ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Electronystagmography

အဓိပ္ပါယ်ဖွင့်ဆိုချက်Electronystagmogram ဆိုတာဘာလဲ။ Electronystagmogram (ENG) ဟာ ပုံမှန်မျက်စိလှုပ်ရှားမှုတွေနဲ့ ထိန်းချုပ်ထားခြင်းမရှိတဲ့ အလျင်အမြန် မျက်စိလှုပ်ရှားမှုတစ်မျိုးဖြစ်တဲ့ nystagmus ကို တိုင်းတာဖို့ အသုံးပြုပါတယ်။ သူဟာ မျက်စိလှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ ကြွက်သားတွေကိုလည်း စစ်ဆေးပေးပါတယ်။ Electronystagmogram (ENG) ဟာ မျက်လုံး၊ နားအတွင်းပိုင်း တို့ကို စစ်ဆေးပေးပြီး ညီမျှမှုနဲ့ ဟန်ချက်ထိန်းနိုင်မှုတွေကို ဦးနှောက်က ဘယ်လောက်ထိန်းနိုင်လဲဆိုတာကို စစ်ဆေးပေးပါတယ် (ဥပမာ လဲလျောင်းနေရာက မတ်တပ်ထလိုက်စဉ် ဟန်ချက်ထိန်းနိုင်မှု) Electronystagmogram (ENG) ဟာ နားအတွင်းပိုင်း၊ ဦးနှောက် (သို့) အာရုံကြောတွေ ပျက်စီးမှု ရှိမရှိလည်း စစ်ဆေးပေးပါတယ်။ ဒီပြဿနာတွေဟာ ခေါင်းမူးခြင်း၊ ချာချာလည်ခြင်းနဲ့ ညီမျှမှု ပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ Nystagmus ဟာ ပုံမှန်အားဖြင့် ခေါင်းလှုပ်ရှားလိုက်ရင် ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် ခေါင်းမလှုပ်ရှားပဲ nystagmus […]


ဆေးစစ်ချက်များ

Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း) ကဘာလဲ။ သားအိမ်အသားစ စစ်ဆေးခြင်းဆိုတာဟာ ဆရာဝန်က သားအိမ်နံရံကို အသားစယူပြီး ဓါတ်ခွဲစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ယူထားတဲ့အသားစကို အဏုကြည့်မှန်ပြောင်းအောက်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ရှာဖွေမှာဖြစ်ပါတယ်။ သားအိမ်အသားစစ်ခြင်းဟာ သားအိမ်နံရံထဲမှာဖြစ်နေတဲ့ ပြဿနာတွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။ သူဟာ ဆရာဝန်ကို ကိုယ်ခန္ဓါရဲ့ သားအိမ်နံရံ ပေါ်သက်ရောက်မှုရှိတဲ့ ဟော်မုန်းပမာဏညီမျှမှုကိုလည်း စစ်ဆေးပေးမှာဖြစ်ပါတယ်။ သားအိမ်အသားစ စစ်ဆေးခြင်း လုပ်ဖို့နည်းအမျိုးမျိုးရှိပါတယ်။ • ပိုက်နဲ့တူတဲ့ ပျော့ပြောင်းတဲ့ ပြွန်ကို အသုံးပြုပြီး သားအိမ်နံရံကို စုပ်ယူမှာဖြစ်ပါတယ်။ ဒီနည်းဟာ မြန်ဆန်ပေမဲ့ ဗိုက်နာခြင်းကို ဖြစ်စေပါတယ်။ • Vibra aspiration (လျှပ်စစ်ဓါတ်အသုံးပြုပြီး စုပ်ယူခြင်း)။ ဒီနည်းဟာ မအီမသာဖြစ်စေနိုင်ပါတယ်။ • သားအိမ်နံရံက တစ်ရှူးတွေ ကွာကျဖို့အတွက် ဖျန်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ နံရံကို ခြစ်ထုတ်ဖို့ စုပ်တံကို အသုံးပြုနိုင်ပါတယ်။ သားအိမ်အသားစ စစ်ခြင်း […]


ဆေးစစ်ချက်များ

Albumin (အယ်လဗြူမင်)

