အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးစားပါ၊ ကျန်းမာပါလိမ့်မယ်

သရက်သီးလို့ ဆိုလိုက်တာနဲ့ အစိမ်းစားရမလား၊ ငပိရည်လေးနဲ့ အတို့အမြှုပ်လုပ်စားရမလား၊ သုပ်စားရမလား၊ ကြော်စားရမလား၊ အမှည့်အတိုင်းစားရမလားဆိုပြီး ခေါင်းထဲ စားပုံစားနည်းလေးတွေ အလျှိုလျှိုပေါ်လာမယ်ထင်ပါတယ်။ သရက်သီးဟာ မြန်မာတွေနဲ့ အလွန်ရင်းနှီးတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး ဒဏ္ဍာရီတွေ ပုံပြင်တွေအရဆိုရင်လည်း အသီးမှာ သရက်ဆိုပြီး အကောင်းဆုံးသစ်သီးအဖြစ် တင်စားတတ်ကြပါသေးတယ်။ စိမ်းဖန့်ဖန့် သရက်သီး အစိမ်းလေးပဲဖြစ်ဖြစ်၊ လိမ္မော်ရောင်ဝင်းနေတဲ့ သရက်သီးမှည့်လေးပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာမဆို သရက်သီးဆိုတဲ့ အသံကြားရုံနဲ့ မြန်မာတွေကတော့ တံတွေးကို ဂလုခနဲမျိုးချပြီး စားချင်စိတ်ပေါ်လာတတ်ကြတာကတော့ အတူတူပါပဲ။ ခုလို COVID-19 ဝေဒနာဆိုးကြီး လူတိုင်းကို ချိန်းခြောက်နေတဲ့ကာလမျိုးမှာ သရက်သီးစားရင် ရောဂါကာကွယ်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ပေါ်ထွက်နေပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ သရက်သီးကြိုက်တဲ့လူတွေအတွက်တော့ စားစရာ အကြောင်းပြချက်ကောင်းဖြစ်နေမှာ အမှန်ပဲနော်။ တကယ်တော့ သရက်သီးဟာ လူကို ကျန်းမာရေးကောင်းမွန်စေနိုင်တဲ့ အသီးအနှံဆိုတာ အမှန်ပါပဲ။ COVID ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သက်သေမရှိပေမယ့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

တမာ ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့

အညာဓလေ့ မြန်မာဓလေ့ ဆိုရင် တမာ ပင်တွေကို မေ့ထားလို့မရပါဘူး။ တမာချဉ် အညွန့်အဖူးလေးတွေ က မြန်မာတွေ နှစ်သက်တဲ့ ငါးပိရည်နဲ့ အတွဲအဖက် တို့စရာတစ်ခုပါပဲ။ တမာ က အရွက်တင် စားလို့ရတာမဟုတ်ဘဲ ကိုင်းရဲ့အရိုးကိုလည်း ဆေးဖော်စပ်တဲ့အထဲ ထည့်တတ်ကြသလို သွားနဲ့ခံတွင်းအတွက် ကောင်းလို့ ဟိုးယခင်ကတည်းက တမာကိုင်းနဲ့ သွားတိုက်တာလည်း ရှိပါတယ်။ ဒီလောက်ထိကို တမာရွက်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ (၁) ကိုယ်အလေးချိန် ကျစေနိုင်တယ် တမာပွင့်တွေက ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွင်းကာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကိုရဖို့ အားပေးကူမှာ ဖြစ်ပါတယ်။ (၂) သွေးတွင်းသကြားဓာတ် ထိန်းနိုင်တယ် တမာရွက်က insulin receptor  ရဲ့ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ချဲ့ပေးနိုင်လို့ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ (၃) […]


