အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ဖရုံသီး၏ အကျိုးကျေးဇူး

ကျောက်ဖရုံသီးကို သိပ္ပံအမည်အနေနဲ့ Benincasa hispida လို့ခေါ်ပြီး အရှေ့တောင်အာရှကနေ စတင်စိုက်ပျိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နွယ်ပင်မျိုးဖြစ်ပြီး အသီးဟာ ဖရဲသီးနဲ့ဆင်တူပါတယ်။ ကျောက်ဖရုံသီးကိုတော့ ဆေးဖက်ဝင်တယ်သတ်မှတ်ထားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာ၊ အာယုဗေဒ ဆေးပညာစတာတွေမှာ အသုံးပြုကြပါတယ်။ ယနေ့အခါမှာ ဆေးဖက်ဝင်အကျိုးရှိတယ်ဆိုတဲ့ အကြောင်းကို သိပ္ပံနည်းကျသုတေသနတွေအနေနဲ့ပါ အတည်ပြုလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးဆိင်ရာ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ကျောက်ဖရုံသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီ၊ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် နည်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။ ကျောက်ဖရုံသီး အစိမ်း ၁၀၀ ဂရမ်မှာ အာဟာရဓာတ်အားဖြင့် - ကယ်လိုရီ။ ၁၃ ယူနစ် - ပရိုတိန်း။ ၁ ဂရမ်လျော့လျော့ - ကာဘို ဟိုက်ဒရိတ်။ ၃ ဂရမ် - အမျှင်ဓာတ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပျားရည် နဲ့ ကျန်းမာရေး

ရှေးယခင်ကာလတွေကတည်းက ပျားရည်ကို ဆေးဝါးအဖြစ်ရော စားသုံးစရာတစ်ခုအနေနဲ့ပါ အသုံးပြုခဲ့ကြတာပါ။ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပျားရည် ခန္ဓာကိုယ်ကို အားရှိစေသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ ခပ်ချိုချိုအရသာရှိတာကြောင့် သကြားအစား အသုံးပြုကြတဲ့ ပျားရည်က ကယ်လ်လိုရီပါဝင်မှု လုံးဝမရှိတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။ ဒိတစ်ခေါက်တော့ ရှေးယခင်ကာလတွေကတည်းက ဆေးဖြစ်ဝါးဖြစ် သုံးလာကြတဲ့ ပျားရည်က ဘယ်လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား………….. ပျားရည် ကပေးတဲ့ ကျန်းမာရေး ချိုချိုလေးနဲ့ စားလိုက်ရင် အရသာရှိတဲ့ ပျားရည်လေးက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ် ပျားရည်စစ်စစ်က အပင်က ဓာတုပစ္စည်းတွေ ပါဝင်နေတာ​ကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ အချို့သော ပျားရည်တွေမှာ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း

နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်က အာဟာရပြည့်ဝတဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်ကို ရေခဲအေးအေးလေးနဲ့ သကြား၊ သကြားရည်၊ ထန်းလျက်ရည်တို့နဲ့ တွဲဖက်စားရင် တော်တော်လေး စားကောင်းပါတယ်။ ဒီစားကောင်းတဲ့ ဒိန်ချဉ်လေးက အစာခြေစနစ်ကစလို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အထိ အားဖြည့်ပေးနေတဲ့ စားစရာလေးတစ်ခုပါ။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်စားပေးတာက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ဒိန်ချဉ် စားပေးသင့်တဲ့ အကြောင်းအရင်း ဒိန်ချဉ်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးမယ်ဆိုရင် သွား နဲ့ သွားဖုံး ပြဿနာကင်းစေတယ် ဒိန်ချဉ်သောက်ပေးတာက ကော်ဖီလိုမျိုး သွားမှာ စွန်းထင်းစေတဲ့အရာတွေကြောင့် သွားအရောင်ပြောင်းတာ ခံတွင်းနံ့ဆိုးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒိန်ချဉ်က ချဉ်ပေမယ့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေတာမျိုး မရှိပါဘူး။ ဒိန်ချဉ်မှာပါတဲ့ lactic acid က သွားနဲ့ သွားဖုံးပြဿနာကို ကင်းစေပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

