အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ

မာလကာသီးဟာ အပူပိုင်းသီးနှံတစ်မျိုးဖြစ်ပြီး အမေရိကအလယ်ပိုင်းမှာ စတင်ပေါက်ရောက်ခဲ့ပါတယ်။ မာလကာသီးမှာ ဗီတာမင် C၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒေသတချို့မှာ မာလကာရွက်ကို အခြောက်ခံပြီး ရေနွေးအနေနဲ့ ဆေးဖြစ်ဝါးဖြစ် သောက်သုံးကြပါတယ်။ ယခုဆက်လက်ဖော်ပြမှကြတော့ မာလကာသီးနဲ့ မာလကာရွက်ကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ ဆိုတာပါပဲ။ ၁။ သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း မာလကာရွက်မှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့ အာနိသင်ရှိပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားချက်အရ အစာစားပြီး မာလကာရွက်ခြောက်ကို ရေနွေးနဲ့ပုံမှန်သောက်ပေးခြင်းဟာ သွေးတွင်းသကြားဓာတ် တက်မလာအောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ အခြားသုတေသနတစ်ခုရဲ့ အဆိုအရ မာလကာရွက်ခြောက် ရေနွေးကို သောက်သုံးပေးတဲ့ အမျိုးအစား ၂ ဆီးချိုဝေဒနာသည်တွေဟာ သွေးတွင်းသကြားဓာတ်ကို ၁၀ ရာခိုင်နှုန်းကျော်ကျော် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ၂။ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း သုတေသီတွေရဲ့ အဆိုအရ မာလကာသီးနဲ့ မာလကာရွက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗီတာမင်များဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သင်္ဘောသီးစားခြင်း၏ အကျိုးကျေးဇူးများ

သင်္ဘောသီးစားခြင်း၏ အကျိုးကျေးဇူးများ သင်္ဘောသီး ဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ရောင်ရမ်းမှုကို ကျဆင်းစေခြင်း၊ ရောဂါများကို နှိမ်နင်းနိုင်ခြင်း၊ အရွယ်တင်နုပျိုနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သင်္ဘောသီးစားခြင်း၏ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်များ သင်္ဘောသီး ဟာ အနံ့အရသာနဲ့ပြည့်စုံတဲ့အပြင် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ သင်္ဘောသီး ၁၅၂ ဂရမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ။ ၅၉ - ကာဘိုဟိုက်ဒရိတ်။ ၁၅ ဂရမ် - အမျှင်ဓာတ်။ ၃ ဂရမ် - ပရိုတိန်း။ ၁ ဂရမ် - ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၅၇ ရာခိုင်နှုန်း - ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း - […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မောက်သီး၏ ကျန်းမာရေးအကျိုးပြုပုံ

ကြက်မောက်သီးရဲ့ ရုက္ခဗေဒနာမည်ကတော့ Nephelium lappaceum ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ အဓိကပေါက်ရောက်ပါတယ်။ အရှေ့တောင်အာရှမှာ စတင်တွေ့ရှိခဲ့ပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ အကြီးအကျယ်စိုက်ပျိုးပါတယ်။ ကြက်မောက်သီးဟာ အာဟာရကြွယ်ဝပြီး ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ အသီးအနှံဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကြက်မောက်သီးရဲ့ ကျန်းမာရေး အကျိုးပြုပုံ ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝခြင်း ကြက်မောက်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအကျိုးပြုဓာတ်တွေ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၂ ဂရမ်ထိ ပါဝင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတာမို့ အစာကတဆင့် ရရှိတဲ့ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်အောင် အထောက်အကူပြုပါတယ်။ ကိုယ်ခံစွမ်းအားလည်း မြှင့်တင်ပေးပြီး ရောဂါဘယများကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။ ကြက်မောက်သီး ၅ လုံးခန့်စားသုံးရင် ဗီတာမင် C တစ်နေ့တာလိုအပ်ချက်ရဲ့ ၅၀ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား

ထောပတ်သီးကို ကမ္ဘာတလွှားမှာ နည်းမျိုးစုံနဲ့ စားသုံးကြပါတယ်။ ထောပတ်ပင်ဟာ မက္ကဆီကိုတောင်ပိုင်းမှာ အဓိကပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ပေါင်း ရှစ်ထောင်လောက်ကတည်းက စိုက်ပျိုးခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ မြန်မာပြည်မှာလည်း ဖျော်ရည်အနေနဲ့ နို့ဆီ၊ သကြားတွေနဲ့ရောပြီး စားသုံးကြပါတယ်။ ထောပတ်သီးမှာ ကယ်လိုရီနဲ့ အဆီဓာတ်များပါတယ်။ ဒါကြောင့် လူတချို့ကတော့ ထောပတ်သီးကို ရှောင်ကြပါတယ်။ ထောပတ်သီးဟာ အဆီဓာတ်များလို့ ကျန်းမာရေးအတွက် ကောင်းရဲ့လားဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ထောပတ်သီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ဘာတွေပါဝင်သလဲ ထောပတ်သီးမှာ ဖိုင်တိုစတီရောနဲ့ ကရိုတီးနိုက်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးအစားတွေလည်း ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ • ဗီတာမင် A • ဗီတာမင် K • ဗီတာမင် C • ဗီတာမင် E • သံဓာတ် • […]


