ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာစေ့ စားပေးတဲ့အခါ

သံပုရာရည် သောက်တိုင်း သံပုရာစေ့ တွေ ထွေးပစ်နေတုန်းလား ........ အသုပ် တစ်ခုခု မှာ သံပုရာရည် ညှစ်ထည့်တိုင်း အစေ့တွေကို ဖယ်ပြီး လွှင့်ပစ်နေတုန်းလား..... သံပုရာစေ့ဆိုတာက အပင် ပြန်စိုက်ဖို့ကလွဲရင် စားလို့ မရဘူး။ ခါးတယ်။ အရသာပျက်တယ်လို့ တွေးနေတုန်းဆိုရင်တော့ ဒီအယူအဆကို အခုပဲ ပြင်ဆင်လိုက်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာ မို့လို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်လား။ သံပုရာစေ့ ဆိုတာ သံပုရာစေ့ ဆိုတာ သံပုရာသီးရဲ့ အစေ့ပါ။ အသီးရဲ့ အလယ်အူတိုင်မှာ ရှိတဲ့ အစေ့ဖြူဖြူလေးတွေပါ။ ၆ စေ့ကနေ ၁၀ စေ့လောက်အထိ ပါတတ်ပါတယ်။ အပေါ်ခွံမာမာလေးနဲ့ အထဲကတော့ ကြွပ်ကြွပ်လေးပါ။ အရသာကတော့ ခါးသက်သက်ရှိပါတယ်။ သံပုရာစေ့မှာပါတဲ့ အာဟာရ သံပုရာသီးရဲ့ အစေ့မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက

ကျန်းမာတာကို မနှစ်သက်သူရယ်လို့ မရှိပါဘူး။ ကျန်းမာမှလည်း လုပ်ငန်းကိုင်ငန်းတွေကို ကောင်းစွာ လုပ်ကိုင်နိုင်မှာ ဖြစ်သလို နေ့စဉ်ဘဝကိုလည်း ပျော်ရွှင် ကျန်းမာစွာ ကျော်ဖြတ်နိုင်မှာပါ။ ဒါကြောင့်လည်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ ဆိုကြတာပေါ့။ ဒီတစ်ခေါက်တော့ ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာတွေက ကျန်းမာစေဖို့ မနက်စောစော သောက်ပေးသင့်တဲ့ သောက်စရာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သောက်ရေ ခန္ဓာကိုယ် အတွင်းရော အပြင်ပါ ကျန်းမာစေဖို့ မနက်စောစောမှာ သောက်ပေးသင့်တဲ့ ပထမဆုံးသော သောက်စရာ တစ်ခုက သောက်ရေပါ။ သောက်ရေ သန့်သန့်လေးကို အိပ်ရာနိုးနိုးချင်းမှာ သောက်ပေးတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ လက်ဖက်စိမ်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

သနပ်ရွက် နဲ့ ကျန်းမာရေး

သနပ်ရွက်လို့ ပြောလိုက်ရင် မန်ကျည်းရွက် နုနု၊ သနပ်ရွက် နုနုလေးကို ငါးလေးနဲ့ ချက်ထားတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ငပိထောင်းလေးနဲ့ တွဲဖက်စားတာကို ပြေးမြင်မယ် ထင်ပါတယ်။ ဒီလို မိုးဦးကျ လေဦးကျမှာ ထမင်းမြန်စေတဲ့ ဟင်းလျာလေး တစ်ခုဖြစ်တဲ့ သနပ်ရွက်က ကျန်းမာရေးကိုရော ဘယ်လိုမျိုး ထောက်ကူပေးနိုင်လဲဆိုတာကိုရော မသိချင်ဘူးလား။ သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် ဖတ်ကြည့်လိုက်နော်။ သနပ်ရွက် ဆိုတာ သနပ်ရွက် ဆိုတာ သနပ်ပင်ရဲ့ အရွက်ပါ။ အပင်ကြီးမျိုးဖြစ်ပြီး အရိပ်ရပါတယ်။ အရွက်နုလေးတွေကို စားလို့ရပြီး အရွက်ရင့်တွေကို ဆေးပေါ့လိပ်လိပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ အရွက်က နုစဉ်မှာ ညိုတိုတိုလေးဖြစ်ပြီး ရင့်လာတာနဲ့ အမျှ အစိမ်းနုကနေ အစိမ်းရင့်ရင့် အထိ ဖြစ်လာပါတယ်။ ထိပ်ဖျားမှာ အဖူးလေးတွေပါတတ်ပါတယ်။ သနပ်ရွက် မှာပါတဲ့ အာဟာရ သနပ်ရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ရေဓာတ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျောက်ဖရုံညွန့် ကျန်းမာစေသလား

