ်လိုက်တဲ့အခါမှာ တကယ်လည်း ကြယ်ပွင့်ပုံစံပါပဲ။ အရသာက ချဉ်ပြုံးပြုံးနဲ့ အရည်ရွှမ်းပြီး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ သွားကျိန်းလို့ မစားရဲကြဘူးဆိုသူတွေတောင်စောင်းလျားသီးယို၊စောင်းလျားသီးနဲ့ချဉ်စပ်နှပ်ထားတဲ့လက်ဖက်တို့ကို စားရင်ကြွေသွားနိုင်ပါတယ်။စောင်းလျားသီးမှည့်ပြီဆို ချဉ်ပြုံးပြုံးအရသာလေးမှာ သကြားခတ်ထားသလို အရသာနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ ဒါပေမယ့် ဟိုးအရင်ကအိမ်ရှေ့တွေမှာ စိုက်ထားတတ်တဲ့စောင်းလျားပင်လေးတွေက အခုတော့ရှားပါးနေပါပြီ။ အပင်ရှိနေသေးတဲ့အိမ်တွေမှာဆိုလည်း တန်ဖိုးမစား၊ သိပ်မစားကြတော့ လမ်းပေါ်မှာပြန့်ကျဲ။ တကယ်တော့ တန်ဖိုးမကြီးတဲ့ သဘာဝအသီးအနှံ၊အပင်လေးတွေကဆေးဖက်ဝင်တာ လူသိနည်းကြပါတယ်။ ဥပမာ ငယ်ငယ်ကဆော့ကြ၊စားကြတဲ့ဗောက်သီးကဆေးဖက်ဝင်မှန်းသိလာတဲ့အခါ နိုင်ငံခြားမျိုးတွေကိုဈေးကြီးပေးပြီးမှာယူကြတယ်။ အခုလို တန်ဖိုးမထားကြတဲ့ သဘာဝဆေးဖက်ဝင်အသီးလေးတွေကို တန်ဖိုးသိလာတဲ့အခါ လွယ်လွယ်နဲ့ရှာဝယ်လို့မရနိုင်တော့ဘူး၊ဈေးကြီးပေးပြီးလိုက်ဝယ်ရတော့တာပါပဲ။ ခုတော့ အရမ်းမရှားသေးခင် တန်ဖိုးထားပေးလိုက်ပါ။စောင်းလျားသီးက ဘယ်လိုအဖိုးတန်လဲဆိုတော့ ... အရွယ်တော် စောင်းလျားသီးတစ်လုံး (၉၁ ဂရမ်ခန့်)မှာ ဗီတာမင် C ကအများဆုံးဆိုပေမယ့် အမျှင်ဓါတ်၊ ပရိုတင်း၊ ဗီတာမင် B5၊ဖောလိတ်၊ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ တစ်ခါစားအတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

စတော်ဘယ်ရီချစ်သည်းရှင်တို့အတွက် သတင်းကောင်းလေးလာပါပြီ ။ ။

အသည်းပုံ ပုံစံ နီနီရဲရဲလေးနဲ့ ဆွဲဆောင်မှုရှိလှတဲ့ စတော်ဘယ်ရီသီးကို စားမလားလို့မေးရင် ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ အရောင်အဆင်းနဲ့ ပုံပန်းသဏ္ဍန်လေးကလည်း လှသလို စားလိုက်ရင် ချိုချဉ်အရသာလေးရှိတဲ့ စတော်ဘယ်ရီသီးလေးက သင့်ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ အရာတွေ အများကြီးရှိပါတယ်။ အဆင်းသာမက အချင်းပါရှိတဲ့ စတော်ဘယ်ရီသီးလေးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးလေးတွေကို ကြည့်လိုက်ကြရအောင် ။ ။ စတော်ဘယ်ရီသီးကြောင့်ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ။ ။ ခုခံအားကို မြင့်တက်စေပါတယ်။ ။ ချိုချဉ် အရသာရှိတဲ့ စတော်ဘယ်ရီသီးမှာ ခုခံအားရဲ့ မဟာမိတ်တပ်သားတွေဖြစ်တဲ့ ဗီတာမင် C တွေအများကြီးပါတာကြောင့် စတော်ဘယ်ရီသီးများများစားလေ သင့်ခုခံအားမြင့်တက်လေလေ ရောဂါတွေ ကင်းစင်လေလေပါပဲ။ အမြင်အာရုံကို ကောင်းမွန်စေပါတယ် ။ ။ စတော်ဘယ်ရီမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တွေက အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မျက်လုံးရေတိမ်စွဲတဲ့ ရောဂါကို တားဆီးပေးပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းသီးနုနုလေး စားပေးသင့်တဲ့အကြောင်းအရင်း

