ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Human Chorionic Gonadotropin (hCG ဟော်မုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Human Chorionic Gonadotropin (hCG ဟော်မုန်း) ကဘာလဲ။ Human Chorionic Gonadotropin စစ်ဆေးနည်း ကို သွေး (သို့) ဆီးအတွင်းမှာရှိတဲ့ ဟော်မုန်း hCG ကို စစ်ဆေးဖို့ အသုံးပြုကြပါတယ်။ hCG ကို ကိုယ်ဝန်ဆောင်နေစဉ် အချင်းကနေ ထုတ်လုပ်ပေးပါတယ်။ hCG စစ်ဆေးခြင်းတွေကို အမျိုးသမီး ကိုယ်ဝန်ရှိမရှိ သိရှိဖို့နဲ့ မွေးရာပါ ချို့ယွင်းချက်တွေ စစ်ဆေးခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ hCG ကို အချို့ အကျိတ်တွေကလည်း ပြုလုပ်ပါတယ်။ အထူးသဖြင့် သားဥ (သို့) သုက်ပိုး တွေကနေ ဖြစ်လာတဲ့ အကျိတ်တွေကနေ ထုတ်လုပ်ပါတယ်။ hCG ပမာဏတွေကို သားအိမ်အတွင်း ပုံမှန်မဟုတ်တဲ့ တစ်ရှူးကြီးထွားခြင်းတွေ၊ စပျစ်သီးသန္ဓေ နဲ့ သားအိမ်အတွင်း ကင်ဆာဖြစ်ခြင်း (choriocarcinoma) […]


ဆေးစစ်ချက်များ

Karyotype Test (ခရိုမိုဆုန်းစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Karyotype Test (ခရိုမိုဆုန်းစစ်ဆေးခြင်း) ကဘာလဲ။ Karyotype test ဟာ ကိုယ်ခန္ဓါဆဲလ်တွေ အတွင်းမှာရှိတဲ့ ခရိုမိုဆုန်း တွေရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အရေအတွက်ကို ရှာဖွေ စစ်ဆေးတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။ ခရိုမိုဆုန်းအရေအတွက် ပိုနေခြင်း၊ လိုနေခြင်း၊ ပုံမှန်မဟုတ်ခြင်းတွေဟာ လူတစ်ယောက်ရဲ့ ဖွံ့ဖြိုးကြီးထွားမှု၊ ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေမှာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ Karyotype Test (ခရိုမိုဆုန်းစစ်ဆေးခြင်း)တွေကို ဘာကြောင့် လုပ်ကြတာလဲ။ ဒီစစ်ဆေးမှုကို • ကလေးပျက်ကျပြီးတဲ့ စုံတွဲတွေမှာ • ကလေးငယ် (သို့) မွေးကင်းစကလေးတွေမှာ ပုံမှန်မဟုတ်တဲ့ ရုပ်သွင် (သို့) ဖွံ့ဖြိုးမှု ကောင်းကောင်းမရှိဘူးဆိုရင် ပြုလုပ်ကြပါတယ်။ သွေးကင်ဆာ (CML) ရှိတဲ့ လူတွေရဲ့ ၈၅ ရာခိုင်နှုန်း လောက်မှာ တွေ့ရတတ်တဲ့ Philadelphia ခရိုမိုဆုန်း ကို သိရှိစေဖို့ ရိုးတွင်းခြင်ဆီ (သို့) သွေးစစ်ဆေးမှု ကို […]


