အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ရွှေဖရုံရွက် နဲ့ ကျန်းမာရေး

ကြော်ချက်ပဲ ချက်စားစား၊ ဟင်းချိုပဲ ချက်ချက်၊ ဟော့ပေါ့ထဲပဲ ထည့်စားစား စားရတာ ချိုချိုလေးနဲ့ အရသာရှိတဲ့ ရွှေဖရုံညွန့်လေးကို ကြိုက်တဲ့သူတွေရှိလား....... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အရမ်းကြိုက်တဲ့ ဟင်းတစ်ခွက်က ကျန်းမာရေးကို ဘယ်လို အကျိုးပြုနေသလဲ ဆိုတာကိုပါ။ ရွှေဖရုံညွန့်ကပေးတဲ့ အာဟာရ အဝါရောင်သန်းပြီး အရသာချိုချိုလေးနဲ့ စားလို့အရသာရှိလှတဲ့ ရွှေဖရုံသီးတွေသီးတဲ့ ရွှေဖရုံပင်ရဲ့ အရွက်လေးတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် များစွာပါဝင်နေပါတယ်။ သံဓာတ် ဗီတာမင် B6 မဂ္ဂနိစ် Phosphorus ကော့ပါး ဗီတာမင် A ဗီတာမင် C အမိုင်နိုအက်ဆစ် Tryptophan Threonine Isoleucine Leucine နဲ့ Lysine တို့ ပါဝင်နေပါတယ်။ ရွှေဖရုံရွက်ကပေးတဲ့ ကျန်းမာရေး စားလိုက်ရင် အရသာရှိတဲ့ ရွှေဖရုံရွက်က ကင်ဆာ ကာကွယ်ပေးတယ် ကမ္ဘာတစ်လွှားမှာ သေဆုံးမှုနှုန်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံလွင်သီး စားဖြစ်လား

သံလွင်သီး ကို ဒီမှာတော့ ဟင်းလျာထဲ ထည့်ချက်တာ သိပ်မရှိကြပါဘူး။ သံလွင်ဆီကိုတော့ အစားများကြပါတယ်။ ဒါပေမယ့် ပီဇာ စားတဲ့အခါမျိုးမှာတော့ သံလွင်သီးက ပါတတ်စမြဲပါ။ ဒီ သံလွင်သီးလေးက ဘာတွေများ ကောင်းကျိုးများလဲ ဆိုတာကို ​ကြည့်လိုက်ရအောင်လား။ သံလွင်သီး ကပေးတဲ့ ကျန်းမာရေး သံလွင်သီးက မြေထဲပင်လယ်ဒေသရဲ့ အစားအစာတစ်မျိုးဖြစ်ပြီး အာဟာရတန်ဖိုးအပြင် ကျန်းမာရေး အာနိသင်ပါကြွယ်ဝပါတယ်။ သံလွင်သီး စားသုံးပေးတာက နှလုံးကျန်းမာစေသလို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာအပြင် ဘယ်လိုများ ကျန်းမာရေး အကျိုးထူးတွေ ပေးစွမ်းသလဲဆိုတာကို ကြည့်လိုက်ရအောင်လား.......... ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ် သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် နှလုံးရောဂါ၊ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ နှလုံး ကျန်းမာစေနိုင်တယ် သွေးတွင်းကိုလက်စထရော များတာ နဲ့ သွေးပေါင်ချိန်မြင့်တာက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖလံတောင်ဝှေး နဲ့ ကျန်းမာရေး