အာဟာရဆိုင်ရာ အချက်အလက်များ

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ

တိုးတက် လာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေသာမက တော်တော်များများသောလူတွေဟာ Bubble Tea ကို နှစ်ခြိုက်စွာသောက်သုံးလာကြပါတယ်။ Gong Cha တို့ Cha Thai  တို့ကို နာမည်ကြီးဆိုင်တွေ သာမက ရှော့ပင်းမောလ်တွေရဲ့ အအေးဆိုင်တွေမှာ Bubble Teaကို မှာယူ နိုင်ပါတယ်။ Bubble Teaဆိုတာဘာလဲ  Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရောစပ်ဖျော်ထားတဲ့ဖျော်ရည်ပါ။ အမြင်ဆန်းပြီး သောက်ချင်စရာဖြစ်နေအောင် ပုလဲလုံး အမည်း (ပီလော ပီနံကို ဂျယ်လီသဖွယ် ပြုလုပ်ထားတဲ့) အလုံးလေးတွေက အောက်ခြေမှာ နစ်မြုပ်နေပါတယ်။ ဒါဟာ လူငယ်တွေလက်မှာ မချတမ်းသောက်သုံးနေကြတဲ့ Bubble Teaလို့ခေါ်တဲ့ လက်ဖက် ရည်ပါပဲ။ Bubble Teaကို ကြိုက်လွန်းလို့နေတိုင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေး အတွက် နို့ တစ်ခွက်

နို့ ရည်တွေဟာ လူ့ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အာဟာရအဖြစ် မှတ်ယူထားကြပါတယ်။ ဘာလို့ဆို မွေးတည်းက မိခင်နို့ရည်၊ သို့မဟုတ် နို့မှုန့်တော့ သောက်ခဲ့ရတာပဲ ကြည့်။ နို့ အာဟာရဆို နွားနို့နဲ့ နို့ထွက်ပစ္စည်း တွေက ထိပ်ဆုံးကပါပဲ။  ကလေးနို့မှုန့်ကအစ လူကြီးတွေအတွက် အရိုးပွရောဂါ ကာကွယ်တဲ့ နွားနို့ အထိ ရှိနေပြီး နွားနို့ကို နိုင်ငံတဝှမ်း သောက်သုံးတဲ့လူ လည်း များပါတယ်။ နွားနို့လား၊ အစေ့အဆန်တွေထည့်ထားတဲ့ နို့လား။ အဆီထုတ်နို့လား၊ အဆီပြည့်နို့လား ရွေးချယ်စရာတွေက ပေါမှပေါရယ်။ နွားနို့ တစ်ခွက်ရဲ့ နောက်ကွယ် ဒီလို အသားဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝတဲ့ နွား နို့ ဟာ အသက်အရွယ်မရွေး သောက်သုံးကြတဲ့ အာဟာရတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် နွားနို့သောက်ပြီးရင် လေပွသလို၊ နေရခက်သလို ခံစားရတာကို သောက်သုံးသူတွေက စိုးရိမ်ကြပါတယ်။ နွားနို့ကိုအစာမကြေဖြစ်ရတာက […]


အာဟာရဆိုင်ရာ အချက်အလက်များ

အချိုမှုန့် နဲ့ ကျန်းမာရေး

နေ့စဉ် စားလိုက်တဲ့ အစားအသောက်တွေတိုင်းမှာ အရသာရှိအောင်ဆိုပြီး အချိုမှုန့်တွေ ထည့်စားမိနေသလား Hello ဆရာဝန်ပရိသတ်ကြီးရေ... ဒါဆိုရင်တော့ အချိုမှုန့်က ကျန်းမာရေး အတွက် ကောင်းသလား...ဆိုးသလားဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့တော့ လိုနေပြီနော်။ ဘာလဲ...... အချိုမှုန့် ဆိုတာ အချိုမှုန့်ကို MSG (monosodium glutamate) လို့ခေါ်ကြတယ်။ ဟင်းလျာတွေထဲမှာ အရသာကောင်းအောင်ဆိုပြီး ထည့်သုံးတတ်ကြပါတယ်။ အချိုမှုန့် (MSG) ကို သဘာဝအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ amino acid glutamate ကနေ ထုတ်လုပ်ထားတာပါ။ ဒီဓာတ်ကို ခန္ဓာကိုယ်က သူ့အလိုလိုထုတ်လုပ်နိုင်ပါတယ်။ အာရှဟင်းလျာ အများစုနဲ့ အသင့်စား၊ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးတွေ့ရပါတယ်။ တစ်နေ့တစ်နေ့ကို စားသုံးမိသမျှ တော်တော်များများက အချိုမှုန့်နဲ့ မကင်းပါဘူး။ အချိုမှုန့်ကို စားမိနေတာက ကိုယ်တွေ မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ပါဘူး။ အာရှဒေသတွင်း နိုင်ငံတွေကသူတွေရော ဥရောပနိုင်ငံသားတွေပါ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်နည်းနေပြီလား..........

