ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Acth Stimulation Test With Cosyntropin (cosyntropin ဖြင့် ACTH လှုံ့ဆော်သော စမ်းသပ်မှု)

cosyntropin ဖြင့် ACTH လှုံ့စော်စစ်ဆေးခြင်းဆိုတာဘာလဲ။ Cosyntropin (Cortrosyn) ဆိုသည်မှာ လူလုပ်ဓါတုပစ္စည်းတစ်မျိုးဖြစ်ပြီး ACTH ဟော်မုန်းနှင့် တူညီသောအကျိုးရလဒ်ရှိပါသည်။ ဆိုလိုသည်မှာ ၎င်းသည် adrenal cortex မှ cortisol ထွက်စေရန် လှုံစော်ပေးနိုင်ပါသည်။ ဒီစမ်းသပ်ချက်တွင် Cosyntropin ကို ထိုးသွင်းမည်ဖြစ်သည်။ ထို့နောက် သင်၏ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူမှ ဆေးမထိုးခင်နှင့်ထိုးပြီး cortisol လယ်ဗယ်ကို စစ်ဆေးမည်ဖြစ်သည်။ ဒီနည်းအားဖြင့် ဆရာဝန်သည် သင်၏ adrenal cortex အလုပ်ကောင်းကောင်း လုပ်မလုပ် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ Cosyntropin ထိုးပြီးနောက် သွေးထဲမှ cortisol လယ်ဗယ်မြင့်တက်နေလျှင် သင်၏ adrenal cotex သည် လှုံစော်မှုကိုတုန့်ပြန်ပြီး ကောင်းကောင်းအလုပ်လုပ်သည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် adrenal သည်ပုံမှန်ဖြစ်ပြီး adrenal မလုံလောက်ခြင်းရောဂါအကြောင်းရင်းသည် Pituitary ဂလင်းမှလာနေသည်ဟုသိနိုင်သည်။ […]


ဆေးစစ်ချက်များ

Acth Stimulation Test With Metyrapone (Metyrapone ဖြင့် ACTH လှုံ့ဆော်သော စမ်းသပ်မှု)

Metyrapone ဖြင့် ACTH လှုံ့စော်စစ်ဆေးခြင်းဆိုတာဘာလဲ။ Meryrapone ဆိုသည်မှာ cortisol ဖြစ်ပေါ်ခြင်းကိုတားဆီးသည့်ပစ္စည်းဖြစ်သည်။ ထို့ကြောင့် cortisol လယ်ဗယ်မြင့်လာမည်ဖြစ်သည်။ ( cortisol သည် adrenocorticotropic များကြောင့် ထုတ်လုပ်သည့်ဟော်မုန်းဖြစ်သည်) ဒီဆေးကိုသုံးသည့်အခါ cortisol ထုတ်လုပ်မှုကိုကျသွားစေပြီး pituitary ဂလင်းကို လှုံစော်စေပါသည်။ ထို့အပြင် ဒီစစ်ဆေးမှုသည် ကင်ဆာအကျိတ်များမှ ACTH ထုတ်မထုတ် သို့မဟုတ် Cushing’s Syndrome ရှိမရှိ သို့မဟုတ် Adrenal မလုံလောက်ခြင်းရှိမရှိကို စစ်ဆေးနိုင်ပါသည်။ ဒီစစ်ဆေးမှုသည် Cosyntropin စစ်ဆေးမှုနှင့် ဆင်တူသည်။ Metyrapone ဖြင့် ACTH လှုံ့စော်စစ်ဆေးခြင်းကို ဘာကြောင့်လုပ်ရသလဲ။ အောက်ပါကိစ္စရပ်များတွင် ဒီစစ်ဆေးမှုကိုလုပ်၏။ • Adrenal hyperplasia နှင့် မူလ adrenal မလုံလောက်ခြင်းကို ခွဲခြားရန် • Cushing’ syndrome ကို သိရှိရန် • Adrenal မလုံလောက်မှုကို […]


ဆေးစစ်ချက်များ

Adrenocorticotropic Hormone (အက်ဒရီနို ကော်တီကို ထရိုးပစ် ဟော်မုန်း)

Adrenocorticotropic ဟော်မုန်းဆိုတာဘာလဲ။ Adrenocorticotropic ဟော်မုန်း (ACTH) ကို Pituitary ဂလင်းရှေ့ခြမ်းပိုင်း အလုပ် လုပ်မလုပ်နှင့် Cushing’s Syndrome (Cortisol ဟော်မုန်းများ အများအပြားထုတ်လုပ်သောရောဂါ)၊ Addison ၏ ရောဂါများ ရှိမရှိ စစ်ဆေးရန်အတွက် အသုံးပြုသည်။ ACTH သည် Pituitary ဂလင်းရှေ့ခြမ်းပိုင်းမှထုတ်သော အခန္ဓါကိုယ်အတွက် အရေးပါသည့် ဟော်မုန်းတစ်မျိုးဖြစ်သည်။ ပထမဆုံးအနေဖြင့် corticotrophin releasing ဟော်မုန်း (CRH) အား hypothalamus ဂလင်းမှထုတ်လိုက်၏။ ထိုဟော်မုန်းသည် Pituitary ဂလင်းအား ACTH ထုတ်စေရန် လှုံစော်ပေးသည်။ ထို့နောက် ACTH သည် adrenal cortex အားလှုံ့စော်ပေးပြီး cortisol ကိုထွက်လာစေသည်။ သွေးတွင်း၌ cortisol လယ်ဗယ်မြင့်လာပါက CRH ထုတ်ခြင်းကိုတားလိုက်ပြီး ACTH လဲ […]


