အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ပျားရည်၏ အာနိသင် ၆ မျိုး

ပျားရည်ကို နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုတဲ့ ဆေးဝါးအနေနဲ့သားမက အစားအသောက်များမှာလည်း ထည့်သွင်း သုံးဆောင်ကြပါတယ်။ များသောအားဖြင့် စူပါမားကတ်တွေမှာ ရရှိနေတဲ့ ပျားရည်တွေဟာ ပိုးသန့်စင်ပြီးသား ပျားရည်အမျိုးအစား ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်များဟာ ပိုးမသတ်ရသေးတဲ့ ရိုးရိုးပျားရည်မှာ ပိုပြီးကြွယ်ဝပါတယ်။ ပိုးသန့်စင်ထားတဲ့ ပျားရည်တွေမှာတော့ အရောင်အသွေးဆွဲဆောင်မှုရှိအောင်၊ တာရှည်ခံအောင် ပြင်ဆင်ထားပေမယ့် အာဟာရဓာတ်တချို့ ပျက်စီးသွားပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ရိုးရိုးပျားရည်ရဲ့ အာနိသင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝခြင်း ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာဆဲလ်များ ထိခိုက်ပျက်စီးခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ ကင်ဆာ၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ပိုမိုမြန်ဆန်စေနိုင်ပါတယ်။ သုတေသနတွေအရ ပျားရည်မှာ ပါဝင်တဲ့ ပေါ်လီဖီနောလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲပိစပ် နဲ့ သတိပြုစရာများ

ပဲနို့၊ ပဲပြား၊ အသားတု၊ ပဲငန်ပြာရည် နဲ့ ပဲပိစပ်ဆီ စတဲ့ ပဲပိစပ် ကနေ ထုတ်လုပ်တဲ့ အစားအသောက်တွေ ကို စားသုံးသူ အတော်များပါတယ်။ ကျန်းမာရေးအတွက် သူ့ရဲ့ အကျိုးကျေးဇူးကလည်း မသေးဘဲကိုး။ ဒါပေမယ့် ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး နေ့စဉ်စားမယ်၊ ပမာဏ များများ စားမယ်၊ လွန်ကဲလာမယ် ဆိုရင် စဉ်းစားရမယ့် အချက်တွေ ရှိနေတာလေး သတိပေးချင်ပါတယ်နော်။ ဥပမာ - ဟင်းချက်တဲ့ အခါ ပဲပိစပ်ဆီ၊ အာဟာရ ဖြစ်အောင် ပဲနို့၊ ပြီးရင် ပဲပိစပ် ပါဝင်တဲ့ တခြားအစားအသောက်တွေပါ နေ့တိုင်း များများစားနေမယ်ဆို တစ်နေ့တာ လိုအပ်တာထက် ပိုသွားနိုင်ပါတယ်။ ရိုးရိုးကျန်းမာသူတွေဆို အကျိုးကျေးဇူးတွေချည်း ရနိုင်ပေမယ့် ကိုယ့်မှာ ရှိနေတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဆင်ခြင်စားသုံးသင့်တဲ့သူတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တညင်းသီးက အာဟာရဖြစ်လို့လား။

မိုးဦးကျတဲ့ အချိန်မှာ ပေါ်လာတတ်တဲ့ တညင်းသီး ကို မြန်မာလူမျိုး တော်တော်များများ သဘောကျ ကျပါတယ်။ အတို့အမြှုပ် အနေနဲ့ ဖြစ်ဖြစ်၊ ဟင်းချက်ပြီး ဖြစ်ဖြစ်၊ ဆားရည်စိမ်ပြီး ဖြစ်ဖြစ် စားတတ်ကြပါတယ်။ သဲမြေထဲမှာ အပင်ဖောက်ပြီး တညင်းဝက် လုပ်စားတာတောင် ရှိပါသေးတယ်။ မီးလေးအုံးပြီး တို့စားတာ၊ ပြုတ်ပြီး တို့စားတာ၊ အစိမ်းနုနုလေးကို တို့စားတာတွေ ရှိပါသေးတယ်။ ဒီလောက်နဲ့ ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ စေးနေအောင် ပြုတ်ထားတဲ့ တညင်းသီးကို အပြားပုံစံလေးဖြစ်အောင် ထုထောင်းပြီး ပဲဆီလေးနဲ့စိမ်တာ ဒါမှမဟုတ် အုန်းဆီချက် စမ်းပြီး စားတာမျိုုးတွေ ရှိပါတယ်။ တညင်းသီးက အာဟာရမဖြစ်ဘူးလို့ ပြောရတဲ့ အကြောင်းအရင်း တညင်းသီးမှာ အဆိပ်အတောက် အနည်းငယ် ပါပါတယ်။ တညင်းသီးမှာပါတဲ့ အမိုင်နိုအက်ဆစ်  တစ်မျိုးဖြစ်တဲ့ djenkolic acid ပါဝင်နေပါတယ်။ ဒီ အက်ဆစ်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟမ်ဘာဂါမစားပဲ စမူဆာ စားသင့်ရတဲ့ အကြောင်းအရင်း

