အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

Boron ဆိုတာ.......

ခေါင်းစဉ် ဖတ်ပြီး တစ်ခါမှတောင် မကြားဖူးဘူးဆိုပြီး အတွေးများမသွားပါနဲ့။ ဒါက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေထဲက တစ်ခုပါ။ မရှိမဖြစ်တော့ မဟုတ်ပေမယ့် လိုအပ်တာကတော့ အမှန်ပါပဲ။ လူသိနည်းသေးတဲ့ Boron လေး အကြောင်း ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ Boron ဆိုတာ ဘာလဲ...... Boron ဆိုတာက အစားအစာတွေထဲမှာ တွေ့ရတတ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ပတ်ဝန်းကျင်မှာလည်း အတွေ့ရများပါတယ်။ အထူးသဖြင့် အခွံမာသီးတွေမှာ တွေ့ရများပါတယ်။ အများစုက boron က ဖြည့်စွက်စာအနေနဲ့ပဲ စားသုံးကြတာ များပါတယ်။ ဘယ်လိုတွေ သုံးလို့ရလဲ......... Boron ကို များသော အားဖြင့် Boron ချို့တဲ့မှုအတွက် သောက်သုံးရတဲ့ဆေးဝါးတွေ ထုတ်လုပ်တဲ့အခါမျိုး၊ လေဒီလေးတွေမှာ ရာသီလာတာကြောင့် ကိုက်ခဲတာကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။ အမျိုးသမီးတွေမှာ မိန်းမကိုယ် မှိုစွဲတာကို သက်သာစေဖို့အတွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

DHA အကြောင်း ဘာတွေသိထားသင့်လဲ..........

ကျန်းမာရေး ဗဟုသုတတွေ များလာတဲ့အတူ ကျန်းမာရေးကို လိုက်စားသူတွေ အရင်ကထက် များလာကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ကြတယ်။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လာကြတယ်။ ဒီလို ကျန်းမာအောင် နေထိုင်မှုက နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ကျော်ဖြတ်နိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ကျန်းမာနေစေ ဖို့အတွက် အာဟာရပြည့်အောင် စားသုံးတဲ့အထဲမှာ သတိလက်လွတ် ဖြစ်နေတတ်တဲ့အချက် တစ်ခုရှိပါတယ်။ ဒီအကြောင်းလေးကို အခု ဆောင်းပါးလေးထဲမှာ ပြောပြပေးထားပါတယ်။ ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်ချက်တစ်ခု (သို့မဟုတ်) DHA ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်တဲ့ အာဟာရတွေကတော့  အများကြီးပေါ့။ ဒီအထဲမှာမှ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C တို့ကို လူသိများပေမယ့် DHA ဆိုတာကိုတော့ အခုနောက်ပိုင်း ဖြည့်စွက်အာဟာရတွေကို နားထောင်ရင်းနဲ့မှ သတိထားမိလာကြတာပါ။ DHA ဆိုတာ ဘာလဲ.......... DHA ကို Docosahexaenoic acid […]


အာဟာရဆိုင်ရာ အချက်အလက်များ

သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက်

သြဇာသီး လို့ ဆိုလိုက်တာနဲ့ အရသာ ကောင်းသလောက် စားရတာအလွန်လက်ဝင်တဲ့ ရုပ်ဆိုးဆိုးအသီးကြီးကို ဆိုလိုမှန်း လူတိုင်းသိကြမယ်ထင်ပါတယ်။ ချိုမြတဲ့အရသာနဲ့မှမလိုက် ပေါပေါများများပါလာတတ်တဲ့ အစေ့တွေကို လက်ဝင်အောင်ဖယ်စားရတာ၊ ဒီအစေ့တွေကို သြဇာစေ့တောက်တမ်းကစားကြတာတွေက ငယ်ဘဝကာလတွေမှာ အမှတ်တရ အချိန်တွေပါပဲ။ သြဇာသီး ရဲ့ကျန်းမာရေး ကောင်းကျိုး ၂၁ ချက် ဒီအသီးကို အိန္ဒိယနွယ်ဖွားတွေက ရှာရီဖာလို့ ခေါ်ကြပြီးတော့ အစိမ်းအတိုင်းအပြင် ကိတ်မုန့်တွေ မုန့်အချိုတွေ လုပ်စားတတ်ကြပါတယ်။ မြန်မာတွေကတော့ အစိမ်းအတိုင်း စားကြတာများပါတယ်။ သြဇာသီး ဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး […]