ကျောက်ဖရုံသီးကိုတော့ လူတိုင်းလိုလို သိထားပြီးဖြစ်သလို ဟင်းခါး ချက်သောက်တာ၊ ချဉ်ရည်ချက်စားတာ၊ ပဲဟင်းထဲထည့်ချက်တာ၊ ယိုထိုးတာနဲ့ အမျိုးမျိုး စားဖြစ် စားဖူးကြပါတယ်။ ကျန်းမာရေးအတွက်လည်း ကျောက်ဖရုံသီးက ကောင်းတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ ဒီ ကျောက်ဖရုံသီးလေးတွေ သီးတဲ့ ကျောက်ဖရုံပင်က ကျောက်ဖရုံညွန့် နုနုလေးတွေက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျောက်ဖရုံညွန့်ကို ကြော်ချက် ချက်စားတာ၊ ဟင်းခါးချက်စားတာ၊ ပြုတ်တို့ စားတာမျိုး လုပ်စားလို့ ရပါတယ်။ ဒီလို ဟင်းလျာ တစ်ခွက်အနေနဲ့ စားလို့ရတဲ့ ကျောက်ဖရုံညွန့်ရဲ့ ကျန်းမာရေး အာနိသင်လေးကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကျောက်ဖရုံညွန့် ဆိုတာ ကျောက်ဖရုံညွန့် ဆိုတာ ကျောက်ဖရုံပင်ရဲ့ အညွန့်ပါ။ အရွက်နုလေးတွေပေါ့။ ကျောက်ဖရုံပင်ကလည်း ဘူးသီးလိုပဲ နွယ်တက်တတ်တဲ့ အပင် တစ်မျိုးပါ။ အရွက်က […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး

ပဲကြီးဟင်းချိုထဲ ထည့်ချက်လေ့ရှိသလို ဘဲဥနဲ့ ခေါက်ကြော်စားလေ့ရှိတဲ့ ဆူးပုတ်ရွက် က ဟင်းလျာတွေကို အရသာတိုးစေရုံပဲလား။ ကျန်းမာရေးအတွက်ရော ဘယ်လို အထောက်အကူပြုလဲဆိုတာကို သိချင်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးနေကျ ဟင်းလျာတွေထဲက တစ်ခုဖြစ်တဲ့ ဆူးပုတ်ရွက် နဲ့ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ရွက် ဆိုတာ ဆူးပုတ်ပင်ရဲ့ အရွက်ပါ။ အနုအညွှန့်ကိုပဲ စားကြတာ များပါတယ်။ ရိုးတံမှာ အဆူးလေးတွေ ပါတတ်ပြီး အရွက်လေးတွေက သေးငယ်ပြီး ရွက်ဆိုင်လေးတွေ ပေါက်တတ်ပါတယ်။ ရိုးတံတွေ ဖြာပြီး ထွက်တတ်ပါတယ်။ အစိမ်းရောင် စိုစိုလေးပါ။ အရွက်က အနံ့တော့ နည်းနည်း ပြင်းပါတယ်။ အရွက်က နူးညံ့ပြီး ကြွပ်ကြွပ်လေးပါ။ အရသာကတော့ နည်းနည်း သက်ပါတယ်။ ဆူးပုတ်ရွက်မှာပါတဲ့ အာဟာရဓာတ်တွေ ဆူးပုတ်ရွက်မှာ ဗီတာမင် A ကယ်လ်ဆီယမ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကြယ်ပဲ ကျန်းမာစေသလား

