အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးကို ဒီအတိုင်း စားကြသလို ယိုထိုးပြီးလည်း စားကြပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အခေါက်ကြမ်းကြမ်းတွေနဲ့အတူ ဆူးတွေပါ ရှိတတ်ပါတယ်။ ရှောက်ပင်၊ သံပုရာပင်၊ သနပ်ခါးပင်၊ ပျဉ်တော်သိမ်ပင်တို့နဲ့ မျိုးရင်းတူပြီး မွှေးရနံ့ရှိပါတယ်။ သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ သီးသီးမှာပါတဲ့ အာဟာရ သီးသီးရဲ့ အနှစ်ထဲတွင် ပရိုတင်း ကာဗိုဟိုက်ဒရိတ် အဆီဓာတ် ကယ်လ်ဆီယမ် ဗီတာမင် B ဗီတာမင် C တို့ ပါဝင်ပါတယ်။ သီးသီးကပေးတဲ့ ကျန်းမာရေး ယိုပဲ ထိုးစားစား၊ အနှစ်ကို တိုက်ပြီး ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲ စားစား အရသာရှိတဲ့ သီးသီးလေးက အစာခြေစနစ် ကျန်းမာစေတယ် သီသီးက အမျှင်ဓာတ် ကြွယ်ဝတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါးဟာ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာတမျိုးဖြစ်ပြီး ရောဂါအချို့ကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ လူအများက နှစ်ခြိုက်စွာ စားသုံးလာကြပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဆယ်လ်မွန်ငါးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ဖြစ်ပါတယ်။ Omega 3 ကြွယ်ဝခြင်း ဆယ်လ်မွန်ငါးရဲ့ ထူးခြားမှုတခုကတော့ Omega 3 ကြွယ်ဝခြင်းဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ Omega 3 ၂.၆ ဂရမ် ပါဝင်ပါတယ်။ Omega 3 ရဲ့ တနေ့တာလိုအပ်တဲ့ ပမာဏနဲ့ ပတ်သက်ပြီး ညွှန်းဆိုထားခြင်းမရှိနေပမယ့် အနည်းဆုံး ၂၅၀-၅၀၀ မီလီဂရမ်ခန့် ရရှိသင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။ Omea 3 ဟာ ရောင်ရမ်းမှုများကို လျော့ကျစေခြင်း၊ သွေးတိုးကို ထိန်းနိုင်ခြင်း၊ သွေးကြောများအခြေအနေကောင်းမွန်စေခြင်း၊ နှလုံးကို အကျိုးပြုခြင်း စတဲ့အကျိုးကျေးဇူးတွေ ဖြစ်ပေါ်စေပါတယ်။ ပရိုတိန်းဓာတ် များစွာပါခြင်း ပရိုတိန်းဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံလွင်ဆီမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

အဆီနဲ့ပတ်သက်ရင် လူတွေမှာ အစွဲတစ်ခုရှိပါတယ်။ အဲဒါကတော့ အဆီဓာတ်ဟာ မကောင်းဘူးဆိုတာပါပဲ။ တကယ်တော့ အဆီဓာတ်ဟာလည်း ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီဟာ သင့်ကိုယ်ခန္ဓာအတွက် အကျိုးပြုမှာ ဖြစ်ပါတယ်။ ဆီများထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ကြတာကတော့ သံလွင်ဆီဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သံလွင်ဆီ သုံးစွဲခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ မပြည့်ဝဆီပါဝင်မှု များခြင်း ဆီအမျိုးအစားတွေမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး ရှိပါတယ်။ မပြည့်ဝဆီဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီအမျိုးအစား ဖြစ်ပါတယ်။ သံလွင်ဆီကိုတော့ သံလွင်သီးကနေ ထုတ်လုပ်ထားပြီး အိုလစ်အက်ဆစ်လို့ခေါ်တဲ့ အဆီဓာတ်ဟာ ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ခန့် ဝင်ပါတယ်။ အဆိုပါ အိုလစ်အက်ဆစ်ဟာ monounsaturated fat လို့ခေါ်တဲ့ မပြည့်ဝဆီဖြစ်ပြီး ရောင်ရမ်းမှုကို ကျစေခြင်း၊ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေလျော့ကျစေခြင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငါးစားက အကျိုးများ၏

