ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် အာဟာရတွေ ပြည့်ဝမျှတနေဖို့ လိုပါတယ်။ ဒီလို ပြည့်ဝမျှတနေရမယ့် အရာတွေထဲမှာ ဓာတ်ဆားဓာတ်လို့ ခေါ်တဲ့ Electrolytes တွေကလည်း အရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မျှတနေမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ အားကစား လုပ်လို့ ချွေးအရမ်းထွက်ချိန်မှာ ဖြစ်ဖြစ်၊ အပူဒဏ်ကြောင့် ချွေးထွက်များတာ၊ အခြား အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် နဲ့ ရေဓာတ် ဆုံးရှုံးသွားတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည်၊ Sport drinks တွေကို သောက်ဖို့ အကြံပြုတတ်ကြပါတယ်။ ဒါပေမယ့် ဓာတ်ဆားရည်ကို မနှစ်သက်ဘူး။ ဓာတ်ဆားရည်အစား အခြား ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာလေးတွေများ မရှိဘူးလားလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

ခံတွင်းမြိန်စေသော နည်းလမ်းများ

သင်က ကိုယ်အလေးချိန်တက်ချင်နေပြီး စားနေသော အစားအစာကလည်း စွဲဆောင်မှု မရှိလျှင် ခံတွင်းကောင်းအောင်လုပ်ရသည်မှာ မလွယ်ကူပါ။ သို့သော်လည်း သင့်အနေဖြင့် ဟင်းလျာချက်ပြုတ်နည်းများ၊လူမှုရေး နှင့် သွင်ပြင်ပိုင်း ဆိုင်ရာနည်းလမ်းများဖြင့် သင်၏ စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါသည်။ အောက်ပါတို့မှာ ကျန်းမာရေးနှင့် ညီညွတ်သော ခံတွင်းကောင်းစေခြင်း နည်းလမ်း ၈ ခုဖြစ်ပါသည်။ နည်းနည်းနှင့် ခဏခဏစားပါ ထမင်းအနပ်ကြီး ၃ ခါစားခြင်းထက် နည်းနည်းနှင့် ခဏခဏစားခြင်းက ပိုမိုစွဲဆောင်မှုရှိသည့် အတွက် ကျင့်သုံးပါ။ ထမင်းအနပ်သေးများသည် ပြင်ဆင်ရလွယ်ကူသည်။ တစ်နေ့လျှင် ၆ ကြိမ် ၇ ကြိမ် ခန့်ခွဲ၍ အာဟာရပြည့်ဝသော မြေပဲထောပတ်၊သစ်သီးခြောက်၊အစေ့အဆန်၊လတ်ဆတ်သော အသီးအနှံ၊ဒိန်ချဉ် နှင့် နွားနို့တို့ပါဝင်အောင် စားပေးပါ။ နည်းနည်း သာစားသော်လည်း ကယ်လိုရီပြည့်ဝနိုင်ပြီး ပြည့်အင့်ခြင်းကိုလည်း မခံစားရတော့ပါ။ အစားစားချင်စိတ် လုံးဝ မရှိပါကလည်း အာဟာရဖြည့်ထားသော အချိုရည်များသောက်ပေးနိုင်သည်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချိုစားခြင်းကိုလျှော့ချရန်နည်းလမ်း