အမြင်ဆန်းတဲ့ ကြယ်ပဲကို ဆေးဖက်ဝင်တယ်ဆိုပြီး လူသိများခဲ့တာ ဆယ်စုနှစ် တစ်ခုနီးပါးလောက် ရှိနေပါပြီ။ ကြယ်ပဲကို သွေးတိုးကျအောင်၊ ဆီးချိုကျအောင်ဆိုပြီး အမျိုးမျိုးသော ကျန်းမာရေးအတွက် ကောင်းကျိုး ရရှိအောင်ဆိုပြီး ဓာတ်စာတစ်ရပ်အနေနဲ့ မှီဝဲကြသူလည်း အများအပြား ရှိမှာပါ။ ဒီတစ်ခေါက်တော့ ကြယ်ပဲ ဆိုတာ ဘာလဲ။ ကြယ်ပဲက ကျန်းမာရေးကို ဘယ်လိုတွေ ထောက်ကူပေးသလဲ။ ဘယ်သူတွေ မစားသင့်ဘူးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကြယ်ပဲ ဆိုတာ ကြယ်ပဲ ဆိုတာ ပဲမျိုးရင်းဝင် အပင်တစ်မျိုးပါ။ ပဲသီးလေးက ကြယ်ပုံစံလေး ဖြစ်နေတာကို အစွဲပြုပြီး ကြယ်ပဲလို့ ခေါ်တာပါ။ ကြယ်ပဲ က ပီရူးမျိုးရင်းပင် တစ်မျိုးပါ။ တောင်အမေရိက နဲ့ ကာရေဗီးယန်း‌ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ စားလို့ရတဲ့ အသီးတွေကြောင့် စိုက်ပျိုး စားသုံးကြတာပါ။ ကြယ်ပဲကို စားတဲ့အခါ အသီးကို စားသုံးတာမျိုး မဟုတ်ပါဘူး။  […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သင့်ကို ဝိတ်ကျ စေမယ့် စားပွဲအပြင်အဆင်

ဝိတ်ကျ ဖို့ ဒါမှမဟုတ် ကိုယ်အလေးချိန်ထိန်းဖို့ဆိုရင် အစားလျှော့ များများလှုပ်ရမယ်ဆိုတာ အခြေခံစည်းမျဉ်းပါ၊၊ ဒါပေမယ့် ဒါက ထင်သလောက် မလွယ်ပါဘူး၊၊ အစားလျှော့ဖို့လည်း မလွယ်သလို၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ဆိုတာလည်း ခက်ပါတယ်၊၊ မဟုတ်ရင် လူတိုင်းက ဝိတ်ကျဖို့ စိတ်သောကရောက်နေရမှာ မဟုတ်ပါဘူး၊၊ ဒါကြောင့် ဝိတ်ကျဖို့ ကိုယ့်ရဲ့ စိတ်ကို လှည့်စားတာ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင် အခြေအနေကို ပြောင်းလဲတာတွေ လုပ်ဖို့ လိုလာပါတယ်၊၊ အထူးသဖြင့် စိတ်မထိန်းနိုင်ဘဲ စားမိပြီး ဗိုက်ဝမှ နောင်တရတတ်သူတွေအတွက် ခုပြောမယ့် နည်းလမ်းက အစားအသောက်ထိန်းစားဖို့ အထောက်အကူ ဖြစ်မှာပါ၊၊ ဝိတ်ကျ စေဖို့ ထမင်းစားပွဲကို ဒီလိုပြင်ဆင်ကြည့်ရအောင်၊၊ ထမင်းစားပွဲမှာ ကျကျနနထိုင်စားပါ၊၊ အစာစားတဲ့အခါ တတ်နိုင်သမျှ အာရုံမလွင့်တာ အကောင်းဆုံးပါ၊၊ အိပ်ရာထဲမှာ စားတာ၊ တီဗွီရှေ့မှာ စားတာ စတာတွေက အာရုံကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဆီပြန်ဟင်း တွေကနေ ရုန်းထွက်ပြီး ကျန်းမာတဲ့နည်းနဲ့ ချက်စားကြရအောင်

