ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာဖို့ဆိုရင် အစားအသောက်က အဓိကကျပါတယ်။ ဒီစာမျက်နှာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို နေ့စဉ်ဘယ်လိုချက်ပြုတ်မလဲဆိုတာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာချက်ပြုတ်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာချက်ပြုတ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်

စွပ်ပြုတ်ဆိုတာ နေမကောင်းတဲ့အချိန် တိုက်ကျွေးကြတဲ့လူမမာစာပဲလေ။ နေမကောင်းတဲ့အချိန်တော့ ကြက်စွပ်ပြုတ်က အသင့်တော်ဆုံးပေါ့။ ဒါပေမယ့် ဘာအသားဖြစ်ဖြစ် အရိုးပြုတ်ရည်က ခန္ဓာကိုယ်အတွက် အပြည့်အဝအားဖြစ်စေတာ သေချာပါတယ်။ လူကြိုက်များကြတဲ့ ကြေးအိုး၊ ဟော့ပေ့ါ တို့ဆိုတာလည်း ကြာကြာတည်ထားတဲ့ အရိုးစွပ်ပြုတ်ရည် တွေကို အခြေခံတဲ့ အစားအစာတွေပါ။ အဲဒါကြောင့် အရိုးဆိုလို့ အထင်မသေးနဲ့လို့ပြောတာ။ ငွေကုန်ကြေးကျမများဘဲ ကိုယ်ခံအားကောင်းစေမယ့် ဆေးတစ်ခွက်ကိုရနိုင်တာပဲ နည်းလားလို့။ အရိုးစွပ်ပြုတ်ရည် က ဘာလို့အကျိုးကျေးဇူးများတယ်လို့ ပြောရတာလဲဆိုတာ ဆက်သာဖတ်ကြည့်လိုက်ပါတော့… (၁) အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်။ ခြုံပြောရရင် အာဟာရပါဝင်မှုသိပ်များပါတယ်။ အရိုးပြုတ်ရည်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်နဲ့ တခြားသတ္တုဓာတ်တွေကြွယ်ဝတယ်။ ငါးရိုး (ငါးဖယ်ရိုး၊ ငါးခေါင်းဟင်းချို၊ မုန့်ဟင်းခါး) ပြုတ်ရည်တွေဆို သိုင်းရွိုက်လုပ်ဆောင်ချက်ကျန်းမာစေဖို့ မရှိမဖြစ်အရေးပါတဲ့ အိုင်အိုဒင်းဓာတ် ပါဝင်တာလည်း ပိုပါသေးတယ်။ သူတို့တွေမှာပါဝင်တဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဂလူကိုဆာမိုက် နဲ့ ခွန်ဒရွိုက်တင် […]


ကျန်းမာစွာချက်ပြုတ်ခြင်း

လူလုပ် ဝက်သားတု စားကြမလား

ဝက်သား ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသားတစ်မျိုးလို့ ဆိုစမှတ်ရှိပါတယ်။ မြန်မာ့ဆိုရိုးတစ်ခုမှာလည်း “အသားမှာ ဝက်” လို့ ဆိုထားတယ်မဟုတ်လား။ အခုတော့ ဝက်သားကို နည်းပညာအကူအညီနဲ့ အတုဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး စိုက်ပျိုးထုတ်လုပ်မှုအခြေပြု ဝက်သားတု ကို Consumer Electronics Show 2020 ပြပွဲမှာ ထုတ်ဖော် ပြသခဲ့ပြီးတော့ လူစိတ်ဝင်စားမှုလည်း ကြီးကြီးမားမားရခဲ့ပါတယ်။ လက်ရှိမှာ အဆိုပါ လူလုပ် ဝက်သားတုကို Impossible Pork လို့ နာမည်ပေးထားပြီးတော့ Kosher နဲ့ Halal Certified ရထားတာမို့ အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးလို့ရပါတယ်။ ဒီ ဝက်သားကို အသုံးပြုထားတဲ့ ဟမ်ဘာဂါတွေကို Burger King ဆိုင်တစ်ချို့မှာ စတင်ပြီး စားသုံးလို့ရမှာပါ။ သဘာဝအတိုင်း မဟုတ်ပဲ လူသားနည်းပညာဖန်တီးထုတ်လုပ်ထားတဲ့ အဲဒီ Impossible […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နှလုံးကျန်းမာချင်သူတွေအတွက် နည်းလမ်းကောင်း