လူအများစုသည် အချိုကြိုက်တတ်ကြသည်။ ချိုသောအရာမှန်သမျှစွဲစွဲလမ်းလမ်းရှိကြသည်။ ချိုသောအစားအစာများသည် အရသာရှိ၍စွဲဆောင်မှုရှိသည်မှန်သော်လည်း သွားပိုးစားခြင်းကဲ့သို့ သာမန်ကျန်းမာရေးပြဿနာများမှသည် အဝလွန်ခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့အထိနာတာရှည်ရောဂါများကိုပါ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အချိုစားသုံးခြင်းကိုလျှော့ချရန်လိုအပ်လာပေသည်။ -အကျင့်တစ်ခုကိုဖျောက်ဖျက်ရသည်မှာသိပ်တော့မလွယ်ကူလှပါ။ အချိန် ၊ အားစိုက်ထုတ်မှု ၊ စိတ်ရှည်သည်းခံမှု နှင့် အခြားသူများ၏ကူညီမှုလည်းလိုအပ်သည်။ သို့သော်လည်းကံကောင်းသည်မှာအကူအညီဖြစ်မည့်နည်းလမ်းများရှိနေခြင်းဖြစ်သည်။ ဖြည်းဖြည်းလျှော့ချမှုနှင့်စတင်ပါ -အသုံးပြုသင့်သည့်နည်းလမ်းမှာ ဖြည်းဖြည်းနှင့်မှန်မှန်နည်းလမ်းဖြစ်သည်။ အချိုကိုရုတ်တရက်ဖြတ်ပစ်ရန်မလိုပါ။ နေ့စဉ်အသုံးပြုသောသကြားဓါတ်ကိုလျှော့ချသွားရန်ဖြစ်သည်။ အချိုအစားအခြားအရာများကိုရွေးချယ်ပါ -အချိုကြိုက်သောသင်၏သွားများအတွက် သကြားလုံးနှင့် ကွတ်ကီးများစားမည့်အစားချိုသောအသီးအနှံများ ၊ ဘယ်ရီသီးများ၊ စွံပလွန်သီး ၊ စပျစ်သီးခြောက် စသည်တို့ကိုစားပါ။ ထိုအစားအစာများတွင်လည်းအချိုဓါတ်ပါသည်မှန်သော်လည်းကျန်းမာရေးအတွက်ကောင်းမွန်သည့် ဗီတာမင် ၊ အမျှင်ဓါတ် နှင့် အာဟာရဓါတ်များပါ တစ်ခါတည်းရရှိနိုင်သည်။ ထို့ပြင် အချိုစားချင်စိတ်ဖြစ်ပေါ်လာပါကသကြားမပါသောအစားအစာ များ (သို့မဟုတ်)အခြားအချိုဓါတ်ပါအစားအစာများကိုရှာဖွေပါ။ အစားအသောက်စားသည့်အမူအကျင့်တစ်ခုကျင့်သုံးပါ -နံနက်စာ ၊ နေ့လည်စာနှင့် ညစာကိုသူ့အချိန်နှင့် သူစားပါ။ ထမင်းအနပ်များကိုသေချာစွာစားပါက ဗိုက်ဝပြီး အချိုစားချင်စိတ် မဖြစ်နိုင်ပါ။ ထို့ပြင် သားရေစာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အေးခဲထားသောအစားအစာများကိုစားသင့်သောအကြောင်းအချက် ၅ခု