မိုးလေးကျလာပြီဆိုရင် ဖလံတောင်ဝှေးလေးတွေက အစို့လေးတွေထွက်လို့ အပြိုင်အဆိုင် ကြီးထွားလာကြပါပြီ။ မိုးအေးအေးမှ ဖလံတောင်ဝှေးကို ထုပြီး ပုစွန်ခြောက်လေးနဲ့ ဖြစ်ဖြစ် ပုစွန်ဆိတ်လေးနဲ့ဖြစ်ဖြစ် ကြော်စားတာက ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပေါ့။ ဖလံတောင်ဝှေး ကြော်ကို ထမင်းပူပူနဲ့ တွဲစားရတဲ့ မိုးတွင်းအရသာလေးက စားကောင်းရုံတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးအတွက် ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာ ပြောပြပေးမယ်နော်။ ဖလံတောင်ဝှေးဆိုတာ ဘာလဲ........ အစိမ်းရောင် အရိုးတံရှည်ရှည်လေးတွေရှိနေတဲ့ တစ်တောင်သာသာလှီးဖြတ်ထားတဲ့ ဖလံတောင်ဝှေးလေးတွေက မြန်မာလူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိပြီးသားဖြစ်မှာပါ။ ဖလံတောင်ဝှေးက စားကောင်းတဲ့ ဟင်းတစ်ခွက်ဆိုတာထက် ဆေးဖက်ဝင် အပင်တစ်မျိုးဆိုရင် ပိုမှန်ပါမယ်။ ချက်ပြုတ်စားတဲ့ ပင်စည်တင်မကပဲ အမြစ်ကစလို့ ပွင့်လာမယ့် ပန်းအထိ အကုန်လုံးက ဆေးဖက်ဝင်ပါတယ်။ ဖလံတောင်ဝှေးအမြစ်ကို သဘာဝ သန်ချဆေးအဖြစ် အသုံးပြုပေးလို့ရပါတယ်။ ဖလံတောင်ဝှေး အဆီကို ချောင်းဆိုးတာ၊ပန်းနာရင်ကြပ်နဲ့ […]


ကျန်းမာစွာ စားသောက်ခြင်း

ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ

ကန်စွန်းရွက်ကြော် ဆိုတာနဲ့ ကန်စွန်းပလိန်း ပူပူလေးကို ပြေးမြင်ကြမှာပါပဲ။ ကန်စွန်းရွက်ကို ကြော်စား၊ ချဉ်ရည်ချက်စားကြသလို လူကြိုက်များတဲ့ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း သူပါတာပဲလေ။ ဒီလို အမြဲစားနေကျ ကန်စွန်းရွက်က ဘယ်လို အာဟာရဓာတ်တွေ ပါတယ်၊ ဘာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲ ဆိုတာ မသိချင်ကြဘူးလား။ ဒီဆောင်းပါးလေး ဖတ်ပြီး ကန်စွန်းရွက် မကြာမကြာ စားဖြစ်တယ်ဆို ဘယ်လောက် အကျိုးထူးသွားလိုက်မလဲ။ ကန်စွန်းရွက်ကြော် ဟင်းတစ်ခွက် ကနေ ရလာမယ့် အကျိုးကျေးဇူးများ ကန်စွန်းရွက်ကြော် စားတာက- သွေးတွင်းကိုလက်စထရော ကျစေတယ် ကန်စွန်းရွက် က ကိုလက်စထရော ကျစေခြင်းနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူပြုပါတယ်။ ကန်စွန်းရွက်ကြော် စားပေးတာက Triglycoside လိုမျိုး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေတာပါ။ အသည်း အတွက် ကောင်းတယ် ကန်စွန်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက အသည်းကို အဆိပ်အတောက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

တရုတ်နံနံဖျော်ရည်၏ ကျန်းမာရေးအကျိုးပြုပုံ

တရုတ်နံနံပင် (celery) ဟာ ဖျော်ရည်လုပ်သောက်လို့ရတဲ့ အရွက်ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့အတွက် သင်နေ့စဉ်သုံးစွဲသင့်တဲ့ အစားအသောက်ထဲ တခုအပါအဝင် ဖြစ်ပါတယ်။ တရုတ်နံနံဖျော်ရည်တခွက်မှာ ကယ်လိုရီများစွာပါဝင်ခြင်းမရှိဘဲ ၄၀ ကယ်လိုရီသာ ပါဝင်ပါတယ်။ အာဟာရဓာတ်အားဖြင့် - ဗီတာမင် A - ဗီတာမင် K - ဗီတာမင် C - ဘီတာကယ်ရိုတင်း - Flavonoid - အပင်များမှရရှိသော phytonutrient အာဟာရဓာတ်များ - ကယ်လ်ဆီယမ် - သံဓာတ် - မဂ္ဂနီဆီယမ် - ဖော့စဖရပ်စ် - ပိုတက်ဆီယမ် စတာတွေ ပါဝင်ပါတယ်။ တရုတ်နံနံဖျော်ရည်မှာ အရွက်အနေအထားမှာ ရှိခဲ့တဲ့ အမျှင်ဓာတ်တွေတော့ မရှိတော့ပါဘူး။ ဒါပေမယ့် တခြားအာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် သင့်ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ တရုတ်နံနံဖျော်ရည်ကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ သွေးတိုးကျစေခြင်း သုတေသနအချို့အရ တရုတ်နံနံအစေ့ဟာ သွေးတိုးကျစေတဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆန်လုံးညို နဲ့ ကျန်းမာရေး

