ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာဖို့ဆိုရင် အစားအသောက်က အဓိကကျပါတယ်။ ဒီစာမျက်နှာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုချက်ပြုတ်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာချက်ပြုတ်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာချက်ပြုတ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

သင်ဟာ ကော်ဖီကြိုက်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပေးပါ။ သင်သောက်နေကျ ကော်ဖီကို ဘယ်လိုဆန်းသစ်မလဲဆိုတာတွေ ဖော်ပြပေးသွားမှာပါ။ ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ကော်ဖီစွဲနေသူများအတွက်လည်း အာဟာရဓာတ်များ ပေါင်းထည့်ပေးခြင်းအားဖြင့် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ သင့်ရဲ့ကော်ဖီကို ပိုမိုအသက်ဝင် ထူးခြားအောင် ဘယ်လိုအာဟာရပစ္စည်းများနဲ့ အားဖြည့်ရမလဲ ဆိုတာပါပဲ။ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ဆိုတော့ ဘယ်လို အားဖြည့်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သစ်ကြံပိုးခေါက်မှုန့် ထည့်ပါ ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်ထည့်ခြင်းဟာ အရသာပိုမိုထူးခြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း ပိုမိုအားကောင်းသွားစေပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ သစ်ကြံပိုးခေါက်ဟာ နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သင့်တော်မျှတတဲ့ သက်သတ်လွတ်စားသောက်ပုံဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူး ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ကို အမှန်အတိုင်းသိရှိမှ စားသင့်မစားသင့်ဆုံးဖြတ်ရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်တဲ့ အယူအဆအလွဲတချို့ ဖြစ်ပါတယ်။ ၁။ သက်သတ်လွတ်အစားအစာဆိုသည်နှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီးသားဟု ယူဆခြင်း သက်သတ်လွတ်စားသူဆိုတာနဲ့ ကျန်းမာရေးကောင်းသူလို့ ယူဆလိုက်တာတွေ ရှိပါတယ်။ အမှန်တော့ ဘာစားသလဲ၊ စားလိုက်တဲ့ အစာမှာ ဘာတွေပါဝင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ ဥပမာ ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ သက်သတ်လွတ်ဟမ်ဘာဂါမှာ အဆင့်ဆင့်ပြုပြင်ထားတဲ့ ပစ္စည်းတွေပါဝင်ပြီး ကယ်လိုရီလည်း များပါတယ်။ သက်သတ်လွတ်စားတယ်ဆိုပေမယ့် ကယ်လိုရီနည်းပါးပြီး ဗီတာမင်နဲ့ အာဟာရဓာတ်တွေ မျှတအောင် စားသုံးနိုင်မှသာ ကျန်းမာရေးအတွက် အထောက်အကူပြုမှာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ်

အရင်ဆုံး မျက်စိကို မှိတ်ပြီး ပူပူနွေးနွေး ဟော့ပေ့ါဟင်းရည်လေးရယ်၊ ဟင်းရွက်လေးတွေရယ်၊ အသားဖတ်လေးတွေရယ် ကို မြင်ယောင်ကြည့်ကြည့်ပါလား။ ရနံ့လေးတောင် နှာခေါင်းဝမှာ သင်းလာသယောင်ယောင် ခံစားမိလာမယ်ထင်ပါရဲ့နော်။ ဟော့ပေါ့စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတဲ့ မေးခွန်းမျိုးကို မြန်မာပြည်မှာသာမကပါဘူး၊ ကမ္ဘာ့အနှံ့အပြားမှာပါ မေးမြန်းကြလေ့ရှိပါတယ်။ အဖြေကလည်း အမျိုးမျိုး အဖုံဖုံရယ်ပါ။ တစ်ချို့ ဟော့ပေါ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြိုက်တတ်သူတွေကတော့ ဟော့ပေါ့ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ ဘယ်လောက် ကျန်းမာစေကြောင်း ပြောတတ်ကြပါတယ်။ မကြိုက်တတ်သူတွေကျတော့လည်း ဆန့်ကျင်ဘက်ပေါ့။ တကယ်တော့ ဟော့ပေါ့ဟာ ဆိုဒီယမ်ဓာတ်များတာမို့ ဘေးထွက်ဆိုးကျိုးတွေရှိနေပေမယ့် အကြမ်းဖျဉ်းအားဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိလေ့ရှိပါတယ်။ မှန်မှန်ကန်ကန်စားတတ်မယ်ဆိုရင် လူကို အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့် ဟော့ပေါ့ဆိုင်ရောက်သွားလို့ ဟင်းရည်အိုးမျက်စိရှေ့ရောက်လာပြီဆိုတာနဲ့ ခေါင်းထဲမှာ အသားဖတ်တွေ၊ အပ်မှိုတွေ၊ ပင်လယ်စာတွေ၊ အသီးအရွက်တွေချည်းရှိတော့တာမဟုတ်လား။ ပြီးရင်တော့ အသားတွေ အရွက်တွေကို ကီလိုဂရမ်နဲ့ချီပြီး ထည့်ပြုတ်ကာ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု

Collagen ဟင်းရည်ဆိုတာ ဟော့ပေါ့ချစ်သူတွေ သိကြပြီးသား နေမှာပါ။ သိပ်အရသာ ရှိတယ် ဆိုပဲ။ အခုပြောပြမှာက ဒီဟင်းရည်မှာ ပါနေတဲ့ Collagen ဓာတ်အကြောင်းကိုပါ။ ဒီဓာတ်ကြောင့် ကိုယ့်မှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာမို့လို့ စျေးကြီးပေးရတဲ့ ဖြည့်စွက်အာဟာရပုလင်းလေးတွေ ကိုတောင် တကူးတက ဝယ်သောက်လာကြသလဲ။ ဆက်ပြီး ကြည့်ရအောင်… Collagen (ကော်လာဂျင်) ဆိုတာ ခန္ဓာကိုယ်မှာ အပေါများဆုံးတွေ့ရတဲ့ ပရိုတင်းဖြစ်ပြီး အရွတ်၊ အရွတ်တွဲ၊ အရေပြားနဲ့ ကြွက်သားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိကပါဝင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေက - (၁) အသားအရေ လှတယ် ကော်လာဂျင်က အရေပြားမှာ အဓိကပါဝင်ဖွဲ့စည်းထားတဲ့ပရိုတင်းဖြစ်လို့ အသားအရေတင်းရင်းစေပြီး ရေဓာတ်ကို ဖြည့်တင်းနိုင်စွမ်း ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတယ်၊ ကြာလာတော့ အသားတွေခြောက်လာတယ်၊ အရေးအကြောင်းတွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကြက်ဟင်းခါးသီးဖျော်ရည်

ကြက်ဟင်းခါးသီးကို ဟင်းအနေနဲ့ချက်စားကြပေမယ့် ဖျော်ရည်အနေနဲ့ သောက်သုံးနိုင်တယ်ဆိုတာကိုတော့ သိရှိသူနည်းပါးတယ်။ နာမည်နဲ့လိုက်အောင်ပဲ ဖျော်ရည်မှာ ခါးတဲ့အရသာတော့ ရှိနေမှာ ဖြစ်ပါတယ်။ အရသာခါးပေမယ့် သွေးတိုးကျစေခြင်း၊ အရေပြားလှပခြင်း စတဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိတာကြောင့် နောက်ပိုင်းမှာ ဖျော်ရည်အဖြစ် သုံးစွဲလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြက်ဟင်းခါးသီးရဲ့ အာဟာရများနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းပဲ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ ပြင်ပပုံစံအရ ကြမ်းတမ်းပြီး တရုတ်မျိုးနဲ့ အိန္ဒိယမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ ပါဝင်သော အာဟာရဓာတ်များ ကြက်ဟင်းခါးသီးဖျော်ရည်မှာ အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကြက်ဟင်းခါးသီးဖျော်ရည်တခွက် (၁၁၈ မီလီလီတာ) မှာ အာဟာရဓာတ်အားဖြင့် - ကယ်လ်လိုရီ ၁၆ ယူနစ် - ကာဗို ဟိုက်ဒရိတ် ၃.၄ ဂရမ် - အမျှင်ဓာတ် ၂.၆ ဂရမ် - ပရိုတိန်း […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နာနတ်သီးဖျော်ရည် သောက်ပေးခြင်းရဲ့ အာဟာရတန်ဖိုး

နာနတ်သီးဆိုတာ အပူပိုင်းဒေသတွေနဲ့ ကမ်းခြေ အများစုမှာ အဓိက စားသုံးတဲ့ ဒေသ အစားအစာပါ။ အသီးအနေနဲ့ရော၊ ဟင်းချက်တဲ့ အခါ၊ ဖျော်ရည် အဖြစ် မျိုးစုံ စားသုံးနိုင်ပါတယ်။ သူ့ရဲ့ အရသာက ချဉ်ချဉ်လေးမို့ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေတယ်။ ခံတွင်းရှင်းစေတယ်။ အစားအစာမှာ ထည့်ချက်ရင်လည်း အညှီနံ့ပျောက်ပြီး မွှေးရနံ့ သင်းပျံ့တာမို့ ကလေးတွေလည်း ကြိုက်ကြတယ်နော်။ ခုဆောင်းပါးကတော့ သဘာဝအတိုင်း ကြိတ်ထားတဲ့ နာနတ်သီးဖျော်ရည်ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးမှာဖြစ်လို့ နာနတ်သီး ချစ်သူတွေလည်း စိတ်ဝင်စားနေမယ်လို့ မျှော်လင့်မိပါတယ်။ ၁။ အာဟာရတန်ဖိုး ပေါကြွယ်ဝတယ်။ တခြားသော အရည်ရွှမ်းပြီး အချဉ်ဓာတ် အရသာရှိတဲ့ အသီးတွေလိုပဲ၊ နာနတ်သီးကို ကြိတ်ပြီး ဖျော်ရည်သောက်လို့ အာဟာရဓာတ်တွေ အများအပြား ရနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေထဲမှာ ဗီတာမင် ဘီ စစ်၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား

ချင်း ကို ဟင်းထဲ ထည့်ချက်ရတဲ့ အမွှေးအကြိုင်ပစ္စည်း တစ်မျိုးလို့ပဲ မထင်ထားပါနဲ့နော်။ အစားအသောက်တွေကို ရနံ့မွှေးကြိုင် စေနိုင်တဲ့ အစွမ်း အပြင် သူ့မှာ တခြား ဆေးဖက်ဝင် အစွမ်းအာနိသင်တွေ အများကြီးရှိနေလို့ပါပဲ။ ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား ကိုယ်ခံအားကောင်းဖို့ ချင်းပြုတ်ရည် သောက်ကြပါတယ်တဲ့။ မှန်ပါတယ်။ ချင်း မှာ ပါဝင်တဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိ တို့ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း ချင်းဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ပိုထိရောက်ချင်ရင်တော့ ကိုယ်ခံအားကို ကောင်းစေတဲ့ အာနိသင်ပါဝင်ပြီးသားဖြစ်တဲ့ ပျားရည်၊ သံပရိုရည် စတာတွေနဲ့ ချင်းရေနွေးကြမ်းမှာ ရောနှောသောက်သုံးနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို သေစေနိုင်စွမ်းရှိတယ်လေ။ ပျားရည်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို သံပရိုသီးကလည်း […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးအတွက် ဟင်းတစ်ခွက်ဖြစ်စေဖို့ ဟင်းချက်ဆီကို နည်းမှန်လမ်းမှန် အသုံးချနည်း

“အဆီစားလို့ အသားမဖြစ်ဘူး” ၊ “အဆီများများစားရင် ဝစေတယ်” ၊ “ဆီတွေ အရမ်းမသုံးနဲ့” စတဲ့ စကားမျိုးတွေကို မီးဖိုချောင် အရှင်သခင် အိမ်ရှင်မတွေတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ နေ့စဉ်နဲ့အမျှ ချက်ပြုတ်စီမံဖို့ အာရုံတွေများနေရတဲ့အထဲ အဆီကို ဟင်းချက်ဆီကို ဘယ်လိုသုံးရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ၊ တိုက်တွန်းပြောဆိုမှုတွေကြောင့် စိတ်ပင်ပန်းမှုပိုဖြစ်ကြရမယ်ထင်ပါတယ်။ တကယ်တော့ ဟင်းချက်ဆီဆိုတာ နေ့စဉ် မီးဖိုချောင်ကို ဝင်နေရတဲ့ အိမ်ရှင်မတွေနဲ့ ခွဲခြားလို့ မရတဲ့အရာဖြစ်ပါတယ်။ ချက်ပြုတ်စီမံမှုတိုင်းမှာ ဟင်းချက်ဆီကတော့ အနည်းနဲ့ အများဆိုသလို မဖြစ်မနေပါဝင်နေတဲ့အရာပါ။ ဟင်းချက်ဆီတွေကြောင့် ကျန်းမာရေးထိခိုက်စေတယ်၊ ကိုယ်အလေးချိန်တက်စေတယ်၊ ဒါကြောင့်လျှော့သုံးရမယ်ဆိုပြီး ပြောကြတဲ့အခါ၊ ပြောတဲ့သူတွေအတွက်ကျ လွယ်ကူပေမယ့် တကယ်တမ်း ချက်ပြုတ်စီမံရတဲ့သူတွေအတွက်ကျတော့ အခက်တွေ့စရာပါ။ ဟင်းချက်ဆီတွေက ကျန်းမာရေးထိခိုက်စေသလား ဟင်းချက်ဆီတွေကို အကြမ်းဖျဉ်းအားဖြင့် အပင်၊ အသီးအနှံ၊ တိရိစ္ဆာန်နဲ့ လူလုပ်အဆီတွေကနေ ဖန်တီးထုတ်လုပ်တာဖြစ်ပါတယ်။ အဓိကအားဖြင့် ကြော်လှော်ချက်ပြုတ်တာ၊ မုန့်ဖုတ်တာနဲ့ အစားအသောက်ပြင်ဆင်တာတွေအတွက်ဖြစ်ပါတယ်။ ဟင်းချက်ဆီအမျိုးအစား အမျိုးမျိုးရှိပြီးတော့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

