ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Glucose Tolerance Test (ဂလူးကိုစ့်အရည်တိုက်ပြီး ဆီးချိုတိုင်းတာစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Glucose Tolerance Test (ဂလူးကိုစ့်အရည်တိုက်ပြီး ဆီးချိုတိုင်းတာစစ်ဆေးခြင်း) ကဘာလဲ။ Oral Glucose Tolerance Test ဟာ ကိယ်ခန္ဓါရဲ့ အဓိက အားအင်အရင်းအဖြစ်ဖြစ်တဲ့ Glucose လို့ခေါ်တဲ့ သကြားဓါတ်တစ်မျိုးကို အသုံးပြုနိုင်ခြေကို တိုင်းတာပါတယ်။ Oral Glucose Tolerance Test ဟာ ဆီးချိုမဖြစ်ခင်နဲ့ ဆီးချိုဖြစ်ခြင်းတွေကို သိရှိနိုင်ပါတယ်။ Oral Glucose Tolerance Test ကို ကိုယ်ဝန်ဆောင်တွေမှာ ဆီးချိုရှိမရှိတိုင်းတာဖို့ အများဆုံးအသုံးပြုကြပါတယ်။ Oral Glucose Tolerance Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။ ယေဘုယျအားဖြင့် ဆရာဝန်အများစုဟာ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးအားလုံးကို ကိုယ်ဝန်ဆောင်ချိန်ဖြစ်သော ဆီးချို ကို စစ်ဆေးကြပါတယ်။ ကျွမ်းကျင်သူတွေက ဒီစစ်ဆေးမှုကို ကိုယ်ဝန်၂၄ ပတ်ကနေ ၂၈ ပတ်အတွင်း စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ ဒီစစ်ဆေးမှုကို […]


ဆေးစစ်ချက်များ

Glycohemoglobin Test (ဟေမိုဂလိုဘင်ကို ပေါင်းစည်းထားသော သကြားဓါတ်ပမာဏ စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Glycohemoglobin Test (ဟေမိုဂလိုဘင်ကို ပေါင်းစည်းထားသော သကြားဓါတ်ပမာဏ စစ်ဆေးခြင်း) ကဘာလဲ။ glycohemoglobin test သို့ hemoglobin A1c စစ်ဆေးမှုဟာ သွေးနီဥထဲမှာ ရှိတဲ့ ဟေမိုဂလိုဘင် ကို ပေါင်းစည်းထားတဲ့ သကြားပမာဏကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဟေမိုဂလိုဘင် နဲ့ ဂလူးကိုစ့် ပေါင်းတဲ့အခါမှာ ဟေမိုဂလိုဘင် ပေါ်မှာ သကြားတစ်ထပ် ဖြစ်ပေါ်လာပါတယ်။ ဒီအထပ်ဟာ သွေးသကြားဓါတ်များလေလ ပိုထူလာလေလေ ဖြစ်ပါတယ်။ A1c tests ဟာ ဒီသကြားထပ်ထားတဲ့ အလွှာ သုံးလအတွင်းမှာ ဘယ်လောက်ထူလဲဆိုတာ တိုင်းတာခြင်းဖြစ်ပြီး သွေးနီဥတွေ ဘယ်လောက်အသက်ရှင်လဲဆိုတာဖေါ်ပြခြင်း ဖြစ်ပါတယ်။ ဆီးချို (သို့) အခြားသွေးတွင်း ဂလူးကိုစ့် ပမာဏ တက်စေတဲ့ အခြေအနေတွေမှာ Glycohemoglobin ပမာဏ ပုံမှန်ထက် များတတ်ပါတယ်။ A1c test […]