Albumin စစ်ဆေးခြင်း ဆိုတာဘာလဲ။ Albumin စစ်ဆေးခြင်းသည် သွေးတွင်း၌ရှိသော ပရိုတင်း Albumin များခြင်းကို အသည်းရောဂါရှိမရှိသိရန်အတွက် စစ်ဆေးခြင်းဖြစ်သည်။ Albumin သည် ပရိုတင်းတစ်မျိုးဖြစ်ပြီး အသည်းတွင်း၌ ဖြစ်ပေါ်ပါသည်။ ခန္ဓါကိုယ်တစ်ခုလုံးတွင်ရှိသော ပရိုတင်းအားလုံး၏ ၆၀ % သည် Albumin ဖြစ်သည်။ သွေးထဲ၌ရှိသော Albumin ၏ အဓိကအသုံးသည် colloidal osmotic ဖိအားကိုထိန်းပြီး သွေးကြောများအတွင်း၌ ရေများတည်မြဲစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့အပြင် Albumin သည် ဆေးများ၊ ဟော်မုန်းများနှင့် အင်ဇိုင်းများတို့ကဲ့သို့ ခန္ဓါကိုယ်အတွက်အရေးကြီးသည့် ပစ္စည်များအား သယ်ယူပို့ဆောင်ရန်အတွက်လဲ ဆောင်ရွက်ပါသေးသည်။ Albumin အားအသည်းမှထုတ်သောကြောင့် အသည်း၏လုပ်ငန်းအားစစ်ဆေးရန်အတွက် စံပင်ဖြစ်သည်။ အသည်းဆဲလ်များအား ရောဂါများမှ ထိခိုက်စေသည့်အခါ အသည်းဆဲလ်များသည် Albumin ထုတ်လုပ်နိုင်စွမ်းပျောက်သွားလေ၏။ သွေးထဲမှ Albumin လယ်ဗယ်သည်လည်း များစွာကျသွားမည်။ သို့သော် […]


ဆေးစစ်ချက်များ

Allergy Blood Testing (သွေးဓါတ်မတည့်မှုစစ်ဆေးခြင်း)

သွေးဓါတ်မတည့်မှုစစ်ဆေးခြင်းဆိုတာ ဘာလဲ။ သွေးဓါတ်မတည့်မှုစစ်ဆေးခြင်းသည် Immunoglobulin E (IgE) ပမာဏကို တိုင်းတာခြင်းဖြစ်သည်။ ၎င်းသည် သင့်၌ဓါတ်မတည့်မှုရှိမရှိ သို့မဟုတ် မတည့်သည့်အရာရှိမရှိ သိနိုင်ရန်အတွက် အသုံးဝင်သောစစ်ဆေးမှုဖြစ်သည်။ ဓါတ်မတည့်မှုရှိသည့်လူနာများတွင် ဓါတ်မတည့်သည့်အရာအား ထိတွေ့မိလျှင် သွေရည်ကြည်ထဲ၌ IgE ပမာဏ များလာမည်ဖြစ်သည်။ ဓါတ်မတည့်မှုဖြစ်စေသည့် ဓါတ်မတည့်သည့်အရာများစွာ ရှိသည်။ ၎င်းတို့တွင် တိရိစ္ဆာန်သားမွှေးများ၊ အစားအစာ၊ ပန်းဝတ်မှုန်၊ ဖုံမှုန့်၊ ဖားဥမှို၊ အင်းဆက်အဆိပ်များ၊ ဆေးများနှင့် အလုပ်ပတ်ဝန်းကျင်မှ အရာများပါဝင်ပါသည်။ သွေးဓါတ်မတည့်မှုစစ်ဆေးခြင်းကို ဘာကြောင့်လုပ်ရသလဲ။ တစ်ချို့အရာများအားထိတွေ့မိ၍ ဓါတ်မတည့်ခြင်းကို ညွှန်ပြနိုင်မည့် လက္ခဏာများရှိနေပါက စစ်ဆေးမှုကိုပြုလုပ်နိုင်ပါသည်။ ဒီလက္ခဏာများတွင် အောက်ပါတို့ပါဝင်၏။ • အရေပြားရောင်ခြင်း • နှင်းခူ • မျက်စေ့နီရဲခြင်း ယားယံခြင်း • ချောင်းဆိုးခြင်း၊ နှာရည်ကျခြင်း၊ နှာစေးခြင်း • ပန်းနာရင်ကြပ် • ပါးစပ်တွင် ထုံကျင်ယားယံခြင်း • ဗိုက်နာခြင်း အန်ခြင်း ဝမ်းပျက်ခြင်း သွေးဓါတ်မတည့်မှုစစ်ဆေးခြင်းမလုပ်ခင် ဘာတွေသိထားရမလဲ။ လုံးဝမလုပ်သင့်သူများတွင် • ဓါတ်မတည့်မှုများစွာရှိသည့် လူနာများ • […]