လူအများစု၏စိတ်တွင် အေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် မကောင်းဟုထင်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာအေးခဲထားသောအစားအစာများသည် ကြာရှည်ခံထားရသည့်အတွက် အာဟာရတန်ဖိုးနည်းပါးသည်ဟုယုံကြည်နေခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် အာဟာရဓါတ်များ လုံးဝမပါတော့ဟုလည်းထင်တတ်ကြသည်။ အမှန်တော့ ထိုသည်မဟုတ်ပါ။ အေးခဲထားသောအစားအစာများကိုစားသုံးခြင်းဖြင့်လည်းအကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်။ အေးခဲထားသောအစားအစာများသည် အာဟာရဓါတ်ပြည့်ဝသည် အေးခဲထားသောအစားအစာများကိုမူလကအာဟာရဓါတ်ပြည့်ဝ၍ အရသာအကောင်းဆုံးသောရင့်မှည့်ချိန်တွင် ရယူစုဆောင်းခူးဆွတ်ရသည်။ ထို့နောက်လယ်ကွင်းပြင်ထဲတွင် အေးခဲအောင်ထားရသည်။ ထို့ကြောင့်အခြားလတ်ဆတ်သောအသီးများနှင့် ကယ်လိုရီပါဝင်မှု ၊ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးညီညွတ်မှုအတူတူပင်ဖြစ်သည်။ ငါးများဆိုလျှင် တစ်နေ့တည်းအတူတူဖမ်းမိတာချင်းတူလျှင်တောင် အေးခဲထားသောငါးကပို၍လတ်ဆတ်နေတတ်သည်။ အေးခဲထားသောအစားအစာများသည်အဆင်ပြေ၍အသုံးပြု၍လွယ်ကူသည် အလုပ်တာဝန်များဖြင့်မအားလပ်နိုင်သူတို့အဖို့ အစားအစာပြင်ဆင်ချက်ပြုတ်ရန် အချိန်များစွာမပေးနိုင်ကြပေ။ အိမ်ရှင်မတို့အတွက် ဟင်းလျာများကိုခုတ်ထစ်၍ ငရုတ်ကောင်းနှင့်နယ်ရခြင်းမျိုးသည် အချိန်ကုန်လူပန်းဖြစ်စေတတ်သည်။ ထိုအခြေအနေမျိုးတွင် အေးခဲထားသောအစားအစာများကအတော်အဆင်ပြေသည်။ ကျန်းမာရေးနှင့်ညီညွတ်အောင်ထုတ်ပိုးထားပြီးအသင့်စားသုံးရန်ပြင်ဆင်ထားသောကြောင့်ဖြစ်ပါသည်။ အေးခဲထားသောအစားအစာများသည်စီးပွားရေးအရတွက်ခြေကိုက်သည် အေးခဲထားသောအစားအစာများသည် စားသုံးသူ၏လိုအပ်ချက်အပေါ်မူတည်ပြီးအရည်အသွေးပြည့်မီ အောင်ပြင်ဆင်ထားခြင်းဖြစ်ရာအနည်းငယ်စားပြီးမှမကုန်လျှင် ကျန်တာကိုရေခဲသေတ္တာထဲထည့်၍နောက်တစ်ကြိမ်ပြန်လည်စားသုံး၍ရသည်။ သို့သော်လတ်လတ်ဆတ်ဆတ်ရသောအစားအစာများကတော့သင့်တော်သောအချိန်တွင် စား၍မကုန်လျှင် စွန့်ပစ်ရမည်ဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်တွင်အေးခဲထားသောအစားအစာများကလေလွင့်စွန့်ပစ်ရခြင်းမျိုးမရှိသည့်အတွက် အကုန်အကျများစွာသက်သာစေသည်။ အေးခဲထားသောအစားအစာများကအရသာရှိသည် လူအများစုကအေးခဲထားသောအစားအစာများသည် လတ်ဆတ်သောအစားအစာများလောက် အရသာမရှိဟုထင်တတ်ကြသည်။ သို့သော်လည်းကိုယ်ချင်းစာတရားနှင့် ပေါင်းစပ်ဖန်တီးပါကအေးခဲထားသောအစားအစာများကိုအသုံးပြု၍အရသာရှိသောဟင်းလျာအမယ်များစွာချက်ပြုတ်နိုင်ပါသည်။ အေးခဲထားသောအစားအစာများကိုအသုံးပြုနည်း အေးခဲထားသောအစားအစာများသည် အသုံးပြုရလွယ်ကူအဆင်ပြေသော်လည်းစိတ်ချရသောနည်းလမ်းဖြင့် အသုံးပြုရန်လိုပါသည်။ အခန်းအပူချိန်ကိုရှောင်ပါ အခန်းအပူချိန်သည် ၂၀ မှ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ကြားရှိတတ်သဖြင့် ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားရှင်သန်နိုင်သည်။ အေးခဲထားသောအစားအစာများကိုအခန်းအပူချိန်နှင့် ကြာရှည်စွာထိတွေ့မိပါကစားသုံးရန်အန္တရာယ်ရှိနိုင်သည်။ ရေခဲသေတ္တာကိုအသုံးပြုပါ အေးခဲထားသောအစားအစာများကိုအရည်ပျော်အောင်လုပ်ရန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