နှလုံးရောဂါက လူတွေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုကြီးမားတဲ့ ရောဂါတစ်ခုဖြစ်လာနေတယ်ဆိုတာကို သိရဲ့လား။ တစ်ခါတလေကိုယ်တိုင်တောင် နှလုံး ရောဂါရှိနေမှန်းမသိလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အနေအထိုင် အစာားအသောက်တွေကြောင့်လည်း အခုနောက်ပိုင်းမှာ နှလုံးရောဂါဖြစ်ပွားမှုတွေက အရင်ကထက် ပိုများလာရတာပါ။ ဒီကြောက်စရာကောင်းတဲ့ နှလုံးရောဂါကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးရှိပါတယ်။ ဒါက ဘာများဖြစ်မလဲသိချင်ရင် ဆက်ကြည့်လိုက်နော်။ နှလုံးကျန်းမာစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ရပ် ခရမ်းချဉ်သီးဖျော်ရည်သောက်သုံးမှုက သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကိုကျန်းမာစေနိုင်တယ်၊လို့ ဆိုပါတယ်။ အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ နှလုံးရောဂါနဲ့ သေဆုံးသူအရေအတွက် တော်တော်လေးများလာနေပါတယ်။ ဆေးလိပ်သောက်သုံးမှု၊ အသက်အရွယ်ကြီးရင့်လာမှုတို့လိုမျိုး အချက်တွေကြောင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ ကျန်းမာရေးကောင်းဖို့ အရေးကြီးဆုံးအချက်က အာဟာရဆိုရင် နှလုံးကျန်းမာဖို့ကလည်း အာဟာရကောင်းကောင်းမှီဝဲဖို့ လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ ဒီတော့ လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်အရ တစ်နေ့တာမှာ ဆားမထည့်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးမှုက ငွေကုန်ကြေးကျသက်သာစေတဲ့ နှလုံးစောင့်ရှောက်မှုတစ်ရပ်လို့ တွေ့ရှိခဲ့ရပါတယ်။ ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ ဗီတာမင် A၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ဖျော်ရည်တစ်ခု

အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးက ဘာများဖြစ်မလဲ။ ပြန်တွေးကြည့်လိုက်လေ ခန္ဓာကိုယ်မှာ ရှင်သန်မှုကို ဖော်ပြနေတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။ ဒီအစိတ်အပိုင်းလေးကတော့ စည်းချက်မှန်မှန်နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးလေးပါ။ နှလုံးကျန်းမာဖို့ အစားအသောက်ဂရုစိုက်ဖို့သလို အနေအထိုင်ကိုလည်း ဂရုစိုက်ဖို့လိုပါမယ်။ အရောင်အသွေးကျတဲ့ နှလုံးကျန်းမာစေမယ့် ဖျော်ရည်တစ်ခု နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ ဖျော်ရည်လေးတစ်ခုရှိပါတယ်။ ဒါကတော့ အနီရောင်စိုစိုဖျော်ရည်လေးဖြစ်တဲ့ သလဲသီးဖျော်ရည်ပါ။ သလဲသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးမှာ ဗီတာမင် K ပိုတက်ဆီယမ် ဖောလိတ် ဗီတာမင် B6 ဗီတာမင် B5 ဗီတာမင် E ဓာတ်တိုးဆန့်ကျင်အာနိသင် တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ နှလုံးအတွက် သလဲသီးဖျော်ရည်သောက်ပေးသင့်တဲ့ အကြောင်းအရင်း သလဲသီးဖျော်ရည်သောက်ပေးတာကြောင့် သွေးတိုးကျစေနိုင်တယ် သွေးတိုးက သွေးကြောလေးတွေကို ပိတ်ဆို့စေနိုင်သလို သွေး​ကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုသွေးကြောလေးတွေ ပိတ်ဆို့မှုက သွေးစီးဆင်းမှုမကောင်းတာမျိုးဖြစ်ရာကနေတဆင့် လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကို ခံစားရနိုင်ပါတယ်။ သွေးကြောတွေပိတ်ဆို့မှုက သွေးစီးဆင်းရောက်ရှိမှုကိုတင်အဟန့်အတားဖြစ်စေတာမဟုတ်ပါဘူး။ နှလုံးကို ဝန်ပိစေနိုင်ပါတယ်။ ဒီပြဿနာကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အစားအစာတွေကို ငှက်ပျောရွက်နဲ့ထုပ်ပိုးသင့်တဲ့ အကြောင်းအရင်း