နေ့စဉ် စားနေကျ ထမင်းစားရင် ကစီဓာတ်များတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ဆန်လုံးညို ပြောင်းစားမလား စဉ်းစားတယ်။ ဒါပေမယ့် ဆန်လုံးညိုက တကယ်ကော ကောင်းကျိုးများရဲ့လား သိချင်တယ်ဆိုတဲ့ သူတွေအနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရင် ဆန်လုံးညို စားသင့်လား၊ မစားသင့်လားဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ သေချာပါတယ်။ ဆန်လုံးညိုကပေးတဲ့ ကျန်းမာရေး စားလိုက်ရင် တဖောက်ဖောက်နဲ့ စားကောင်းတဲ့ ညိုတိုတိုအရောင် ဆန်လုံးညိုလေးက သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ် ဆန်လုံးညိုမှာ ထမင်းထက် အမျှင်ဓာတ်ပိုမို ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်တွေနဲ့ အဆီက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL ကိုလက်စထရော) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဆန်လုံးညိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကင်ဆာ ကာကွယ်ပေးတယ် ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေသလို အမျှင်ဓာတ် ကြွယ်ဝတာကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရွှေပဲသီး စိမ်းစိမ်းလေးတွေက ဘယ်လို အာဟာရတွေ ပေးနေသလဲ

အစိမ်းကြော်၊ ကုန်းဘောင်ကြီးကြော်၊ အသီးအရွက်ကြော် တို့လို ဆိုင်ချက်ဟင်းလျာတွေ ထဲမှာ အမြဲပါလေ့ရှိတဲ့ ရွှေပဲသီး ကို သိကြမှာပေါ့။ စားရတာ ကြွပ်ကြွပ်ချိုချိုလေးမို့ လူကြိုက်လည်း များတဲ့ ပဲသီးတစ်မျိုးပါပဲ။ လတ်လတ်ဆတ်ဆတ်လေး ကြော်စားလိုက်ရင် သူ့ရဲ့ သဘာဝအချိုကြောင့် သက်သတ်လွတ်လည်း အရသာရှိ၊ အသားတစ်မျိုးနဲ့ ရောကြော်လိုက်ရင်လည်း အာဟာရပြည့်တဲ့ ဟင်းတစ်ခွက် ဖြစ်သွားရောလေ။ ရွှေပဲသီး မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အပြင် အမျှင်ဓာတ် အပါအဝင် တခြားအကျိုးပြုအာဟာရဓာတ်တွေ အများကြီးပါဝင်နေတာပါ။ ကျန်းမာရေး အကျိုးကျေးဇူးတွေ ဘယ်လောက်ရှိသလဲ လေ့လာကြည့်ရအောင် - ရွှေပဲသီး ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ရွှေပဲသီးရဲ့ အာဟာရဓာတ် ပါဝင်မှုတွေထဲမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ သံဓာတ်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်စစ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Baby Corn နဲ့ ကျန်းမာရေး