“ဇန်” နှင့် သတိနှင့်နှိုင်းယှဉ်သောအစာစားခြင်း

လူတိုင်းလူတိုင်းသည် “ဇန်” ဆိုသောစကားလုံးကိုကြားဖူးနိုင်သော်လည်းအဓိပ္ပါယ်အတိအကျကိုသိချင်မှသိလိမ့်မည်။ ထို့အတူအစားစားခြင်းသည် ပုံမှန်လုပ်နေကျအလုပ်ဖြစ်သော်လည်းသတိရှိသောအစားစားခြင်းကိုလည်းသိချင်မှသိလိမ့်မည်။ သင်သိချင်နေသည့်ထိုအချက်တို့ကိုယခုဆောင်းပါးတွင် ဖတ်ရှုရမည်။ “ဇန်” ဆိုသည်မှာ “ဇန်“ (Zen) ကိုအတိအကျအဓိပ္ပါယ်သတ်မှတ်၍ရှင်းပြရန် အတော်ခက်ပါသည်။ ရှင်းလင်းစွာပြောရလျှင် ဇန် ဆိုသည်မှာစိတ်အခြေအနေတစ်ခုဖြစ်ပြီး ထိုအချိန်တွင်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအရာအားလုံးကိုလျစ်လျူရှုလျက် အကြောင်းအရာ တစ်ခုတည်းတွင်သာစိတ်က စူးစိုက်တည်ရှိနေမည်ဖြစ်သည်။ ဇန် အကြောင်းပြောခြင်းသည် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကိုပြောပြခြင်းပင်ဖြစ်သည်။ ဇန်သည် ခန္ဓါကိုယ်စိတ်ဝိညာဉ်မှလာသော အတွင်းစွမ်းအားကိုဗဟိုပြုထားသည်။ ဇန်ကိုသေချာစွာ လေ့ကျင့်မှုပြုပါကကိုယ်ခန္ဓါအတွက် ကောင်းကျိုးများရရှိနိုင်ပါသည်။ သတိနှင့်ယှဉ်သောအစားစားခြင်းဆိုသည်မှာ သတိနှင့်ယှဉ်သောအစားစားခြင်းသည် ”ဇန်” (သို့မဟုတ်) ယောဂကျင့်စဉ် (သို့မဟုတ်) ဗုဒ္ဓ၏ယဉ်ကျေးမှုနှင့် နီးကပ်စွာဆက်နွယ်နေသော ၊ နက်ရှိုင်းစွာပတ်သတ်သောအစားစားသည့်မူဝါဒ ဖြစ်သည်။ သတိနှင့် ယှဉ်၍စားခြင်းသည် သူတစ်ပါးအတွက် တွေးတောစာနာမှုနှင့် အစားစားခြင်းဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် မိမိဘာစားနေသည်ကိုသတိမမူဘဲသတိလက်လွတ် ၊ သတိချွတ်ချော်၍စားသုံးခြင်းမှရှောင်ရှားခြင်းလည်းဖြစ်သည်။ ထို့ပြင် သင်စားသုံးသောအစားအစာကို သတိကပ်အာရုံဝင်စားခြင်းနှင့် အစားစားစဉ်ဖြစ်ပေါ်နေသောစိတ်အခြေအနေကိုလည်း စူးစိုက်သိခြင်းတို့ပါဝင်သည်။ ထိုနည်းဖြင့်အစားစားသောအခါ သင့်အနေဖြင့် - -သင်ဘာကြောင့်အစားစားလဲ (သို့မဟုတ်)အစားစားခြင်းကိုမည်သည့်အရာကနှစ်သက်စေသလဲ၊ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

