ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာဖို့ဆိုရင် အစားအသောက်က အဓိကကျပါတယ်။ ဒီစာမျက်နှာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုချက်ပြုတ်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာချက်ပြုတ်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာချက်ပြုတ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

အိမ်ရှင်မတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာချက်ပြုတ်ဖို့

ကျန်းမာရေးဆိုတာ လူသားတိုင်းရဲ့ နေ့စဉ် ဘဝအတွက် အလွန်အရေးကြီးပါတယ်။ တစ်အိမ်သားလုံးရဲ့ စားသောက်နေထိုင်မှုကို တာဝန်ယူထားရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်ဆိုရင် ပိုပြီးတောင် ခေါင်းစားရပါတယ်။ နေ့တိုင်း ဟင်းတွေ မရိုးရလေအောင် ဘာတွေချက်ပြုတ်ရမလဲ။ ဈေးသွားတဲ့အခါ ဘာတွေ ဝယ်သင့်လဲ။ ကိုယ်ချက်လိုက်တဲ့ အစားအစာက ကိုယ့်မိသားစုအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား။ အာဟာရရှိတဲ့ အစားအစာ ချက်ပြုတ်ဖို့ ဘယ်လိုရွေးချယ်ပြင်ဆင်ကြမလဲ။ ဒီမေးခွန်းတွေဟာ အိမ်မှုကိစ္စအ၀၀ကို တာဝန်ယူနေရတဲ့ အိမ်ထောင်ရှင် မမတွေနဲ့ မေမေတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အစားအစာကို ပြင်ဆင်ချက်ပြုတ်တာဟာ ပေါ့သေးသေး အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူ့ခန္ဓါကိုယ်က နေ့စဉ် လိုအပ်တဲ့ အာဟာရဓါတ်တွေ၊ အလုပ်လုပ်နိုင်စေဖို့ ခွန်အားဖြစ်စေတဲ့ အရာတွေ၊ ကျန်းမာအသက်ရှည်စေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို နေ့စဉ် စားသုံးနေတဲ့ အစားအစာကနေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ

ဟင်းထုပ် ၊ ဟင်းထုပ်ဆိုပြီး ရှမ်းဆိုင်တွေမှာ ဝယ်စားကြပါတယ်။ နာမည်အရသာ ဟင်းထုပ်လို့ခေါ်တာပါ။ ဆန်မှုန့်ရယ်၊ ကြက်သွန်မြိတ်ရယ် ရောစပ်ပြီး ပြုလုပ်တဲ့ ရှမ်းအစားအစာတစ်မျိုးပါ။ ရှမ်းပြည်နယ်ရဲ့ နေရာဒေသအမျိုးမျိုးမှာ ဟင်းထုပ်ပါဝင်ပစ္စည်းတွေ၊ ပြုလုပ်နည်းတွေ နည်းနည်းစီ ကွဲပြားကြပေမယ့် အခြေခံအားဖြင့်တော့ ဒီနှစ်မျိုးကအဓိကပါ။ ကြက်သွန်မြိတ်နဲ့ ဆန်(ထမင်း) ရဲ့ အာဟာရတန်ဖိုးတွေကြောင့် ရှမ်းပြည်ရဲ့ ဝိသေသဆောင်တဲ့ အင်းလေး ဟင်းထုပ် က အာဟာရလည်းဖြစ်၊ ဆေးဖက်လည်း ဝင်တာ ဖြစ်ပါတယ်။ ဆန်မှုန့်ကနေ ကယ်လိုရီ လုံလောက်စေမှာဖြစ်လို့ ခွန်အားလည်း ပြည့်မယ်၊ ဘေးလည်းမရှိဘူး၊ ကြက်သွန်မြိတ်အစွမ်းနဲ့ အစာကြေလွယ်စေမယ်၊ အသားဓာတ် ထပ်လိုချင်ရင် ငါး သို့မဟုတ် ကြက်/ဝက်တစ်မျိုးမျိုးထည့်ပြီးလည်း စားသုံးနိုင်ပါတယ်။ အင်းလေး ဟင်းထုပ် ကပေးတဲ့ ဘေးကင်းတဲ့အာဟာရ ကြက်သွန်မြိတ်က - အစာကြေစေတယ် နှလုံးအတွက် ကောင်းတယ် ကိုယ်ခံအားကောင်းစေတယ် အရိုးကျန်းမာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစိမ်းစားသင့်လား၊ ချက်ပြုတ်စားသင့်သလား