နွားနို့သည် အာဟာရဓာတ် အကြွယ်ဝဆုံး ဖျော်ရည်စာရင်းထဲ ပါဝင်တယ်လို့  ကျန်းမာရေး ပညာရှင်တွေ သတ်မှတ်ထားပြီးသားပါ။ ဒါကြောင့်လည်း ကလေးက စလို့ ဘိုးဘွား အရွယ်ထိ နွားနို့ကို တစ်နေ့ တစ်ခွက်လောက် ပုံမှန်သောက်ပေးကြတာပေါ့။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ ဈေးထဲမှာ လှည်းလေးနဲ့ မလိုင်နို့ဆိုပြီး ရောင်းကြတယ်၊ အိမ်ရောက်တာနဲ့ နွားနို့ကို ကြိုပြီး ပူပူလေး သောက်၊ သိပ် ပြဿနာမရှိဘူးလေ။ အခုကျတော့ ကျန်းမာရေးအခြေအနေနဲ့ လူ့အကြိုက်ပေါ် မူတည်ပြီး နွားနို့တွေကို • မလိုင်ပြည့် (Full Cream Milk) • မလိုင်ဖယ် (Skim Milk) • အဆီလျှော့ (Low Fat Milk) ဆိုပြီး ၃ မျိုး ထုတ်လုပ်လာကြပါတယ်။ ဒီအမျိုးအစား ၃ မျိုးက ဘာကွာခြားမှုရှိလဲ။ ကိုယ်က အားကစားလုပ်တဲ့သူ မဟုတ်ဘူး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပုရစ်ကြော် စားပြီး ရမယ့် ပရိုတင်း ဘာတွေ အကျိုးကျေးဇူးပေးမလဲ

ပုရစ် ကြော် လို့ ပြောလိုက်တာနဲ့ အသည်းယားတဲ့အသံနဲ့ နောက်တွန့်သွားမယ့်သူတွေက တစ်ဖက်၊ ဘယ်မှာလဲ...ဘယ်မှာလဲနဲ့ ချက်ချင်း ပြေးဝယ်စားချင်လောက်အောင် အရမ်းကြိုက်တဲ့သူတွေက တစ်ဖက် ရှိနေပါတယ်။ အင်းဆက် အမျိုးအစားဝင်ဖြစ်တဲ့ ပုရစ်ကြော်က အခုဆို မသေးတဲ့ဈေးနှုန်းနဲ့ မြန်မာ့ဈေးကွက်မှာ ရပ်တည်နေပါပြီနော်။  မြန်မာပြည်မှာက ပုရစ်ရယ်၊ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်တို့ကို ကြိုက်နှစ်သက်ကြတာ ဟိုးအရင်တည်းက။ တရုတ်တန်းက သင်ပေါင်းပိုးကလည်း နာမည်ကြီးရယ်။ ဒါတွေက အင်းဆက်မဟုတ်လို့ ဘာတွေဖြစ်မလဲ။ အင်းဆက်တွေက အာဟာရဓါတ်ကြွယ်ဝပြီး အစာကြေလည်းလွယ်တယ်၊ ဓါတ်မတည့်မှုဆိုတာမရှိသလောက်ကိုနည်းတယ်၊ အဓိက အသားဓါတ်ပြည့်ဝတယ်ဆိုတာ သုတေသနတွေက အထောက်အထားတွေ့ရှိထားတာကြာပေါ့။ အသားဓာတ် အရင်းအမြစ် အင်းဆက်တွေက အသားဓါတ်ကြွယ်ဝပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုးမျိုးလုံးပါဝင်တယ်လို့ သုတေသီတွေကပြောထားပါတယ်။ ဆောင်းရာသီဆို ဒီမှာ တဖွဲဖွဲမြင်နေရတတ်တဲ့ ပိုးကောင်လေးတွေ၊ ဒါးခုတ်ကောင်၊ ကျိုင်းကောင် ၊ပုရစ် စတဲ့ အင်းဆက်တွေကို ဖိလစ်ပိုင်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး

မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ ​ကြော်ချက်လေးပဲလုပ်လုပ်၊ ငရုတ်ကောင်းလေးခတ်ပြီး ဟင်းခါးချက်လို့ အသုပ်လေးနဲ့ပဲ တွဲစားစား စားလို့ကောင်းလို့ ဘူးသီးလေးကို ကြိုက်တဲ့ သူတွေရှိလား........... ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင် မဖြစ်မနေ ဖတ်သင့်တဲ့ ဆောင်းပါးပါ။ ဘူးသီးလေး ကပေးတဲ့ ကျန်းမာရေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်လား။ ဘူးသီး ဆိုတာ ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပရိုသီး နဲ့ ကျန်းမာရေး

အနံ့မွှေးမွှေးပြီး ချဉ်ပြုံးပြုံးအရသာရှိလှပြီး ဖျော်ရည်ပဲ ဖျော်သောက်သောက်၊ အသုပ်ထဲ ပဲထည့်စားစား အရသာရှိသလို ခံတွင်းရှင်းတဲ့ သံပရိုသီးလေးက ကျန်းမာရေးနဲ့ နေ့စဉ်ဘဝမှာ ဘယ်လိုများ အထောက်အကူပေးလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်စေချင်ပါတယ်။ သံပရိုသီး သံပရိုသီးလို့ ပြောလိုက်ရင် အခွံဝါဝါလေးနဲ့ အရည်ရွှမ်းတဲ့ အသီး မွှေးမွှေးလေးတွေကို ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီသံပရိုသီးလေးတွေက ဖျော်ပဲသောက်သောက်၊ အသုပ်တွေ၊ မုန့်ဟင်းခါးတွေ၊ အုန်းနို့ခေါက်ဆွဲလို စားစရာတွေထဲကိုပဲ ထည့်စားစား စားလို့ကောင်းပါတယ်။ သံပရိုသီးရဲ့ အကျိုးကျေးဇူးက စားလို့ကောင်းရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အခြား အသုံးဝင်တာတွေလည်း ရှိပါသေးတယ်။ သံပရိုသီးမှာပါတဲ့ အာဟာရဓာတ် သံပရိုသီးမှာ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် အဆီဓာတ် တို့ပါဝင်ပါတယ်။ သံပရိုသီး နဲ့ ကျန်းမာရေး ချဉ်ပြုံးပြုံး အရသာရှိတဲ့ သံပရိုသီးလေးက နှလုံးကျန်းမာ စေတယ် ဗီတာမင် C ကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေပြီး နှလုံးရောဂါခံစားရတာနဲ့ လေဖြတ်တာတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂျင်းမဟုတ်တဲ့ ချင်း (ginger)

“ ဂျင်းထည့်တယ်” ဆိုတဲ့ အသုံးများလာတဲ့ စကားလေးတစ်ခုကို အားလုံး ကြားဖူးကြမှာပါ။ ဗန်းစကား “ဂျင်း” ဆိုတာကတော့ နားလည်သလောက်ပြောရရင် မဟုတ်တာတွေ၊ ပေါက်ကရတွေ၊ ဂျောက်တွန်းတဲ့ သဘောပေါ့။ ဒါပေမယ့် ဒီနေ့ရေးမယ့် ဂျင်း (ginger) လေးက ကျန်းမာရေးအတွက် အရမ်းကို ကောင်းစေတဲ့ ဂျင်းမဟုတ်တဲ့ ဂျင်းမြစ်လေးအကြောင်းပါ။ ဂျင်းမြစ်မှာ အာဟာရဓာတ်တွေ၊ ခုခံအားကောင်းစေတဲ့ ပစ္စည်းတွေ နဲ့ ပြည့်ဝနေတာကြောင့် ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အထောက်အကူအပေးဆုံး သဘာ၀ ထွက်ကုန်လေးတစ်ခုလို့တောင် တင်စားကြပါတယ်။ ဒါဆို ဂျင်းဟာ ဘယ်လိုနေရာမှာ အသုံးဝင်လဲ ဆိုတာကိုလေးကို ဆက်ပြောပြပါမယ်။ (၁) germs လို့ခေါ်တဲ့ ပိုးမွှားလေးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဂျင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေက ဘက်တီးရီးယားပိုးမွှားလေး တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ဒါ့ကြောင့်လည်း ဂျင်းကို တိုင်းရင်းဆေးပညာတွေမှာရော၊ အိမ်တွင်းသုံးဆေးဝါး အနေနဲ့ရော […]