ဆေးစစ်ချက်များ

Alpha-Amylase (အယ်ဖာ အမိုင်လေ့စ်)

Alpha amylase ဆိုတာဘာလဲ။ Amylase စစ်ဆေးခြင်းသည် သွေးနမူနာထဲ သို့မဟုတ် ဆီးနမူနာထဲမှ ၎င်းဓါတ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် သွေးထဲ ဆီးထဲ၌တွေ့ရသော Amylase ပမာဏသည် နည်းပါး၏။ သို့သော် အကယ်၍ မုန့်ချိုအိတ် သို့မဟုတ် တံတွေးဂလင်းများ ထိခိုက်သည့်အခါ၊ ပိတ်နေသည့်အခါများတွင် များပြားသော Amylase များသွေးထဲဆီးထဲသို့ ရောက်လာသည်။ သွေးထဲတွင် amylase လယ်ဗယ်သည် အချိန်တိုတိုသာ မြင့်တက်လာနိုင်သည်။ ဆီးထဲတွင်မူ ရက်များစွာကြာအောင် မြင့်တက်နေမည်ဖြစ်သည်။ Alpha amylase ကိုဘာကြောင့်စစ်ရသလဲ။ ဒီစစ်ဆေးမှုအား ရုတ်တရတ်ပြင်းထန်သောမုန့်ချိုအိတ် ရောင်ရမ်းခြင်းအား တိုင်းတာရန် ရောဂါအမည်တပ်နိုင်ရန်အတွင် မကြာခဏအသုံးပြုကြ၏။ တစ်ချို့သောအူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက်လဲ စစ်ဆေးနိုင်ပါသည်။ ဒီစစ်ဆေးမှုအား အောက်ပါအခြေအနေများတွင် လုပ်ဆောင်နိုင်သည်။ • နာတာရှည်မုန့်ချိုအိတ်ရောင်ခြင်း • မုန့်ချိုအိတ်တွင်အရည်အိတ်တည်ခြင်း Alpha amylase စစ်ဆေးမှုမလုပ်ခင် ဘာတွေသိထားရမလဲ။ မုန့်ချိုအိတ်ရောင်ခြင်းသည် သွေးထဲမှာထက် ဆီးထဲ၌ amylase လယ်ဗယ်မြင့်တက်ခြင်းက ရက်ပိုကြာနိုင်ပါသည်။ ကလေးငယ်များမွေးကင်းစတွင် […]


ဆေးစစ်ချက်များ

Alpha-Fetoprotein (အယ်လ်ဖာ ဖီတိုပရိုတင်း)

Alpha fetoprotein ဆိုတာဘာလဲ။ Alpha fetoprotein (AFP) ဆိုသည်မှာ အသည်းနှင့် ဖွံဖြိုးဆဲသန္ဓေသား၏ Yolk Sac မှ ထုတ်လုပ်သော ပရိုတင်းတစ်မျိုးဖြစ်သည်။ AFP ပမာဏသည် မွေးပြီးနောက် ကျဆင်းသွား၏။ အရွယ်ရောက်ပြီးသူများတွင် AFP ၏ လုပ်ငန်းတာဝန်မရှိပေ။ သင်၏သွေးတွင်းမှ AFP ပမာဏကိုစစ်ကြည့်ရန် စစ်ဆေးမှုတစ်ခုလုပ်နိုင်၏။ အမျိုးသားများ၊ ကိုယ်ဝန်မရှိသောအမျိုးသမီးများနှင့် ကလေးများတွင် သွေးထဲ၌ AFP ရှိနေပါက ကင်ဆာတစ်ချို့ (အထူးသဖြင့် ဝှေးစေ့၊ မမျိုးဥအိမ်နှင့် အစာအိမ်၊ မုန့်ချိုအိတ် သို့မဟုတ် အသည်းကင်ဆာများ) ရှိနေသည်ဟုဆိုလိုသည်။ AFP ပမာဏအလွန်မြင့်တက်ခြင်းကို Hodgkin’s disease၊ Lymphpma၊ ဦးနှောက်အကျိတ်များနှင့် ကျောက်ကပ် ကင်ဆာများတွင်လဲ တွေ့နိုင်၏။ Alpha fetoprotein စစ်ဆေးခြင်းကို ဘာကြောင့်လုပ်ရသလဲ။ AFP ကို အောက်ပါအခြေအနေများတွင် စစ်ဆေးပါသည်။ • ကိုယ်ဝန်ဆောင်အမျိုးသမီး၏ […]