အသင့်စားခေါက်ဆွဲ များကိုပိုမိုအာဟာရပြည့်ဝအောင်ပြုလုပ်နည်းများ

အသင့်စားခေါက်ဆွဲ (သို့မဟုတ်) ခေါက်ဆွဲခြောက်ထုပ်များသည် ကောလိပ်ကျောင်းသားများ၊ မိမိဝမ်းမိမိ ကျောင်းနေရသောကျောင်းသားများနှင့် တစ်နေကုန်အလုပ်လုပ်ပြီး အစားအစာချက်ပြုတ်ရန် အချိန်မရှိသူများအတွက် အရသာရှိသော အဓိကအစားအစာဖြစ်လာသည်။ ခေါက်ဆွဲခြောက်တွေရဲ့ အားသာချက်ကလည်း စားသောက်ဖို့ ပြင်ဆင်ချိန် အလွန်တိုတောင်းခြင်း၊ အလွန်လွယ်ကူစွာ ပြလုပ်စားသုံးနိုင်ခြင်းတို့ဖြစ်ခြင်းကြောင့် တဖြည်းဖြည်းနှင့် အသင့်စားခေါက်ဆွဲတွေအပေါ် လူတွေရဲ့ မှီခိုမှု၊ အားကိုးမှု ပိုမို များပြားလာခဲ့ခြင်းဖြစ်ပါသည်။ တာရှည်ခံအောင် ပြုလုပ်ထားရသည် ဖြစ်၍ အချို့သော ပါဝင်ပစ္စည်းများမှာ လူတွေအတွက် ကျန်းမာရေးကို အနည်းနဲ့အများတော့ ထိခိုက်စေနိုင်သည်ဖြစ်သော်လည်း လူအတော်များများ ဂရုထားကြခြင်း မရှိကြပါ။ ထို့အပြင် ဗိုက်ပြည့်ရုံ အဆာပြေရုံသာ အဆင်ပြေ၍ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရပမာဏကို ၎င်းအသင့်စားခေါက်ဆွဲခြောက်ထုပ်များက ဖြည့်တင်းပေးနိုင်မည်လည်း မဟုတ်ပါ။ သို့သော်လည်း အသင့်စားခေါက်ဆွဲတွင် ပါဝင်သည့် အာဟာရဆိုင်ရာအချက်အလက်များ ကို သင်လေ့လာဖူးပါသလား။ အသင့်စားခေါက်ဆွဲတွင် ပါဝင်သောဆားသည် ခန္ဓာကိုယ်အတွက် လိုအပ်သောပမာဏထက်ပိုသည်။ ဆားနှင့် […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကိုယ်အလေးချိန် မြင့်တက်စေနိုင်သောအသီးအနှံ ၅ မျိုး

