အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ထန်းအူတိုင် စားတာ ကျန်းမာစေသလား

ထန်းမြစ်ကိုတော့ သိကြတယ်။ စားဖြစ်တယ်ဆိုပေမယ့် ထန်းအူတိုင်ကို စားဖြစ်တာတော့ ရှားပါတယ်။ ထန်းအူတိုင်ကို မြန်မာလူမျိုးတွေထက် ဥရောပ လူမျိုးတွေက ပိုမို စားသုံးကြတာပါ။ ထန်းအူတိုင်ကို များသောအားဖြင့် ဆားစိမ်ထားတာ၊ ဒါမှမဟုတ် ဆီသွတ်ဗူးပုံစံနဲ့ တွေ့ရနိုင်ပါတယ်။ ထန်းအူတိုင်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ စားစရာတစ်ရပ်အနေနဲ့ စားသုံးခဲ့ကြတာပါ။ အာဟာရတန်ဖိုးကို သိရှိပြီးနောက်ပိုင်းမှ စားသုံးသူတွေ ပိုများလာတာပါ။ ထန်းအူတိုင် ဆိုတာ ထန်းအူတိုင်ဆိုတာက အသီးအရွက်တစ်မျိုးပါ။ ထန်းပင်တွေရဲ့ အတွင်းအကျဆုံး အပိုင်းက ကြီးထွားလာမယ့် အဖူးလေးတွေ အခက်အလက်လေးတွေပါ။ အရမ်းကိုနုနယ်တဲ့ အနေအထားပါ။ အဖြူရောင်၊ နို့နှစ်ရောင်ရှိနိုင်ပါတယ်။ ထုလုံးရှည်လိုပုံမျိုး ရှိပြီး အလွှာလေးတွေ အထပ်လိုက်နဲ့ ဖွဲ့စည်းထားတာပါ။ အရသာက ချိူဆိမ့်ဆိမ့်လေးပါ။ ထန်းအူတိုင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ထန်းအူတိုင်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဖန်ခါးသီး ရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

ဖန်ခါးသီး နာမည်အတိုင်း ဖန်လည်းဖန်တယ် ခါးလည်းခါးပါတယ်။ ဒါပေမယ့် အနံကတော့ မွှေးပါတယ်။ တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကို အတို့အမြှုပ် အဖြစ် စားကြသလို ကြက်သွန်ဖြူ ဆား မီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားလေ့ရှိကြပါတယ်။ အခြားနည်းတွေနဲ့လည်း ဆေးဖြစ်ဝါးဖြစ် စားကြပါတယ်။ ဒီလို ဖန်ခါးခါးနဲ့ အနံ့မွှေးတဲ့ တို့စရာ ဖန်ခါးသီးလေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာမို့ ဖတ်ကြည့်စေချင်ပါတယ်။ ဖန်ခါးသီး ဆိုတာ ဖန်ခါးသီးဆိုတာက ဖန်ခါးပင်ရဲ့ အသီးပါ။ နွေပူပူမှာ အရိပ်ရစေလောက်တဲ့အထိ ကြီးတဲ့ ဖန်ခါးပင်ရဲ့ အသီးလေးတွေပါ။ အခိုင်လိုက် သီးတတ်ပြီး အသီးလေးက ခပ်ရှည်ရှည်လေးပါ။ အသားမာပြီး အလယ်မှာ အစေ့ တစ်စေ့ပဲ ပါပါတယ်။ အစိမ်းရင့်ရောင် ရှိပြီး တစ်ခါတလေမှာ အဝါဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်လေးလိုလို အနီရောင်ဖျော့ဖျော့လေးလိုလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ

ဘိုင်အိုတင် (biotin) ဟာ ဗီတာမင် B အုပ်စုဝင် အာဟာရဓာတ်မျိုးဖြစ်ပြီး အစားအစာများကနေ စွမ်းအင်ကို ထုတ်ယူသုံးစွဲရာမှာ အထောက်အကူပြုပါတယ်။ ဘိုင်အိုတင်ကို ဗီတာမင် H လို့လည်း ခေါ်ဝေါ်ပါတယ်။ ဘိုင်အိုတင်ဟာ အရေပြား၊ ဆံပင်၊ မျက်လုံး၊ အသည်းနဲ့ အာရုံကြောအဖွဲ့အစည်းတွေကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားလောင်း ဖွံ့ဖြိုးကြီးထွားရေးအတွက် ဘိုင်အိုတင်ကို မဖြစ်မနေလိုအပ်ပါတယ်။ များသောအားဖြင့် ဘိုင်အိုတင်ကို အစားအစာကနေ ရရှိပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့၊ ဆံပင်များ နက်မှောင်သန်စွမ်းစေဖို့၊ အသားအရေနဲ့ လက်သည်းခြေသည်းများ လှပဖို့၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးများ ကျန်းမာဖို့ ဘိုင်အိုတင်ကို ပိုမိုလိုအပ်တယ်လို့ ဆိုကြပါတယ်။ လိုအပ်သောပမာဏ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာ ဘိုင်အိုတင်လိုအပ်ချက်ကတော့ ၃၀ ကနေ ၁၀၀ မိုက်ခခရိုဂရမ်ဖြစ်ပါတယ်။ ဘိုင်အိုတင်ဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပရိုတင်းရဲ့ လုပ်ငန်းတာဝန်များ