ဆေးစစ်ချက်များ

Arterial Blood Gases (သွေးလွှတ်ကြောထဲရှိ ဓါတ်ငွေ့ပမာဏစစ်ဆေးခြင်း)

သွေးလွှတ်ကြောထဲရှိ ဓါတ်ငွေ့ပမာဏစစ်ဆေးခြင်း ဤ စစ်ဆေးမှုသည် သွေးထဲတွင် အက်ဆစ်ဓါတ် (pH)၊ အောက်ဆီဂျင်ပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏများတိုင်းတာခြင်းဖြစ်သည်။ စစ်ဆေးမှု၏ ရည်ရွယ်ချက်မှာ သင့်အဆုတ်သည် သွေးထဲတွင် အောက်ဆီဂျင်များ ပို့လွှတ်ရန်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်များဖယ်ရှားရန် ကောင်းစွာအလုပ်လုပ်ခြင်း ရှိ၊မရှိ ကို သိရှိရန်ဖြစ်ပါသည်။ သင့်အဆုတ်ကို သွေးဖြတ်သန်းစီးဆင်းသောအခါ အောက်ဆီဂျင်ကို သယ်ဆောင်သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သွေးထဲမှ ဖယ်ရှားပေးသည်။ ဤ စစ်ဆေးမှုသည် သွေးလွှတ်ကြောထဲမှ သွေးကို ယူပြီး၊ ခန္ဓါကိုယ်၏ တစ်ရှူးများသို့ မရောက်မီ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာခြင်းဖြစ်ပါသည်။ စစ်ဆေးရန် သွေးကို သွေးပြန်ကြောမှ မဟုတ်ဘဲ သွေးလွှတ်ကြောမှ ယူပါသည်။ အခြား အများစုသော စစ်ဆေးမှုများသည် သွေးပြန်ကြောမှ ယူရသည်။ ဘာကြောင့် ထိုစစ်ဆေးမှုကို ပြုလုပ်ပါသနည်း။ သွေးလွှတ်ကြောထဲရှိ ဓါတ်ငွေ့ပမာဏစစ်ဆေးခြင်းကို လုပ်ဆောင်ရသော အကြောင်းရင်းများစွာ ရှိပါသည်။ • အသက်ရှူရခက်သော ပြသနာများနှင့် […]


ဆေးစစ်ချက်များ

Bernstein Test (Bernstein စစ်ဆေးခြင်း)

Bernstein test ဆိုသည်မှာအဘယ်နည်း။ အစာရေမျိုသည် သင့်လည်ပင်းအောက်ပိုင်းမှ အစာအိမ်ထိ ရှည်လျားသည်။ အစာရေမျို၏ အဆုံးတွင် ကြွက်သားအဆို့ရှင်ရှိပြီး ၎င်းသည် အစာများနှင့် တံတွေးကို အစာရေမျိုမှ အစာအိမ်သို့ ဖြတ်သန်းသွားနိုင်ရန် ဖွင့်ပေးသည်။ ၎င်းသည်စက္ကန့်အနည်းငယ်သာ ဖွင့်ပြီး ပြန်ပိတ်သွားသည်။ ထိုသို့ပိတ်ခြင်းဖြင့် အစာအိမ်ထဲမှ အစာများ အထက်သို့ပြန်မတက်စေရန်တားဆီးပေးသည်။ ရင်ပူခြင်းသည် ထိုအဆို့ရှင် မလုံသည့်အခါ ဖြစ်ပွားသည်။ အဆို့ရှင် ကောင်းစွာအလုပ်မလုပ်ခြင်းသည် ကြွက်သားပုံမှန်မဟုတ်ခြင်းနှင့် ကြွက်သားတင်းအားလျော့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ပုံမှန်မဟုတ်ခြင်းကြောင့် အစာအိမ်ထဲရှိ အက်ဆစ်ဓါတ်သည် အထက်သို့ပြန်တက်ပြီး ရင်ခေါင်းထဲတွင် ပူသောခံစားချက်ရစေသည်။ Bernstein test စစ်ဆေးမှုသည် ရင်ပူခြင်း၏ လက္ခဏာများကို စစ်ဆေးရန်သုံးသည်။ ထိုစစ်ဆေးမှုကို အစာအိမ်ထဲမှ အက်ဆစ်ဓါတ်များ အစာရေမျိုထဲသို့ပြန်ရောက်သောအခါ ဖြစ်တတ်သော လက္ခဏာများကို ဖြစ်ပွားစေရန် ပြုလုပ်ထားသည်။ အက်ဆစ်စိမ့်ဝင်ပျံ့နှံ့သော စစ်ဆေးမှု ဟုလည်းခေါ်သည်။ Bernstein test ကို ဘာအတွက် […]