ဆေးစစ်ချက်များ

Lactic Acid Dehydrogenase Test

အဓိပ္ပါယ်ဖွင့်ဆိုချက်Lactic acid dehydrogenase test ဆိုတာဘာလဲ။ Lactic acid dehydrogenase (LDH) ဟာ စွမ်းအင်ထုတ်လုပ်မှုကို ကူညီပေးတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပါတယ်။ သူဟာ ကိုယ်ခန္ဓါရဲ့ တစ်ရှူးအတော်များများမှာ ပါရှိပြီး ဆဲလ် ပျက်စီးမှုတွေဖြစ်ရင် မြင့်တက်လာတတ်ပါတယ်။ LDH ပမာဏတွေကို သွေးပြန်ကြောအတွင်းက ထုတ်ထားတဲ့ သွေးတွေမှာ တိုင်းတာနိုင်ပါတယ်။ Lactic acid dehydrogenase test တွေကို ဘာကြောင့် လုပ်ကြတာလဲ။ LDH ကို များသောအားဖြင့် တစ်ရှူးပျက်စီးမှုကို တိုင်းတာဖို့အတွက် အသုံးပြုကြပါတယ်။ LDH ပရိုတင်းကို တစ်ရှူးတွေများစွာမှာ တွေ့ရပါတယ်။ အထူးသဖြင့် နှလုံး၊အသည်း၊ ကျောက်ကပ်၊ ကြွက်သား၊ ဦးနှောက်နဲ့ အဆုတ်တွေမှာ တွေ့ရပါတယ်။ ဒီစစ်ဆေးမှု ပြုလုပ်တဲ့ အခြားအခြေအနေတွေကတော့ • သွေးအားနည်းခြင်း • ကင်ဆာ (သွေးကင်ဆာ)၊ ပြန်ရည်ကျိတ်ကင်ဆာ ပြင်ဆင်မှုLactic acid […]


ဆေးစစ်ချက်များ

Lactic Acid Test (လက်တစ်အက်ဆစ် စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lactic Acid Test (လက်တစ်အက်ဆစ် စစ်ဆေးခြင်း) ကဘာလဲ။ Lactic Acid Test ဟာ ကိုယ်ခန္ဓါ အတွင်းမှာရှိတဲ့ လက်တစ်အက်ဆစ် (lactic acid) ပမာဏကို တိုင်းတာတဲ့ သွေးစစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ Lactic Acid အတော်များများကို ကြွက်သားတစ်ရှူးတွေနဲ့ သွေးနီဥတွေက ပြုလုပ်တာဖြစ်ပါတယ်။ ကိုယ်ခန္ဓါအတွင်းမှာ အောက်စီဂျင်ပမာဏက ပုံမှန်ဆိုရင် ကာဗိုဟိုက်ဒရိတ် တွေဟာ ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြိုကွဲပါတယ်။ အောက်စီဂျင်ပမာဏက နည်းတယ်ဆိုရင် ကာဗိုဟိုက်ဒရိတ်တွေဟာ စွမ်းအင်အဖြစ်ကို ပြိုကွဲပြီး Lactic Acid ပြုလုပ်လိုက်ပါတယ်။ Lactic Acid ပမာဏတွေဟာ အပြင်းအထန်အားကစားလုပ်ပြီးရင် (သို့) အခြားအခြေအနေတွေဖြစ်တဲ့ နှလုံးရပ်ခြင်း၊ ပြင်းထန်စွာရောဂါပိုး ဝင်ခြင်း၊ ရှောခ့် ရခြင်း အစရှိတဲ့ ကိုယ်ခန္ဓါတစ်ခုလုံးမှာ သွေးနဲ့ အောက်စီဂျင်စီးဆင်းမှု နိမ့်ကျနိုင်တဲ့ […]


ဆေးစစ်ချက်များ

Laryngoscopy-Direct (အသံအိုးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laryngoscopy-Direct (အသံအိုးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း) ကဘာလဲ။ Laryngoscopy ဟာ သင့်လည်ချောင်း၊ အသံအိုး နဲ့ အသံကြော (ကြိုး) တွေကို မှန်ပြောင်းအသုံးပြုပြီး ဆရာဝန်က စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ မှန်ပြောင်းကြည့်နည်းနှစ်မျိုး ရှိပါတယ်။ တစ်မျိုးစီက မတူညီတဲ့ ကိရိယာတွေကို အသုံးပြုကြပါတယ်။ Direct Laryngoscopy ဟာ ဆရာဝန်ကို လည်ချောင်းအတွင်းပိုင်းအထိ မြင်ရစေပါတယ်။ ဒါကို နည်းနှစ်မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ • Flexible laryngoscopy (ပျော့ပျောင်းသော မှန်ပြောင်း) ကတော့ သေးငယ်ပျော့ပြောင်းပြီး တစ်ဖက်မှာ ကင်မရာပါတဲ့ မှန်ပြောင်း ကို အသုံးပြုတာဖြစ်ပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ဟာ မှန်ပြောင်းကို နှာခေါင်းမှတစ်ဆင့် ပါးစပ်အနောက်ဘက်ထဲ ထည့်လိုက်မှာ ဖြစ်ပါတယ်။ သူ့ကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ရောဂါအမည်တပ်ဖို့ အသုံးပြုကြပါတယ်။ • Rigid laryngoscopy(မာကျောသော မှန်ပြောင်း) ကတော့ အထူးဒီဇိုင်းလုပ်ထားတဲ့ […]


