အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေး စားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူး သုပ်ကို စားဖူးတယ်ဟုတ်။ ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်းပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။ ဒီ မယ်ဇလီဖူးသုပ်လေးကို ဘာလို့ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မယ်ဇလီဖူး ဆိုတာ မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ တည့်သုံးတာမျိုးလည်း ရှိပါတယ်။ တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူး ဆိုတဲ့ အတိုင်းပါပဲ။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကောင်းမယ်ဆိုရင် နေရထိုင်ရတာ လန်းဆန်းပြီး နေ့စဉ်ဘဝတွေ သာယာမှာ အမှန်ပါပဲ။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်တဲ့ ဒိန်ချဉ်ကို စားခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက် ပါတယ်။ (၁) ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသနိုင်ခြင်း ဝမ်းပျက်ရင် ဒိန်ချဉ်မသောက်ရဘူးဆိုပြီး တော်တော်များများက အယူအဆမှားတတ် ကြပါတယ်။ တကယ်တော့ ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့ရင် ဒိန်ချဉ်သောက်ပေးသင့်တာပါ။ ဘာကြောင့်လဲဆိုရင် ဒိန်ချဉ်မှာ Lacto bacilli လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားလေးတွေ အမြောက်အမြားပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခန္ဓာကိုယ်ထဲက အူနံရံတွေဟာ ပျက်စီးရပါတယ်။ Lacto Bacilli ဆိုတဲ့  ဘတ်တီးရီးယားလေးတွေမှာ ဝမ်းပျက်လို့ ပျက်စီးနေတဲ့ အူနံရံတွေကို ပြန်လည်ကောင်းမွန်လာစေခြင်း၊ အန္တရာယ်ရှိတဲ့ ပြင်ပပိုးမွှားတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး

ဗီတာမင် ဆိုတဲ့ သက်စောင့်ဓာတ်တွေဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။   သို့သော်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။ ယခု ကိုဗစ်ကပ်ရောဂါကာလမှာလည်း ကိုယ်ခံအားကောင်းချင်ဇောနဲ့ ဗီတာမင်တွေသောက်သုံးလာကြတာကို တွေ့ရပါတယ်။ အချို့ကလည်း သတ်မှတ်ပမာဏအတိုင်း  စနစ်တကျ သောက်သော်လည်း တချို့မှာတော့ ပိုလျှံစွာ သောက်သုံးနေကြပြန်ပါတယ်။ ဒါကြောင့် သောက်သုံးသင့်တဲ့ ဗီတာမင်ပမာဏနဲ့ လွန်ကဲရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တွဲဖက်တင်ပြလိုက်ရပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကိုမေးမြန်းပြီးမှ မှီဝဲတာ အကောင်းဆုံးဆိုတာ ဦးစွာအကြံပေးချင်ပါတယ်။ ဗီတာမင်အမျိုးအစား (၂) မျိုး ရေမှာပျော်ဝင်တဲ့ဗီတာမင်များ ဗီတာမင် ဘီများနဲ့ ဗီတာမင် စီ အဆီတွင်ပျော်ဝင်တဲ့ဗီတာမင်များ ဗီတာမင် အေ ဗီတာမင် ဒီ ဗီတာမင် အီး ဗီတာမင် ကေ ရေမှာပျော်ဝင်တဲ့ဗီတာမင်များထက် အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကို ခန္ဓာကိုယ်မှာ အချိန်အတိုင်းအတာတစ်ခုထိ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

