အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

Baby pineapple လေးတွေကို စားသင့်လား

ခုတလော facebookပေါ်မှာ ခေတ်စားနေတဲ့ နာနတ်သီးသေးသေးလေးတွေ အကြောင်း သတိပေးချင်လို့ပါ။  Baby pineapple လို့ ခေါ်တဲ့ ဒီနာနတ်သီးသေးသေးလေးတွေက အခွံပါခွာထားပြီး အလုံးလိုက်လေး၊ တော်တော်ချစ်ဖို့လည်း ကောင်းပါတယ်။ စားဖူးတဲ့သူတဲ့သူတွေကတော့ တော်တော်လေး ချိုတယ်လို့ပြောကြပါတယ်။ ပြဿနာက တချို့တွေက စားပြီးလို့ သိပ်မကြာဘူး။ မူးဝေ အော့အန်ပြီး နေရတာ တစ်မျိုးကြီး ဖြစ်လာတယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် ဒီနာနတ်သီးလေးတွေက ဘာပြဿနာများ ရှိနေလို့လဲ ဆက်ပြီး လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ . . . Baby pineapple လေးတွေက အဆိပ်သင့်စေသလား။ တကယ်တမ်းပြောရရင် ဒီနာနတ်သီးလေးတွေကို မလေးရှား အပါအဝင် ထိုင်ဝမ်၊ စင်ကာပူနဲ့ တခြား နိုင်ငံတွေမှာ တင်သွင်းရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ အထူးသဖြင့်   Dragon fruit လို့ ခေါ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီး ကို အခွံမနွှာဘဲစားကြမယ်။

“An apple a day keeps the doctor away” ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ အဲဒီစကားလေးအတိုင်း ပန်းသီး ဟာ တစ်နေ့တစ်လုံး ပုံမှန်လေးစားပေးမယ် ဆိုရင် ကျန်းမာရေးကောင်းကျိုးတွေကို အများကြီးရရှိစေနိုင်တဲ့ သစ်သီးလေး တစ်မျိုး ဖြစ်ပါတယ်။ အဲဒီလို ကျန်းမာရေးကောင်းစေနိုင်တဲ့ အစွမ်းထက် ပစ္စည်းလေးတွေက ပန်းသီးအသားထက် အခွံမှာ ပိုပြီးအများကြီးပါဝင်ပါတယ်။ ဒါပေမယ့် ပန်းသီးဆိုရင် တချို့သူတွေက အခွံနွှာပြီးမှ စားကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသီးကို အခွံမနွှာဘဲစားသင့်တဲ့ အကြောင်း ပြောပြပေးသွားချင်ပါတယ်။ ပန်းသီးလေးတွေဟာ ဆားဓာတ်နဲ့ အဆီဓာတ်နည်းပြီး အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ပန်းသီး မှာ ပါဝင်တဲ့ flavonoid လို့ခေါ်တဲ့ ပစ္စည်းလေးက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငါးအရေခွံ ကို စားသင့်လား။

ငါးစားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာကို အတော်များများ သိထားကြမှာပါ။ ဒါပေမယ့် တချို့က ငါးစားတဲ့အခါမှာ ငါးအရေပြားကိုပါ စားမယ်ဆိုရင် အန္တရာယ်ရှိ၊ မရှိနဲ့ စားရင် ကျန်းမာရေးအတွက် ကောင်း၊ မကောင်း သေသေချာချာ မသိကြတာမျိုးကြောင့် မစားဖြစ်တဲ့ သူတွေကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ငါးအရေခွံ နဲ့ ကျန်းမာရေးအကြောင်းလေးကို မျှဝေပေးသွားမှာပါ။ ၁။ ငါးအရေခွံ ကို စားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်လား။ ငါးတွေကို ဝယ်ပြီးတဲ့အခါမှာ စင်ကြယ်အောင် ဆေးကြောသန့်စင်ပြီး အကြေးခွံတွေကို သေသေချာချာ ဖယ်ရှားပြီးပြီဆိုရင်တော့ ဘာအန္တရာယ်မှမရှိပါဘူး။ ငါးတွေမှာ ငါးအမျိုးအစားနဲ့ မွေးမြူရာနေရာ၊ နေထိုင်ရာနေရာ အပေါ်မူတည်ပြီး အနည်းနဲ့အများ မာကျူရီလို့ခေါ်တဲ့ အဆိပ်ဓာတ်တစ်မျိုး ထိတွေ့ပါဝင်ကြပါတယ်။ အဲဒီ မာကျူရီကတော့ ငါးအရေခွံတင်မက ငါးအသားမှာလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သာမာန်လူတွေမှာ ပုံမှန်စားရုံနဲ့တော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါးထဲပဲ ထည့်စားစား၊ ချဉ်ရည်ဟင်းထဲပဲ ထည့်ချက်ချက်၊ ပဲဟင်းထဲရောချက်ချက်၊ ဘဲဥ၊ ပုစွန်ခြောက်၊ ပုစွန်ဆိတ် သေးသေးလေးတွေနဲ့ပဲ ရောကြော်ကြော် စားလို့ကောင်းတဲ့ ပဲသီးလေးကို ကြိုက်တဲ့သူ ရှိလား.... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ ပဲသီးက ဘယ်လို အကျိုးကျေးဇူးတွေပေးလဲဆိုတာကို သိရှိနိုင်တာပေါ့။ ပဲသီးလေးကပေးတဲ့ ကျန်းမာရေး နေ့စဉ်နီးပါး တစ်မျိုးမျိုးနဲ့ စားသောက်နေမိတဲ့ ပဲသီးလေးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပဲသီးလေးကို စားသုံးပေးမယ်ဆိုရင် ပရိုတင်း ရရှိစေမယ် ပဲသီး ၁၀၀ ဂရမ်မှာ ပရိတင်း ၈.၃ ဂရမ်အထိ ပါဝင်နေပါတယ်။ ပဲသီးကို နေ့စဉ် စားသုံးပေးတာက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်တင်းရာ ရောက်ပါတယ်။ ဗီတာမင် B Complex ပါဝင်နေတယ် ပဲသီး ၁၀၀ ဂရမ်မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကီဝီသီး၏ အကျိုးကျေးဇူးများ