ဆေးစစ်ချက်များ

Lumbar Spine Ct Scan (ခါးကျောရိုးမ ကွန်ပျူတာ ဓါတ်မှန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbar Spine Ct Scan (ခါးကျောရိုးမ ကွန်ပျူတာ ဓါတ်မှန်) ကဘာလဲ။ ကွန်ပျူတာဓါတ်မှန် (CT) ဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကန့်လန့်ဖြတ်အပိုင်းလိုက်ပုံရိပ် တွေ ထုတ်လုပ်ပေးနိုင်တဲ့ X-ray ဓါတ်မှန် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ခါးကွန်ပျူတာဓါတ်မှန် မှာ သင့်ဆရာဝန်ဟာ သင့်ရဲ့ ခါးနောက်ပိုင်းကို ဖြတ်ပြီး မြင်ရမှာ ဖြစ်ပါတယ်။ စက် ဟာ ကိုယ်ခန္ဓါ အနှံ့လည်နေမှာ ဖြစ်ပြီး ကွန်ပျူတာပေါ်ကို ဓါတ်ပုံတွေ ပို့ပေးမှာ ဖြစ်ပြီး ဒါတွေကိုပညာရှင် က ပြန်ကြည့်မှာ ဖြစ်ပါတယ်။ ကျောရိုးမရဲ့ ခါးအပိုင်း ဟာ ခါးနာခြင်းတွေ အဓိက ဖြစ်နိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ ခါး ဟာ ကျောရိုးမရဲ့ အောက်ဘက်အကျဆုံးနေရာဖြစ်ပြီး ကျောရိုးအဆစ် ၅ ခုနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး […]


ဆေးစစ်ချက်များ

Lumbosacral Spine Ct Scan (ခါးနှင့် မြီးညောင့်ရိုးကျောရိုးမ ကွန်ပျူတာဓါတ်မှန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lumbosacral Spine Ct Scan (ခါးနှင့် မြီးညောင့်ရိုးကျောရိုးမ ကွန်ပျူတာဓါတ်မှန်) ကဘာလဲ။ ကွန်ပျူတာဓါတ်မှန်လို့ သိကြတဲ့ CT ဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကန့်လန့်ဖြတ် အပိုင်းလိုက်ပုံရိပ် တွေ ထုတ်လုပ်ပေးနိုင်တဲ့ X-ray အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Lumbosacral spine CT ဟာ ကျောရိုးမအောက်ပိုင်းနဲ့ ပတ်ပတ်လည်က တစ်ရှူးတွေကို ရိုက်ပေးတဲ့ CT ပဲဖြစ်ပါတယ်။ Lumbosacral spine CT scan တွေကို ဘာကြောင့် လုပ်ကြတာလဲ။ CT ဟာ ကိုယ်ခန္ဓါရဲ့ အသေးစိတ် ပုံရိပ်တွေကို ဖန်တီးပေးပါတယ်။ Lumbosacral spine CT scan ဟာ အရိုးကျိုးခြင်းတွေ၊ ကျောရိုးမ ပြောင်းလဲမှုတွေနဲ့ အဆစ်ရောင်ခြင်းတွေကို သိရှိနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို ကျောရိုးမနဲ့ အာရုံကြောအမြစ် တွေရဲ့ X-ray […]