ဆေးစစ်ချက်များ

Growth Hormone Test (ကြီးထွားဟော်မုန်းစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Growth Hormone Test (ကြီးထွားဟော်မုန်းစစ်ဆေးခြင်း) ကဘာလဲ။ Growth Hormone Test ဟာ ကိုယ်ခန္ဓါ အတွင်းမှာ ရှိတဲ့ ကြီးထွားဟော်မုန်း (Growth Hormone) တွေကို တိုင်းတာပါတယ်။ ကြီးထွားဟော်မုန်းတွေကို ဦးနှောက်မှာရှိတဲ့ Pituitary Gland ကနေ ထုတ်ပြီး ကိုယ်ခန္ဓါ ကြီးထွားစေဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓါက အစာကို အားအင်အဖြစ်အသုံးပြုတဲ့ ဖြစ်စဉ်မှာလည်း အရေးကြီးပါတယ်။ သွေးအတွင်းက ကြီးထွားဟော်မုန်း ပမာဏဟာ နေ့အချိန်မှာ ပြောင်းလဲနိုင်ပြီး လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်စက်ခြင်းနဲ့ စိတ်ဖိစီးတို့ပေါ်မှာလည်း မူတည်ပြောင်းလဲနိုင်ပါတယ်။ ကလေးဘဝမှာ ကြီးထွားဟော်မုန်း များခြင်းဟာ ကလေးကို ပုံမှန်ထက်ပိုတဲ့ ကြီးထွားမှုကို ဖြစ်စေပါတယ်။ ကလေးဘဝမှာ ကြီးထွားဟော်မုန်း နည်းခြင်းကတော့ ကလေးငယ်ကို ဖွံ့ဖြိုးမှုနည်းစေပါတယ်။ ဒီအခြေအနေနှစ်ခုလုံးကို စောစီးစွာ သိရှိမယ်ဆိုရင် […]


ဆေးစစ်ချက်များ

H. Pylori Test (အစာအိမ်ပိုးစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်H. Pylori Test (အစာအိမ်ပိုးစစ်ဆေးခြင်း) ကဘာလဲ။ အစာအိမ်ပိုး စစ်ဆေးခြင်းကို အစာအိမ်နဲ့ အူသိမ်အပေါ်ပိုင်းမှာ Helicobacter pylori (H.pylori) အစာအိမ်ရောဂါပိုးကူးစက်ခြင်းကို စစ်ဆေးဖို့ အသုံးပြုပါတယ်။ H.pylori ဟာ အစာအိမ်၊ အူသိမ် အနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် H.pylori ရှိတဲ့ လူအများစုဟာ သူတို့ရဲ့ အစာချေလမ်းကြောင်းထဲမှာ အနာမဖြစ်ကြပါဘူး။ H.pylori ကို စစ်ဆေးမှု လေးမျိုးရှိပါတယ်။ • Blood antibody test – ဒီစစ်ဆေးမှုဟာ ကိုယ်ခန္ဓါက H.pylori ဘက်တီးရီးယား အတွက် ပဋိပစ္စည်း တွေ လုပ်ပြီးပြီလားဆိုတာ စစ်ဆေးဖို့ အသုံးပြုပါတယ်။ H.pylori antibodies တွေ သွေးထဲမှာ ရှိတယ်ဆိုရင် ဒါဟာ အခုလတ်တလော ရောဂါပိုးဝင်ခြင်း (သို့) အရင်တုန်းက ရောဂါပိုးဝင်ခြင်း […]


ဆေးစစ်ချက်များ

Hdl Cholesterol Test (ကောင်းသော အဆီ HDL ကို စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hdl Cholesterol Test (ကောင်းသော အဆီ HDL ကို စစ်ဆေးခြင်း) ကဘာလဲ။ HDL cholesterol test ဟာ သွေးအတွင်းမှာရှိတဲ့ ကောင်းတဲ့ ကိုလက်စထရောဓါတ်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ HDL ဟာ High density lipoprotein အတိုကောက် စကားလုံးဖြစ်ပါတယ်။ Lipoproteins တွေမှာ ပရိုတင်းနဲ့ အဆီတွေ ပါဝင်ပါတယ်။ HDL ဟာ မကောင်းတဲ့ ကိုလက်စထရောဓါတ်တွေဖြစ်တဲ့ LDL၊ triglycerides နဲ့ ဆိုးဝါးသော အဆီတွေကို အသည်းကို သန့်စင်ပေးဖို့အတွက် သယ်ပို့ပေးတာကြောင့် သူ့ကို ကောင်းတဲ့ ကိုလက်စထရောဓါတ်လို့ခေါ်ပါတယ်။ HDL ဟာ အသည်းကိုရောက်ရင် အသည်းဟာ LDL ကို ချေဖျက်လိုက်ပြီး သည်းခြေရည် အဖြစ်ပြောင်းလိုက်ကာ ကိုယ်ခန္ဓါ အတွင်းပိုင်းကနေ စွန့်ထုတ်လိုက်ပါတယ်။ သုတေသနတွေက […]