ပရိုတင်းဆိုတဲ့ အခြေခံအာဟာရကိုတော့ လူတိုင်းကြားဖူးပါလိမ့်မယ်။ မြန်မာလို အသားဓာတ်လို့လည်း ခေါ်ပါတယ်။ ပရိုတင်းဆိုတဲ့ စကားလုံးကတော့ ဂရိစကား proteos ကနေ ဆင်းသက်လာပြီး အဓိကပထမ လို့ အဓိပ္ပာယ်ရပါတယ်။ ပရိုတင်းကို အမိုင်နိုအက်ဆစ်များစွာ ချိတ်ဆက်ပြီး ဖွဲ့စည်းထားပါတယ်။ ပရိုတင်းကို ပုတီးတစ်ကုံးလို မြင်ယောင်ကြည့်ရင် အမိုင်နိုအက်ဆစ်များဟာ ပုတီးလုံးလေးတွေပါပဲ။ ပရိုတင်းရဲ့ လုပ်ငန်းတာဝန်တွေဟာလည်း များပြားလှပါတယ်။ ယခုဖော်ပြပေးမှာကတော့ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ ပရိုတင်းရဲ့ လုပ်ငန်းတာဝန်အချို့ ဖြစ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးခြင်း သင့်ကိုယ်ခန္ဓာကို မွေးစကနေ ယနေ့ထိ ကြွက်သားတစ်ရှူးများနဲ့ ကြီးထွားလာအောင် ပရိုတင်းက တည်ဆောက်ပေးပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးကြီးထွားပြီးတဲ့ ကိုယ်ခန္ဓာကိုလည်း ဆက်လက်တောင့်တင်းအောင် ထိန်းသိမ်းပေးပါတယ်။ ပုံမှန်အားဖြင့် တစ်ရှူးတွေကို တည်ဆောက်နိုင်ဖို့ ပရိုတင်းများကို တသမတ်တည်းဖြိုခွဲပေမယ့် နေထိုင်မကောင်းချိန်၊ မိခင်နို့တိုက်ချိန် စတဲ့ ပိုမိုလိုအပ်ချိန်တွေမှာ ပရိုတင်းများကို ပိုပြီး ဖြိုခွဲအသုံးချပါတယ်။ ဇီဝဓာတ်ပြုမှုများဖြစ်ပေါ်စေခြင်း ကိုယ်ခန္ဓာထဲမှာ ဇီဝဖြစ်စဉ်တွေကိုဖြစ်ပေါ်စေတဲ့ အင်ဇိုင်းများဟာလည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ခရမ်းကြွပ်သီးလေး ကပေးတဲ့ ကျန်းမာရေး

ခရမ်းကြွပ်သီး အတို့အမြှုပ်လေး အနေနဲ့စားစား၊ သင်္ဘောသီးထောင်းလိုမျိုး ချဉ်ချဉ်စပ်စပ် အထောင်းလေးထဲပဲ ထည့်ထည့် စားလိုက်ရင် တခွပ်ခွပ်နဲ့ အရသာရှိတဲ့ ခရမ်းကြွပ်သီးလေးက အရောင်အသွေးတင် လှတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။ အိန္ဒိယနိုင်ငံ အပါအဝင် သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ခရမ်းကြွပ်သီးလေးတွေက အစိမ်းရောင်၊ အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင် အမျိုးမျိုး ရှိပါတယ်။ ထိုင်းအစားအစာတွေထဲမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြတဲ့ ခရမ်းကြွပ်သီးလေးက အာဟာရများစွာလည်း ပါဝင်နေပါသတဲ့နော်။ ခရမ်းကြွပ်သီးကပေးတဲ့ အာဟာရ အတို့အမြှုပ်အဖြစ် အစားများတဲ့ ခရမ်းကြွပ်သီးမှာ ကယ်လ်လိုရီ အဆီဓာတ် ကာဗိုဟိုက်ဒရိတ် ကယ်လ်ဆီယမ် Phosphorus သံဓာတ် ပရိုတင်း နီကာဆင် ဗီတာမင် A ဗီတာမင် C တို့ ပါဝင်နေပါတယ်။ ခရမ်းကြွပ်သီးကပေးတဲ့ ကျန်းမာရေး အာဟာရ ကြွယ်ဝတဲ့ ခရမ်းကြွပ်သီးက ကိုယ်အလေးချိန် ထိန်းညှိပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းချုပ်ပေးသလို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း