အစိမ်းကြော်ပဲစားစား၊ ထမင်းပေါင်းပဲစားစား၊ ဟင်းချို အပါအဝင် စားစရာ တော်တော်များများမှာ ထည့်သွင်းတတ်ကြပြီး စားရတာ အရသာရှိတဲ့ ပြောင်းဖူး သေးသေးလေး Baby Corn က ဘယ်လို အာဟာရဓာတ်တွေပါလို့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ Baby Corn ဆိုတာ ဘာလဲ............. အဝါရောင်ခပ်ဖျော့ဖျော့ရှိပြီး စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။ စည်သွပ်ဗူးတွေ ရှိသလို ရိုးရိုးအလွတ် baby corn လေးတွေလည်း ရှိပါတယ်။ ထမင်းကြော်၊အစိမ်းကြော်ကစလို့ ဟော့ပေါ့ နဲ့ မာလာရှမ်းကောအဆုံး စားစရာ တော်တော်များများမှာ ထည့်စားတတ်ကြပါတယ်။ Baby Corn နဲ့ ကျန်းမာရေး Baby Corn နဲ့ ကျန်းမာရေး အကြောင်းလေး လေ့လာလိုက်စို့နော်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတယ် Baby corn က ကယ်လ်လိုရီ ပါဝင်မှု တော်တော်လေး နည်းပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အတက်လေးတွေ ထွက်ပြီး စိမ်းနေတဲ့ အာလူး လေးတွေကို စားသင့်လား

အာလူး လေးတွေကို ဝယ်ပြီး မချက်ပြုတ်ဖြစ်ဘဲ ကြာလာတဲ့အခါမှာ အတက်လေးတွေထွက်လာတာကို တွေ့ဖူးကြမှာပါ။ အဲလို အတက်လေးတွေ ထွက်လာတဲ့ အာလူးလေးတွေကို စားမယ်ဆိုရင် အန္တရာယ်ရှိလား၊ မရှိလားဆိုပြီး အတွေးလေးတွေ ဖြစ်မိတဲ့ သူတွေအတွက် ဒီဆောင်းပါးလေးမှာ အာလူးနဲ့ ကျန်းမာရေးအကြောင်းကို မျှဝေပေးသွားမှာပါ။ အာလူးဟာ ကျန်းမာရေးကို ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အာလူးကို ကြော်စား၊ ချက်စား၊ ပေါင်းစား၊ ကင်စား စတဲ့ နည်းလမ်းမျိုးစုံနဲ့ အစားအသောက်မျိုးစုံမှာ ထည့်သွင်းစားသုံးကြပါတယ်။ အာလူးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid သဘာဝပစ္စည်းလေးနှစ်မျိုး ပါဝင်ပါတယ်။ အဲဒီပစ္စည်းလေးတွေဟာ အနည်းငယ်ပဲ စားသုံးမယ်ဆိုရင်တော့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ၊ သွေးတွင်း အဆီဓာတ်နဲ့ အချိုဓာတ်တွေကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပေမယ့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Mulberries ကပေးတဲ့ ကျန်းမာရေး

တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ကြပြီး ​မြေပြန့်ဒေသမှ လူသိနည်းကြတဲ့ Mulberries က သဖန်းသီးနဲ့ မျိုးရင်းတူပါတယ်။ mulberry ပင်ရဲ့ အသီးလေးပါ။ ချစ်စရာကောင်းသလို စားလို့လည်း ကောင်းပါတယ်။ ဒီချစ်စရာကောင်းတဲ့ အသီးလေးတွေ သီးတဲ့ mulberry ပင်က အရွက်ကနေ ပေါက်တတ်တဲ့ အပင်တစ်မျိုးပေါ့။ အထူးသဖြင့် အာရှ နဲ့ မြောက်အမေရိက ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အရောင်အသွေးစုံတဲ့ ဘယ်ရီသီးလေးတွေ သီးပြီး အသီးလေးတွေက အနက်ရောင်၊ အဖြူ၊ရောင် နဲ့ အနီရောင် ဆိုပြီး အရောင်အသွေးစုံလင်လှပါတယ်။ ဒီအသီးတွေကို ဝိုင်လုပ်ဖို့၊ သစ်သီးဖျော်ရည်လုပ်ဖို့နဲ့ ဆီသွတ်ဗူး၊ ယိုထိုးတာတွေ လုပ်ဖို့ အသုံးပြုကြတာ များပါတယ်။ အရသာချိုသလို အာဟာရဓာတ် ပါဝင်မှုမြင့်ပြီး ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြုပေးပါတယ်။ mulberries ရဲ့ အာဟာရဓာတ် လတ်ဆတ်တဲ့ mulberries မှာ ရေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း