ဆေးစစ်ချက်များ

Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tissue Type Test (ကိုယ်ခန္ဓါဆဲလ်များရှိ ပဋိဓါတ်ရှာဖွေသော သွေးစစ်ဆေးမှု) ကဘာလဲ။ Tissue Type Test ဟာ ကိုယ်ခန္ဓါ ဆဲလ်တွေနဲ့ တစ်ရှူးတွေရဲ့ မျက်နှာပြင်ပေါ်က ပဋိဓါတ် (antigens) တွေကို ရှာဖွေတဲ့ သွေးစစ်ဆေးမှုဖြစ်ပါတယ်။ antigens တွေကို စစ်ဆေးခြင်းဟာ အစားထိုးကုသမှုတွေမှာ လှူဒါန်းတဲ့ တစ်ရှူးက သင့်လျော် စိတ်ချရမှုရှိမရှိ ဆိုတာကို ပြောပြနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို HLA typing လို့လည်း ခေါ်ပါတယ်။ ပဋိဓါတ် (Antigens) တွေဟာ ပုံမှန် ကိုယ်ခန္ဓါ တစ်ရှူးတွေ သို့ ပြင်ပတစ်ရှူး တွေရဲ့ ကွာခြားချက်ကို ဖေါ်ပြနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ Tissue Type Test ကို လူတစ်ယောက်မှာ ကိုယ်ခန္ဓါက သူ့ရဲ့ ဆဲလ်တွေကို ပြန်တိုက်တဲ့ရောဂါဖြစ်တဲ့ […]


ဆေးစစ်ချက်များ

Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tonometry (မျက်လုံးတွင်းဖိအားတိုင်းတာခြင်း) ကဘာလဲ။ Tonometry ဟာ မျက်လုံးအတွင်းမှာ ရှိတဲ့ ဖိအား (intraocular pressure IOP) ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို ရေတိမ်စစ်ဆေးမှုအတွက် အသုံးပြုပါတယ်။ ရေတိမ်ဟာ မျက်လုံးနောက်ဘက်အာရုံကြော ထိခိုက်မိပြီး မျက်စိကွယ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်စိအာရုံကြော (Optic nerve) ကို ထိခိုက်မိခြင်းဟာ မျက်လုံးထဲက အရည်တွေ အပြင်ကို ကောင်းကောင်းမထွက်နိုင်ခြင်းကြောင့် အရည်စုပြုံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ Tonometry ဟာ မျက်ကြည်လွှာမှ ဖိအားကို ခံနိုင်မှု ကို တိုင်းတာခြင်းအားဖြင့် မျက်လုံးတွင်းဖိအား (IOP) ကို တိုင်းတာဖြစ်ပါတယ်။ မျက်လုံးကို ထုံသွားအောင် မျက်စဉ်းတွေကို အသုံးပြုပြီး အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ • Applanation (Goldmann) tonometry – ဒီနည်းလမ်းကတော့ မျက်လုံးဖိအားကို တိုင်းတာဖို့ […]


ဆေးစစ်ချက်များ

Eye Angiogram (မျက်လုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eye Angiogram (မျက်လုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း) ကဘာလဲ။ Fluorescein angiogram ဟာ သွေးထဲကို Fluorescein dye (ပုံရိပ်ဖမ်းယူရာတွင် အကူအညီပေးသော ဆိုးဆေး) တွေထိုးသွင်းပြီး စစ်ဆေးတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ Fluorescein Dye တွေဟာ မျက်လုံးနောက်က သွေးကြောတွေကို ပိုမိုထင်ရှားစေတာမို့ သူတို့ကို ဓါတ်ပုံရိုက် စစ်ဆေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို မျက်စိပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ ဒီစစ်ဆေးမှုကို ပြုလုပ်ပြီး ရောဂါအတည်ပြုဖို့၊ သင့်လျော်တဲ့ ကုသမှုကို ဆုံးဖြတ်ဖို့နဲ့ မျက်လုံးနောက်က သွေးကြောတွေ အခြေအနေကို စောင့်ကြည့်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။ Fluorescein angiogram တွေကို ဘာကြောင့် လုပ်ကြတာလဲ။ ဒီစစ်ဆေးမှုဟာ မျက်လုံးနောက်က အလွှာနှစ်ခုကြားက သွေးကြောတွေအတွင်း လုံလောက်တဲ့ သွေးစီးဆင်းမှု ရှိမရှိ သိရှိဖို့ အသုံးပြုပါတယ်။ သူ့ကို မျက်လုံး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း