အာဟာရဆိုင်ရာ အချက်အလက်များ

HMB အကြောင်း သိကောင်းစရာ

ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် စတဲ့အာဟာရဓာတ်တွေကို လူသိများကြပေမယ့် အခုပြောပြမယ့် HMB ဆိုတာကို သိသူရှားမယ်ထင်ပါတယ်နော်။ ကြားဖူးတဲ့သူတောင် ခပ်ရှားရှားဖြစ်မလားဘဲ။ ဒီလူသိပ်မသိသေးတဲ့ HMB ရဲ့ အကြောင်းကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ HMB ဆိုတာ ဘာလဲ......... Hydroxymethylbutyrate (HMB) ဆိုတာ leucine ကို ခန္ဓာကိုယ်က ဖြိုခွဲလိုက်တဲ့အချိန်မှာ ထွက်လာတဲ့ ဓာတုပစ္စည်းတစ်မျိုးပါ။ Leucine က အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပြီး ပရိုတင်းမှာ ပါဝင်ဖွဲ့စည်းထားတဲ့အရာတစ်မျိုးပေါ့။ တော်တော်များများက Hydroxymethylbutyrate (HMB) ကို ဆေးထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ Hydroxymethylbutyrate (HMB) ကို ဘယ်လိုတွေခေါ်သေးလဲ........ Hydroxymethylbutyrate (HMB) ကို Beta-hydroxy-beta-methylbutyrate၊ B-Hydroxy B-Methylbutyrate Monohydreate၊ Beta-Hydroxy-Beta-Methylbutyric Acid၊ Calcium B-Hydroxy B-Methylbutyrate Monohydrate၊ Calcium HMB၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Almond နဲ့ ဗာဒံ တူတူပဲလား

စားနေကျ ချောကလက်ထဲ မှာပဲ ဖြစ်ဖြစ်၊ မနက်ခင်း နွားနို့နဲ့ စားမယ့် အစေ့အဆန်တွေထဲမှာပဲ ဖြစ်ဖြစ် Almond ကို မြင်ဖူး စားဖူးနေမှာပါ။ အခုခေတ်မှာ almond ဆိုတာ မုန့်ဖုတ်ဝါသနာပါသူတွေနဲ့ မစိမ်းသလို သူကရတဲ့ အဆီအနှစ်ကို နို့ထဲထည့်တယ်... အလှကုန်ထဲထည့်တယ် ...စသည်ဖြင့် အစုံသုံးလို့ရပါတယ်။ စာရေးသူကတော့ ဘူးနဲ့လာပြီး အဆင်သင့်ဝါးစားလို့ရတဲ့ roasted almond စေ့လေးတွေကို တခြား snack တွေအစား ဝါးလေ့ရှိတယ်။ အရသာတော်တော်ရှိတာကိုး။ အဲ့လိုဝါးရင်းနဲ့မှ ငယ်ငယ်က အိမ်ရှေ့မှာရှိတဲ့ ဗာဒံပင်ကြီးအောက် ဗာဒံသီးအခြောက်တွေကို ခဲနဲ့ ချိန်ပစ်ချရင်း ရလာတဲ့ အသီးခြောက်တွေကို အုတ်နီခဲပေါ်တင် ကျောက်တုံးနဲ့ ကျကျနနထု ပြီး အဆန်ထုတ်စားခဲ့တာကိုပြန်ပြောင်း သတိရမိတယ်။ ဗာဒံကို Almondလို့ပဲ ငယ်ငယ်က သင်ခဲ့ရတာကိုး။ သူတို့ က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး

ငယ်ငယ်က သူငယ်ချင်းတွေစုမိတိုင်း မောင်နှမတွေစုမိတိုင်း ဗာဒံပင်တွေအောက်မှာ ဗာဒံသီးတွေကောက်လို့ တူတွေ၊ အုတ်ခဲတွေသုံးလို့ ထုပြီး အထဲကအဆန်ကို အရသာရှိရှိစားခဲ့ဖူးတယ်ဟုတ်။ ဆိမ့်ဆိမ့်လေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ ဗာဒံသီးကအရည်တွေစဉ်ရင် အဝတ်အစားတွေ ပေမှာစိုးလို့ဆိုပြီး စိုးရိမ်လိုက်ရတာလည်း အမောနော်။ ကလေးတုန်းက အပျင်းလည်းပြေ စားလို့ကောင်းလို့ဆိုပြီး စားခဲ့တဲ့ ဗာဒံစေ့ လေးတွေက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။ ဗာဒံစေ့ ဗာဒံစေ့က သိပ်ထွေထွေထူးထူးပြောစရာမလိုအောင် လူတိုင်းသိပြီးဖြစ်မှာပါ။ အညိုရောင်ခပ်ဖျော့ဖျော့အဆန်လေး အတွင်းမှာ အဖြူရောင်နှစ်နှစ်လေးနဲ့ ဝါးလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတာအမှန်ပါ။ နို့ထဲစိမ်စားရင်လည်း စားလို့ကောင်းပါတယ်။ ဗာဒံစေ့ ကပေးတဲ့ ကျန်းမာရေး  ဝါးလိုက်တိုင်း ကြွပ်ကြွပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ ဗာဒံစေ့လေးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် ဗာဒံစေံမျာ အဆီပါဝင်မှုရှိပြီး ဒီအဆီက ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်ကဗာဒံစေ့မှာ linoleic အက်ဆစ် နဲ့  linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု […]


အာဟာရဆိုင်ရာ အချက်အလက်များ

သကြားမပါတဲ့ Diet Soda တွေဟာ ဝိတ်ကျစေနိုင်လား

ပုံမှန်သောက်သုံးနေကျ အချိုရည်တွေမဟုတ်ပဲ Diet တို့ Sugar Free တို့ဆိုတဲ့ စာလုံးကြီးပြူးနေအောင် ဖော်ပြထားတဲ့ အချိုရည်မျိုးတွေ မြင်ဖူးကြတယ်မဟုတ်လား။ လူသိများတဲ့ Google ရဲ့ Search History တွေမှာလည်း Diet Soda နဲ့ Weight Loss ဆိုတဲ့ စကားလုံးလေးတွေဟာ တွဲဖက်ရှာဖွေမှု မကြာခနပြုလုပ်ခြင်းခံရလေ့ရှိတဲ့ စကားစုတွေဖြစ်ကြပါတယ်။ သကြားပါဝင်မှုလုံးဝမရှိဘူးလို့ ဆိုထားတဲ့ အဆိုပါအချိုရည်မျိုးတွေကို ကိုယ်အလေးချိန် လျှော့ချနေသူတစ်ချို့က မကြာခနဖြစ်စေ၊ ပုံမှန်ဖြစ်စေ သောက်သုံးကြလေ့ရှိကြပါတယ်။ Diet Soda တွေဟာ တကယ်ပဲ ကိုယ်အလေးချိန်ကျစေမှာတဲ့လား။ လေ့လာသူတွေကတော့ Diet Soda များများသောက်လေ ကိုယ်အလေးချိန် ပိုပိုတိုးလေပဲလို့’ ဆိုပါတယ်။ ကိုယ်အလေးချိန်လျော့ကျစေမယ်ဆိုတဲ့ Diet Soda သောက်တော့မှ ဝိတ်တောင်ပိုတက်ဦးမယ်တဲ့လား။ ဘယ်လိုကြောင့်ပါလိမ့်။ ပိန်ချင်လို့ သောက်တာ၊ ဝစေတယ်ဆိုပါလား ပါဒျူးတက္ကသိုလ်ရဲ့ လေ့လာချက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချစ်သူများနေ့ နဲ့ ချောကလက်

ချစ်သူများနေ့ နဲ့ ချောကလက် ဘာလိုလိုနဲ့ Valentine’s day ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ ချစ်သူရည်းစားရှိတဲ့သူတွေအတွက်တော့ ဒီနေ့ရက်လေးဟာ ကိုယ့်ရဲ့ ရင်ထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖော်ပြဖို့ နေ့တစ်နေ့ပါပဲ။ ချစ်သူများနေ့ ဆိုတာ ချစ်သူရှိတဲ့သူတွေအတွက်ပဲလား။ ဒါကတော့ လုံးဝမဟုတ်ပါဘူး။ ချစ်သူများနေ့ ဆိုတာ သမီးရည်းစားတွေမှ မဟုတ်ပါဘူး၊ ကိုယ်ချစ်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ မေတ္တာတွေ ဝေမျှပေးလို့ရတဲ့ နေ့တစ်နေ့ပါ။ အဲ့တော့ ရည်းစားမရှိသေးလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ်ချစ်တဲ့သူတွေနဲ့ ချစ်သူများနေ့ ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ရင်ကို ပျော်စရာကောင်းနေပါပြီ။ ချစ်သူများနေ့ မှာ ဘာလို့ ချောကလက် ကျွေးကြတာလဲ။ ချောကလက်ကို ကိုယ်ချစ်တဲ့သူအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ နက်ရှိုင်းတဲ့ သံယောဇဉ်တွေ၊ စိတ်ခံစားချက်တွေရဲ့ သင်္ကေတလို့ ဆိုစမှတ်ပြုကြပါတယ်။ ချောကလက် တစ်ကိုက် ကိုက်လိုက်ရတဲ့အခိုက်အတန့်လေးဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိန်းဥ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဘာတွေထူးသလဲ

ပိန်းဥဟင်းချိုလေးမှာ လတ်လတ်ချိုချို အရွက်စိမ်းလေးတွေ ခတ်ပြီး ပူပူလေး သောက်လိုက်ရရင်ဖြင့် ထမင်းအတော်မြိန်တော့မှာပဲ။ ဟော့ပေါ့သောက်လည်း ပိန်းဥလေးပါမှနော်။ ပိန်းဥရေခဲမုန့်ဆိုလည်း လူကြိုက်သိပ်များပါတယ်။ ထူတာ၊ ပိန်းတာတွေဆို  ပိန်းဥ လို့ ဗန်းစကားသုံးတတ်ကြပေမယ့် တကယ့်ပိန်းဥကတော့ အရသာကောင်းမှကောင်းပဲ။ အာဟာရတန်ဖိုးလည်း များလွန်းလို့ စားရတာတန်လိုက်တာမှနော်။ ကဲ ဘာကြောင့် စားရတန်သလဲ ပြောပြပါဦးမယ်။ ပိန်းဥ က - အစာချေဖျက်နိုင်အားပိုကောင်းစေတယ် ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာကာကွယ်နိုင်တယ် ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥ က ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့အကျိုးကျေးဇူးရှိပါတယ်။ ဗီတာမင်A၊ C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့free radicalsတွေကို ဖယ်ရှားရှင်းလင်းပေးမှာပါ။ ပိန်းဥမှာပါရှိတဲ့Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ ဆီးချိုသွေးချိုကာကွယ်နိုင်တယ် အမျှင်ဓါတ်က ခန္ဓါကိုယ်တွင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးကို အထောက်အကူအပြုဆုံး ဟင်းသီးဟင်းရွက် ၁၀ မျိုး

ဟင်းသီးဟင်းရွက်ဆိုတာ လူ့ကျန်းမာရေးကို ဘယ်လောက်တောင် အထောက်အကူဖြစ်စေလဲဆိုတာ လူတိုင်းနီးပါး သိထားကြမှာပါ။ ဟင်းရွက်အများစုဟာ ကယ်လိုရီနည်းပါးသလို ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အကျိုးပြုသလို ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကမ္ဘာပေါ်မှာ ဟင်းသီးဟင်းရွက် အမျိုးအမည် အများအပြားရှိပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးလည်း အကျိုးပြပုံခြင်းမတူညီကြပါဘူး။ ဒါပေမယ့် တစ်ချို့က အစာခြေစနစ်ကို အထောက်အကူပြုကြသလို တစ်ချို့က ကိုယ်အလေးချိန်ကျစေမယ်၊ တစ်ချို့ကတော့ ရောဂါတွေကို သက်သာစေမယ် စသဖြင့်ပေါ့။ ဒီလို အမျိုးအမည်အတူ အကျိုးပြုပုံမတူညီတဲ့ မျိုးစိတ်တွေအကြားမှာ ဘယ်အစားအစာက လူတွေကို အကျိုးအပြုဆုံးလဲဆိုတာကို သင် သိနိုင်ပါ့မလား။ ခွဲခြားရခက်နေမှာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခုလို ခွဲခြားရခက်နေသူတွေကို လူတွေအတွက် အကျိုးကျေးဇူးအများဆုံး ဟင်းသီးဟင်းရွက်တွေနဲ့ မိတ်ဆက်ပေးသွားမယ်နော်။ ဖတ်ကြည့်ကြပါဦး။ ၁။ ဟင်းနုနွယ် - ဟုတ်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း