နှစ်ပေါင်း ၄၀၀၀ ကျော်စိုက်ပျိုးစားသုံးလာတဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့သရက်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကို ပြောပြချင်ပါတယ်။ သရက်သီးတွေက အိန္ဒိယတိုက်နဲ့ အရှေ့တောင်အာရှဒေသရဲ့ မျိုးရင်းတွေဖြစ်ပြီး အရသာအလွန်ရှိတဲ့သစ်သီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီးရဲ့အရသာရှိမှုကြောင့် အသီးမှာသရက်ဆိုပြီးတောင် ပြောဆိုကြတယ်မဟုတ်လား။ အနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေလည်းအများကြီးရှိတာမို့ ဒီအကြောင်းလေး နည်းနည်းလောက်ပြောပြချင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ် သရက်သီးထဲမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ အီးနဲ့ ဗီတာမင် ဘီမျိုးစုံပါဝင်နေလို့ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တာ အသေအချာပါပဲ။ ကူးစက်ရောဂါမျိုးစုံကိုတိုက်ထုတ်တဲ့နေရာမှာဗီတာမင် အေကို မရှိမဖြစ်လိုအပ်ပြီး ဗီတာမင် အေ လုံလုံလောက်လောက်ရှိနေရင်ရောဂါကူးစက်ခံခဲ့ရရင်တောင် နောက်ဆက်တွဲပြဿနာတွေခံစားရတာ နည်းတာကိုတွေ့ရပါတယ်။ ပြင်ပရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာလိုအပ်တဲ့နောက်ထပ်ဆဲလ်တစ်မျိုးဖြစ်တဲ့ သွေးဖြူဥတွေထုတ်လုပ်ဖို့ ဗီတာမင် စီလိုအပ်ပါတယ်။ သရက်သီးကိုအတော်အသင့်တစ်ကြိမ်လောက်စားသုံး လိုက်ရုံနဲ့ နေ့စဉ်လိုအပ်တဲ့ဗီတာမင် စီပမာဏ ၃ ပုံတစ်ပုံလောက်ရရှိသွားနိုင်တာမို့ ကိုယ်ခံအားအတွက် မဖြစ်မနေ စားသုံးသင့်တဲ့သစ်သီးတစ်မျိုးလို့ဆိုရမှာပါ။ နောက်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

(ရိုးရိုးရေသောက်တာထက် pH ပမာဏများတဲ့အယ်ကာလီရေသောက်တာ ကျန်းမာရေးအတွက်တကယ်အကျိုး ရှိမရှိကို ပြောပြချင်ပါတယ်) ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။ဒါ့ကြောင့် ရေအသက် တစ်မနက်လို့တောင် ဆိုကြတာမဟုတ်လား။ ရေထဲမှာအက်စစ်ဓာတ်လွန်ကဲနေလား၊ အယ်ကာလီဓာတ်များနေသလားဆိုတာကို pH ပမာဏနဲ့ခွဲခြား ပါတယ်။ pH ပမာဏနည်းရင် အက်စစ်ဓာတ်မြင့်တဲ့ရေဖြစ်သွားပြီး pH ဓာတ်များနေရင်တော့အယ်ကာလီများတဲ့ ရေအဖြစ်သတ်မှတ်နို်င်ပါတယ်။ pH ပမာဏက ၁ ကနေ ၁၄ အထိ ရှိပါတယ်။ ကျွန်တော်တို့နေ့စဉ်သောက်သုံး နေတဲ့ရေသန့်တွေက pH ပမာဏ ၇ ရှိပြီး အက်စစ်ဓာတ်လည်းမဖြစ်၊ အယ်ကာလီလည်းမဟုတ်တဲ့ ရိုးရိုးရေပါ။ အရောင်အဆင်းအနံ့အရသာဘာမှမရှိတဲ့ ရေသန့်ဖြစ်တဲ့အတွက်စိတ်ချလက်ချသောက်နိုင်သလိုခန္ဓာကိုယ် အတွက်လိုအပ်တဲ့ဓာတ်သတ္ထုတွေလည်းပါဝင်ပြီးသားဖြစ်ပါတယ်။ အယ်ကာလီဓာတ်များတဲ့ရေမှာတော့ pH ဓာတ်က ၇ ကျော်ရှိပါတယ်။ သဘာဝအတိုင်းအယ်ကာလီဓာတ်မြင့်တဲ့ရေရှိသလို စက်ရုံကနေပြုပြင်ထုတ်လုပ် ထားတာတွေလည်းရှိပါတယ်။ အယ်ကာလီရေသောက်သုံးရတာကိုနှစ်ကြိုက်သူတွေက အယ်ကာလီဓာတ်များတဲ့ရေမှာ ရိုးရိုးရေထက် ဟိုက်ဒရိုဂျင်ဓာတ်ပိုပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုပိုကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောကြပါတယ်။ နောက်ပြီးရေထဲမှာပါတဲ့အယ်ကာလီဓာတ်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူးကို သနပ်စုံသုပ်တွေထဲမှာ အများဆုံး စားမိနိုင်ပါတယ်။ ငှက်ပျောဖူးက သုပ်စားလို့ရသလို ငါးနဲ့ချက်စားတာ။ အရွယ်တော်လေး တုံးပြီး မုန့်နှစ်နဲ့စိမ်လို့ အကြွပ်ကြော်စားတာတွေပါ လုပ်စားလို့ ရပါသေးတယ်။ ဝါးရတာ အရသာရှိလှတဲ့ ငှက်ပျောဖူးကို လေချုပ်မှာစိုးလို့ မစားတဲ့သူ များပေမယ့် ငှက်ပျောဖူးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ပေးစွမ်းပါတယ်။ ငှက်ပျောဖူး ဆိုတာ ငှက်ပျောဖူး ဆိုတာက ငှက်ပျောပင်ရဲ့ အဖူးပါ။ ငှက်ပျောသီး နုနုလေးတွေ စီနေတဲ့အရာပေါ့။ အပေါ်ခွံက နီနီရဲရဲလေးပါ။ တကယ်ကတော့ ငှက်ပျောပင်ရဲ့ ပန်းပေါ့။ ငှက်ပျောဖူးကို ပြုတ်ပြီး တို့စားကြသလို သနပ်သုပ် လုပ်စားတာ၊ အချဉ်စိမ်စားတာ၊ သုပ်စားတာဆိုပြီး အမျိုးမျိုး လုပ်စားလို့ရပါတယ်။ ငှက်ပျောဖူး ကြိုက်ကြလား.............. စားရတာ အရသာရှိတဲ့ ငှက်ပျောဖူးလေးက ကူးစက်ရောဂါတွေကို ကာကွယ်ပေးတယ်။ ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အနာကျက်စေနိုင်သလို ကူးစက်တတ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

နေထိုင်မကောင်းဘူး။ ဖျားနာတယ်။ နာလန်ထတယ်ဆိုတဲ့ အခါမျိုးမှာ အစာမာမာ မစားနဲ့ဦးနော်။ ဆန်ပြုတ်လေး သောက်ပေးနော်။ စွပ်ပြုတ်​လေး ဖြစ်ဖြစ် သောက်နော်ဆိုတဲ့ စကားတွေကို ကြားခဲ့ဖူးတာ ငယ်ငယ်ကတည်းက နေမှာပါ။ ဆန်ပြုတ်ကို နေမကောင်းမှ မဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလည်း သောက်ပေးလို့ရပါတယ်။ နေထိုင်မကောင်းတဲ့အခါ ဆန်ပြုတ်သောက်ရတဲ့ အကြောင်းအရင်းနဲ့ ဆန်ပြုတ်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို ကောင်းလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆန်ပြုတ် သောက်ပါ။ ထမင်းစားရတာ ကြိုက်သူတွေကတော့ ဆန်ပြုတ်သောက်ရတာက အတော်လေး စိတ်ညစ်စရာ ကောင်းမယ့် ကိစ္စပါ။ ဒါပေမယ့် ဆန်ပြုတ်သောက်တာက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတယ်။ ဆန်ပြုတ်မှာ ရေဓာတ်က ၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ပူနွေးခြောက်သွေ့ချိန်မှာ ဖြစ်ဖြစ် ပူနွေးစိုစွတ်နေချိန်မှာ ဖြစ်ဖြစ်၊ အေးမြ ခြောက်သွေ့နေချိန်မှာ ဖြစ်ဖြစ် လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝစွာ ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း နေထိုင်မကောင်းချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘီယာချက်လုပ်ရာမှာ အသုံးပြုတဲ့ ဗျစ်ပွင့် ရဲ့ ကျန်းမာရေး အာနိသင်

