အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

နဂါးမောက်သီး စားပေးပါ

အပြင်ခွံ အမြင် ဆန်းဆန်းလေးနဲ့ အမည်နာမ ခပ်ဆန်းဆန်းလေးဖြစ်နေတဲ့ နဂါးမောက်သီးက စားလို့ကောင်းသလို ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။ အတွင်းသား ဖြူဖြူလေး ဒါမှမဟုတ် နီနီရဲရဲလေးမှာ အမဲစက်စက်လေးတွေ ပါတတ်တဲ့ နဂါးမောက်သီးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နဂါးမောက်သီး ဆိုတာ နဂါးမောက်သီး ဆိုတဲ့နေရာမှာ အဖြူရောင် နဲ့ အနီရောင်ဆိုပြီး ၂ မျိုး ရှိပါတယ်။ အဖြူရောင်က အတွင်းသား အဖြူရောင်မှာ အမဲအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပြီး အနီရောင်ကတော့ အတွင်းသား အနီရောင်မှာ အမဲအစက်အစက် နဲ့ အစေ့လေးတွေ ပါတတ်ပါတယ်။ အဖြူရောင် အသီးက ခပ်ရှည်ရှည် ဖြစ်ပြီး အနီရောင်မျိုးက ခပ်ဝိုင်းဝိုင်းလေးတွေပါ။ မြန်မာနိုင်ငံမှာ ပေါက်ရောက်သလို အာရှနိုင်ငံတော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ နဂါးမောက်သီး ကပေးတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှမ်းဆီ ကပေးတဲ့ ကျန်းမာရေး

အိမ်တိုင်းမှာ ဟင်းချက်ဖို့အတွက် မြေပဲဆီကိုသုံးကြတာ များပါတယ်။ နှမ်းဆီ က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ခါးသက်သက် အရသာကြောင့် ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် တစ်ခုလို သုံးကြတာ များပါတယ်။ ဒီတစ်ခေါက်တော့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုပ်တွေထဲမှာ ထည့်သုပ်လေ့ရှိတဲ့ နှမ်းဆီ လေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ နှမ်းဆီ လေး ကပေးတဲ့ ကျန်းမာရေး ဟင်းချက်ဖို့ထက် ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ အသုံးများကြတဲ့ နှမ်းဆီ လေးက နှလုံး ကျန်းမာစေတယ် နှမ်းဆီ က အခြားသော ဟင်းဆီတွေထက် ပြည့်ဝဆီ ပါဝင်မှု နည်းပါတယ်။ နှမ်းဆီ ၁၀၀ ဂရမ်မှာ monounsaturated fats ၄၀ ဂရမ်၊ polyunsaturated fats ၄၂ ဂရမ် နဲ့ ပြည့်ဝဆီက […]


အာဟာရဆိုင်ရာ အချက်အလက်များ

သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး

သလဲပင်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မြေထဲပင်လယ်ဒေသမှာ စတင်စိုက်ပျိုးခဲ့ကြပါတယ်။ သလဲသီးကိုလည်း ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ သုံးစွဲခဲ့ကြပါတယ်။ သလဲသီးကို အင်္ဂလိပ်လို Pomegranate လို့ခေါ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သလဲသီးဖျော်ရည်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ၁။ အဆစ်ရောင်ခြင်းကို သက်သာစေခြင်း သလဲသီးဖျော်ရည်မှာပါဝင်တဲ့ flavonol ဟာ ရောင်ရမ်းခြင်းတွေကို တားဆီးပေးနိုင်တာကြောင့် အရိုးအဆစ်ရောင်ခြင်းနဲ့ အရိုးနုများထိခိုက်ပျက်စီးခြင်းကို လျော့နည်းစေပါတယ်။ ယခုဆက်လက်ပြုလုပ်နေဆဲ သုတေသနတွေအရ အရိုးပွခြင်း၊ လေးဖက်နာအဆစ်ရောင်ခြင်း၊ အခြား အဆစ်အမြစ်ရောင်ခြင်း အမျိုးအစားများကို သက်သာစေနိုင်မယ့် အာနိသင်တွေရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။ ၂။ နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းစေခြင်း သလဲသီးဖျော်ရည်ဟာ နှလုံးအတွက် အကျိုးအပြုဆုံး အသီးဖျော်ရည်ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့စေပြီး သွေးကြောများ မာကြောခြင်း၊ ထူထဲခြင်း မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောထဲမှာ ကိုလက်စထရောတွေ မစုဝေးအောင် တားဆီးပေးနိုင်ပါတယ်။ ၃။ သွေးပေါင်ချိန် ထိန်းနိုင်ခြင်း သလဲသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းအားဖြင့် သွေးတိုးခြင်းကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