ဆေးစစ်ချက်များ

Hemochromatosis Gene Test (မွေးရာပါသံဓါတ်များသောရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemochromatosis Gene Test (မွေးရာပါသံဓါတ်များသောရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်း) ကဘာလဲ။ Hemochromatosis Gene Test ကို မွေးရာပါ သံဓါတ်များသော ရောဂါကို စစ်ဆေးဖို့ အသုံးပြုပါတယ်။ သံဓါတ်များခြင်းဆိုတာဟာ ကိုယ်ခန္ဓါက သံဓါတ်စုပ်ယူမှု များပြားတဲ့ မွေးရာပါ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သံဓါတ်တွေဟာ သွေး၊ အသည်း၊ နှလုံး၊ မုန့်ချိုအိတ်၊ အဆစ်၊ အရေပြားနဲ့ အခြားအင်္ဂါတွေမှာ စုပုံနေတာ ဖြစ်ပါတယ်။ အစောပိုင်းအဆင့်တွေမှာတော့ သံဓါတ်များခြင်းဟာ အဆစ်နာခြင်း၊ ဗိုက်နာခြင်း၊ အားနည်းခြင်း၊ အားအင်မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတွေကို ဖြစ်စေပါတယ်။ သူဟာ အသည်းခြောက်ခြင်း၊ အသားမည်းခြင်း၊ ဆီးချိုရောဂါ၊ မြုံခြင်း၊ နှလုံးရောဂါ၊ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းနဲ့ အဆစ်ရောင်ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ ဒါပေမယ့် လူအတော်များများဟာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ မပြတတ်ပါဘူး။ အမျိုးသားတွေမှာတော့ မွေးရာပါသံဓါတ်များသောရောဂါ ကို […]


ဆေးစစ်ချက်များ

Hemoglobin Electrophoresis (လျှပ်စီးကြောင်းသုံးပြီးဟေမိုဂလိုဘင် စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemoglobin Electrophoresis (လျှပ်စီးကြောင်းသုံးပြီးဟေမိုဂလိုဘင် စစ်ဆေးခြင်း) ကဘာလဲ။ hemoglobin electrophoresis test ဟာ သွေးအတွင်းမှာ ရှိတဲ့ ဟေမိုဂလိုဘင် အမျိုးအစားတွေကို စစ်ဆေးဖို့ အသုံးပြုတဲ့ သွေးစစ်ဆေးမှုတစ်မျိုး ဖြစ်ပါတယ်။ ဟေမိုဂလိုဘင် ဟာ အောက်စီဂျင်သယ်ပေးတဲ့ သွေးဆဲလ်တွေအတွင်းမှာ ရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ပုံမှန် ဟေမိုဂလိုဘင် အမျိုးအစားတွေကတော့ • Haemoglobin A – ဒါဟာ လူကြီးတွေမှာ အတွေ့အများဆုံး ဟေမိုဂလိုဘင် တစ်မျိုး ဖြစ်ပါတယ်။ အချို့ရောဂါတွေဖြစ်တဲ့ ပြင်းထန်တဲ့ thalassemia (သာလာဆီးမီးယား သွေးအာနည်းရောဂါ) တွေဟာ Haemoglobin A ပမာဏကို ကျဆင်းစေပြီး Haemoglobin F ပမာဏကို မြင့်မားစေပါတယ်။ • Haemoglobin F (Fetal haemoglobin) – ဒီအမျိုးအစားဟာ သန္ဓေသားတွေနဲ့ […]