အာဟာရဆိုင်ရာ အချက်အလက်များ

Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ

အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျွန်မတို့အိမ်က မီးဖိုချောင်မှာရှိတဲ့ အစားအစာနဲ့ ဟင်းချက်ပစ္စည်းတွေကလည်း ကျန်းမာရေးကောင်းကျိူးတွေ များစွာကို ပေးစွမ်းနိုင်ပါတယ်။ ယနေ့ခေတ်မှာ ဆိုရင်လည်း ပန်းသီးရှာလကာရည်အဖြစ်သိကြတဲ့ Apple Cider Vinegar ကို အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အသုံးပြုလာကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ACVကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Apple Cider Vinegar ကိုနေ့စဉ်သောက်ခြင်းဖြင့် ရရှိနိုင်မယ့်အကျိူးကျေးဇူးများ (၁) အစာစားလိုစိတ် နည်းပါးစေတယ် ကိုယ်အလေးချိန်ချလိုသူတွေအနေနဲ့ ACV သောက်သုံးသင့်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ ပညာရှင်များရဲ့ ရှင်းလင်းချက်အရ ACVဟာ အချိန်ကြာမြင့်စွာ ဗိုက်ပြည့်နေစေပြီး အစာစားလိုစိတ်ကိုလည်း နည်းပါးစေလို့ ကိုယ်အလေးချိန်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ (၂) အချိုစားချင်စိတ် နည်းပါးစေတယ် ဗိုက်ပြည့်နေစေတဲ့အပြင် သင့်ရဲ့အချိုကြိုက်မှုကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ACVတစ်ဇွန်းမှာ ၃ကယ်လိုရီသာ ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်နေပါတယ်။ (၃) အစာချေစနစ်ကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

လက်ဖက်စိမ်း ဆိုတာ

လက်ဖက်စိမ်း ဖျော်ရည်ဟာ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်တစ်ခု ဖြစ်တယ်  ဆိုတာ လက်ခံထားကြပြီးသား ဖြစ်ပါတယ်။ လက်ဖက်စိမ်းရဲ့ အကျိုးကျေးဇူးတွေကို ပါးစပ်ပြောနဲ့ မဟုတ်ဘဲ လက်တွေ့ စမ်းသပ်ပြီး သိရှိလာကြတာ ဖြစ်ပါတယ်။ လက်ဖက်စိမ်း ကပေးတဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။ (၁)      လက်ဖက်စိမ်း မှာ ကျန်းမာစေတဲ့ ဇီဝပစ္စည်းဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ်။ Polyphenols ဆိုတဲ့ ဒြပ်ပေါင်းဟာ ရောင်ရမ်းခြင်းတွေကို လျော့နည်းသက်သာစေပြီး ကင်ဆာရောဂါကို တွန်းလှန်နိုင်စေပါတယ်။ EGCG လို့ခေါ်တဲ့ ဒြပ်ပေါင်းကတော့ ဓာတ်တိုး ပစ္စည်းဖြစ်တာကြောင့် ဆဲလ်ပျက်စီးခြင်းတွေကို ကာကွယ်ပေးမှာပါ။ ခန္ဓာကိုယ်ထဲက free radicals ဆိုတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ အိုမင်းရင့်ရော်စေခြင်းနဲ့ အခြားရောဂါတွေကို ဖြစ်စေပါတယ်။လက်ဖက်စိမ်း ဟာ  free radicals ​တွေ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။ (၂)      ဦးနှောက်ရဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်