ကီဝီသီးဟာ အရသာကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အစိမ်းရောင်အတွင်းသားဟာ ချိုချဉ်ပြီး စူးရှပါတယ်။ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် E၊ ဖောလိတ်နဲ့ ပိုတက်ဆီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ကီဝီသီးဟာ နေရာဒေသမျိုးစုံမှာ စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကီဝီသီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုပုံ ဖြစ်ပါတယ်။ ၁။ ပန်းနာရင်ကျပ်ကို သက်သာစေခြင်း ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် အထောက်အကူပြုပါတယ်။ ကီဝီသီးကို ပုံမှန်စားသုံးခြင်းဟာ အဆုတ်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို အကျိုးပြုတယ်လို့ သုတေသနအချို့အရ သိရပါတယ်။ ၂။ အစာကြေစေခြင်း ကီဝီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာချေစနစ်ကို အထောက်အကူဖြစ်စေပါတယ်။ ကီဝီသီးမှာ actinidin လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ်ဟာ လူ့ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အာဟာရဓာတ် တမျိုးဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကြောင့် အမျှင်ဓာတ်ကို နေ့စဉ် ပုံမှန်စားသုံးပေးသင့်ပါတယ်။ အမေရိကန်နှလုံးကျန်းမာရေးအသင်းကြီးရဲ့ အဆိုအရ ၂၀၀၀ ကယ်လိုရီခန့် စားသုံးသူတစ်ဦးဟာ အမျှင်ဓာတ် ၂၅ ဂရမ် လိုအပ်ပါတယ်။ အသက်အရွယ်၊ ကျား/မ ကွဲပြားမှုတွေအပေါ် မူတည်ပါသေးတယ်။ အသက် ၅၀ အောက် အမျိုးသမီးအနေနဲ့ တစ်ရက်ကို အမျှင်ဓာတ် ၂၁ မှ ၂၅ ဂရမ်ထိ စားသုံးသင့်ပြီး အသက် ၅၀ အောက် အမျိုးသားဆိုရင် တစ်ရက်ကို ၃၀ မှ ၃၈ ဂရမ်ထိ စားသုံးသင့်ပါတယ်။ အသက်တစ်နှစ်မှ ၁၈ နှစ်အကြားဆိုရင် တစ်ရက်ကို အမျှင်ဓာတ် ၁၄ မှ ၃၁ ဂရမ်ကြား […]


အာဟာရဆိုင်ရာ အချက်အလက်များ

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက် ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား...........

ချဉ်ဟင်းလေးပဲချက်ချက်၊ မျှစ်လေးနဲ့ ရောပြီး အရည်ပဲချက်ချက်၊ ငရုတ်သီးနိုင်နိုင်လေးနဲ့ မျှစ်တို့ရောပြီး ကြော်ပဲစားစား၊ ငါးနဲ့ပဲ ရောချက်ချက် ဘယ်ချိန် စားစား ထမင်းမြိန်လွန်းလို့ ချဉ်ပေါင်ဟင်းနဲ့ဆို စွဲပြီးသားပဲဆိုတဲ့ Helloဆရာဝန် ပရိသတ်ကြီးတွေများရှိလား။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ရွက် လေးက စားကောင်းတာထက်ပိုတဲ့ ကျန်းမာရေး အာနိသင်တွေရှိနေပါတယ်။ ချဉ်ပေါင်ရွက် ဆိုတာ ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်း မျက်လုံးထဲမြင်မယ် ထင်ပါတယ်။ သုံးမြှောင့်ပုံ အရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံ စိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီ ပေါက်နေတတ်တဲ့ အပင်ငယ်ပါ။ ချဉ်ပေါင်ရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါဝင်ဖွဲ့စည်းထားတာလဲ........ စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက် မှာ ဗီတာမင် နဲ့ သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ ကယ်လ်ဆီယမ် သံဓာတ် ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အာလူး နဲ့ ကျန်းမာရေး