အဆီအဆိမ့်တွေအငန်တွေလျှော့၊အသီးတွေအရွက်တွေ စားရမယ်ဆိုတာက ဟုတ်ပါပြီ။ အသီးအရွက်တွေကို ဘယ်လိုစားနေကြပါသလဲ။ ဘယ်လိုစားရမလဲ ပါးစပ်နဲ့စားတာပေါ့နော်။ ဆိုလိုတာက ဘယ်အသီးအရွက်ကို အစိမ်းစားပြီး ဘယ်အသီးအရွက်ကို ချက်ပြုတ်စားတာကောင်းသလဲဆိုတာ သင်သိပါသလား။ တချို့က ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအာဟာရဓာတ်တွေက အပူနဲ့ထိတွေ့တဲ့အခါ ပျက်ပြယ်သွားတတ်ကြတာမို့ အစိမ်းစားတာပိုကောင်းပါတယ်၊ တချို့ကျတော့ အပူပေးလည်း အာဟာရဓာတ်ဆုံးရှုံးမှုမရှိနိုင်တာကြောင့် ချက်ပြုတ်စားတာကသန့်ရှင်းမှုအတွက် စိတ်ချရပါတယ်။ ဘယ်ဟာတွေကို ဘယ်လိုစားတာ အာဟာရဓာတ်ပိုရနိုင်မလဲ ဆက်ကြည့်ရအောင်။ ကြက်သွန်ဖြူ ဟင်းချက်တိုင်းပါတတ်တဲ့ ကြက်သွန်ဖြူကို အစိမ်းစားတာလည်းကောင်းပါတယ်။ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ သွေးဖိအားကိုထိန်းညှိနိုင်ပြီး ကင်ဆာကာကွယ်နိုင်ပါတယ်။ ချက်စားတာလည်း ဒီဓာတ်တွေရနိုင်ပေမယ့် အစိမ်းထက်တော့ အာဟာရဓာတ်တွေလျော့စေနိုင်ပါတယ်။ မြန်မာ့ဓလေ့မှာတော့ လက်ဖက်သုပ်နဲ့ ကြက်သွန်ဖြူတွဲစားကြတာက ဆေးဖက်ဝင်အာနိသင်ကို ထည့်တွေးထားပုံရပါတယ်။ ခုခေတ်မှာတော့ ကြက်သွန်ဖြူရော၊ အနီရော အစိမ်းစားရင် ခံတွင်းနံမှာကြောက်လို့ သိပ်မစားကြပါဘူး။ ဒီတော့ ကြက်သွန်ဖြူအစိမ်းစားဖို့က အချဉ်ထောင်းစားတာ၊ ငါးပိထောင်းစားတာတွေနဲ့ဆို အိုကေပဲ။ ထိုင်းအစားအစာဆိုပြီး အထောင်းတွေတောင်အမျိုးမျိုး […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။

သွေးတွင်း အဆီ ဘာကြောင့်များရတာလဲ ။ ။ သွေးတွင်း အဆီဓာတ်များရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်တွေကို မဆင်မခြင်စားမိတာကြောင့်ဖြစ်ရတာပါ။ ဒီလိုနဲ့ အဆီတွေ အနည်ကျလာလို့ သွေးကြောတွေ ကျဉ်းလာပါတော့တယ်။ ဒီလို သွေးကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ ကိုလက်စရောတွေ သွေးထဲမှာ များမနေချင်ဘူးဆိုရင်တော့ ကိုလက်စရော တက်စေတဲ့ အစားအသောက်တွေက ဘာလဲဆိုတာ သင်သိထားဖို့လိုပါတယ်။ ကိုလက်စရော မြင့်တက်စေတဲ့ အစားအသောက်များ ။ ။ ကော်ဖီ။ ။ Expresso တို့၊ အသင့်ဖျော်ကော်ဖီတို့မှာပါတဲ့ cafestol ဟာ မကောင်းတဲ့ အဆီဓာတ်ဖြစ်တဲ့ LDL ကိုလက်စရောကို မြင့်တက်စေပါတယ်။ ဒါပေမယ့် ခွက်သေးသေးနဲ့ တစ်နေ့ တစ်ခွက်လောက်ပဲ ကော်ဖီ သောက်တတ်ရင်တော့ ကိစ္စမရှိပါဘူး။ နှပ်ကော်ဖီဟာ သွေးတွင်း ကိုလက်စရောကို မြင့်တက်စေခြင်း မရှိတာကြောင့် နှပ်ကော်ဖီကြိုက်တဲ့ သူတွေအတွက်ကတော့ ဝမ်းသာစရာပါပဲ ။ ဆီပြန်အစပ်ဟင်းတွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဟင်းချက်ဆီ တွေထဲမှာ ဘယ်ဟင်းချက်ဆီက အကောင်းဆုံးလဲ ။