ဆေးစစ်ချက်များ

Agglutinins Febrile (ပုံမှန် ခန္ဓါကိုယ်အပူချိန်မှာ သွေးနီဥများကပ်စေသောပဋိပစ္စည်း)

Agglutinins febrile ဆိုတာဘာလဲ။ ပုံမှန်ခန္ဓါကိုယ်အပူချိန်၌ Agglutination စစ်ဆေးခြင်း (febrile antibodies) ကို ကူးစက်ရောဂါများ (ဥပမာ salmonella, rickettsia diseases, brucellosis, tularemia) နှင့် Lymphoma၊ လူကီးမီးယားကဲ့သို့ ကင်ဆာများကို ရောဂါအမည်တပ်နိုင်ရန်နှင့် စောင့်ကြည့်နိုင်ရန်သုံးကြသည်။ ၎င်းသည် hot agglutinins များနှင့်လည်း ဆက်နွှယ်ပါသည်။ ရောဂါပိုးနှင့်သင့်တော်သည့် ပိုးသတ်ဆေးကုထုံးများသည် antibodies များ၏ လုပ်ဆောင်ချက်များကိုကျသွားစေပြီး ပုံမှန်အပူချိန်၌ agglutination ကိုဖြစ်စေပါသည်။ ဒီစစ်ဆေးမှုသည် တိကျသောရောဂါအမည်ကိုထုတ်မပေးနိုင်သလို sensitive လဲမဖြစ်ပါ။ ဒီစစ်ဆေးချက်ကို ကူးစက်ပိုးများအားဖော်ထုတ်ပေးပြီး ရောဂါကုသရာတွင် ပိုပြီးတိကျမှု၊ ပိုပြီး sensitive ဖြစ်မှုကို ရရှိစေပါသည်။ agglutinins febrile စစ်ဆေးမှုကို ဘာကြောင့်လုပ်ရသလဲ။ ဒီ antibodiy စစ်ဆေးမှုအား rickettsia, Salmonella နှင့် Brucella […]


ဆေးစစ်ချက်များ

Alanine Aminotransferase (အယ်လနင်း အမိုင်နိုထရန်စဖာအေ့စ်)

Alanine aminotransferase စစ်ဆေးခြင်းဆိုတာ ဘာလဲ။ alanine aminotransferase (ALT) စစ်ဆေးခြင်းသည် သွေးထဲတွင်ရှိသော ၎င်းအင်ဇိုင်းပမာဏကို တိုင်းတာခြင်းဖြစ်သည်။ ALT ကို အဓိအားဖြင့် အသည်းတွင်တွေ့ရပြီး ကျောက်ကပ်၊ နှလုံး၊ ကြွက်သားများနှင့် မုန့်ချိုအိတ်၌လဲ အနည်းငယ် တွေ့ရှိရပါသည်။ ALT ကို ယခင်က serum glutamic pyruvic transaminase (SGPT) ဟုခေါ်ခဲ့ပါသည်။ ALT အား အသည်းထိခိုက်မှု သို့မဟုတ် အသည်းရောဂါများရှိမရှိ သိနိုင်ရန် တိုင်းတာပါသည်။ ALT ကို ပုံမှန်အားဖြင့် သွေးထဲ၌ ပမာဏအနည်းငယ်သာ တွေ့ရှိရသည်။ သို့သော် အသည်းတွင်ထိခိုက်ခြင်း၊ ရောဂါရှိခြင်းများဖြစ်သည့်အခါ ALT အား သွေးထဲသို့ ထုတ်လွှတ်လိုက်ပါသည်။ ထို့ကြောင့် ALT လယ်ဗယ် တက်လာမည်ဖြစ်သည်။ ALT လယ်ဗယ်တက်ခြင်းအများစုသည် အသည်းထိခိုက်ခြင်းကြောင့်ဖြစ်သည်။ ALT […]


ဆေးစစ်ချက်များ

Microscopic Colitis (ဝမ်းစစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Microscopic Colitis (ဝမ်းစစ်ခြင်း) ကဘာလဲ။ ဝမ်းစစ်ခြင်း ဆိုတာ အစာချေလမ်းကြောင်းမှာ ဖြစ်နေတဲ့ တချို့သော အခြေအနေတွေကို ရှာဖွေနိုင်ရန် မစင်နမူနာတစ်ခု အပေါ်ပြုလုပ်တဲ့ စမ်းသပ်ချက်တွေကို ဆိုလိုတာပါ။ ဒီအခြေအနေတွေမှာ ကူးစက်ရောဂါတွေ (ကပ်ပါးပိုး၊ ဗိုင်းရပ်စ် ၊ ဘက်တီးရီးယား)၊ အာဟာရစုပ်ယူမှု အားနည်းခြင်း (သို့) ကင်ဆာတို့ ပါဝင်နိုင်ပါတယ်။ ဝမ်းစစ်ခြင်း လုပ်ဖို့ မစင်နမူနာတစ်ခုကို ဘူးအသန့်တစ်ခုထဲ ထည့်ပြီး ဓါတ်ခွဲခန်းကို ပို့ရပါတယ်။ ဓါတ်ခွဲခန်းမှာ မိုက်ခရိုစကုပ်ဖြင့် ကြည့်ခြင်း၊ ဓါတုစမ်းသပ်မှုတွေ၊ နှင့် အဏုဇီ၀ စစ်ဆေးခြင်း တွေ ပြုလုပ်ပါလိမ့်မယ်။ မစင် ရဲ့ အရောင်၊ သိပ်သည်းမှု၊ အရေအတွက်၊ ပုံပန်းသဏ္ဍာန်၊ အနံ့ နှင့် ချွဲပါမပါ ကြည့်ရပါမယ်။ မစင် အတွင်း သွေး၊ အဆီ၊ အသားမျှင်၊ သည်းခြေရည်၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း