ပလပ်စတစ်အိတ်တွေပေါ်မလာခင်မှာ အစားအစာတွေကိုထုပ်ပိုးဖို့အတွက် အဓိကအသုံးပြုခဲ့ကြတာက ငှက်ပျောရွက်ကိုပါ။ ဒီလိုအသုံးပြုမှုက ပတ်ဝန်းကျင်ကိုတင်သန့်ရှင်းစေတာမဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြု ပေးနိုင်ပါတယ်။ ငှက်ပျောရွက်နဲ့ အစားအစာတွေကို ထုပ်ပိုးတာကြောင့် ဘာတွေထူးခြားသွားလဲသိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။ ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံ သက်သက်ပဲလား………….. ငှက်ပျောရွက်က အရွက်ဖားဖားနဲ့ မာကျောမှုမရှိတာကြောင့် ထုပ်ပိုးရတာလွယ်တဲ့အတွက် ထုပ်ပိုးဖို့အသုံးပြုခဲ့ကြပေမယ့် ငှက်ပျောရွက်က ထုပ်ပိုးလို့ရရုံဆိုတာထက် အသုံးဝင်တဲ့ အရွက်တစ်မျိုးပါ။ ငှက်ပျောရွက်မှာ လက်ဖက်စိမ်းမှာတွေ့ရတဲ့ EGCG လို့ခေါ်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးနိုင်တဲ့ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ Free Radical တွေက ခန္ဓာကိုယ်မှာ ကင်ဆာ၊ နှလုံးရောဂါလိုမျိုး ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး free radical တွေကိုတိုက်ထုတ်နိုင်မှုက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို သွေးသန့်စေပြီး အစားစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းအနာကိုသက်သာစေပြီး ဆီးနဲ့ဆိုင်တဲ့ ရောဂါတွေကို ကင်းစေနိုင်သလို ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကိုဘာတွေစားကြမလဲ

ခန္ဓါကိုယ်ကျန်းမာပြီး အားပြည့်နေစေဖို့က အိပ်ရာကနေနိုးလာပြီး မနက် ၉ နာရီမတိုင်ခင်မှာ မနက်စာစားဖို့လိုပါမယ်။ ဒီလိုမှလည်း ခန္ဓါကိုယ်က တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝစွာနဲ့ လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်။ ဒီတော့ တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကို ဘာတွေများစားကြမလဲ။ မနက်စာကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဖြစ်အောင် ဘာတွေစားမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမျာ ဖတ်ကြည့်လိုက်ပါ။ အကောင်းဆုံးသော မနက်စာ မနက်ကို အကောင်းဆုံးသောအရာတွေနဲ့စတင်ဖို့ဆိုရင် မနက်စာကိုလည်း ကောင်းမွန်ပြည့်ဝစွာ စီစဉ်တတ်ဖို့လိုပါမယ်။ ဒီတော့ မနက်စာကို ဘာတွေစားမလဲ… မုန့်ဟင်းခါး - ငါး၊ ဆန်မှုန့်၊ ပဲမှုန့်တို့နဲ့ အဓိကချက်ထားပြီး ဆန်ကနေလုပ်ထားတဲ့ မုန့်ဖတ်နဲ့တွဲဖက်စားသုံးရတဲ့ မုန့်ဟင်းခါးမှာ ကစီဓါတ်၊ ပရိုတင်း နဲ့ ဗီတာမင်တွေပြည့်ဝစွာပါဝင်နေတာကြောင့် အာဟာရပြည့်ဝစေမှာပါ။ ထမင်းကြော် - ထမင်းက ခန္ဓါကိုယ်အတွက်လိုအပ်မယ့် ကစီဓါတ်ကိုပေးစွမ်းနိုင်သလို ထမင်းကြော်ကို အသား၊ ပဲပြုတ်၊ ကြက်ဥတို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပရိုတင်း၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဘယ်လိုချက်ချက် ကြိုက်ကြတဲ့ မြန်မာ့မုန့်ဟင်းခါး ဘာအာဟာရတွေပေးနေသလဲ