ညိုတိုတို အရောင်ရှိတဲ့ ကျောက်ကျောလေးကို သံပုရာသီး သကြားတို့နဲ့ ဖျော်ပြီး သောက်ရတဲ့ ကျောက်ကျောရည်ကို ဖျော်ရည်တွေထဲမှာ အကြိုက်ဆုံးပဲ ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ကျောက်ကျောရည်က အမောပြေစေရုံထက် ပိုတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကျောက်ကျောကို ဘယ်ကနေ လုပ်တာလဲ................. ကျောက်ကျောကို ခါးသက်သက် အရသာလေးရှိတဲ့ Grass Jelly ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်တာပါ။ အစိမ်းရောင်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင်ရှိပါတယ်။ အပင်က ၁၇ စင်တီမီတာ အမြင့်ရှိပြီး အရွက်က ရှည်မျောမျောလေးပါ။ ပင်စည်မှာ အမွှေးလေးတွေရှိနေတတ်ပါတယ်။ ပင်စည်အောက်နားက အရွက်တွေကို ခူးပြီး အရွက်ကို ကြိတ်ရာကနေ ကျောက်ကျောကို ရရှိတာပါ။ တစ်နှစ်ပတ်လုံး ပေါက်ရောက်တဲ့ အပင်ပါ။ ဘယ်လို အာဟာရဓာတ်တွေ ပါလဲ........... Green Grass Jelly ရွက်မှာ အစာအိမ်နံရံတွေကို ကျန်းမာစေတဲ့  tannins alkaloids […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာသီးစိမ်ရည်ရဲ့ ကျန်းမာရေးအကျိုးပြုပုံ

ဒီတစ်ခေါက်မှာတော့ အလှအပကိုရော ကျန်းမာရေးပါ အလေးထားသူတွေအတွက် သင့်လျော်မယ့် သံပုရာသီးစိမ်ရည်အကြောင်းကို ပြောပြပေးချင်ပါတယ်။ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာတော့ မင်းသမီးက မနက်နိုးလာရင် သံပုရာသီးစိမ်ထားတဲ့ ရေကို သောက်ပြီး အရမ်းလန်းဆန်းသွားတယ်ဆိုတဲ့ ရိုက်ချက်လေးတွေတော့ တွေ့ဖူးတယ်ဟုတ်။ တကယ်တမ်းမှာလည်း သံပုရာသီးစိမ်ရည်က စိတ်ကို လန်းဆန်းစေရုံသာမက အသားအရေအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ အကျိုးကျေးဇူး များစွာရှိစေနိုင်ပါတယ်။ သံပုရာသီးစိမ်ရည်က ဘာအကျိုးကျေးဇူးတွေ ပေးနိုင်လဲ။ ၁။ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးတယ်။ တကယ်တော့ သံပုရာသီးစိမ်ထားလို့ အရသာနဲ့ အနံ့ အနည်းငယ်ပြောင်းသွားတာရယ်၊ ကောင်းကျိုးတွေ ရတာရယ်ကို ဖယ်လိုက်ရင် ဒါဟာ ရေသက်သက်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးမှာ အသေအချာပဲပေါ့။ ၂။ ဗီတာမင်စီ ကြွယ်ဝတယ်။ သစ်သီးကို ရေမှာ စိမ်ရတဲ့ ကောင်းကျိုးတွေထဲက တစ်ခုကို ပြောပါဆိုရင် သစ်သီးထဲမှာ ရှိနေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါ ရေထဲကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆီးသီးနှင့် ဆီးသီးခြောက်၏ ကျန်းမာရေးအကျိုးပြုပုံ

ဆီးသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြမှာကတော့ ဆီးသီးနဲ့ ဆီးသီးခြောက်ရဲ့ ကျန်းမာရေးအကျိုးပြုပုံပဲ ဖြစ်ပါတယ်။ အာဟာရဓာတ်များစွာ ပါဝင်ခြင်း ဆီးသီးနဲ့ ဆီးသီးခြောက်မှာ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနည်းပါးပါတယ်။ ဆီးသီးပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ။ ၃၀ - ကာဘိုဟိုက်ဒရိတ်။ ၈ ဂရမ် - အမျှင်ဓာတ်။ ၁ ဂရမ် - သကြား။ ၇ ဂရမ် - ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း - ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၅ ရာခိုင်နှုန်း - ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၃ ရာခိုင်နှုန်း - […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကိုကိုး နဲ့ ကျန်းမာရေး