အသီးအနှံများကိုလေ့လာကြည့်လျှင် ကျန်းမာရေးအတွက် အကျိုးပြုသည်ကိုတွေ့ရမည်။ အရသာရှိရုံမျှမကဗီတာမင်နှင့်အခြားသောအာဟာရဓါတ်များကိုလည်းပေးစွမ်းနိုင်ပါသည်။ အသီးအနှံများကိုစုံလင်စွာစားသုံးပေးခြင်းဖြင့်ခန္ဓါကိုယ်ကိုကျန်းမာကြံ့ခိုင်စေပြီးခန္ဓါကိုယ်၏လုပ်ငန်းများကိုလည်းပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါသည်။ သို့သော်လည်းအသီးအနှံအားလုံးတိုင်းမှာမူသင်၏ ခန္ဓါကိုယ်ကိုလှပစေနိုင်မည် မဟုတ်ပါ။ လွန်ကဲစွာစားသုံးပါကကိုယ်အလေးချိန် တိုးစေနိုင်သောအာနိသင်လည်းရှိပါသည်။ ငှက်ပျောသီး မနက်စာအဖြစ် နှစ်သက်စွာပင် ငှက်ပျောသီးကိုစားလေ့ရှိသည်။ အရသာရှိပြီး ဗိုက်ဝစသည့် အသီးကိုမည်သူကမနှစ်သက်ဘဲနေလိမ့်မည်နည်း။ သို့သော် ငှက်ပျောသီးတွင် ပါဝင်သော အမျှင်ဓါတ် ၊ ပိုတက်စီယမ် နှင့် ဗီတာမင်စီတို့က ကယ်လိုရီ (၁၈၀) အထိရှိသည်ကိုတော့ သတိပြုရပေမည်။ ငှက်ပျောသီးကိုများပြားစွာစားသုံးလျှင် ကိုယ်အလေးချိန် ကျိန်းသေပေါက် တိုးလာမည် ဖြစ်သည်။ ချယ်ရီသီး အရည်ရွှမ်း၍ အရသာရှိသော ချယ်ရီသီးကိုမည်သူမျှ ငြင်းမည် မဟုတ်ပေ။ လူအများစုက နှစ်သက်စွာပင် အခြားအသီးများထက် ပို၍ စားသုံးတက်ကြသည်။ ချယ်ရီသီးတွင် ပါဝင်သော ပိုတက်စီယမ်ဓါတ်သည် ခန္ဓါကိုယ်တွင်းမှပိုလျှံသောဆိုဒီယမ်ဓါတ်ကိုစွန့်ထုတ်စေခြင်းဖြင့် သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်ပါသည်။ ထို့ကြောင့်ခန္ဓါကိုယ်အတွက် အကျိုးမရှိဟု ငြင်းရန်ခက်ပါသည်။ သို့သော်လည်းချယ်ရီသီးတွင် သကြားဓါတ်များပြားစွာ ပါဝင်ခြင်းကကိုယ်တွင်းသကြားဓါတ်ကိုတိုးမြင့်စေနိုင်ပါသည်။ ထောပတ်သီး ထောပတ်သီးသည် နို့ကဲ့သို့ အဆီဓါတ်ပါသော […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သစ်သီး များကိုနည်းမှန်လမ်းမှန်ဘယ်လို စားသုံးကြမလဲ

သစ်သီး ဝလံများတွင် ကျန်းမာရေးအတွက် အကျိုးပြုသော ဗီတာမင်များ၊ သတ္ထုဓာတ်များ ၊ ပိုတက်ဆီယမ်၊ဖောလစ်အက်စစ် ၊ အမျှင်ဓာတ် နှင့် ကင်ဆာ ကို အံတုနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။ သစ်သီးများကို နေ့စဉ်စားသုံးသူများတွင် နာတာရှည်ရောဂါ ဖြစ်ပွားမှု လျော့နည်းသည်ကို တွေ့ရသည်။ သို့သော် သစ်သီးများ မစားသုံးမီ သတိပြုဖွယ် အချက်အချို့တော့ရှိပါသည်။ သစ်သီး များကိုကျွန်ုပ်တို့စားသုံးသော နည်းသည်မှားယွင်းနေသလား သစ်သီးများ အားလုံးတွင် လိုအပ်သောအာဟာရများအားလုံးပါဝင်နေသည်ဟု ယူဆမိခြင်းသည်(လုံးဝ)မှားယွင်းသောအယူအဆဖြစ်ပါသည်။ ဥပမာအားဖြင့်နာနတ်သီးနှင့် ဘလူးဘယ်ရီသီး ကိုကြည့်ပါ။ နှစ်မျိုးစလုံးတွင်ဗီတာမင်ဓါတ်များပါဝင်သော်လည်းကာဘိုဟိုက်ဒရိတ်၊သကြားဓါတ်နှင့်အမျှင်များပါဝင်မှုမှာကွဲပြားသည်။ ကိုယ်အလေးချိန် လျှော့ချလိုသူ အနေဖြင့် နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီးများသည် အချိုဓါတ် လွန်စွာ များပြားသည့်အတွက် မရွေးချယ်သင့်ပါ။ အရောင်ရင့်အသီးများဥပမာ-စပျစ်သီးနှင့် ဘလူးဘယ်ရီသီးများကိုသာရွေးချယ်ပေးပါ။ ထို့ကြောင့်အသီးများအားလုံးကိုပမာဏအတူတူမစားသင့်ပါ။ မိမိအတွက်သင့်တော်မည့်အသီးကိုစဉ်းစားပြီးရွေးချယ်စားသုံးသင့်သည်။ သစ်သီးများကိုလည်း လိုအပ်သည်ထက်ပို မစားသင့်ပါ ကိုယ်အလေးချိန်လျှော့ချလိုသော အစီစဉ်ရှိလျှင် ထိုသို့မတွေးသင့်ပါ။ ကစီဓါတ် မပါသော ဟင်းသီးဟင်းရွက်များကို ကြိုက်သလောက် စားနိုင်သော်လည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အခြေခံလိုအပ်သောအာဟာရအားလုံးပါဝင်စေမည့် ကျန်းမာသောစားသောက်မှုပုံစံ