နေ့ရက်တိုင်းမှာ အကောင်းဆုံး လှုပ်ရှားနိုင်ဖို့ဆိုတာက ခန္ဓာကိုယ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေဖို့လိုပါမယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ မပြည့်ဝတဲ့အခါ နေထိုင်မကောင်းတာ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပိုတက်ဆီယမ်နည်းတဲ့ အကြောင်းလေး ပြောပြပေးမယ်နော်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ................ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ကြီး အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ်က ကြွက်သားတွေ အကောင်းဆုံးလှုပ်ရှားနိုင်စေဖို့၊ ဆဲလ်တွေကို လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝ ရရှိစေဖို့ အာရုံကြောကို ပေးပို့တဲ့အချက်အလက်တွေ သိရှိလက်ခံနိုင်စေဖို့ နှလုံးက ဆဲလ်တွေကို ကျန်းမာစေဖို့ သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့အတွက် အဓိကလုပ်ဆောင်ပေးနေတဲ့ ဇာတ်လိုက်က ပိုတက်ဆီယမ်ပါ။ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ် နည်းနေတယ်ဆိုတာ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ် နည်းနေတယ်ဆိုတာ သွေးတွင်းမှာ ပိုတက်ဆီယမ်နည်းနေတဲ့ အခြေအနေကိုခေါ်တာပါ။ ဒီအခြေအနေကို hypokalemia လို့လည်း ခေါ်ပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပိုတက်ဆီယမ် လိုအပ်ချက်ရှိနေကြောင်း ပြသနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ.......

ခန္ဓာကိုယ်ကြီးက မလှုပ်ချင်မသယ်ချင်ဖြစ်နေတယ်၊ ခဏခဏလည်း ကြွက်တက်နေတယ်၊ ဝမ်းလည်းမမှန်ဘူးဆိုတဲ့ သူလေးတွေများရှိလား........... ဒါဆို ဒီဆောင်းပါးလေး အတူတူ ဖတ်ရင်း အဖြေထုတ်ကြည့်ရအောင်လား.......... ပိုတက်ဆီယမ် ဆိုတာက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေထဲက တစ်ခုပါ။ ကြွက်သားတွေ အကောင်းဆုံးလှုပ်ရှားနိုင်စေဖို့၊ ဆဲလ်တွေကို လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝ ရရှိစေဖို့ အာရုံကြောကို ပေးပို့တဲ့အချက်အလက်တွေ သိရှိလက်ခံနိုင်စေဖို့ နှလုံးက ဆဲလ်တွေကို ကျန်းမာစေဖို့ သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့ အတွက်နေ့စဉ်ပြည့်ဝနေဖို့ လိုမယ့် သတ္တုဓာတ်တစ်မျိုးပေါ့။ ပိုတက်ဆီယမ် လုံလောက်ပြည့်ဝမှု မရှိတဲ့အခါ ခန္ဓာကိုယ်ကြီးက ဘာတွေဖြစ်လာနိုင်မလဲ............ ပိုတက်ဆီယမ် လုံလောက်ပြည့်ဝမှု မရှိတဲ့အခါ အားမရှိသလို ခံစားရမယ် အားမရှိသလို ခံစားရတယ်။ မအီမသာ ဖြစ်နေတယ်ဆိုတာက ကိုယ်တွင်းမှာ ပိုတက်ဆီယမ် ပမာဏ လုံလောက်မှု မရှိခြင်းရဲ့ အစောဆုံး လက္ခဏာရပ် တစ်ခုပါ။ အကြောင်းကတော့ ပိုတက်ဆီယမ်က ကြွက်သားတွေရဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အပ်မှိုနဲ့ Listeria

၂၀၂၀ မတ်လ ၁၁ရက်နေ့က အမေရိကန် CDC ကနေ  ကိုရီးယား ကုမ္ပဏီတစ်ခုကနေ တင်ပို့တဲ့ Enoki အပ်မှိုမှာ Listeria monocytogenes ဘက်တီးရီးယားပိုးကို တွေ့ရှိခဲ့တဲ့လို့ ဆိုပါတယ်။ မတ်လ ၉ရက်နေ့က အမေရိကန် ပြည်နယ် ၁၇ခုမှာ ရောဂါပိုးရှိသူ ၃၆ယောက်ကို တွေ့ရှိခဲ့ပြီး ၄ဦး သေဆုံးခဲ့ပါတယ်။ မကျန်းမာသူများသည် အသက်၁နှစ်မှ ၉၇နှစ်အတွင်း ဖြစ်ပြီး ပျမ်းမျှတွက်ကြည့်ရင် ၆၇နှစ် ပတ်ချာလည်ပါ။ ဖျားနာသူ ၈၈ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ကြပြီး ရောဂါဖြစ်ပွားမှု ၆ခုမှာ ကိုယ်ဝန်ဆောင်တွေ ဖြစ်ပြီး သန္ဓေသား ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။ လက်ရှိမှာတော့ တခြားအပ်မှိုတွေမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးနေပြီး လတ်တလောမှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊  အသက်၆၅နှစ်အထက် လူကြီးများ၊ ကိုယ်ခံအား နည်းသူများကို အပ်မှို မစားဖို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီဥတု ပူပူ၊ အုန်းရည် အေးအေး၊ ကျန်းမာရေး ကောင်းကောင်း

