အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ..........

ဗီတာမင် C က ကိုယ်ခံအား ကောင်းစေသလို အနာကျက်မြန်စေတဲ့ အာနိသင်ကြောင့် ဗီတာမင် C ကို စားသုံးဖို့ လိုမယ် ဆိုတာက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်ပါ။ လူတော်တော်များများက ဗီတာမင် C လို့ ပြောလိုက်ရင် လိမ္မော်သီး စားရမယ်ဆိုတာပါ။ တကယ်က လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ ဟင်းသီးဟင်းရွက်တွေ ရှိနေပါတယ်။ ဘာတွေများ ဖြစ်မလဲ...... လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေက ဘာတွေများလဲ.......... လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွ ဟင်းသီးဟင်းရွက်တွေက မာလကာသီး မာလကာသီးက စားရတာ အရသာရှိပြီး အရည်ရွှမ်းသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ ဒါ့အပြင် မာလကာသီးမှာ ကယ်လ်လိုရီ ၃၇ ဂရမ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးဖျော်ရည် သောက်ကြမယ်

ရာသီဥတု ပူနေချိန်မှာ သရက်သီးဖျော်ရည် ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပါ ပေးပါသတဲ့။ သရက်သီးဖျော်ရည်မှာ ဘယ်လို အာဟာရဓာတ်တွေပါဝင်နေလဲ....... သရက်သီးဖျော်ရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ ပရိုတင်း အကျိုးပြု ကိုလက်စထရော ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် A ဗီတာမင် B ဗီတာမင် C ဗီတာမင် E ဗီတာမင် K ပိုတက်ဆီယမ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် phosphorus သံဓာတ် selenium ဆိုဒီယမ် တို့ ပါဝင်ပါတယ်။ သရက်သီးဖျော်ရည် ကပေးတဲ့ ကျန်းမာရေး ချိုချိုအေးအေး သရက်သီးဖျော်ရည်လေးကို သောက်သုံးပေးမယ်ဆိုရင် ကင်ဆာ ကာကွယ်ပေးတယ် သရက်သီးမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ astragalin၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပြည့်ဝဆီနှင့် မပြည့်ဝဆီ ဘာကွာသလဲ

အဆီဆိုတာနဲ့ လူအတော်များများဟာ မကောင်းတဲ့ဖက်က မြင်ကြပါတယ်။ ဒါပေမယ့် အဆီဓာတ်ဟာလည်း ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာ ငြင်းမရပါဘူး။ ကိုယ်ခန္ဓာကနေ စွမ်းအင်ထုတ်လုပ်ဖို့၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုပ်ယူနိုင်ဖို့ စတဲ့လုပ်ငန်းတွေအတွက် အဆီဓာတ်ကို လိုအပ်ပါတယ်။ နောက်ပိုင်းမှာ စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်များနဲ့ သကြားများကို အဆီနေရာမှာ အစားထိုးသုံးလာကြရာမှာ ကယ်လိုရီအများအပြား ပါဝင်လာတဲ့အပြင် အာဟာရဓာတ်လည်း မယ်မယ်ရရ မရှိပါဘူး။ ပြည့်ဝဆီ ဆိုတာဘာလဲ ဖက်တီးအက်ဆစ်များအကြား ချိတ်ဆက်မှု (bond) နှစ်ခုနဲ့ မဟုတ်ဘဲ တင်းကြပ်စွာပူးကပ်နေတဲ့ အဆီဓာတ်တွေကို ပြည့်ဝဆီလို့ခေါ်ပါတယ်။ များသောအားဖြင့် အခန်းအပူချိန်မှာ အစိုင်အခဲအနေနဲ့ တွေ့ရပါတယ်။ ပြည့်ဝဆီရဲ့ရင်းမြစ်တွေကတော့ - အမဲသား၊ သိုးသားများထဲမှ အဆီခဲများ - ဝက်သား၊ ကြက်သားများမှပါသော အဆီများ - ခရင်မ်၊ နို့၊ ထောပတ်၊ ဒိန်ခဲ စသည့် နို့ထွက်ပစ္စည်းများ - အုန်းဆီ၊ ဆီအုန်းဆီ စတာတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာသီးကပေးတဲ့ ကျန်းမာရေး

ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါးတွေထဲကိုပဲ ညှစ်ထည့်ပြီးစားစား စားရတာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးက ဘယ်လို ကျန်းမာရေး အကျိုးအာနိသင်တေါများရှိလဲဆိုတာကို ကြည့်လိုက်ရအောင်လား.............. သံပုရာသီးမှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေများလဲ......... အချဉ်အရသာရှိတဲ့ သံပုရာသီးလေးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အဆီ အမျှင်ဓာတ် ဗီတာမင် C သံဓာတ် ကယ်လ်ဆီယမ် ဗီတာမင် B6 Thiamine ပိုတက်ဆီယမ် niacin folate phosphorus riboflavin မဂ္ဂနီဆီယမ် တို့ ပါဝင်ပါတယ်။ သံပုရာသီးကပေးတဲ့ ကျန်းမာရေး ချဉ်ပြီး ခံတွင်းရှင်းစေတဲ့ သံပုရာသီးလေးက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ် ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ သံပုရာသီးမှာတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖောလိတ် ချို့တဲ့ခြင်းအကြောင်း

ဖောလိတ် ဒါမှမဟုတ် ဖောလစ်အက်ဆစ်ဟာ ဗီတာမင်ဘီအမျိုးအစားတစ်မျိုးဖြစ်ပြီး ဒီအန်အေဖွဲ့စည်းခြင်း၊ ဒီအန်အေပျက်စီးမှုကို ပျက်စီးခြင်း၊ သွေးနီဥဆဲလ်များ ထုတ်လုပ်ခြင်း စတဲ့လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ပေးပါတယ်။ သင့်ရဲ့အစားအသောက်တွေထဲမှာ ဖောလိတ်ဓာတ် အလုံအလောက်မရှိရင် ဖောလိတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ ဖျော်ရည်များ၊ အစိမ်းရင့်ရောင် အသီးအရွက်များ စတာတွေဟာ ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဖောလိတ်ဓာတ်ကို လုံလောက်စွာ မစားသောက်မိရင် ရက်သတ္တပတ်အနည်းငယ်အတွင်း ချို့ယွင်းမှုလက္ခဏာတွေ ပြတတ်ပါတယ်။ ဖောလိတ်ချို့တဲ့ခြင်းဟာ သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းခြင်းဆိုတာ သွေးနီဥဆဲလ်တွေ နည်းပါးသွားတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ သွေးနီဥတွေဟာ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတာကြောင့် သွေးအားနည်းတဲ့အခါ တစ်သျှူးကနေ အောက်ဆီဂျင်များ နည်းပါးသွားပါတယ်။ ဖောလိတ်ဟာ ကလေးမွေးနိုင်တဲ့အရွယ် အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ချို့တဲ့ရင် မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်ဆစ် သောက်သုံးသင့်ပါတယ်။ ဖောလိတ်ချို့တဲ့ခြင်း လက္ခဏာများ ဖောလိတ်ဓာတ်ချို့တဲ့ရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကာဗိုဟိုက်ဒရိတ်၏ လုပ်ငန်းတာဝန်များ

ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အက်တမ်တွေ ပေါင်းစပ်ထားတဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ အာဟာရပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အငြင်းအပွားဆုံး ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားရမယ်ဆိုတဲ့ နည်လမ်းတွေကို လုပ်ဆောင်လာကြသလို တချို့ကလည်း ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာတွေ စားသုံးရမယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲ ငြင်းခုန်နေကြသည်ဖြစ်ပါစေ ကာဗိုဟိုက်ဒရိတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အခန်းက ပါဝင်တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။ အခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာများကတော့ ကာဗိုဟိုက်ဒရိတ်ရဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်များအကြောင်း ဖြစ်ပါတယ်။ ၁။ ကိုယ်ခန္ဓာအတွက် စွမ်းအင်ထောက်ပံ့ပေးခြင်း ကာဗိုဟိုက်ဒရိတ်ရဲ့ လုပ်ငန်းတာဝန်တခုကတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာကနေရရှိတဲ့ ကာဗိုဟိုက်ဒရိတ်ကို ချေဖျက်ပြီး ဂလူးကို့စ်အဖြစ် ဖြိုခွဲပါတယ်။ ဂလူးကို့စ်ဟာ ဆဲလ်များအတွင်း ရောက်ရှိတဲ့အခါ ATP လို့ခေါ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ

ဘလူးဘယ်ရီသီးများဟာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံပဲ ဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဘလူးဘယ်ရီသီးရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ ကယ်လိုရီနည်းပြီး အာဟာရဓာတ်မြင့်မားခြင်း ဘလူးဘယ်ရီဟာ ဘယ်ရီသီးတွေကြားမှာ အာဟာရဓာတ် အသိပ်သည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဘလူးဘယ်ရီတခွက် (၁၄၈ ဂရမ်) မှာ - အမျှင်ဓာတ်။ ၄ ဂရမ် - ဗီတာမင် စီ။ တစ်နေ့တာလိုအပ်ချက်၏ ၂၄ % - ဗီတာမင် ကေ။ တစ်နေ့တာလိုအပ်ချက်၏ ၃၆% - မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၅% - ကယ်လိုရီ ၈၄ - ကာဘိုဟိုက်ဒရိတ် ၁၅ ဂရမ် စတာတွေပါဝင်ပါတယ်။ ၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝခြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ကိုယ်ခန္ဓာထဲက ဖရီးရယ်ဒီကယ်တွေရဲ့ဒဏ်ကို ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ မတည်ငြိမ်တဲ့ မော်လီကျူးတွေဖြစ်ပြီး ဆဲလ်တွေကိုပျက်စီးစေခြင်းကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုက်လန်၏ အကျိုးကျေးဇူးများ

အစိမ်းရောင်ရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ဖွယ်ရာ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ကိုက်လန်ဟာ ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့အပြင် ဆေးဖက်ဝင်ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုက်လန်၁ီကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ အာဟာရဓာတ်သိပ်သည်းခြင်း ကိုက်လန်ကို ဂေါ်ဖီအုပ်စုဝင် အပင်ဖြစ်ပြီး အစိမ်းရောင်၊ ခရမ်းရောင် စသဖြင့် မျိုးကွဲတွေ ရှိပါတယ်။ တွေ့ရအများဆုံး အမျိုးအစားကတော့ အစိမ်းရောင်နဲ့ လှိုင်းတွန့်သဏ္ဌာန်အရွက်ရှိတဲ့ ကိုက်လန်မျိုး ဖြစ်ပါတယ်။ ကိုက်လန်တခွက်စာ (၆၇ ဂရမ် သို့မဟုတ် ၂.၄အောင်စ) မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကတော့ - ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၂၀၆% - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၃၄% - ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၉% - မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်

နှင်းသီးကို Rose Apple လို့ ခေါ်ကြသလို Malay Apple၊ Malay Rose Apple လို့လည်း ခေါ်ကြပါတယ်။ အိန္ဒိယမှာတော့ Jambu လို့ ခေါ်ကြပါတယ်။ နုနယ်ချိန်မှာ အစိမ်းနုရောင်ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ တဖြည်းဖြည်းပန်းရောင် ခပ်ရင့်ရင့်အဆင်းရှိလာတတ်ပါတယ်။ အလုံးခပ်ကြီးကြီး နှင်းသီးတွေကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေပါတယ်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံတစ်မျိုးလည်းဖြစ်ပါတယ်။ လေ့လာချက်တွေအရ နှင်းသီးမှာ Niacin၊ Riboflavin၊ Thiamin ဗီတာမင် A၊ ဗီတာမင် B12၊ ဗီတာမင် C၊ Calcium၊ Copper၊ Iron၊ Magnesium၊ Manganese၊ Phosphorus၊ Potassium၊ Sodium၊ Zinc နဲ့ Protein […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကနစိုးသီး စားပေးရင် ရမယ့် ကျန်းမာရေး အာနိသင်

ငယ်ငယ်က မိုးရာသီရောက်ပြီဆိုရင် ကနစိုးသီး ချိုချိုလေးတွေ စားခဲ့ကြတာ မှတ်မိလား။ မိုးဦးကျ ကာလမှာ မိုးအေး​အေးလေးနဲ့ စားလိုက်ရင်ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ကနစိုးသီးကို စားရတာ သဘောကျတယ်ဆိုရင်တေ့ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ကနစိုးသီး ဆိုတာ ကနစိုးသီးဆိုတာက အပြင်ခွံ ဝါဖန့်ဖန့်လေးနဲ့ အတွင်းမှာ အကြည်ရောင် ဒါမှမဟုတ် အဖြူရောင် အမွှာလေးတွေ ပါတတ်ပြီး အတွင်းက အစေ့ကတော့ ခရမ်းရောင်မကျ ပန်းရောင်မကျလေးပါ။ စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိပြီး မိုးကျပြီဆိုရင် အရသာချိုချိုလေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။ အမြဲစိမ်းပင်မျိုးဖြစ်ပြီး အထက်မြန်မာပြည် နဲ့ အောက်မြန်မာပြည်လိုမျိုး မိုးများတဲ့ ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အပင်အရွယ်အစားကတော့ အမြင့်ပေ ၄ဝ မှ ၅ဝ အထိရှိ​ကြပြီး ပင်စည်လုံး ပတ်ကတော့ ၃ ပေမှ ၅ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း