ဟင်းချက်တယ်ဆိုတဲ့ နေရာမှာ မပါမဖြစ်က ဆီပဲလေ။ ကြော်မလား၊ ချက်မလား၊ သုပ်မလား သူမပါလို့ကို မရဘူး။ ဟင်းတစ်ခွက် အရသာ ကောင်းမွန်ဖို့ အတွက် ဆီက အရေးကြီးဆုံးဖြစ်ပေမယ့် ကျန်းမာရေး ရှုထောင့်ကကြည့်ရင်တော့ သူက တန်ဆေး လွန်ဘေး ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ပြီး ဟင်းချက်ဆီ တွေ ပေါ်လာပါတော့တယ်။ လူတွေ သုံးနေကြတဲ့ နာမည်ကြီး ဟင်းချက်ဆီ တွေ ဘယ်နှစ်မျိုး ရှိလဲ။ သူတို့ထဲမှာ ဘယ်ဆီက ကျန်းမာရေးအတွက် အကောင်းဆုံးလဲ။ တကယ်ရော ကောင်းရဲ့လား။ နာမည်ကြီး ဟင်းချက်ဆီ အမျိုးအစားများ မြေပဲဆီ  မြန်မာနိုင်ငံသားတိုင်း တစ်ညီတစ်ညွတ်တည်း ယုံကြည်ထားကြတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဆီဆို မြေပဲဆီလို့သာ ပြောရပါလိမ့်မယ်။ တကယ်လည်း မြေပဲဆီမှာ မပြည့်ဝဆီ ၅၀ ရာခိုင်နှုန်း၊ ပါပြီး […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ်

Detox water ကိုတော့တော်တော်များများသိကြမှာပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဓာတ်တွေကင်းစင်စေတယ်၊ အလုံးစုံကျန်းမာရေးအတွက်ကောင်းတယ်၊ အဆီကျတယ် စတဲ့ သဘာဝအကျိုးကျေးဇူးတွေကြောင့် လူကြိုက်များကြတာပါ။ ခုခေတ်စားနေတဲ့ အဆီချအစားအသောက်အစီအစဉ်တွေမှာလည်း Detox water မပါလို့မဖြစ်ပါဘူး။ အဆီကျစေမယ့် Detox Waterတွေ ကိုယ်တိုင်လုပ်မယ် သူက ဘာတွေထူးခြားနေလို့များလဲ။ ရေဓာတ်တော့အပြည့်အဝရမှာသေချာတယ်။ ရေနဲ့စိမ်ထားရတာကိုး။ အမှန်တော့ Detox water ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေမှန်သမျှကို ကင်းစင်စေတဲ့အပြင် ဝိတ်ချဖို့အစားဆင်ခြင်နေရချိန်မှာ ကျန်းမာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်တင်းပေးနိုင်တဲ့သောက်စရာတစ်ခုဖြစ်ပါတယ်။ အဆီကျလို့ ပိုလည်းလှစေ၊ ခွန်အားလည်းပြည့်စေနိုင်စွမ်းရှိပါတယ်။ Detox water ဘယ်လိုလုပ်ရလဲ သူများဆီက ဝယ်သောက်ရတာDetox water ကနည်းနည်းဈေးကြီးပါတယ်။ ပြုပြင်စီမံထားခြင်းမရှိ၊ တာရှည်ခံဓာတုပစ္စည်းမပါဝင်ဘဲ သဘာဝပစ္စည်း၊ အသီးအရွက်တွေနဲ့ပြုလုပ်ထားတာဖြစ်လို့ organic သို့မဟုတ် homemade စသည်ဖြင့် အာမခံပြီးဈေးကောင်းကောင်းနဲ့ရောင်းကြပါတယ်။ အွန်လိုင်းမှာလည်းရောင်းချနေတာဆိုတော့ အိမ်အရောက်ပို့ခနဲ့ဆို ပိုတောင်ကုန်ဦးမယ်။ ဒါဆို အဆီကျကျစ်လျစ်ချင်လို့ အစားလျှော့ Diet […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နို့ထွက်ပစ္စည်းအုပ်စု ထည့်စားဖြစ်စေဖို့ နည်းလမ်း ၁၀ ချက်