နေ့စဉ်စားတဲ့အခါ စားတဲ့ အစားအစာ၊ ပမာဏကလည်း အရေးကြီးသလို ချက်ပြုတ်တဲ့ပုံစံကလည်း အရေးကြီးပါတယ်၊၊ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ဆီပြန်ဟင်း ကို နေ့တိုင်းနီးပါး စားတဲ့အတွက် ကြာလာရင် အဝလွန်ပြီး ကျန်းမာရေး ပြဿနာတွေ ဖြစ်လာမှာပါ၊၊ အာဟာရပြည့်ဝအောင်ဆိုပြီး နေ့စဉ် အသီးအရွက်တွေ၊ အသားငါးတွေ ပါဝင်အောင် စားပေမယ့် ချက်ပြုတ်နည်း မမှန်ဘူးဆိုရင် ရေရှည်မှာ ဆီးချို၊ သွေးတိုးလိုရောဂါတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒါကြောင့် နေ့စဉ်စားနေကျ ဆီပြန်ဟင်းတွေကနေ ရုန်းထွက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်စားကြည့်ရအောင်၊၊ ဆီပြန်ဟင်း မဟုတ်ဘဲ ဘယ်လိုတွေ ချက်စားကြမလဲ၊၊ Baking ဖုတ်စားတယ်လို့ ပြောကြပါတယ်၊၊ ဥပမာ ပေါင်မုန့်ဆို bakeလုပ်ထားတယ်ပေါ့၊၊ ပေါင်မုန့်အပြင် ပင်လယ်စာတွေ၊ အသီးအရွက်တွေ၊ အသားတွေကိုလည်း ဖုတ်စားလို့ ရပါတယ်၊၊ ဒယ်ထဲကို ဆီပါလေကာထည့်ပြီးတော့ မီးနဲ့ ဖုတ်စားကြည့်လို့ရပါတယ်၊၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ

ရေအသက် တစ်မနက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀% ကျော်ပါဝင်နေတာကြောင့် ရေဓာတ်က ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်တယ်ဆိုတဲ့နေရာမှာလည်း ကျန်းမာဖို့ဆိုရင် သန့်ရှင်းတဲ့ သောက်သုံးရေ ကို သောက်ဖြစ်ဖို့ လိုပါမယ်။ သောက်ရေဆိုတိုင်း ရေသန့်တာမဟုတ်သလို ရေကြည်တိုင်းလည်း ရေသန့်လို့ မဆိုသာပါဘူး။ ဒီတစ်ခေါက်တော့ နေ့စဉ် သောက်သုံးနေတဲ့ သောက်သုံးရေက သန့်ရဲ့လား။ ဘေးကင်းရဲ့လား။ ဘေးမကင်းဘူးဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။ သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ ရေက အသက်ရှင်နေထိုင်ရေးအတွက် အတော်လေး အရေးပါပါတယ်။ ချက်ပြုတ်ဖို့ရော လျှော်ဖွတ်ဖို့ရော၊ သောက်ဖို့ရော၊ ချိုးဖို့ရောပေါ့။ ဒီလို အသုံးပြုနေရတဲ့ ရေတွေက သန့်ရှင်းဖို့ လိုပါမယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနေတဲ့ သောက်ရေပေါ့။ ဒီတော့ နေ့စဉ် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကနဖော့ ဆေးဖက်ဝင်လား

ကနဖော့ ဆိုတာက ကန်စွန်းရွက်လိုပဲ ရေထဲမှာ ပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးပါ။ အလေ့ကျပေါက်ပင် တစ်မျိုးပေါ့။ ငယ်ငယ်က ရေမြောင်းထဲမှာ အလေ့ကျပေါက်ရောက်နေတာကို ခူးပြီးတော့တောင် ဆော့ခဲ့ဖူးပါတယ်။ ဒီလို အလေ့ကျပေါက်တဲ့ ကနဖော့ကို ချဉ်ရည်ချက်စားတာ၊ ပြုတ်တို့တာအပြင် ကြော်စား၊ သုပ်စားလို့လည်း ရပါတယ်။ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်တို့၊ သံပုရာရည်၊ ငရုတ်သီးစိမ်းတို့နဲ့ သုပ်ပြီး ရေနွေးကြမ်းပူပူလေးနဲ့ စားရင် အတော်လေး အရသာရှိတဲ့ ကနဖော့က ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကနဖော့ ဆိုတာ ကနဖော့ ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို ရိုးတံ နီနီလေးနဲ့လည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း