လက်ဖက်သုပ်၊ ချင်း (ဂျင်း) သုပ် နဲ့ အမျိုးမျိုးသော အသုပ်တွေထဲမှာ ထည့်စားတတ်တဲ့ နှမ်းစေ့လေးတွေက သေးငယ်ပေမယ့် ကျန်းမာရေးကို အများကြီး အကျိုးပြု ပေးပါတယ်။ နှမ်းစေ့မှာပါတဲ့ အာဟာရ နှမ်းစေ့ကို ထန်းလျက်နဲ့ ယိုထိုးပြီး နှမ်းယို လုပ်စားတတ်လို့ရတဲ့ နှမ်းစေ့လေးထဲမှာ ကယ်လ်လိုရီ အဆီ Copper သံဓာတ် မဂ္ဂနိစ် ကယ်လ်ဆီယမ် ဇင့် Selenium ဗီတာမင် B အုပ်စုစတာတွေ ပါဝင်နေပါတယ်။ နှမ်းစေ့ကပေးတဲ့ ကျန်းမာရေး အသုပ်တိုင်းလိုလိုမှာ ပါတတ်သလို၊ နှမ်းထောင်း၊ နှမ်းယို၊ နှမ်းကပ်ကြော် အဖြစ်ပါ စားတတ်ကြတဲ့ နှမ်းစေ့လေးက နှလုံး ကျန်းမာစေတယ် နှမ်းစေ့မှာ အဆီပျော်ဝင်လွယ်တဲ့ sesamin  လို့ခေါ်တဲ့ အရာတစ်ခု ပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန် ကျစေဖို့ ကူညီပေးသလို အသည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

ကန်စွန်းကြီးရွက် ဆိုတာ ကန်စွန်းဥပင်ရဲ့ အရွက်တွေပါ။ ငါးဆုပ် သို့မဟုတ် ပုစွန်တို့နဲ့ ချဉ်ရည်ချက်စားရင် နူးနူးညံ့ညံ့လေးနဲ့ သိပ်စားကောင်းတဲ့ အရွက်ပေါ့။ ကန်စွန်းရွက်ထက် ပိုနူးညံ့သလို ကျန်းမာရေး အကျိုးကျေးဇူးလည်း မနည်းတဲ့ အသီးအရွက် ဖြစ်ပါတယ်။ ဝယ်ရတာ ရှားနေသလား။ အိမ်မှာ ကန်စွန်းဥတစ်ဥလောက် စိုက်ထားရုံနဲ့ တစ်အိမ်လုံး စားလောက်တဲ့ အထိ အပင် ဖြစ်ထွန်းလွယ်ပါတယ်။ ကြာလာရင် အော်ဂန်းနစ် ကန်စွန်းဥတောင် စားရလိမ့်ဦးမယ်။ ကန်စွန်းကြီးရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်… (၁) ဓာတ်တိုးဆန့်ကျင် အစွမ်းအာနိသင်ပေးတယ် ကန်စွန်းကြီးရွက် လတ်လတ်ဆတ်ဆတ်လေး တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အတွက် free radicals တွေကြောင့် ဖြစ်ရတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်တားဆီးပေးပါတယ်။ ဒါ့ကြောင့် အရွယ်တင်စေတာ၊ ကင်ဆာ ကာကွယ်နိုင်တာ၊ အဆစ်ရောင်ရောဂါ သက်သာစေတာ၊ ပန်းနာရင်ကျပ် သက်သာစေတာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တာအိုးရွက် နဲ့ ကျန်းမာရေး

ဟော့ပေါ့ထဲ ထည့်စားတတ်တဲ့ တာအိုးရွက်လေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပေးလဲဆိုတာကို သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။ တာအိုးရွက် မှာပါတဲ့ အာဟာရ သက်တတ်တတ် အရသာလေးနဲ့ ခပ်ကြွပ်ကြွပ် တာအိုးရွက်လေးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓာတ် ဖောလိတ် မဂ္ဂနိစ် သံဓာတ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ်  ဗီတာမင် B2 တို့ ပါဝင်နေပါတယ်။ တာအိုးရွက်ကပေးတဲ့ ကျန်းမာရေး ကြွပ်ဆတ်ဆတ် ခါးသက်သက် တာအိုးရွက်လေး စားသုံးပေးတာက ကိုယ်အလေးချိန် ထိန်းညှိပေးတယ် တာအိုးရွက်မှာ ပါတဲ့ hydroxycinnamic acid တစ်မျိုးဖြစ်တဲ့ chlorogenic acid က အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဝမလွန်အောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ဖရဲသီး လို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။ ဖရဲသီး အဝါရောင်မှာပါတဲ့ အာဟာရဓာတ် အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ ကာဗိုဟိုက်ဒရိတ် ကယ်လ်လိုရီ အဆီဓာတ် အမျှင်ဓာတ် သကြားဓာတ် ပရိုတင်း ပိုတက်ဆီယမ် ကယ်လ်ဆီယမ် ဗီတာမင် A ဗီတာမင် C သံဓာတ် phosphorus မဂ္ဂနီဆီယမ် စတာတွေ ပါဝင်နေပါတယ်။ ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေတယ် ဖရဲသီး အဝါရောင်မှာ citrulline […]