မုန့်ဟင်းခါးဆိုတာ လူကြိုက်အများဆုံးမြန်မာ့အစားအစာတွေထဲမှာ ထိပ်ဆုံးကပါဝင်နေတာပါ။ မနက်စာဆိုပြီးကြည့်လိုက် မုန့်ဟင်းခါးက မပါမဖြစ်၊ မုန့်ဟင်းခါးဆိုင်ဆိုတာနေရာတိုင်းမှာ ပစ်မလွဲပဲ။နေရာဒေသကိုမူတည်ပြီး ချက်နည်းအမျိုးမျိုး၊ နာမည်အမျိုးမျိုးနဲ့ ကွဲပြားကြပေမယ့် ငါးကိုအခြေခံတာချင်း တူတူပါပဲ။ ပရိုတင်းပြည့်ဝစေတဲ့ ပဲ၊ ကယ်လိုရီအတွက် ဆန်မှုန့်တို့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်စွက်ကြပေမယ့် ငါးမပါလို့တော့မရဘူးလေနော်။ မုန့်ဟင်းခါးဆိုတာ မုန့်ဟင်းခါးက ရိုးရိုးသရေစာမဟုတ်ပါဘူး။ ထမင်းမစားဘဲ သူ့ချည်းစားရင်တောင် တစ်နပ်စာအာဟာရအပြည့်အဝပေးနိုင်တဲ့ စားစရာတစ်မျိုးပါ။ ထည့်စားရတဲ့ မုန့်ဖတ်ကိုသာကြည့်ပါ၊ ဆန်နဲ့လုပ်တဲ့မုန့်ဖတ်ရယ်၊ ပဲရယ်၊ ဆန်မှုန့်ရယ်၊ ငါးငံပြာရည်ရယ်၊ ငါးအသား၊ ငါးအရိုးပြုတ်ရည်တွေနဲ့တင် ထမင်းနဲ့ဟင်းစားရသလိုပြည့်စုံသွားစေပါတယ်။ အဲဒီမှာမှ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူနီ၊ ငရုတ်ကောင်း စတဲ့ အမွှေးအကြိုင်တွေကို နိုင်နိုင်ထည့်ပြီးချက်ပြုတ်ရတဲ့အတွက် သူတို့ရဲ့အာဟာရအကျိုးကျေးဇူးတွေကိုပါ တပေါင်းတည်းရနိုင်ပါတယ်။ မုန့်ပွဲပြင်ဆင်တဲ့အခါလည်း အိုးဘဲဥနဲ့ အကြော်တွေပါမယ်၊ဆေးဖက်ဝင်တဲ့ နံနံပင်ပါရင်ပါမယ်၊ဒေသစာ မုန့်ဟင်းခါးတွေ ဥပမာ-မော်လမြိုင်မုန့်ဟင်းခါးဆို ပဲသီး၊ပဲပင်ပေါက်တွေကိုပါ များများထည့်စားတတ်ကြတာမျိုး ဆိုတော့ ရရှိမယ့်အာဟာရက မနည်းမနောပါပဲ။ ဒါ့ကြောင့်နေမကောင်းတဲ့သူတွေ နာလန်ထချိန်တောင်မှ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

ငါးကင်မှ ငါးကင် အရမ်းကြိုက်ကြတာ တီလားပီးယားငါးပါနော်။ ငါးသံပရာပေါင်းလည်း ဒီငါးပါပဲ၊ ငါးချိုချဉ်ဆိုလည်း သူပဲ၊ ငါးကြွပ်ဆော့စ် လည်းသူပဲ။ ငါးနဲ့ပတ်သက်တဲ့ လူကြိုက်များတဲ့ ဆိုင်ဟင်းလျာတွေမှာ တီလားပီးယားငါးကိုပဲသုံးကြပါတယ်။ အသားလည်းနူးညံ့တယ်၊ ချက်ပြုတ်စီမံသမျှအနံ့အရသာလည်းဝင်တယ်၊ အညှီနံ့နည်းတယ်၊ ချက်ရမြန်တယ်၊ အရိုးနည်းတယ် ဆိုတာတွေက သူ့ရဲ့အားသာချက်တွေပါ။ ဒါပေမယ့် သတင်းပြန့်နေတာတစ်ခုက တီလားပီးယားစားရတာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့လေ။ အဆိပ်သင့်မယ် ဘာညာတွေ သတင်းထွက်ခဲ့ပါတယ်။ ကြိုက်နှစ်သက်နေကြတုန်း၊ စားနေကြတုန်းဆိုပေမယ့် စိတ်ထဲလည်း သင်္ကာမကင်းဘဲ စားရမဖြောင့်ဘူးပေါ့။ အခုတော့ ဒီကိစ္စအဖြေထုတ်ဖို့အတွက် တီလားပီးယားက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုလဲဆိုတာ အရင်ပြောကြရအောင်။ ဘာတွေ အကျိုးကျေးဇူးပေးနိုင်လဲ ကြီးထွားဖွံ့ဖြိုးမှု တီလားပီးယားရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက သူ့ရဲ့အလန်းစားပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကိုဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓါတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နို့နှင့်နို့ထွက်ထုတ်ကုန်များ မသောက်သုံးမီ သိထားသင့်သည့် အချက်များ