ဆေးစစ်ချက်များ

Bicarbonate Test (bicarbonate စစ်ဆေးခြင်း)

Bicarbonate test ဆိုသည်မှာအဘယ်နည်း။ Bicarbonate test ကို ကာဘွန်ဒိုင်အောက်ဆိုဒ် စစ်ဆေးမှု ဟုလည်း ခေါ်သည်။ ၎င်းစစ်ဆေးမှုကို သွေးထဲတွင် အက်ဆစ်ဓါတ်ပြောင်းလဲမှုနှင့် electrolyte မညီမျှမှုကို တိုင်းတာရန် သုံးသည်။ ၎င်းသည် စစ်ဆေးမှုအတွဲလိုက်၏ တစ်ပိုင်းဖြစ်ပြီး ကျောက်ကပ်ကို စစ်ဆေးရန်လည်း အသုံးပြုသည်။ Bicarbonate test သည် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းကို လုပ်ဆောင်ရာတွင်လည်း လုပ်ဆောင်နိုင်သည်။ ထိုစစ်ဆေးမှုကို အောက်ပါလက္ခဏာများရှိသည့်အခါ စစ်ဆေးရန် ညွှန်ကြားနိုင်သည်။ • အားနည်းခြင်း • စိတ်ရှုပ်ခြင်း • ထပ်ခါထပ်ခါ အန်ခြင်း • အသက်ရှူရခက်သည့် ပြသနာများ ထိုလက္ခဏာများသည် electrolyte မညီမျှခြင်းကြောင့် ဖြစ်ခြင်း၊ သို့မဟုတ် အက်ဆစ်ဓါတ်များခြင်း၊ သို့မဟုတ် အယ်ကာလီဓါတ်များခြင်း တို့ကြောင့်ဖြစ်နိုင်သည်။ Bicarbonate test ကို ဘာအတွက် လုပ်ပါသနည်း။ Bicarbonate test ကို ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုအခြေအနေများတွင် သွေးထဲရှိ […]


ဆေးစစ်ချက်များ

Bilirubin Test (သွေးတွင်းအဝါဓါတ်စစ်ခြင်း)

Bilirubin test ဆိုသည်မှာအဘယ်နည်း။ Bilirubin test ကို သွေးထဲတွင် ဘီလီရူဘင်ပမာဏကို စစ်ရန် သုံးပါသည်။ ဘီလီရူဘင် ဆိုသည်မှာ သွေးနီဥများပြိုကွဲသည့်အခါ ထွက်လာသော လိမ္မော်ဝါရောင်ရှိသော စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဘီလီရူဘင်သည် အသည်းကို ဖြတ်သန်းပြီး ဝမ်းသွားသည်မှ တဆင့်စွန့်ထုတ်သည်၊ ဆီးထဲတွင် လည်း အနည်းငယ်ပါဝင်သည်။ အသည်းသို့ မရောက်မီ ဘီလီရူဘင်သည် အခြားအရာများနှင့် မပေါင်းစပ်ရသေးပါ။ အသည်းတွင် ဘီလီရူဘင်သည် သကြားနှင့် ပေါင်းပြီး ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်အမျိုးအစားဖြစ်သွားသည်။ ထိုအမျိုးအစားသည် အသည်းကို ဖြတ်သန်းပြီး အူမကြီးထဲသို့ ရောက်ရှိပြီး မူရင်းပုံစံသို့ ပြန်ပြောင်းကာ ခန္ဓါကိုယ်မှ စွန့်ထုတ်သည်။ ဓါတ်ခွဲခန်းအများစုသည် ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်ကို စစ်ဆေးသည့် စစ်ဆေးမျှုများကို ပြုလုပ်ကြသည်။ စုစုပေါင်းပမာဏထဲမှ ထိုအမျိုးအစားကို နှုတ်လိုက်သော် ရေတွင် မပျော်ဝင်သော အခြားအမျိုးအစား […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း