လူအတော်များများက အသားစိမ်း ငါးစိမ်းတွေကိုင်တွယ်ရင် ရောဂါပိုးတွေကူးစက်မှာကြောက်တဲ့အတွက် သေချာကိုင်တွယ်ကြပေမဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မှာလည်း အန္တရာယ်ရှိတဲ့ပိုးမွှားတွေပါဝင်ပါတယ်။ ဒါ့ကြောင့် သစ်သီးနဲ့ဟင်းရွက်တွေကို ရေသေချာဆေးကြောဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော် ဈေးကဝယ်လာတဲ့ သစ်သီးနဲ့ ဟင်းရွက်အမျိုးမျိုးကို သေချာမဆေးဘဲ စားသောက်မိရင် ခံစားရနိုင်တဲ့ အဓိက ပြဿနာ ၂ ခုကတော့ ပိုးသတ်ဆေးအန္တရာယ်နဲ့ ရောဂါပိုးတွေကိုယ်ထဲဝင်ရောက်သွားနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။ ပိုးကောင်၊ကျိုင်းကောင်တွေရန်က ကာကွယ်ဖို့နဲ့ ပိုထွားကြိုင်းတဲ့အသီးအနှံတွေရဖို့ ပိုးသတ်ဆေးနဲ့ တခြားဓာတု ပစ္စည်းတွေပိုသုံးစွဲလာရပါတယ်။ ဒါ့ကြောင့် အပြင်ဈေးကပဲဝယ်ဝယ်၊ ရှော့ပင်းစင်တာကပဲဝယ်ဝယ် သစ်သီးဝလံတွေကို မစားခင်ရေနဲ့ သေချာအချိန်ပေးပြီး ဆေးကြောရပါမယ်။ ကြက်သွန်၊ ဂရိတ်ဖရုသီး၊ ကိုက်လန်၊ ကညွှတ်၊ သခွားသီး၊ ပဲနဲ့ ကန်စွန်းဥ တွေမှာ ပိုးသတ်ဆေးပါဝင်လေ့ရှိတာတွေ့ရပါတယ်။ တကယ်လို့ ပိုးသတ်ဆေးသုံးစွဲထားတဲ့ အသီးအနှံတွေကို မစားသုံးချင်ရင် သြဂဲနစ် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

သစ်သီးဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းများ

ပုံမှန်အားဖြင့်ဆိုရင် ခန္ဓာတာကိုယ် ကျန်းမာဖို့၊ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်တွေအတွက် သစ်သီးဖျော်ရည်တွေ၊ Smoothies တွေကို သောက်သုံးကြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုသစ်သီးဖျော်ရည်တွေကို သောက်သုံးရာမှာ နည်းမှန်လမ်းမှန်နဲ့ မသောက်သုံးဘူး၊ မဖျော်စပ်ဘူးဆိုရင်တော့ မျှော်မှန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာမဟုတ်ပါဘူး။ ဒါဟာ သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချသူအများစုဟာ သစ်သီးဖျော်ရည်တွေကို မှီဝဲကြလေ့ရှိပေမယ့် တချို့က အလုပ်ဖြစ်ပြီး တချို့က အလုပ်မဖြစ်ကြတာဟာ ခုလို စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်သောက်သုံးခြင်းမရှိလို့ဖြစ်ပါတယ်။ သစ်သီးဖျော်ရည်တွေကို အချိုဓာတ်လွန်ကဲအောင် ဖျော်စပ်သောက်သုံးတာမျိုး၊ နည်းမှန်လမ်းမှန်နဲ့ ဖျော်စပ်ခြင်းမရှိတာမျိုးတွေကြောင့် ရသင့်တဲ့အာဟာရဓာတ်တွေကို ဆုံးရှုံးကြရတာဖြစ်ပါတယ်။ သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးအပေါ် ကောင်းကျိုးပေးနိုင်စွမ်းကို ပျက်ယွင်းစေတဲ့ အချက်တွေ အများအပြားရှိပါတယ်။ သတိထားဆင်ချင်ဖို့နဲ့ အန္တရာယ်များတဲ့ နည်းလမ်းတွေကို ရှောင်လွှဲနိုင်စေဖို့ အောက်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ၁။ အလွန်အမင်း အအေးခံထားတဲ့ သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း