စမူဆာ (Samosa) ဆိုတာ ဘယ်လိုအစားအစာမျိုးလဲဆိုတာကို မြန်မာလူမျိုးတိုင်း သိကြတယ်။ ဒီလိုပဲ အရှေ့တောင်အာရှဒေသက လူတွေရော၊ အရှေ့အလယ်ပိုင်းကလူတွေရော၊ ယုတ်စွအဆုံး ဗြိတိန်နဲ့ အမေရိကမှာနေတဲ့ လူတွေတောင်သိကြတယ်။ စမူဆာဆိုတာ သာမန်မုန့်လေးတစ်ခုလို့ မြင်ချင်စရာရှိပြီး သိပ်ကို နာမည်ကျော်တဲ့ ဟမ်ဘာဂါလောက် လူသိမများဘူးလို့ ထင်ချင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ သူလည်း ထင်ရှားတဲ့ အဆာပြေဆာ မုန့်တစ်မျိုးဖြစ်ပါတယ်။ ပိုပြီး ကောင်းမွန်တဲ့အချက်ကတော့ လေ့လာချက်တွေအရ စမူဆာဟာ ဟမ်ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာပါပဲ။ Centre for Science and Environment ကတော့ အဲ့ဒီအတိုင်းကို ဆိုထားပါတယ်။ ရုတ်တရက်ဆိုရင်တော့ ဆီကြော်မုန့်တစ်မျိုးဖြစ်တဲ့ စမူဆာက ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို ယုံခက်ခက်ကြီးဖြစ်နိုင်ပေမယ့် ပြုပြင်ထားတဲ့အစာပလာဘာမှ ထည့်သွင်းထားခြင်းမရှိတာတစ်ချက်နဲ့တင် ဒီအချက်က ဖြစ်နိုင်ကြောင်း ခန့်မှန်နိုင်ကြမယ်ထင်ပါတယ်။ စမူဆာ Vs ဟမ်ဘာဂါ စမူဆာဆိုတာက ၉ ရာစုဝန်းကျင်တုန်းက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း

နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများမှာ စိုက်ပျိုးကြပါတယ်။ အရသာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြုကြောင်း သိရှိလာကြတာနဲ့အမျှ စိုက်ပျိုးစားသုံးမှု ပိုမိုမြင့်တက်လာပါတယ်။ ယခုဆောင်းပါးမှာ နဂါးမောက်သီးရဲ့ အာဟာရတန်ဖိုးများနဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပါဝင်သော အာဟာရဓာတ်များ နဂါးမောက်ပင်ကို သိပ္ပံအခေါ်အားဖြင့် Hylocereus cactus လို့ ခေါ်ပါတယ်။ Dragon fruit လို့လည်း ခေါ်ပါတယ်။ နဂါးမောက်သီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ် စတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ နဂါးမောက်သီး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ (၆၀) - ပရိုတိန်း (၁.၂ ဂရမ်) - ကာဘိုဟိုက်ဒရိတ် (၁၃ ဂရမ်) - အမျှင်ဓာတ် (၃ ဂရမ်) - ဗီတာမင် C (တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း) - […]


အာဟာရဆိုင်ရာ အချက်အလက်များ

သင့်ကျန်းမာရေးကို အကျိုးပြုမယ့် အစေ့အဆန်များ

အစေ့အဆန်များဟာ အရွယ်အစားသေးငယ်ပေမယ့် အာဟာရတန်ဖိုးနဲ့တွက်ကြည့်ရင် အတော်လေးအဖိုးတန်ပါတယ်။ အစေ့အဆန်တွေမှာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အစေ့အဆန် ၅ မျိုးရဲ့ ကျန်းမာရေး အကျိုးပြုပုံ ဖြစ်ပါတယ်။ ၁။ နှမ်းကြတ်စေ့ နှမ်းကြတ်စေ့မှာ အမျှင်ဓာတ်နဲ့ Omega 3 အဆီဓာတ် ကြွယ်ဝပါတယ်။ နှမ်းကြတ်စေ့ တစ်အောင်စ (၂၈ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်များကတော့ - ကယ်လိုရီ။ ၁၅၂ - အမျှင်ဓာတ်။ ၇.၈ ဂရမ် - ပရိုတိန်း။ ၅.၂ ဂရမ် - ပြည့်ဝဆီ။ ၂.၁ ဂရမ် - Omega 3 အဆီ။ ၆.၅ ဂရမ် - Omega 6 အဆီ။ ၁.၇ ဂရမ် - မဂ္ဂနိစ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် B ပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။ ဗီတာမင် B ဘာတွေ လုပ်ပေးလဲ။ ဗီတာမင် ​B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက် ကိုယ်ခံအားကို အားဖြည့်ပေးတယ် ဆဲလ်တွေ ကျန်းမာစေတယ် မျိုးဗီဇဆဲလ်တွေကို လုပ်ဆောင်မှု ကောင်းစေတယ် အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ် ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ် စတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် B ပြည့်ဝစေဖို့ ဘာတွေ စားရမလဲ။ ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