ထန်းသီးနုနုလေးစားရတာက ဂျယ်လီလေးစားရသလိုပါပဲ။ ဆိုးဆေးတွေ၊ပြုပင်ထားတဲ့ အချိုဓါတ်တွေကင်းစင်တဲ့ သဘာဝရဲ့ ဂျယ်လီလေးပေါ့။နွေရာသီမှာ ထန်းသီးနုနုချိုချိုလေးကို ပင်ပွားလေးနဲ့ရောလို့ နို့စိမ်းလေး၊ရေခဲလေးနဲ့ရာစပ်လိုက်ရင် ထန်းသီးဖော်ရည်ချိုအေးမွှေးလေးက ရင်အေးစေသလို စိတ်ကျေနပ်မငလည်းရစေတာအမှန်ပါ။ ထန်းသီး မနုမရင့်လေးတွေကိုလည်းကျောက်ကျောထိုးစားလို့ရပါသေးတယ်နော်။ ဒီလိုအမျိုးမျိုးအဖုံဖုံစားလို့ရတဲ့ ထန်းသီးနုနုလေးက စားကောင်းရုံတင်လား။ နိုးပါ။ ကျန်းမာရေးအတွက်လည်းကောင်းစေပါသေးတယ်နော်။ ထန်းသီးအကြောင်း သိပြီးပြီလား အညာဒေသတွေရဲ့ အမှတ်အသားလို့တောင်ပြောလို့ရတဲ့ ထန်းပင်လေးက သားသမီးတစ်ယောက်ထက်တောင်ပိုပြီး အသုံးကျသေးတယ်၊လို့ပြောတာကိုကြားဖူးကြလား။ ထန်းပင်ရဲ့ အရွက်က အမိုးမိုးလို့ရတယ်။ ထန်းသီးအဆံကစားလို့ရတယ်။ ထန်းသီးမှည့်သွားရင်လည်း အနှစ်တိုက်ပြီး ထန်းသီးမုန့်လုပ်စားလို့ရတယ်။ အမြစ်ကလည်း စားလို့ရပါတယ်။ ထန်းပင်ကအိုသွားလို့ ခုတ်လှဲရပြီဆိုရင်လည်း ပင်စည်ကို ကြမ်းခင်းအဖြစ်သုံးလို့ရပါသေးတယ်။ ထန်းရည်နဲ့ ထန်းလျက်ကလည်း ထန်းပင်ကနေရတဲ့ အရာတွေပါပဲ။ ကဲ ဘယ်လောက်တောင်အသုံးဝင်လိုက်သလဲနော်။ ထန်းသီးဆိုတာက အမှန်တော့ အသီးရဲ့အဆံလေးပါ။ အညိုရောင်ထန်းသီးထဲမှာပါတဲ့ အဆံလေးတွေပေါ့။ ထန်းသီးတစ်လုံးမှာ ၃ ခုဒါမှမဟုတ် ၄ ခုထိပါတတ်ပါတယ်။ အသီးရဲ့ လုံးပတ်က ၄ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အော်လ်မွန်စေ့ကို နေ့စဉ်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ

အစေ့အဆန်တွေမှာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတဲ့ အဆီအနှစ်၊ အာဟာရတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို လိုက်စားသူတွေရဲ့ နေ့စဉ်အစာအာဟာရမှာ အစေ့အဆန်ဟာ မဖြစ်မနေ ပါဝင်သင့်တဲ့ အစားအစာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အစေ့အဆန်တွေထဲမှာမှ အရသာလည်း ရှိပြီး အာဟာရဓါတ်များစွာ ပေးစွမ်းနိုင်တဲ့ အော်လ်မွန်စေ့ကို ပုံမှန်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ အော်လ်မွန်စေ့မှာ လူ့ခန္ဓါကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင် B ၊ ဗီတာမင် E ၊ သံဓါတ်၊ ဇင့်ဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စရပ်စ်၊ ကစီဓါတ်အနည်းငယ်အပြင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီသန့်၊ ကယ်လိုရီဓါတ်တွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေခဲမုန့်ကို သင်ကကြိုက်ပေမယ့် သင့်ကိုယ်ခန္ဓာကတော့ မကြိုက်ပါ။

ရေခဲမုန့်တို့ အိုက်စ်ကရင်း တို့ဆိုတာ လူတိုင်း သည်းခြေကြိုက်ကြတဲ့ အစားအသောက်တစ်ခုပါ။ မကြိုက်တဲ့သူ အင်မတန်မှ ရှားလောက်အောင် နာမည်ကြီးလူကြိုက်များကြတဲ့ အချိုပွဲတစ်ခုပါ။ ဒီလူတိုင်း ကြိုက်ကြတဲ့ အိုက်စ်ကရင်းကို သင့်ကိုယ်ခန္ဓါ မကြိုက်ဘူးဆိုရင်တော့။ ဘာလို့လဲ ၊ ရေခဲမုန့်က သင့်ကိုယ်ခန္ဓါကို ဘယ်လိုတွေ ဒုက္ခပေးနိုင်လဲ ။ ။ ရေခဲမုန့်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ။ ။ ရေခဲမုန့်ကြောင့် သင် အဝလွန်ခြင်း ဖြစ်ပါတယ်။ ။ ရေခဲမုန့်တစ်ခွက်ဖြစ်လာဖို့ သကြားတွေ၊ နို့တွေအများကြီးနဲ့ ဖန်တီးထားရတာကြောင့် ရေခဲမုန့်တစ်ခွက်မှာ ကယ်လိုရီ ၁၀၀၀ တောင်ပါပါတယ်။ ဒီလို ခွက်သေးသေးလေးတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကယ်လိုရီက များလွန်းတာကြောင့် ရေခဲမုန့်များများစားလေ ကယ်လိုရီတွေ ကိုယ်ခန္ဓါထဲများများဝင်လေ ပိုဝလာလေလေပါပဲ။ သကြားဓါတ်ပါဝင်မှု မြင့်ပါတယ်။ ။ ရေခဲမုန့်ရဲ့ အရသာကိုတည်းက ချိုချိုလေးဖြစ်တာကြောင့် သကြားတွေ အများကြီးပါမယ်ဆိုတာ ပြေးကြည့်စရာတောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆိတ်နို့ သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

နို့လို့ ပြောလိုက်တယ်ဆိုရင် လူတော်တော်များများ ပြေးမြင်ကြတာက နွားနို့ကိုပါ။ ဒါပေမယ့် သောက်လို့ရတာက နွားနို့တစ်ခုတည်း မဟုတ်ပါဘူး။ ဆိတ်နို့ ၊ ကျွဲနို့နဲ့ မြင်းနို့တို့ကလည်း သောက်လို့ရပါတယ်။ ဆိတ်နို့ဆိုရင် နွားနို့ထက် ပိုမွှေးသလို ပိုလည်းဆိမ့်ပါတယ်။ ဒီတစ်ခေါက်တော့ သောက်ရတာဆိမ့်ပြီး အရသာရှိလှတဲ့ ဆိတ်နို့အကြောင်းလေး နည်းနည်းလောက်ပြောပြပါရစေ။ ဆိတ်နို့ အကြောင်း တစ်စေ့တစောင်း ဆိတ်နို့ က အရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း တော်တော်လေးများပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ စုံလင်စွာ ပါဝင်နေတဲ့အတွက် သောက်သုံးဖို့ သင့်တော်တဲ့ နို့တစ်မျိုးပါ။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြားဓာတ်၊ ဆိုဒီယမ်တို့ ပါဝင်နေသလို ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်တို့လိုမျိုး သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်တွေအနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် B […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဖာ (Kefir) ဆိုတာ ဘာအတွက်ကောင်းတာလဲ

