အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးများ ။ ။

ဒီလို ပူပြင်းတဲ့ေနွရာသီ လမ်းမပေါ်မှာ အုန်းရည်ေရာင်းတဲ့ လှည်းလေးတွေ အများကြီးတွေ့ရတတ်တယ်နော်။ ကိုယ်ဝယ်မှ အုန်းသီးကို ခုတ်ပေးပြီး အရည်ထုတ် အဖတ်လေးပါ ရောင်းပေးတယ်လေ။ နွေလိုမျိုး ပူပြင်းတဲ့ ရာသီဥတုမှ အုန်းစိမ်းရည်ေလး သောက်လိုက်ရရင် အမောကိုပြေလို့။ ပြီးတော့ ခြစ်ထားတဲ့ အုန်းသီးဖတ် နုနုလေးတွေကို ထန်းလျက်လေးနဲ့ ရောစားလိုက်လို့က ဘာပြောကောင်းမလဲ။ အရသာကိုရှိလို့။ ဒီဆောင်းပါးထဲမှာ စားလို့လည်း အရသာရှိ၊ ထုတ်ထုတ် ထုတ်ထုတ် နဲ့ ဝါးလို့လည်းကောင်းတဲ့ အုန်းသီးဖတ်လေးတွေ စားခြင်းကြောင့် ရနိုင်တဲ့ကောင်းကျိုးတွေ ပြောပြပေးတော့မှာပါ။ အုန်းသီးဖတ်မှာပါတဲ့ အဆီဓါတ် ။ ။ အုန်းသီးဖတ် တစ်ခွက်မှာ ပါတဲ့ ကယ်လိုရီ ၂၈၃ ပမာဏက ြပည့်ဝဆီ တွေက ရတာပါ။ အခြား အသီးတွေက ပြည့်ဝဆီ နည်းနည်းပဲ ပါပေမယ့် အုန်းသီးဖတ်တစ်ခွက်မှာတော့ ပြည့်ဝဆီ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သင်္ဘောစေ့ရဲ့ အကျိုးပြုအာနိသင် (၅) မျိုး

ရာသီဥတုပူတဲ့အချိန် အသီးအနှံချိုချိုလေးနဲ့မှ ရင်အေးကြတာနော်။ သင်္ဘောသီးက ချိုလည်းချို ဝမ်းလည်းမှန်စေတယ်။အမျှင်ဓါတ်၊ကယ်လ်စီယမ်၊သံဓါတ်နဲ့ ဗီတာမင်တွေများစွာပါဝင်တဲ့အတွက် အကျိုးကျေးဇူးများလှတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့အာနိသင်ကတော့ အူတွင်းလုပ်ဆောင်ချက်ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ကိုယ်ခံအားကောင်းစေတယ်။ အသီးက ချိုမြပြီးရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊သောက်သုံးကြပေမယ့် သင်္ဘောစေ့ကိုတော့ သန်ကျစေတယ်လို့ယုံကြည်ပြီးစားသုံးသူအနည်းငယ်သာရှိပါတယ်။ အများစု ကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကိုမသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက်၊ စားလို့မရဘူးထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။ သင်္ဘောစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် (၅) မျိုး (၁) ကျောက်ကပ်ကို ကာကွယ်ပေးတယ် သင်္ဘောစေ့ကိုစားခြင်းအားဖြင့် ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ကာကွယ်ပေးပြီး ကျောက်ကပ်ရောဂါခံစားနေရသူတွေအတွက်လည်း ကုသမှုမှာအထောက်အကူပေးပါတယ်။ တစ်နေ့ကို ၇ စေ့လောက်ဝါးစားပေးရုံနဲ့လုံလောက်ပါတယ်။ (၂) အသည်းကိုသန့်စင်ပေးတယ် အသည်းရဲ့တာဝန်က ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်တွေကို စစ်ထုတ်ပေးပြီး ရောဂါတွေရန်က ကာကွယ်ပေးရတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်ပါတယ်။ အဲသည်အသည်းက မကောင်းတဲ့အခါ နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အသည်းသန့်စင်ဖို့က အရေးကြီးတာပါ။ သင်္ဘောစေ့က အသည်းပြဿနာ၊ အထူးသဖြင့် အသည်းခြောက်ခြင်းတို့မှာ အရမ်းကိုအကျိုးပြုတဲ့အာနိသင်ရှိပါတယ်။ သင်္ဘောစေ့ ၅ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပိစပ်ကနေရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ ။ ။