နို့ထွက်ပစ္စည်းအုပ်စုသည် အစာအုပ်စုတစ်ခုဖြစ်ပြီး နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပဲနို့စသည်တို့ ပါဝင်သည်။ ထိုအရာများတွင် ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်များစွာပါဝင်သည်။ အောက်ပါဆယ်ချက်က နို့ထွက်ပစ္စည်းများကို ထည့်စားနိုင်သည့် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပါသည်။ အဆီလျော့တာရွေးပါ။ သင်နို့သွားဝယ်ပါက အဆီမပါသော၊ အဆီနည်းသော နို့ကိုရွေးပါ။ မလိုင်ထုတ်ထားသောနို့က ပြည့်ဝဆီနှင့် ကယ်လိုရီပိုနည်းပြီး အာဟာရတူညီစွာပါဝင်သည်။ ပိုတက်စီယမ်နှင့် ဗီတာမင်ဒီပိုစားပါ။ နို့နှင့် ဒိန်ချဉ်က ချိစ်ထက် ပိုကောင်းသောအချက်မှာ ပိုတက်စီယမ်များစွာပါပြီး ဆိုဒီယမ်နည်းခြင်းဖြစ်သည်။ များသောအားဖြင့် ဗီတာမင်ဒီအပြည့်ပါဝင်သည်။ အချို့ နို့ထွက်အစာများကို ရောစားပါ။ သင်ကောက်ပဲသီးနှံနှင့် အုတ်ဂျုံမှုန့်ပေါ်သို့ အဆီနည်းသော နို့ထည့်စားခြင်းက အာဟာရကိုများစေသည်။ ချဉ်သောခရင်အစား အသီးသုပ် သို့မဟုတ် အာလူးဖုတ်ပေါ်တွင် ဒိန်ချဉ်ကိုထည့်စားနိုင်သည်။ ချိစ်ကို ရွေးစားပါ။ ချိစ်စားမယ်ဆိုပါက အဆီနည်းသည်ကိုသာ စားသင့်သည်။ ချိစ်မှာပါသော အဆီပမာဏကို တံဆိပ်တွင်ရေးထားလိမ့်မည်။ မဝယ်ခင် မှန်ကန်စွာရွေးနိုင်ရန် တံဆိပ်ကို ဖတ်ပါ။ ခရင်ချိစ်ကို မစားပါနှင့်။ ခရင်ချိစ်သည် နို့ထွက်ပစ္စည်းအစာတွင် မပါဝင်ပါ။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အသီးအရွက်သုပ် စားပေးဖို့ လိုအပ်တဲ့အကြောင်းအရင်း

အသီးအရွက်သုပ် လို့ ပြောလိုက်ရင် ဘယ်လိုအသီးအရွက်မျိုးသုပ်တာကို ပြေးမြင်ကြလဲ။ ဘယ်လိုအသီးအရွက်မျိုးမဆို သုပ်စားလို့ ရတာများပါတယ်။ သင်္ဘောသီး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ မုန်လာဥ၊ ဆလပ်ရိုး၊ မန်ကျည်းရွက်သုပ်၊ ငှက်ပျောဖူးသုပ် အစရှိသလို အများကြီးပါပဲ။ ဒီလို အသီးအရွက်သုပ်လေးတွေကို ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်စားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အသီးအရွက်သုပ်တွေက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများတာကြောင့်ပါ။ ဘာတွေလဲ ဖတ်ကြည့်ပါဦးနော်။ ပရိုတင်း အသီးအရွက်သုပ်တွေမှာပါတဲ့ ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ် ရဖို့အတွက် အသားတွေ စားမယ်ဆိုရင် ခန္ဓာကိုယ် အလေးချိန်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိဘဲ ပရိုတင်းဓာတ် ရချင်တယ်ဆိုရင်တော့ အသီးအရွက်သုပ်လေးတွေ စားပေးပါ။ ဓာတ်တိုးဆန့်ကျင်မှု အသီးအရွက်သုပ်တော်တော်များများမှာ ဓာတ်တိုးဆန့်ကျင်မှု ဖြစ်ပေါ်ဖို့အတွက် ဗီတာမင် အေနဲ့ စီတွေ လုံလုံလောက်လောက် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးဖျော်ရည်ရဲ့ ဆိုးကျိုးများ