ပြုတ်ပဲ စားစား၊ ကြော်ပဲကြော်ကြော်၊ အသားတို့၊ ဘဲဥတို့နဲပဲ တွဲချက်ချက်၊ ထောင်းပဲစားစား။ အသုပ်ထဲပဲထည့်ထည့်၊ ပူတင်းပဲ လုပ်စားစား အရသာရှိပြီး စိတ်တိုင်းကျစေတဲ့ အာလူးလေးက ဘယ်လိုမျိုး ကျန်းမာရေးကို အထောက်အကူပြုပေးနေသလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ အာလူးလေး ကပေးတဲ့ အာဟာရ အရွယ်တော် အာလူးတစ်လုံးမှာ ကယ်လ်လိုရီ အမျှင်ဓာတ် ကာဗိုဟိုက်ဒရိတ် အဆီ ပရိုတင်း ဗီတာမင် C ဗီတာမင် B6 ပိုတက်ဆီယမ် မဂ္ဂနိ့ မဂ္ဂနီဆီယမ် Phosphorus Niacin Folate တို့ ပါဝင်နေပါတယ်။ အာလူး ကပေးတဲ့ ကျန်းမာရေး သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက ကျန်းမာရေးအတွက် အကျိုးများသလို နေထိုင်မှု ပုံစံကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ဘယ်လိုစားစား အရသာရှိတဲ့ အာလူးလေးကတော့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆားအကြောင်း အကောင်းအဆိုး

အိမ်သုံးဆားနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ။ ကောင်းကျိုးဆိုးကျိုးတွေကို သိပါသလား။ အများစုကတော့ အစားအစာများကို ချက်ပြုတ်ရာမှ မရှိမဖြစ် အသုံးပြုရတဲ့ ပစ္စည်းအနေနဲ့၊ လွန်ကဲစွာ စားသုံးမိရင် သွေးတိုး နဲ့ နှလုံးရောဂါဖြစ်စေမယ့် ပစ္စည်းအနေနဲ့ သိကြပါတယ်။ ဆားကို ဓာတုဗေဒအရ ဆိုဒီယမ်ကလိုရိုဒ် (NaCl) လို့ ခေါ်ပါတယ်။ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်း၊ ကလိုရိုဒ် ၆၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ တကယ်တော့ ဆားဟာ လူ့ကိုယ်ခန္ဓာရဲ့ မရှိမဖြစ်ဓာတ်ဆား (electrolyte) ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှာ အရည်တွေ ဟန်ချက်ညီမျှတဖို့၊ အာရုံကြောများ လျှပ်ကူးခြင်း ကောင်းမွန်စေဖို့၊ ကြွက်သားများ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ ရှေးယခင်က ဆားကို အစားအစာတွေကို ကြာရှည်ခံအောင် ပြုလုပ်ရာမှာ စတင်အသုံးပြုခဲ့ပါတယ်။ အစားအစာတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားခြင်းမဖြစ်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး

သစ်သီးတွေက ကျန်းမာတဲ့ စားသောက်မှုပုံစံအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သစ်သီးတွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝနေပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ပန်းသီးတွေကို နေ့စဉ် စားဖြစ်ပေမယ့် ချဉ်စော်ခါးသီး လို အသီးမျိုးကျ နေ့စဉ် စားမိဖို့က မလွယ်ပါဘူး။ နေ့စဉ် အလွယ်တကူ မစားမိနိုင်တဲ့ ချဉ်စော်ခါးသီးလို အသီးတွေမှာလည်း ခန္ဓာကိုယ် ကျန်းမာစေဖို့လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီတစ်ခေါက်တော့ လူသိနည်းနေသေးတဲ့ ချဉ်စော်ခါးသီးလေးရဲ့ ကျန်းမာရေးအာနိသင်တွေအကြောင်း ပြောပြပေးသွားပါမယ်။ ချဉ်စော်ခါးသီး အစိမ်းစားတာထက် အခြောက်ခံပြီး ဟင်းထဲထည့်ချက်တာ၊ အသီးကို ယိုထိုးစားတာက ပိုများပါ။ ပန်းသီး၊ သစ်တော်သီးတွေနဲ့ ခပ်ဆင်ဆင်တူပြီး အသားထူထူလေးပါ။ အခွံက အဝါရောင် ခပ်ဖျော့ဖျော့လေးပါ။ ဘယ်လို အာဟာရကြွယ်လဲ ........ ဟင်းလျာတွေကို ချဉ်ချဉ်လေးနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း