အာဟာရဆိုင်ရာ အချက်အလက်များ

နို့သောက်ခြင်း၏ အကျိုးကျေးဇူးများ

ကမ္ဘာတစ်လွှားမှာ နို့အမျိုးမျိုးကို နှစ်ပေါင်းများစွာ သောက်သုံးလာခဲ့ကြပါတယ်။ နွားနို့ အပါအဝင် သိုး၊ ဆိတ်များဆီကနေ ထုတ်လုပ်သောက်သုံးကြပါတယ်။ နို့သောက်ခြင်းရဲ့ အာဟာရတန်ဖိုးနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတာ ရှိပါတယ်။ နို့ဟာ ဓာတ်မတည့်ခြင်းလည်း ဖြစ်စေတတ်တာမို့ အချို့က အကျိုးထက် အပြစ်ပိုများကြောင်း ထောက်ပြကြပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျ သုတေသနပြုလုပ်ထားတဲ့ နို့သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ၁။ နို့မှာ ထင်မထားလောက်အောင် အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မွေးခါစ တိရစ္ဆာန်ကလေးငယ်များကို အာဟာရဓာတ်ပြည့်ဝအောင် သဘာဝက ဖန်တီးထားတာမို့ ပါဝင်တဲ့ အာဟာရဓာတ်များဟာ အံ့မခန်းပါပဲ။ ဥပမာ နွားနို့တခွက် (၂၄၄ ဂရမ်) မှာ အောက်ပါအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ • ကယ်လိုရီ။ ၁၄၆ • ပရိုတိန်း။ ၈ ဂရမ် • အဆီဓာတ်။ ၈ ဂရမ် • ကယ်လ်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်ရဲ့ ၂၈ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီးရှာလကာရည်၏ အကျိုးကျေးဇူးများ

ပန်းသီးရှာလကာရည်ဟာ နောက်ပိုင်းမှာ အိမ်တွင်းပစ္စည်းတွေနဲ့ပဲ ပြုလုပ်နိုင်တာမို့ ခေတ်စားလာပါတယ်။ ယခင်ကလည်း အစားအစာချက်ပြုရာမှာရော ဆေးဝါးအနေနဲ့ပါ သုံးစွဲခဲ့ကြပါတယ်။ ပန်းသီးရှာလကာရည်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဓိကအားဖြင့် ပိုးမွှားများ သေစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် နောက်ပိုင်းသုတေသနတွေအရ ကိုယ်အလေးချိန်ကျခြင်း၊ ကိုလက်စထရော ကျစေခြင်း၊ သွေးတွင်းသကြားဓာတ် ကျစေခြင်း၊ ဆီးချိုဝေဒနာများ သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရှိကြောင်း သိလာရပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်ခြင်း ပန်းသီးရှာလကာရည်ထဲမှာ အက်ဆီတစ်အက်ဆစ်ပါဝင်ပါတယ်။ အဆိုပါအက်ဆစ်ဟာ ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးအထောက်အကူပြု အာနိသင်တွေအတွက် အဓိကကျပါတယ်။ ပရိုတိန်း၊ အင်ဇိုင်းနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်အနည်းငယ် ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေတော့ များများစားစား ပါဝင်ခြင်း မရှိပါဘူး။ နာမည်ကြီးတံဆိပ်တွေမှာတော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း