ချောကလက် ကြိုက်လား။ ဒါဆိုရင် ချောကလက် ထုတ်ဖို့ အသုံးပြုတဲ့ ကိုကိုးပင်လေးရဲ့ ကျန်းမာရေး အာနိသင်ကိုရော သိပြီးရဲ့လား။ မသိသေးဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကိုကိုး နဲ့ ကျန်းမာရေး စားကောင်းတဲ့ ချောကလက်လေး နဲ့ ချောကလက် ပူပူလေးတို့ရဲ့ ဖန်တီးရှင် ကိုကိုးစေ့လေးတွေက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ် ကိုကိုးမှာ Polyphenolsလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်ပါတယ်။ ဒီဓာတ်က ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများတာပါ။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို  အကျိုးပြု ကိုလက်စထရော မြင့်တက်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုး ကျစေနိုင်တယ် လေ့လာမှုတွေအရ ကိုကိုးမှာ flavanols ကြွယ်ဝစွာ ပါဝင်နေတာကြောင့် nitric oxide  ပမာဏကို တိုးစေပြီး သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် သွေးတိုးတာကို မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ရုတ်တရက် နှလုံးရပ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

ငါးပိနဲ့ တို့စရာ နှစ်သက်ကြတဲ့ မြန်မာ့ဓလေ့ဟာ ထမင်းဝိုင်းမှာ အာဟာရဓာတ် တွေ ပြည့်စုံစေတာ အမှန်ပါပဲ။ ဟင်းသီးဟင်းရွက် တွေကို အစိမ်း ဒါမှမဟုတ် ပြုတ်ပြီး တို့မြှုပ်စားကြတာဟာ နေ့စဉ်အာဟာရ မှာ ဟင်းလျာတွေမှာပါတဲ့ အသား၊ ငါး အပြင် အသီးအရွက်တွေ ရဲ့ အာဟာရဓာတ် မျိုးစုံကို တစ်ခါတည်း ရရှိနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ပါပဲ။ တို့စရာ အဖြစ်နဲ့ စားလေ့ ရှိကြတဲ့ မာလာဖူး လေးတွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်း ဒီတစ်ခါ ဖော်ပြပေးချင်ပါတယ်။ ရေနွေး ဖျောပြီး၊ ပြုတ်ပြီးတဲ့အခါ အရသာက ရှတတ၊ အနံ့လေးက မွှေးတေးတေး နဲ့ ထမင်းမြိန်စေတဲ့ မာလာဖူးက ဘယ်လိုတွေ ဆေးဖက်ဝင်သလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုကောင်းသလဲ ဆိုတာ မသိချင်ကြဘူးလား။ (၁) အစာခြေစနစ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

မက်ခေါက်သီးလေး စားကြမယ်။

မက်ခေါက်သီးကို စားဖူးကြပေမယ့် နာမည်နဲ့ အသီးကို တွဲမိတာမျိုးတော့ နည်းမယ်ထင်ပါတယ်။ မက်မန်းသီးလိုပဲ ဆား၊ ငရုတ်သီးမှုန့်တို့နဲ့ ရှုးရှုးရှဲရှဲ နယ်စားလို့ ရသလို အသီးကို ပဲပုတ်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ထောင်းပြီး မက်ခေါက်သီးထောင်း (ပင်စိမ်းသီးထောင်း) ဆိုပြီး ထမင်းနဲ့ တွဲဖက်စားသုံးတာမျိုးလည်း ရှိပါတယ်။ မက်ခေါက်သီးကို ပင်စိမ်းသီးလို့လည်း ခေါ်ကြပါတယ်။ မက်ခေါက်သီးက ပန်းသီး အနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီး အရွက်၊ အသီး၊ အပွင့်တွေက ပန်းသီးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီတစ်ခေါက်တော့ ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ မက်ခေါက်သီးလေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကိုအတူတူ ကြည့်လိုက်ရအောင်လား။ မက်ခေါက်သီးမှာ ဘာတွေ ပါသလဲ။ မက်ခေါက်သီးမှာ ကယ်လ်လိုရီ ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် ဗီတာမင် C ပိုတက်ဆီယမ် Copper ဗီတာမင် A ဗီတာမင် D […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း