-အစားအစာများ သည် သင်၏စိတ်ရောကိုယ်ပါကျန်းမာ ဖို့ အတွက် အာဟာရမျိုးစုံကို ထောက်ပံ့ပေးသည်။ အမျိုးစုံလင်လှသော အစားအသောက်များကို သင့်တော်သော အချိုးအစား နှင့် ပေါင်းစပ်စားသုံးခြင်းသည် သင့်ကျန်းမာရေးကို မြှင့်တင်ပြီး ရောဂါများကို ကာကွယ်နိုင်ဖို့ အတွက် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည်။ ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံ ကျန်းမာရေးနှင့်ညီညွတ်အောင်မည်သို့စားမည်နည်း။ အာဟာရဓါတ်အမယ်စုံကို အချိုးအစားမျှတစွာ စားသုံးတတ်ရပါမည်။ အစားအသောက် တစ်ခုချင်းစီတွင် အကျိုးအာနိသင်အသီးသီးရှိကြသည့် အတွက် အမယ်စုံအောင် စားမှသာလျှင် ခန္ဓါကိုယ်အတွက်လိုအပ်သော အာဟာရကိုရရှိနိုင်မည်။ ထို့ပြင် အာဟာရဓါတ်များစုံလင်အောင် စားသုံးပေးခြင်းဖြင့် အရသာနှင့်ပြည့်စုံစေပြီး ငြီးငွေ့ခြင်းမရှိဘဲ အမြဲတမ်းခံတွင်းကောင်းနေမည်ဖြစ်သည်။ ပါဝင်သင့်သောအစာအုပ်စုကြီး (၅)မျိုး (၁)ဟင်းသီးဟင်းရွက်နှင့်ပဲအမျိုးမျိုး အရန်ဟင်းအနေဖြင့် မုန်လာဥနီကြော် ၊ တရုတ်နံနံစသည်တို့ကိုအသုံးပြုနိုင်သည်။ နေ့လည်စာနှင့်ညစာတွင် အသီးအရွက်ကြော်၊ အရွက်သုပ် ၊ အစိမ်းကြော် ၊ ဟင်းရွက်ဟင်းချို စသည်တို့ကိုစားပေးနိုင်သည်။ ဟင်းသီးဟင်းရွက်များသည် အာဟာရဓါတ်ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သည့်အတွက် လူတိုင်းစားပေးသင့်ပါသည်။ (၂)အသီးအနှံများ အသီးအနှံများကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်ဖက်ရည် သည် လူကို စွဲလမ်းစေပါသလား

အမေရိကန်နိုင်ငံ လက်ဖက်ရည်သောက်သုံးသူများအသင်း၏ အဆိုအရ ကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက် ပိုမိုသောက်သုံးကြသည်ဟု ဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးများရရှိနိုင်သော်လည်း လက်ဖက်ရည်တွင် ပါဝင်သော ကဖင်းဓာတ်မှာ ကျန်းမာရေးကို အနည်းနဲ့ အများ ထိခိုက်စေနိုင်ပါသည်။ လက်ဖက်ရည် သောက်သုံးသောနည်းလမ်းနှင့် ပမာဏပေါ် မူတည်၍ ကဖင်းဓာတ်က ကောင်းကျိုးဆိုးပြစ်များ ဖြစ်စေနိုင်ပါသည်။ သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည် လူကို လန်းဆန်းစေနိုင်ပြီး စွမ်းအင်ရအောင် နှိုးဆွပေးနိုင်သော်လည်း များပြားစွာ သောက်သုံးပါက ကဖင်းဓာတ်ကို စွဲလမ်းစေပါသည်။ လက်ဖက်ရည် မှ ကဖင်းဓာတ်ကို စွဲလမ်းစေခြင်း ကဖင်းဓာတ်သည် ဗဟိုအာရုံကြောမစနစ်ကို လှုံ့ဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလမ်းခြင်း ဖြစ်လာနိုင်ပါသည်။ ဆေးစွဲခြင်းလိုမျိုးတော့ ကဖင်းဓာတ်သည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို အန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓာတ်ကို စွဲလမ်းပါက စွဲလမ်းနေမှန်း သတိပြုမိမည်လည်း မဟုတ်ပါ။ စွဲလမ်းသူအနေနဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ […]