ဇွန်လ (၁) ရက်ကို World Milk Day အဖြစ်သတ်မှတ်ထားကြပါတယ်။ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ နိုင်ငံပေါင်းတစ်ရာကျော်ဟာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအရင်းအမြစ်ဖြစ်တဲ့အပြင် အာဟာရတွေနဲ့ ပရိုတင်းဓါတ်အပြည့်ပါတဲ့ နို့ရဲ့ကောင်းကျိုးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ World Milk Day ရောက်တိုင်း နို့သောက်ခြင်း၊ နို့ဘူးတွေ လက်ဆောင်ပေးခြင်းဖြင့်ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။ ဒါပေမယ့် ကိုယ်တိုင်သောက်နေတဲ့ နို့ ဒါမှမဟုတ် ချစ်ခင်ရသူတွေသောက်ဖို့အတွက် လက်ဆောင်ပေးလိုက်တဲ့ နို့တွေဟာ အာဟာရဓါတ်တွေအပြည့်အဝပါဝင်ပြီး သောက်သုံးဖို့ စိတ်ချရတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ အစားအသောက် ဘေးဥပါဒ်ကင်းရှင်းမှုအပေါ် ဂရုပြုမှုနည်းပါးခြင်းဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီး တစ်ခုဖြစ်နေဆဲပါ။ တစ်ခါတလေ ဘယ်ကမှန်းမသိရတဲ့ အရောအနှောပါတဲ့အစားအသောက်တွေ၊ ထုပ်ပိုးမှု သေချာ မပြုလုပ်ထားတဲ့ အစားအသောက်တွေဟာ ဘေးဥပါဒ်မကင်းဘဲ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေ သူတို့မှာ အများပါဝင်နေတတ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိဖို့၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အရိုးစွပ်ပြုတ်လေးသောက် ၊ ထမင်းပူပူလေးစားရတာ ကြိုက်တဲ့သူတွေ ရှိလားဗျို့ ။ ။

ကြက်စွပ်ပြုတ်၊ ဆိတ်နံရိုးစွပ်ပြုတ်တို့ကို မကြိုက်တဲ့သူရှိမယ် မထင်ပါဘူး။ စားရတာ စိမ့်စိမ့်လေးနဲ့ အရသာလည်းရှိ၊ သံပုရာသီးလေးများ ညှစ်လိုက်ရင် ဘာပြောကောင်းမလဲ။ မွှေးမွှေးချဉ်ချဉ်လေး ခံတွင်းကိုတွေ့လို့ ။ နေကောင်းခါစ နလန်ပြန်ထစ အချိန်တွေဆို ဒါတွေကို အဓိကထားစားကြတယ်မလား။ အားပြန်ပြည့်အောင်လို့လေ။ တကယ်ပဲ ဒီလို အရိုးပြုတ်ဟင်းရည် တွေက ကျန်းမာရေးအတွက် အကျိုးတွေရှိတာလား။ ။ အရိုးပြုတ်ဟင်းရည်တစ်ခုမှာ ဘယ်လိုအာဟာရတွေများ ပါဝင်လဲ ။ ။ အရိုးတစ်ခု မှာ အပြင်အရိုး၊ အတွင်း ရိုးတွင်းချဉ်ဆီနဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးပြုတ်ဟင်းရည်တစ်ခုသောက်ရင် အဲ့ဒီ ၃ မျိုးက အာဟာရတွေ အကုန်ရနိုင်ပါတယ်။ အရိုး - အရိုးတစ်ခုမှာ ကယ်လ်ဆီယမ်၊ ဖော့စဖောရက်စ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်၊ ဆာလ်ဖာတို့ပါဝင်တာကြောင့် အရိုးပြုတ်ဟင်းရည်တစ်ခွက်သောက်လိုက်တာနဲ့ ဒီ သတ္တုဓါတ်တွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း