ပဲနို့ ၊ပဲငံပြာရည်၊ ပဲပိစပ်ဆီ ဆိုပြီး ပဲပိစပ်နဲ့ပက်သက်တဲ့ ထုတ်ထားတဲ့ ထုတ်ကုန်များစွာကို ကြားဖူး၊ စားဖူးကြမှာပါ။ ဟင်းတစ်ပွဲ ပြင်ဆင်တဲ့နေရာမှာမပါမဖြစ်ဆိုတော့ အိမ်ရှင်မတွေဆို ပိုသိမှာပေါ့။ ပဲပိစပ်ဆိုတာဘာလဲ ။ ။ ပဲပိစပ်ဆိုတာ ပဲအမျိုးအနွယ်ဝင်တစ်မျိုးဖြစ်ပြီး အခြား ပဲအမျိုးနွယ်ဝင်တွေထက် ပိုပြီး ပရိုတင်းြကွယ်ဝတဲ့ ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို အဆီထွက်တဲ့ ပဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် ပဲပိစပ်ဆီတို့၊ ပဲငံပြာရည် တို့ဆိုပြီး အများကြီးပေါ်ထွက်လာပြီး လူတိုင်းအသည်းကျော် စားစရာဖြစ်လာခဲ့တာပေါ့ ။ ဒါဆို လူတိုင်းကြိုက်ကြတဲ့ ပဲပိစပ်မှာ ဘယ်လို ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အချက်တွေရှိလဲ ။ ။ ( ၁ ) နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ် ။ ။ ပဲပိစပ်မှာပါဝင်တဲ့ အမျှင်ဓါတ် ေတွက သွေးတွင်းအဆီဓါတ်ကိုလျော့ကျစေပြီး သွေးကြောအတွင် းအဆီတွေ အနည်ကျခြင်းကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငှက်ပျောသီးက နေ့စဉ်အစာအာဟာရကို ဘယ်လိုအကျိုးပြုလဲ

ကျွန်တော်တို့နိုင်ငံမှာတော့ ငှက်ပျောသီးကို နေရာအနှံ့၊ ရာသီမရွေး တွေ့နေကြတာပါပဲ။ အရသာလည်း ရှိတယ်၊ အမျှင်ဓါတ်လည်း များတော့ တစ်လုံးလောက်စားပြီးတာနဲ့ ဗိုက်ဝသွားရော။ သဘာဝအချို အရသာဆိုတော့ ကလေးတွေပါ ကြိုက်ကြတာပေါ့။ ဒီနေ့ဆောင်းပါးလေးမှာ အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ငှက်ပျောသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ အာဟာရဓါတ် အများအပြား ပါဝင်ပါတယ်။ အရောင်၊ အရွယ်အစား၊ ပုံစံချင်း မတူရင်တောင် ငှက်ပျောသီးမှာ ပါတဲ့ အာဟာရဓါတ်ေတွကတော့ လူတွေအတွက် အကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ အမျှင်ဓါတ် ပါဝင်မှု များလို့ အစာကြေလွယ်စေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ ပိုတက်စီယမ်ဓါတ်၊ ဗီတာမင် ဘီ-စစ်၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ကစီဓါတ်၊ ပရိုတင်းဓါတ်နဲ့ အဆီဓါတ်အနည်းငယ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ။ ။

အစိမ်းရောင်ခြယ် ပစ္စည်းတွေ အပြည့်ပါပြီး စားလို့ကောင်းတဲ့ ဟင်းနုနွယ်ကို ဆေးဘက်ဝင်တဲ့ အပင်တစ်ခု အဖြစ် အားလုံး အကြမ်းဖျင်း သိကြပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ဟင်းနုနွယ်ရဲ့ ကောင်းကျိုး အစုံကို အသေးစိတ်ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ ဟင်းနုနွယ်ရဲ့ အံမခန်း အကျိုးကျေးဇူးများ ။ ။ အမြင်အာရုံကို ကောင်းမွန်စေပါတယ် ။ ။ ဒီ အစိမ်းရောင် အရွက်လေးထဲမှာ beta-carotene, lutein, and xanthene စတဲ့ အမြင်အာရုံအတွက် အကျိုးပြုတဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။ မျက်လုံးကျန်းမာရေးအပြင် ပါဝင်တဲ့ beta-carotene က ဗီတာမင် A ဓါတ်ချို့တဲ့တာကိုလည်း ကာကွယ်ပေးဦးမှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျတဲ့ အာနိသင်လည်းပါဝင်တာကြောင့် မျက်လုံး ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းတာ၊မျက်လုံးနီတာ ယားတာတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စားလို့ကောင်းတဲ့ ငချိတ် က ကျန်းမာရေးအတွက်လည်းကောင်းပါတယ်နော်