ကျန်းမာတဲ့ စိတ်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် လုံလောက်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက် ပမာဏနဲ့အတူ ကျန်းမာစေမယ့် နေထိုင်စားသောက်မှုပုံစံ လိုအပ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် တချို့လူတွေက ဟင်းသီးဟင်းရွက်တွေရဲ့ အရသာကို သဘောမကျကြပါဘူး။ ဒါ့ကြောင့် သူတို့ဟာ သစ်သီးတွေဖက်ကို စိတ်ရောက်ကြပါတော့တယ်။ တိတိကျကျပြောရရင် သစ်သီးဖျော်ရည်တွေပါ။ ဒီဖျော်ရည်တွေက digestive drain မဖြစ်စေဘဲ အစာချေဖျက်မှုစနစ်ဆီ တိုက်ရိုက်သွားမယ့် probiotics ၊ enzymes ၊ nutrients ပမာဏ အတော်များများ ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ကောင်းကျိုးတွေအပြင် ဆိုးကျိုးတချို့လဲ သစ်သီးဖျော်ရည်တွေမှာ ရှိပါတယ်။ ၁။ ဈေးကြီးခြင်း သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဒီအတိုင်း စားတာနဲ့ ယှဉ်ရင် ဖျော်ရည်တွေက ဈေးပိုကြီးပါတယ်။ အရည်ညစ်စက်၊ အရည်အသွေးကောင်းတဲ့ ဓါးတွေ၊ သိမ်းဆည်းဖို့ ဘူး၊ ခွက်တွေ စတဲ့ အထူးပြုလုပ်ထားတဲ့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ်

အခုခေတ်မှာ အိမ်ရှင်မတွေအနေနဲ့ ဆီကုန်သက်သာပြီး အိုးမကပ်တဲ့ ဒယ်အိုးတွေ၊ ဟင်းချက်အိုးတွေအပြင် သတ္တုအမျိုးအစားအမျိုးမျိုးနဲ့ ထုတ်ထားတဲ့ အကင်အိုး၊ ပေါင်းအိုးတွေကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီး ရွေးချယ်စရာအမျိုးအစာတွေကလည်း စုံလင်လှပါတယ်။ အမြင်လှအောင် ပြင်ဆင်ထားတဲ့ အိုးလေးတွေက မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နေသလဲဆိုတာကိုတော့ သေသေချာချာသိရှိတဲ့သူက ရှားမယ်ထင်ပါတယ်။ တိုးတက်လာတဲ့ခေတ်နဲ့အညီ အပြိုင်အဆိုင်တီထွင်ထုတ်လုပ်လာတဲ့ အိုးလေးတွေရဲ့ နောက်ကွယ်က ကျွန်မအပါအဝင် အိမ်ရှင်မတော်တော်များများသတိမထားမိသေးတဲ့ သတိပြုစရာအချက်လေးတွေကို သိရှိနိုင်စေဖို့ လက်လှမ်းမီသမျှ မျှဝေပေးလိုက်ပါတယ်။ မီးဖိုချောင်ထဲက သင်မသိသေးတဲ့အန္တရာယ် ကျွန်မတို့ရဲ့ ကျန်းမာရေးအပေါ်မှာ နေ့စဉ်စားသောက်လိုက်တဲ့ အစားအသောက်တွေက တော်တော်လေးကို လွှမ်းမိုးထားပါတယ်။ အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေက အပူချိန်အလွန်အကျွံပေးမှုကြောင့် အလွယ်တကူပျက်စီးသွားနိုင်ပါတယ်။ ချက်ပြုတ်အပူပေးတဲ့ အခါမှာ အသုံးပြုတဲ့ အိုးတွေမှာပါတဲ့ ဓာတ်သတ္တုတွေက အစားအသောက်တွေထဲကို စိမ့်ဝင်သွားတာမျိုးတွေကြောင့်လည်း အစားအသောက်တွေရဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားနိုင်ပါတယ်။ ချက်ပြုတ်ရာမှာ သုံးတဲ့အိုးတွေရဲ့ ကိုယ်အတွင်းပါတဲ့ သတ္တုဓာတ်တွေက အစားအသောက်တွေထဲမှာပါတဲ့ အင်ဇိုင်းတွေနဲ့ အစားအသောက်တွေရဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း