ဆေးစစ်ချက်များ

Hepatitis A Virus Test (အသည်းရောင်အေပိုးစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatitis A Virus Test (အသည်းရောင်အေပိုးစစ်ဆေးခြင်း) ကဘာလဲ။ Hepatitis A Virus Test ဟာ အသည်းရောင် အေပိုးကို ဖြစ်စေတဲ့ ဗိုင်းရပ်ကို ကိုယ်ခန္ဓါက တုန့်ပြန်တဲ့ ပဋိပစ္စည်း (antibodies) တွေကို ရှာဖွေခြင်းဖြစ်ပါတယ်။ သင့်မှာ အခုအခါ (သို့) အရင်တုန်းက အသည်းရောင်အေ ဗိုင်းရပ်စ်ပိုး ရှိဖူးတယ်ဆိုရင် ဒီ ပရိုတင်း တွေ သွေးအတွင်းမှာ ရှိနိုင်ပါတယ်။ အသည်းရောင်အေဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ကာကွယ်ပြီး ကုသခြင်းစတင်ဖို့ ရောဂါရှိကြောင်း သိရှိဖို့လိုအပ်ပါတယ်။ အသည်းရောင်အေဗိုင်းရပ်စ် ဟာ ရောဂါရှိသူရဲ့ မစင်နဲ့ ညစ်ညမ်းနေတဲ့ အစာ၊ ရေတို့က တစ်ဆင့် ကူးစက်တတ်ပါတယ်။ • IgM anti-HAV antibodies တွေ ကသင့်မှာ မကြာသေးမီက အသည်းရောင်အေဗိုင်းရပ်စ် ရှိနေတယ်ဆိုတာကို ဖေါ်ပြပါတယ်။ […]


ဆေးစစ်ချက်များ

Hepatitis B Test (အသည်းရောင်ဘီပိုးစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatitis B Test (အသည်းရောင်ဘီပိုးစစ်ဆေးခြင်း) ကဘာလဲ။ အသည်းရောင်ဘီပိုးစစ်ခြင်းဆိုတာဟာ အသည်းရောင် ဘီပိုး ကူးစက်ခံရမှု လတ်တလော ရှိနေလား (သို့) အရင်တုန်းက ရှိခဲ့ဖူးလားဆိုတာကို ပြသတဲ့ သွေးအတွင်းက အရာဝတ္ထုတွေကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေဟာ ရောဂါကူးစက်ခံရမှုရဲ့ လက္ခဏာတွေကို ရှာဖွေတာဖြစ်ပါတယ်။ • ဘက်တီးရီယားတွေ၊ ဗိုင်းရပ်စ်တွေက ပြုလုပ်လိုက်တဲ့ antigen markers တွေကို ရှာဖွေခြင်း၊ ဒါကြောင့် HBV antigens တွေ ရှိခြင်းက ကိုယ်ခန္ဓါအတွင်းမှာ ဗိုင်းရပ်စ်ရှိခြင်းကို ဖေါ်ပြပါတယ်။ • Antibodies (ပဋိပစ္စည်း) တွေဟာ ရောဂါကိုတိုက်ဖို့ ကိုယ်ခန္ဓါက ထုတ်လိုက်တဲ့ ပရိုတင်းတွေပဲဖြစ်ပါတယ်။ HBV antibodies တွေ ရှိခြင်းဟာ အရင်က အသည်းရောင်ဘီပိုးနဲ့ ထိတွေ့မှု ရှိခဲ့တယ်ဆိုတာကို ဖေါ်ပြပါတယ်။ ဒါပေမယ့် ဒါဟာ […]


ဆေးစစ်ချက်များ

History And Physical Exam For Copd (COPD အဆုတ်ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်History And Physical Exam For Copd (COPD အဆုတ်ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။ Chronic obstructive pulmonary disease (COPD) ဟာ အသက်ရှူရခက်ခဲတဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါနှစ်မျိုး ပေါင်းစည်းနေခြင်းပဲ ဖြစ်ပါတယ်။ (နာတာရှည်အဆုတ်လေပြွန်ရောင်ခြင်းနှင့် အဆုတ်လေအိတ်လေးများပျက်စီးခြင်း)။ အချိန်ကြာလာတဲ့အမျှ အသက်ရှူကျပ်ခြင်းနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ COPD ကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒါပေမယ့် ဆေးတွေနဲ့ လူနေမှုပုံစံ ပြောင်းလဲခြင်းတွေက လက္ခဏာတွေကို သက်သာစေပါတယ်။ COPD ကို နှေးကွေးစေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဆေးလိပ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်ကျန်းမာရေးရာဇဝင်ဟာ သင့်ဆရာဝန်ကို Chronic obstructive pulmonary disease (COPD) အကြောင်း သိရှိစေဖို့၊ ရောဂါရှာဖွေအတည်ပြုနိုင်ဖို့ အချက်အလက်တွေကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း