အခုလို မိုးဦးကာလဆိုရင် အင်ဥလေးတွေပေါ်တဲ့ကာလပါ။ အင်ဥလေးကို ခပ်ရွယ်ရွယ်လေးလှီးပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နဲ့ မွှေးမွှေးစပ်စပ်လေး ကြော်ထားတဲ့ ဟင်းကို ထမင်းပူပူလေးနဲ့ စားရတာက မိုးဦးကျ ကာလမှာ ထမင်းမြိန်စေပြီး မိုးရာသီရဲ့ အငွေ့အသက်ကို ခံစားမိစေပါတယ်။ အင်ဥဆိုတာ အင်ပင်ရဲ့ ဥလား။ ကန်စွန်းဥဆိုတာက ကန်စွန်းကြီးပင်ရဲ့ဥ ဖြစ်တာကြောင့် အင်ဥ ဆိုတာကလည်း အင်ပင်ရဲ့ ဥ ဖြစ်မယ်လို့ ယူဆစရာ ရှိပါတယ်။  တကယ်ကတော့ အင်ဥဆိုတာက အင်ပင်ရဲ့ ဥမဟုတ်ပါဘူး။ ကြွေကျနေတဲ့ အင်ရွက်တွေ မိုးရေနဲ့ထိတဲ့အခါ ပေါက်လာတဲ့ မှိုအမျိုးအစား တစ်မျိုးပါ။ အရသာရှိတဲ့ မြေအောင်းမှို တစ်မျိုးဆိုလည်း မမှားပါဘူး။ မိုးဥှးကျ ကာလမှာ မိုးလေးကျလိုက် နေရောင်လေး ကျလိုက်ဖြစ်ရာက အင်ရွက်တွေ မြေဆွေးတွေကနေ အင်ဥလေးတွေ ဖြစ်လာတာပါ။ သဘာဝ သစ်ဥ သစ်ဖုတစ်မျိုးပေါ့။ အင်ဥက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြောင်လျှာသီး က ဆေးဖက်ဝင်သလား။

မီးလေး အုံးစားစား၊ ပြုတ်ပြီး တို့တို့၊ ပါးပါးလှီးပြီး ချဉ်ဖက်စိမ် စားစား၊ ဆီချက်၊ ပဲမှုန့်တို့နဲ့ သုပ်စားစား စားရ ခံတွင်းတွေ့တဲ့ ကြောင်လျှာသီး ကို  ကြိုက်ကြသူလေးတွေ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကြောင်လျှာသီး ဆိုတာ ခပ်ရှည်ရှည် ခပ်ထူထူ ပုံစံရှိပြီး အစိမ်းရောင် ဒါမှမဟုတ် အညိုရောင် ရှိပါတယ်။ အရသာက ခါးသက်သက် ပူရှိန်းရှိန်းလေး ရှိပါတယ်။ အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသချာဆေးပြီး ပဲမှုန့် ဆီချက် တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ်။ ကြောင်လျှာသီးရဲ့ ဆေးဖက်ဝင်ပုံက ခါးသက်သက် အရသာရှိတဲ့ ကြောင်လျှာသီးက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ် ကြောင်လျှာသီး က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရွှေဖရုံသီးစေ့ စားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ

ရွှေဖရုံသီးစေ့ဟာ အရွယ်အစားအရသာ သေးငယ်ပေမယ့် အာဟာရဓာတ်တွေ များစွာပါဝင်တဲ့ စားစရာတစ်မျိုး ဖြစ်ပါတယ်။ အနည်းငယ်စားရုံမျှနဲ့တင် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေ ရရှိနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ ရွှေဖရုံသီးစေ့ရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ၁။ အာဟာရဓာတ်များစွာ ပါဝင်ခြင်း ရွှေဖရုံသီးစေ့ဟာ အရွယ်အစားသေးငယ်လှပေမယ့် ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အတော်များပါတယ်။ ရွှေဖရုံသီးစေ့ တစ်အောင်စ (၂၈ ဂရမ်) မှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ။ ၁၅၁ - ကာဘိုဟိုက်ဒရိတ်။ ၅ ဂရမ် - ပရိုတိန်း။ ၇ ဂရမ် - အဆီဓာတ်။ ၁၃ ဂရမ် - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်း - ဖော့စဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း - မန်ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း