ငချိတ် ပေါင်းကို အုန်းသီးလေးဖြူး နှမ်းထောင်းလေးနဲ့တို့လို့ မနက်ခင်းစောစောလေး စားလိုက်ရတဲ့ အရသာက တော်တော်လေးပြီးပြည့်စုံတယ်နော်။ ကောက်ညှင်းဆန်ညိုညိုလေးက စားလိုက်ရင် ဖောက်ဖောက်နဲ့ တော်တော် စားလို့ကောင်းတာပါ။ ဒီစားကောင်းတဲ့ ငချိတ်ပေါင်းလေးက ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေများသားနော်။ ငချိတ် ဆန်မှာပါတဲ့ အာဟာရဓာတ်တွေက ငချိတ်မှာ ပါဝင်တဲ့ ကယ်လ်လိုရီပမာဏက ရိုးရိုးဆန်နဲ့ ဆန်လုံးညိုတို့မှာပါဝင်တဲ့ ကယ်လ်လိုရီပမာဏနဲ့ အတူတူပဲဆိုပေမယ့် ပရိုတင်းနဲ အမျှင်ဓာတ်က ပိုပါတယ်။ ပရိုတင်း   အမျှင်ဓာတ်နဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့နဲ့ ပျက်စီးသွားတဲ့ တစ်ရှူးတွေကို အသစ်ပြန်လည်ဖြစ်ပေးစေပါတယ်။ ကျန်းမာရေးကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေ၊ တစ်ရှူးတွေကို ကျန်းမာစေပြီး ဇီဝတွင်းဖြစ်စဉ်တွေကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိထောက်ပံ့ပေးပါတယ်။ အမျှင်ဓာတ် အမျှင်ဓာတ်က နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချိုရောဂါဖြစ်နိုင်ခြေကို […]


ကျန်းမာစွာ စားသောက်ခြင်း

အာဟာရဓါတ်ကြွယ်ဝတဲ့ မျောက်ငိုသီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူး

ဈေးကွက်မှာသိပ်မတွေ့ရပေမယ့် အွန်လိုင်းကတဆင့် တခုတ်တရမှာယူစားသုံးကြတဲ့ သွင်းကုန်အစားအသောက်တွေထဲမျောက်ငိုသီးတွေလည်းပါဝင်ပါတယ်။ တညင်းသီးနဲ့တူတယ်ဆိုတဲ့ သူ့ရဲ့အရသာကို မစားဖူးသေးသူတွေရှိပေမယ့် နှစ်သက်သူတွေကတော့ သူ့အရသာကိုစွဲလမ်းလို့ ထိုင်းစားသောက်ကုန်တင်သွင်းသူတွေဆီအွန်လိုင်းကနေ မှာယူကြရပါတယ်။ သူ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေကို သိပ်မသိဘဲနဲ့တောင်မျောက်ငိုသီးကြိုက်တဲ့သူတွေက ဘာကြောင့်မှန်းမသိ ကြိုက်နေကြတာဖြစ်ပါတယ်။ မျောက်ငိုသီးမှာက ပရိုတင်း၊ အကျိုးပြုအဆီဓါတ်တွေ၊ အမျှင်ဓါတ်၊ သံဓါတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်၊ဇင့်၊ကော့ပါးနဲ့ ဗီတာမင်တွေစုံလင်အောင် ပါဝင်လို့ တကယ့်ရတနာသိုက်လို့တောင် တင်စားကြပါတယ်။ ဒီလိုပြောကြတဲ့မျောက်ငိုသီးက ဘယ်လောက်စွမ်းနေလို့လဲဆိုတာလေ့လာကြည့်တော့ ဒီအချက်တွေကို သိလာရပါတယ်။ အိန္ဒိယ၊အင်ဒိုနီးရှား၊မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ လူကြိုက်များကြတဲ့မျောက်ငိုသီးက - အရိုးကျန်းမာစေတယ် မျောက်ငိုသီး ၁၀၀ ဂရမ်မှာဖော့စဖရပ်စ်ပမာဏ ၁၁၅ မီလီဂရမ်ပါဝင်ပြီး ဒါဟာ တစ်နေ့တာလိုအပ်တဲ့ပမာဏရဲ့ ၁၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ဖော့စဖရပ်စ်ဟာ အရိုးပွခြင်းကိုကာကွယ်ပေးပြီး ခန္ဓါကိုယ်ထဲက ပုံမှန်ဆဲလ်လုပ်ဆောင်ချက်တွေကိုထောက်ပံ့ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒီသတ္တုဓါတ်က သွားကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ဓါတ်ဖြစ်ပါတယ်။ ဦးနှောက်ကျန်းမာစေတယ် လူ့ခန္ဓါကိုယ်ရဲ့အာရုံကြောစနစ်နဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကို မှန်ကန်စေဖို့က ပိုတက်စီယမ်လုံလောက်မှဖြစ်မှာပါ။ ပိုတက်စီယမ်ချို့တဲ့ရင်ရေဓါတ်ဆုံးရှုံးခြင်း၊ပြင်းထန်တဲ့ခေါင်းကိုက်ခြင်း၊ ဂလင်းတွေနဲ့တစ်ရှူးတွေရောင်ရမ်းခြင်း၊ ရင်တုန်ပန်းတုန်ဖြစ်ခြင်းစတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး

ရာသီအလိုက် စားစရာလေးတွေကတော့ ရှိစမြဲပါနော်။ ရာသီပေါ်စာ ဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်း နွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည် လေးအကြောင်း ပြောပြပေးချင်ပါတယ်နော်။နွေပူလာရင် နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေ တွေ့လာရပြီနော်။ နွေပူပူကို အံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။ နွေပူပူမှာ သံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေး သောက်လိုက်ရတာက ရင်ထဲကိုအေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။ ကြံရည် ဆိုတာ ကြံရည်ဆိုတာက ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့ အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာက ချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာ သောက်သုံးတာ မဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကို ရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား။

ဒံပေါက်ဆိုတဲ့ အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။ အိန္ဒိယ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အနံ့ရော၊ အရသာနဲ့ အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင်တယ်။ ဒံပေါက်ကို အိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။ ဒီတော့ ဒံပေါက်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာဟုတ်သလား၊ ဒီလိုနွေရာသီမျိုးမှာရော ဒံပေါက်စားပေးသင့်လား၊ အမြဲစားရင် ကျန်းမာရေးထိခိုက်နိုင်လား ဆိုပြီး မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်က ဒံပေါက်ကို အရမ်းကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေမှာပါ။ ဒံပေါက်မှာ ဘာတွေ ပါဝင်လဲ။ ဘယ်လိုအာဟာရဓါတ်တွေ ရနိုင်လဲ။ အဓိကပါဝင်ပစ္စည်းတွေကတော့ ထမင်းနဲ့ ကြက်သားြဖစ်ပြီး ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဇီရာစေ့၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အားဖြည့်ဆန် ဆိုတာဘာလဲ

အခုနောက်ပိုင်းမှာ ကျွန်တော်တို့တွေ ထမင်းစားရင် ဖွေးနေမှ ဖြူနေမှ ဆိုပြီး ရေအထပ်ထပ်ဆေး၊ ဆန်ဖွတ်ကတည်းက ဖြူဖွေးတဲ့ အဆင့်ထိ ဖွတ်လိုက်တော့ နဂိုဆန်မှာ ပါဝင်တဲ့ ဗီတာမင် နှင့် သတ္တုဓာတ်တွေ ဆုံးရှုံးကုန်ပါတယ်။ မပါသလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် အခု နောက်ပိုင်း ဆန်တွေမှာ ဗီတာမင်တွေ ထပ်ဖြည့်ထားတဲ့ အားဖြည့်ဆန် (Fortified Rice) တွေ ထုတ်လာကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ ဖြစ်သေးတဲ့ အာဟာရဆိုင်ရာ ကျန်းမာရေး ဗဟုသုတ နည်းနေသေးတဲ့ နိုင်ငံတွေ မှာ အခုလိုမျိုး အားဖြည့်ဆန် တွေ ထုတ်လာကြတာ တော်တော်လေး ကောင်းကျိုးတွေရှိပါတယ်။ အားဖြည့်ဆန် မှာ ဘာတွေပါလဲ ဗီတာမင် A ဗီတာမင် B1 ဗီတာမင် B6 ဗီတာမင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း