ကီဖာ (Kafir) ဆိုတာ နွားနို့ ဒါမှမဟုတ် ဆိတ်နို့ကနေ အချဉ်ဖောက်ထားတဲ့သောက်စရာတမျိုးပါ။ နို့ထဲကို ကီဖာစေ့လေးတွေထည့်ပြီးဖောက်ရတာဖြစ်ပါတယ်။ ကီဖာအကြောင်းကို သိတဲ့သူတွေသိကြပါတယ်။ အွန်လိုင်းမှာတောင် ကီဖာအကြောင်းဝေမျှကြ၊ ကီဖာတွေ မျှပေးကြတဲ့ ဂရုတွေရှိပါသေးတယ်။ စိမ်ထားပြီး ၂၄ နာရီအတွင်းမှာ ကီဖာစေ့ထဲက အဏုဇီဝပိုးလေးတွေ ပွားလာပြီး နို့ထဲကသကြားနဲ့ အချဉ်ပေါက်လာတယ်၊ ကီဖာဖြစ်သွားတယ်ပေါ့။ပြီးရင် ကီဖာစေ့ကိုအရည်ထဲကဆယ်ထုတ်ထားပြီးနောက်တစ်ကြိမ်ထပ်သုံးလို့ရပါတယ်။ ကီဖာဆိုတာ ကီဖာစေ့တွေစိမ်ထားတဲ့အရည်သာဖြစ်ပြီး ကီဖာစေ့တွေကိုတော့ ထပ်ထပ်ပွားဖို့ သုံးရတာဖြစ်ပါတယ်။ အရှေ့ဥရောပဘက်ကနေ စတင်အသုံးပြုလာတဲ့ ကီဖာ (Kefir)ဆိုတဲ့အမည်က keyif ဆိုတဲ့တူရကီဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ စားပြီးရင်နေလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ကီဖာစေ့ရဲ့ lactic acid ဘက်တီးရီးယားက နို့ရဲ့lactose ကိုlactic acid အဖြစ်ပြောင်းလဲစေတာကြောင့် သူ့အရသာက ဒိန်ချဉ်လို အရသာလေးဖြစ်ပါတယ်။ ကီဖာက ဘာအတွက်ကောင်းတာလဲ အာဟာရဓါတ်တွေအများကြီးပါဝင်တယ် ကီဖာ ၁၇၅ မီလီတစ်ခွက်စာမှာ - ပရိုတင်း ကယ်လ်စီယမ် ဖော့စ်ဖရပ်စ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Probiotics က ကောင်းလား၊ မကောင်းဘူးလား

အခုရက်ပိုင်း ကြော်ငြာတွေ မှာ probiotics အကြောင်းတွေ ပြောပြီးကြော်ငြာလာကြတော့ လူတော်တော်များများ ကတော့ probiotics က ကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ကျန်းမာရေး အတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။ Probiotics ဆိုတာဘာလဲ တကယ်တော့ probioticsဆိုတာ အသက်ရှိသေးတဲ့ ဘက်တီးရီယားတွေပါပဲ။ ဘက်တီးရီးယားလို့ပြောတော့ ကျွန်တော်တို့ စိတ်ထဲ ဝင်လာတာကတော့ လူကို ဒုက္ခပေးစေတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မမြင်ရတဲ့ ပိုးမွှား သန်းပေါင်း များစွာရှိနေပါတယ်။ အကုန်လုံးက ဒုက္ခမဖြစ်စေပါဘူး။ တချို့ က ဒုက္ခပေးတာ ရှိသလို၊ တချို့ကျပြန်တော့လည်း လူ့ ခန္ဓာကိုယ် ကို ကောင်းကျိုးပေးနိုင်ပါတယ်။ probioticsဆိုတာ ကောင်းကျိုးပေးတဲ့ bacteria နှင့် yeast […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း