ခံတက်ရွက်ကို ပုံမှန်အားဖြင့်ကတော့ အချဉ်တည်ပြီး တို့စားတာ၊ ခံတက်ချဉ်ကို ပါးပါးလှီးလို့ ကြက်သွန်နီ၊ ဆီချက်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်တို့နဲ့ သုပ်စားတာမျိုး အများဆုံး စားဖြစ်မယ် ထင်ပါတယ်။ ခံတက်ရွက် နုနုလေးကို အချဉ်တည်ထားတာက မွှေးနေပြီး စားလိုက်ရင်လည်း ချဉ်ချဉ်လေးနဲ့ အရသာတွေ့တာ အမှန်ပါ။ မြန်မာလူမျိုး တော်တော်များများ သဘောကျတဲ့ ခံတက်ရွက်လေးတွေက စားကောင်းတာအပြင် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ ခံတက် ခံတက်ပင်ကို အစား အများဆုံးက အချဉ်တည်ထားပြီး အလွယ်တကူ ဝယ်လို့ရတဲ့ ခံတက်ရွက်ချဉ် ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ခံတက်ပင်က အရွက်တင်မကဘဲ ပင်စည်ရဲ့ အခေါက် (ခံတက်ခေါက် ဆိုပြီး မီးကင်လို့ မွှပြီး ဆီစိမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဂေါ်ဖီ စားလို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ဂေါ်ဖီ လို့ ပြောလိုက်ရင် အသုပ်တွေထဲ ထည့်စားတာ၊ ကြော်စားတာ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းကြော်တွေထဲ ထည့်စားတာကို ပြေးမြင်မယ်ထင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အစားအစာ တော်တော်များများမှာ ပါတတ်တဲ့ ဂေါ်ဖီလေးက တဂျွတ်ဂျွတ်နဲ့ ဝါးလို့ကောင်းသလို ကျန်းမာရေး အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ဂေါ်ဖီ မှာပါတဲ့ အာဟာရဓာတ် သရေစာ အစားအစာကစလို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာ တော်တော်များများမှာ ပါဝင်တတ်တဲ့ ဂေါ်ဖီထုပ်မှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သကြားဓာတ် ပရိုတင်း ဗီတာမင် C ဗီတာမင် K ဗီတာမင် A ဗီတာမင် B6 ကယ်လ်ဆီယမ် မဂ္ဂနိစ် ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် ဖောလိတ် တို့ ပါဝင်နေပါတယ်။ ဂေါ်ဖီ ကပေးတဲ့ ကျန်းမာရေး အသုပ်ထဲ ထည့်စားစား၊ အကြော်တွေထဲ ထည့်ထည့်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အနီရောင် ဂေါ်ဖီထုပ်ကပေးတဲ့ ကျန်းမာရေး

ပုံမှန်စားနေကျ ဂေါ်ဖီထုပ်က အစိမ်းရောင်နုနု၊ အစိမ်းရောင်ရင့်ရင့်ဖြစ်တတ်ပြီး အနီရောင် ဂေါ်ဖီထုပ်ကတော့ အခုနောက်ပိုင်းမှာတော့ အနီရောင် ဂေါ်ဖီထုပ်လေးတွေ ဈေးကွက်ဝင်လာတယ်။ ဆေးဆိုးထားတာ မဟုတ်ဘဲ ပင်ကိုက အနီရောင်ပါ။ အနီဆိုတာထက် ခရမ်းရောင်ရင့်ရင့်လေးဆို ပိုမှန်မှာပါ။ ဒီအရောင်အသွေးလှပတဲ့ ဂေါ်ဖီထုပ်လေးကလည်း စားသုံးလို့ရသလို အာဟာရတန်ဖိုး မြင့်သလို ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူ ပြုပေးပါတယ်။ အနီရောင် ဂေါ်ဖီထုပ်လေးရဲ့ အာဟာရတန်ဖိုး အနီရောင်ဂေါ်ဖီလေးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် ပရိုတင်း အမျှင်ဓာတ် Anthocyanins ဗီတာမင် C ဗီတာမင် K ဗီတာမင် A ဗီတာမင် B6 ပိုတက်ဆီယမ် မဂ္ဂနိစ် thiamine riboflavin ဖောလိတ် ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အနီရောင် ဂေါ်ဖီထုပ်ကပေးတဲ့ ကျန်းမာရေး အနီရောင် ဂေါ်ဖီထုပ်ကို စားသုံးပေးမယ်ဆိုရင် ကိုယ်ခံအား […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ

အစားဆိုတာ စားတိုင်း အာဟာရ ဖြစ်တာမဟုတ်သလို ကျန်းမာရေးနဲ့ ညီညွတ်တာလည်း မဟုတ်ပါဘူး။ ဒီတစ်ခေါက်တော့ ကျန်းမာနေစေဖို့ နေ့တိုင်း စားသောက်မှုပုံစံမှာ ထည့်သွင်းသင့်တဲ့ အစားအစာလေးတွေကို မိတ်ဆက်ပေးပါမယ်။ ကျန်းမာနေစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာတွေက ဘာတွေများလဲ............... စားလိုက်တဲ့အစာတိုင်းက ကျန်းမာရေးကို အထောက်အကူ ပြုစေဖို့ဆိုရင် အစားအသောက်ကို သေချာဂရုစိုက်ဖို့ လိုပါမယ်။ ဒီတော့ နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် ဘယ်ရီသီး ဘယ်ရီသီးမှာ အစာခြေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓာတ်၊ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး မှတ်ဉာဏ် ကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် C တို့ ပါဝင်နေပါတယ်။ တစ်နေ့ကို ဘယ်ရီသီး တစ်ခွက်လောက် ဖျော်သောက်တာ၊ ပန်းကန်လုံး တစ်လုံးစာလောက် စားပေးတာမျိုး လုပ်ပေးပါ။ ဥအမျိုးမျိုး ဥအမျိုးမျိုးက ပရိုတင်း​ ကြွယ်ဝတဲ့ စားစရာမျိုးပါ။ ကြက်ဥ တစ်လုံးမှာ ပရိုတင်း ၆ ဂရမ်လောက်ထိ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း