ပူပြင်းတဲ့ နွေရာသီရောက်လာပြီနော်။ နေ့လယ်နေ့ခင်း ပူပူအိုက်အိုက် ကာလမျိုးတွေမှာ အုန်းရည် အေးအေး၊ ချိုမြမြလေး သောက်ပြီး အပန်းဖြေကြဖို့ တွေးထားကြရဲ့လား။ ခုလို နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကို အံတုဖို့အတွက်ဆိုရင် ရေတွေ၊ ဖျော်ရည်တွေနဲ့ အချိုရည်တွေဟာလည်း ရွေးချယ်စရာတွေဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း အနံ့အရသာနဲ့ ပြည့်စုံပြီး ကျန်းမာရေး အတွက်လည်း ကောင်းကျိုးတွေများတဲ့ အုန်းရည်ကတော့ လူတိုင်းအတွက် အကောင်းဆုံး ရွေးချယ်စရာ တစ်ခုပါပဲ။ အုန်းရည်ကို အုန်းသီးကနေ ရတာဖြစ်ပြီး အုန်းသီးဟာ မာကျောတဲ့ အခွံပါရှိပေမယ့် အခွံမာအသီးမျိုးနွယ်ဝင်မဟုတ်ပဲ သစ်သီးမျိုးနွယ်ဝင်ဖြစ်ပါတယ်။ အုန်းရည်ကို လတ်ဆတ်ပြီး နုနယ်တဲ့ အုန်းသီးတွေရဲ့ အတွင်းပိုင်းကနေ ရရှိနိုင်ပါတယ်။ တစ်ချို့လူတွေက အုန်းရည်နဲ့ အုန်းနို့တို့ကို မကွာခြားဘူးလို့ ရှုမြင်တတ်ကြပါတယ်။ တကယ်တမ်း အုန်းရည်နဲ့ အုန်းနို့တို့အကြား ကွာခြားချက်က လတ်ဆတ်တဲ့ အုန်းရည်ထဲမှာ ရေဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကန်စွန်းဥ တစ်လုံးက ရနိုင်တဲ့ အာဟာရတန်ဖိုးတွေ

မြန်မာမှန်ရင် ကန်စွန်းဥကို ငယ်ငယ်ကတည်းက စားဖူးကြမှာပါ။ ကျွန်တော်တို့ ကလေးဘဝကဆိုရင် ကျောင်းနားမှာ ကန်စွန်းဥပြုတ်တို့၊ ကန်စွန်းဥ မီးဖုတ်တွေ ရောင်းတာမြင်ရင် မေမေတွေကို အတင်းပူဆာပြီး ခွာစားခဲ့ကြတာနော်။ အရသာလည်း ရှိ၊ အားလည်း ပြည့်တဲ့ ကန်စွန်းဥမှာ ကလေးတွေအတွက်သာမက လူကြီးတွေရဲ့ ကျန်းမာရေးအတွက်လည်း အရမ်းကောင်းတယ်နော်။ ဒီတော့ ကန်စွန်းဥကို ကြိုက်တဲ့သူတွေရော၊ တစ်ခါမှ မစားဖူးတဲ့သူတွေပါ သိထားသင့်တဲ့ ကန်စွန်းဥတစ်လုံးရဲ့ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ဒီဆောင်းပါးလေးမှာ ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ ၁။ ကန်စွန်းဥရဲ့ အာဟာရတန်ဖိုး • ကစီဓာတ် ၄၁.၄ ဂရမ် • ပရိုတင်းဓာတ် ၄ ဂရမ် • အဆီဓာတ် ဝ.၃ ဂရမ် • အမျှင်ဓာတ် ၆.၆ ဂရမ် • ဗီတာမင် အေ • ဗီတာမင် စီ • ဗီတာမင် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း