အာဟာရဆိုင်ရာ အချက်အလက်များ

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

သူ့အတိုင်းပဲ ကြော်စားစား၊ လက်ဖက် နဲ့ပဲရော ကြော်ကြော်၊ ဂျူးဖူး၊ အသားတို့နဲ့ရော ကြော်ကြော်၊ ကင်ပြီးတော့ပဲ စားစား ခပ်စေးစေး နဲ့ ခါးသက်သက် အရသာရှိပြီး ဆေးဖက်ဝင် တယ်လို့ နာမည်ကြီးနေတဲ့ နှစ်တစ်ရာသီးက ဘယ်လိုများ ကျန်းမာရေး အတွက် ကောင်းလဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နှစ်တစ်ရာသီး မှာပါတဲ့ အာဟာရတွေ နှစ်တစ်ရာသီးမှာ ဗီတာမင် B အုပ်စုတွေ ဖြစ်ကြတဲ့ riboflavin niacin thiamin pantothenic acid vitamin B-6 နဲ့ folates တို့ပါဝင်သလို copper မဂ္ဂနိစ် ပိုတက်ဆီယမ် ကယ်လ်ဆီယမ် သံဓာတ် selenium တို့ ပါဝင်နေပါတယ်။ နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး ခါးသက်သက် စေးပိုင်ပိုင် နှစ်တစ်ရာသီးက သွေးတွင်း ကိုလက်စထရောကျစေတယ် နှစ်တစ်ရာသီး စားသုံးပေးတာက သွေးတွင်း ကိုလက်စထရောကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂန္ဓမာပန်းလက်ဖက်ခြောက်ရဲ့ အံ့အားသင့်ဖွယ် ကျန်းမာရေးကျေးဇူးများ

ဂန္ဓမာပန်းပွင့် ကားကားလှလှကြီးတွေကို မြင်ဖူးကြမယ်မဟုတ်လား။ ဘုရားပန်းတင်ကြတယ်၊ အိမ်မှာလည်း အလှထိုးကြတယ်။ အင်မတန်လှတဲ့ ပန်းပွင့်ကြီးတွေပေါ့။ အင်္ဂလိပ်လို Chrysanthemums လို့ခေါ်ကြပြီး အာရှမျိုးရင်းတစ်မျိုးဖြစ်ပြီးတော့ အရှေ့တိုင်းနိုင်ငံတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်ပါတယ်။ တကယ်တော့ ဂန္ဓမာပန်းဟာ အမြင်တင့်တယ်ရုံသာမကပါဘူး။ ကျန်းမာရေးကိုလည်း အကျိုးပြုနိုင်တဲ့ အပင်တစ်မျိုးပါ။ တရုတ်၊ ဂျပန်နဲ့ အရှေ့အာရှဒေသက တိုင်းပြည်တွေမှာတော့ ဒီပန်းကို ဆေးဘက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတယ်။ ဂန္ဓမာပန်းလေးရဲ့ အစွမ်း သိပ္ပံနည်းပညာတွေ တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာတော့ အပင်မျိုးစိတ်အလိုက် လူသားတွေအပေါ် အကျိုးပြုနိုင်စွမ်းတွေကို လေ့လာသုတေသနပြုလာနိုင်နေပြီဖြစ်တာမို့ ဂန္ဓမာပန်းပင်ရဲ့ အစွမ်းကိုလည်း တိတိကျကျ ဖော်ထုတ်လာနိုင်နေပြီဖြစ်ပါတယ်။ လေ့လာချက်တွေအရတော့ ဂန္ဓမာပန်းပင်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ သွေးတိုးနဲ့ သိုင်းရွိုက်ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်ဆေးပညာမှာလည်း ရောင်ရမ်းတာနဲ့ အာရုံကြောအားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ခေတ်မီဆေးသိပ္ပံပညာရှုထောင့်ကလည်း လက်ခံအတည်ပြုထားကြပါတယ်။ ဒါ့အပြင် Institute for […]


အာဟာရဆိုင်ရာ အချက်အလက်များ

အသားတု စားလို့ အားရှိသလား

အသားတု ကို စားသုံးကြတာ သက်သတ်လွတ်သမားတွေတင် မကပါဘူး။ ကြာဆန်ချက်၊ ကြာဆန်ကြော်၊ ခေါက်ဆွဲကြော် တို့မှာ ထည့်သွင်းလေ့ ရှိကြတယ်လေ။ အတော်များများ စားလေ့ရှိတဲ့ အစားအစာပါ။ အသားတု စားတာ အသားအစားထိုး စားသုံးဖို့ စိတ်ဖြေတာပဲလား။ အာဟာရအတွက် ဘယ်လောက် အကျိုးပြုနိုင်သလဲ ဆိုတာ တွေးကြည့်ရအောင်။ အသားတုကို ပဲပုပ်ပဲကို အခြေခံပြီး ထုတ်လုပ်ကြတာ များပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် အပြည့်အဝ ရနိုင်တာမို့ အရသာရော အာဟာရပါ အသားအစားထိုး ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ (၁) နှလုံးကျန်းမာရေး ကောင်းစေတယ် ပဲပုပ်ပဲ ရဲ့ ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှု အတွက် မရှိမဖြစ် အရေးပါပါတယ်။ ပရိုတင်း ဆိုတာ နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း