ငါးဟာ အာဟာရဓာတ်ကောင်းစွာပါဝင်တဲ့ စားသောက်ဖွယ်ရာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တစ်ပတ်မှာ ၂-၃ရက်ခန့် စားသုံးသင့်ပါတယ်။ နေ့စဉ် စားနိုင်ရင်တော့ ပိုကောင်းပါတယ်လို့ ဆိုပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ငါးစားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝခြင်း ငါးအများစုမှာ ပရိုတိန်းဓာတ် ကောင်းကောင်းပါဝင်တာပါတယ်။ တခြား ဗီတာမင်၊ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ တူနာ၊ မက်ကရယ် စတဲ့ငါးတွေမှာ omega 3 နဲ့ တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝပါတယ်။ တခြားငါးအမျိုးမျိုးမှာလည်း ဗီတာမင် D နဲ့ B2 များစွာပါဝင်ပါတယ်။ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းခြင်း ငါးမှာပါဝင်တဲ့ အဆီဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ငါးကို ပုံမှန်စားသုံးနေသူတွေဟာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမဲသား ကပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသားကြိုက်တဲ့သူတွေအတွက်တော့ ပျော်ပြီးရင်း ပျော်ရမယ့် ဆောင်းပါးလေးပါပဲ။ အမဲသား က ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ယူဆောင်လာပေးနိုင်သလဲဆိုတာကို ဒီဆောင်းပါးထဲမှာ ဖော်ပြသွားမှာပါ။ ၁။ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါ့အပြင် အနာအကျက်မြန်စေခြင်း၊ အားကစားသမားတွေအတွက် ဒဏ်ရာ သက်သာစေခြင်း၊ ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေနဲ့ တွဲဖက်လုပ်မယ်ဆိုရင် ကြွက်သားတွေကို ထိန်းထားနိုင်ပြီး ကြွက်သားတက်စေခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိနိုင်ပါသေးတယ်။ ၂။ အမဲသားဟာ သွေးတိုး၊ စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၇% ထိ လျော့ကျစေနိုင်ပါတယ်။ ၃။ အမဲသား မှာပါဝင်တဲ့ L-carnitine က ဆီးချို အမျိုးအစား (၂) လူနာတွေအတွက် အကျိုးရှိစေပြီး သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ၄။ အမဲသားမှာ အထူးသဖြင့် သံဓာတ်၊ ဖော့စဖောရပ်စ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆူရှီစားလို့ ဘာဖြစ်တယ်၊ ငါးအစိမ်းတွေ စားလို့ ညာဖြစ်တယ် စသဖြင့် အမျိုးမျိုးသော သတင်းတွေ တက်လာတာ ဖတ်ဖူးကြမှာပါ။ ဆူရှီကို အသားပေးစားတဲ့ ဂျပန်တွေကတော့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လူမျိုးတွေလို့တောင် အသိအမှတ်ပြုခံထားရသေးတာ မဟုတ်လား။ ဒါဆို ဆူရှီတွေက စားသင့်တာလား။ မစားသင့်တာလား။ ဆူရှီတွေက ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရင်ကြည့်ကြည့်ရအောင်။ ၁။ ဆူရှီလုပ်ရာမှာ အသုံးပြုတဲ့ ငါးတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ထရောက်ရေချိုငါး၊ တူနာ နဲ့ ဆယ်လ်မွန်တို့လို ငါးတွေနဲ့ ဆူရှီတွေမှာ Omega-3 fatty acid ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါဟာ ဆူရှီက ပေးနိုင်တဲ့ အကောင်းဆုံးသော ကျန်းမာရေး အကျိုးကျေးဇူးပါပဲ။ ဒီအဆီဟာ ကောင်းမွန်တဲ့ ကိုလက်စထရော ပုံစံတစ်မျိုးဖြစ်ပြီး သွေးကြောပိတ်တာတွေကို ကာကွယ်တားဆီးပေးနိုင်သလို သွေးဖိအားကျခြင်းကိုလည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆူရှီက ကျန်းမာရေးအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတဲ့အကြောင်း ကောင်းကျိုးရော၊ ဆိုးကျိုးတွေပါ ဖော်ပြပေးပြီးပြီမို့ ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်အောင် ဘယ်ဆူရှီတွေကို ဘယ်လို စားကြမလဲဆိုတဲ့အကြောင်း ဆက်ပြီး လေ့လာကြည့်ကြရအောင်။ ဆူရှီဆန် အဖြူအစား ဆန်လုံးညိုကို သုံးပြီး ဆူရှီလိပ်စားကြည့်ပါ။ Temaki လို့ခေါ်တဲ့ ကန်တော့ပုံ ဆူရှီလိပ်တွေကို ပို ဦးစားပေးစားပါ။ ပရိုတိန်းနဲ့ အမျှင်ဓာတ်တွေ ပိုရစေဖို့အတွက် ဆူရှီစားတဲ့အခါ အသီးအရွက်တွေပါ ပါတဲ့ ထမင်းလိပ်တွေကို ရွေးချယ်ပါ။ ဆူရှီတစ်ခုတည်း စားမယ့်အစား မီဆို ဟင်းရည်၊ ဆာရှိမိ၊ ရေညှိသုပ် နဲ့ အခြား အသုပ်တွေကိုပါ ထည့်ပြီး စားသုံးပေးပါ။ ချိစ်တွေ၊ ဆော့စ်တွေ နဲ့ အကြော်တွေ ပါဝင်တဲ့ ဆူရှီလိပ်တွေကို ရှောင်ပြီး ဟင်းသီးဟင်းရွက်တွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