အားကစားသမားများအတွက်အာဟာရ

ကြွက်သားတည်ဆောက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာ ၁၀ မျိုး

ကြွက်သားတည်ဆောက်မှုအတွက်ကြိုးပမ်းနေချိန်အတွင်းမှာ လေ့ကျင့်ခန်းနဲ့ အလေးမခြင်းဆိုတာ ဖော်မြူလာရဲ့တစ်စိတ်တစ်ပိုင်းတွေသာဖြစ်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ သင့်အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရဓါတ်စာကို စားသုံးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုစားသုံးခြင်းက ကြွက်သားတည်ဆောက်မယ့်ပရိုတင်းဓါတ်ကိုရရှိစေနိုင်ရုံမက သင့်ရဲ့လေ့ကျင့်ခန်းတွေအပြီးအစီးလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားနဲ့အာဟာရဓါတ်တွေ ရရှိနိုင်ဖို့ ခန္ဓါကိုယ်ကိုထောက်ပံ့ပေးပါတယ်။ ကြွက်သားတည်ဆောက်ရေးမှာ ပရိုတင်းကအဓိကအာဟာရဖြစ်တယ်လို့ ယူဆထားကြတာဖြစ်ပေမယ့် ကြွက်သား သန်မာကြီးထွားဖို့အတွက် အကောင်းဆုံးဓါတ်စာထဲမှာပါဝင်တဲ့ တစ်ခုတည်းသောပါဝင်ပစ္စည်းတော့မဟုတ်ပါဘူး။ လိုအပ်တာက အာဟာရဓါတ်ညီညွတ်မျှတတဲ့ စားသောက်ပုံမှာ အသီးနဲ့ဟင်းသီးဟင်းရွက်တွေများများပါဝင်ပြီး ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးနိုင်ဖို့ ကာဗိုဟိုက်ဒရိတ်၊ အကျိုးပြုအဆီဓါတ်တွေနဲ့ ပရိုတင်းပါတဲ့အစားအစာတွေကိုလည်း လိုအပ်ပါတယ်။ ကြွက်သားတွေဖြစ်လာဖို့ ဘာတွေစားရမလဲ ပရိုတင်းဓါတ်ကြွယ်ဝပြီးအဆီနည်းတဲ့အစားအစာတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် ၎င်းအစားအစာတွေချည်းစားတာထက် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ စားသောက်ပုံဓါတ်စာအတွင်း ထည့်သွင်းစားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ (၁) သံလွင်ဆီ သံလွင်ဆီအကြောင်း ထည့်မပြောဘဲနဲ့တော့ ကြွက်သားတွေကြီးထွားနိုင်ဖို့ အကြောင်းကို ဆွေးနွေးလို့မရပါဘူး။/ကြွက်သားကြီးထွားရေးအကြောင်း ဆွေးနွေးမယ် ဆိုရင် သံလွင်ဆီကတော့မပါမဖြစ်ပါပဲ။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကယ်လိုရီ ၁၂၀ ပါဝင်တဲ့ သံလွင်ဆီဟာ ကြွက်သားတည်ဆောက်မယ့်ကယ်လိုရီတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း