ဘီယာမှာ ခါးသက်တဲ့အရသာရစေဖို့ ထည့်သုံးလေ့ရှိတဲ့ ဗျစ်ပွင့်က ဘီယာအတွက်ပဲ အသုံးတည့်တာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ပေးပါသတဲ့။ ဒီတော့ ဘီယာ ချက်လုပ်ရာမှာ အသုံးများတဲ့ ဗျစ်ပွင့်က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗျစ်ပွင့်ဆိုတာ ဘာလဲ......... ဗျစ်ပွင့် ဆိုတာက နွယ်ပင်တစ်မျိုးဖြစ်ပြီး ဥရောပ မျိုးရင်းပင်ပါ။ အနောက်အာရှနဲ့ မြောက်အမေရိကဒေသတွေမှာလည်း ပေါက်ရောက်ကြပါတယ်။ စိတ်အပန်းပြေစေဖို့နဲ့ အိပ်မပျော်တာတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ ဗျစ်ပင်တွေဟာ ချက်စ်၊ ပိုလန်၊ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတွေမှာ ပေါက်ရောက်သလို အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကနဲ့ ဩစတြေးလျနိုင်ငံတွေမှာလည်း ပေါက်ရောက်လေ့ရှိပါတယ်။ ဗျစ်ပွင့် နဲ့ ကျန်းမာရေး အာနိသင် ဘီယာချက်လုပ်ရာမှာ သုံးကြတဲ့ ဗျစ်ပွင့်က ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။ ကင်ဆာအတွက် အသုံးပြုနိုင်တယ်။ လေ့လာမှုတွေအရ ဗျစ်ပွင့်မှာပါတဲ့ xanthohumol  က ကင်ဆာကို ကုသရာမှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် ဒီ စမုန်စေ့ကို ရတဲ့ စမုန်စပါးပင် ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ဒီတစ်ခေါက်တော့ စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ စမုန်စပါးပင်ဆိုတာ စမုန်စပါးပင် ဆိုတာ နံနံပင်လိုမျိုး ဟင်းခတ်အမွှေးအကြိုက် တစ်မျိုးပါ။ အပင်က အရမ်းမကြီးပါဘူး။ အရွက်က အစိမ်းရောင်ရှိပြီး ရှည်မျောမျော အရွက်ဖြာလေးတွေပါ။ အသုပ်တွေထဲ ထည့်တာ၊ ငါးဟင်း၊ ကြက်သားဟင်းတွေ ထဲကို ဟင်း အရသာ တိုးအောင် ထည့်ကြပါတယ်။ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေကို ကင်တဲ့အခါမှာလည်း အနံ့အရသာ တိုးစေဖို့ အသုံးပြုလို့ ရပါတယ်။ စမုန်စပါးပင် မှာပါတဲ့ အာဟာရဓာတ်များ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြတဲ့ စမုန်စပါးပင်မှာ ကယ်လ်လိုရီ ပရိုတင်း အဆီဓာတ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သဘာဝ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အရသာရှိရှိ ဆေးဘဲဥ သုပ်စားကြရာဝယ်

ဆေးဘဲဥ လို့ ပြောလိုက်ရင် ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘဲ လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။ ဒါကိုမှ ပြန်ပြုတ်ပြီး အခွံခွာ၊ အရွယ်တော်လေးတွေ စိတ်၊ ကြက်သွန်စိမ်း၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း စတာတွေနဲ့ အရသာနှစ်သက်သလို ထည့်လို့ သုပ်စားကြသလို ပြန်မပြုတ်ဘဲ ဒီအတိုင်း သုပ်စားတဲ့သူတွေလည်း ရှိပါတယ်။ အရွက်ကြော်တွေထဲမှာ ထည့်စားကြတာ၊ ဒင်းဆမ်းထဲမှာ အသားနဲ့တွဲပြီး ထည့်သွင်းစားသုံးတာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဒီလို နှစ်ခြိုက်စွာ စားသုံးနေတဲ့ ဆေးဘဲဥလေးရဲ့ ကျန်းမာရေး အကျိုးပြုပုံလေးကို ပြောပြပေးသွားပါမယ်။ ဆေးဘဲဥ ဆိုတာ ဆေးဘဲဥဆိုတာ ကာလရှည်ကြာ စီမံပြုလုပ်ထားတဲ့ စားစရာပါ။ ရှေးခေတ် တရုတ်လူမျိုးတွေက စတင် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နှစ်ရာနဲ့ချီတာရှိသလို နှစ်ထောင်ချီထားတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း