Micronutrient များ

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစာအုပ်စု (၃)စုကိုလူတိုင်းသိပေမဲ့ ကိုယ်ခံအား (immunity) အတွက် အခြေခံလိုအပ်တဲ့ micronutrients ခေါ် ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုတော့ အတော်များများသတိမထားမိတတ်ကြပါဘူး။ များသောအားဖြင့် ရောဂါဖြစ်မှ၊ နေမကောင်းဖြစ်မှ အားဆေးတွေ၊ ​အာဟာရရှိတာတွေလိုက်စားတတ်ပါတယ်။ ဒီလိုရောဂါဖြစ်မှ ရှိသမျှပိုက်ဆံ ပုံအောပြီးကုရတဲ့အဖြစ်မျိုးမရောက်ဘဲ ရောဂါအလွယ်တကူမဖြစ်အောင် မိမိတို့ရဲ့ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ရမလဲကြည့်လိုက်ကြရအောင်။ ကိုယ်ခံအား(Immunity) ဆိုတာ မိမိတို့ခန္ဓာကိုယ်ရဲ့ ခံတပ်ကြီးတစ်ခုပါပဲ။ ခန္ဓာကိုယ်မှာ မွေးရာပါစစ်သားတွေပါလာပေမဲ့ စစ်လက်နက်တွေမရှိတဲ့အခါ ပြင်ပကရောဂါတွေ၊ မိမိတို့ခန္ဓာကိုယ်ဖောက်ပြန်လို့ဖြစ်လာတဲ့ရောဂါတွေဟာ အလွယ်တကူဖြစ်ပေါ်လာပါတယ်။၊ ကိုယ်ခံအားကျတဲ့အခါ အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးကစပြီး ကင်ဆာရောဂါအထိဖြစ်နိုင်ပါတယ်။ ဒီအခါကျရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး မလိုအပ်ဘဲ ဆေးတွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေသောက်ရာက ဆေးယဥ်ပါးပြီး ရေရှည်မှာ မိမိအတွက်ရော၊ မိမိပတ်ဝန်းကျင်အတွက်ပါဆိုးကျိုးဖြစ်ပေါ်စေပါတယ်။ ခံတပ်ကြီးဟာ ကြံ့ကြံ့ခံပြီး လက်နက်အင်အားတောင့်တင်းနေမယ်ဆိုရင် ရန်သူရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်ပါဘူး။ ဒီလိုလက်နက်အင်အားပြည့်စုံတဲ့ ကိုယ်ခံအားအင်ပါယာကြီးကို ဘယ်လိုတည်ဆောက်ရမလဲဆိုရင် ရိုးရိုးရှင်းရှင်းလေးပါပဲ။ မိမိတို့နေ့စဥ်စားသောက်နေတဲ့ အစားအသောက်တွေကနေတဆင့်တည်ဆောက်လို့ရပါတယ်။ မိမိနေ့စဥ်စားသောက်နေတဲ့ အစားအသောက်ထဲမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

အုန်းဆီလို့ ပြောလိုက်ရင် ဆံပင် လူးဖို့လား။ ဆံသား ကျန်းမာစေတဲ့ အာနိသင် ရှိတယ်ဟုတ် သိသားပဲလို့ ပြောမလို့လား........ မဟုတ်ပါဘူး...... ဒါဆို အသားအရေအတွက် ဟုတ်..... လို့ ထပ်တော့ မမေးနဲ့နော်။ ဒါလည်း မမှန်သေးဘူး။ အခုပြောပြမှာက အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှုပါ။ အုန်းဆီကို စားစရာလို့ မြင်ခဲပေမယ့် စားကြည့်ရင် ကျန်းမာရေးအတွက် အကျိုးများသတဲ့နော်။ သိချင်သွားပြီလား........ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်လေ။  အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှု အုန်းဆီက ဆံသား နဲ့ အသားအရေ လှပမှုအတွက် သုံးလို့ရသလို ဟင်းချက်ဆီနေရာမှာ အုန်းဆီကို သုံးပေးမယ်ဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အရေးကြီးတာကတော့ အရောအနှော လုံးဝမပါတဲ့ သဘာဝအုန်းဆီစစ်စစ်ဖြစ်ဖို့လိုပါတယ်။ စိတ်ဖိစီးမှု ပြေလျော့စေတယ် အုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်ပွ နဲ့ ကျန်းမာရေး

အစိမ်းကြော်လေးပဲ ကြော်ကြော်၊ အသားလေးနဲ့ပဲ နှပ်နှပ်၊ အနံ့မွှေးပြီး စားလို့ ကောင်းတဲ့ ငရုတ်ပွကို ကြိုက်သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ငရုတ်ပွ စားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေး ထဲကနေ ဖတ်ကြည့်လိုက်ပါ။ ငရုတ်ပွမှာပါတဲ့ အာဟာရဓာတ် အနီရောင်၊ အစိမ်းရောင်။ အဝါရောင်ဆိုပြီး အရောင်အသွေး စုံစုံလင်လင်နဲ့ အနံ့မွှေးပြီး အသား အိအိလေးနဲ့ စားကောင်းတဲ့ ငရုတ်ပွမှာ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် အဆီဓာတ်တို့ ပါဝင်နေပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အနေနဲ့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ ဗီတာမင် C သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေတဲ့ ဗီတာမင် B6 အရိုးတွေ သန်မာစေပြီး သွေးခဲစေဖို့ အားဖြည့်ပေးတဲ့ ဗီတာမင် K1 […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း