ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

History And Physical Exam For Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်History And Physical Exam For Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။ နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာ အဖြစ်များကာ ရောဂါအတည်ပြုဖို့ လွတ်သွားတတ်ကြပါတယ်။ ရောဂါရာဇဝင် အသေးစိတ် မေးခြင်းဟာ အရေးကြီးပြီး အခုလောလောဆယ် ဖြစ်နေတဲ့ လက္ခဏာတွေကိုသာမက ရောဂါဖြစ်စေတဲ့ အချက်တွေကို ညွှန်ပြတဲ့ လက္ခဏာတွေကိုပါ ဖြေရှင်းသင့်ပါတယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကတော့ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုး၊ နှလုံးအဆို့ရှင် ရောဂါတို့ပဲ ဖြစ်ပါတယ်။ လူနာမှာအရင်က နှလုံးပုပ်ခြင်း ရှိလားဆိုတာ သိရှိဖို့ အရေးကြီးပါတယ်။ နှလုံးရောဂါကို သိရှိဖို့ ပထမဦးဆုံးအဆင့်ကတော့ အသေးစိတ် ရောဂါရာဇဝင် မေးခြင်းပဲ ဖြစ်ပါတယ်။ ရောဂါရာဇဝင်မေးခြင်းမှာ အရင်တုန်းက နဲ့ အခုလောလောဆယ် ရှိနေတဲ့ ရောဂါအခြေအနေတွေကိုပါ မေးမြန်းသင့်ပါတယ်။ သွေးပေါင်နဲ့ […]


ဆေးစစ်ချက်များ

History And Physical Exam For Low Back Pain (ခါးနာခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်History And Physical Exam For Low Back Pain (ခါးနာခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။ ဆရာဝန်က သင့်အခြေအနေကို သိရှိပြီး ကုသမှု အစီအစဉ် မပြုလုပ်မီ ပြီးပြည့်စုံတဲ့ ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်းဟာ အရေးကြီးပါတယ်။ ဒီစစ်ဆေးမှုတွေရဲ့ အဖြေတွေဟာ သင့်ဆရာဝန်ကို ဒီခါးနာခြင်းရဲ့ အခြားလက္ခဏာတွေက အာရုံကြောပေါ်သက်ရောက်တဲ့ ဖိအားနဲ့ ဆက်စပ်မှု ရှိလားဆိုတာနဲ့ ဘယ်အာရုံကြောတွေ ဖိမိလဲဆိုတာ သိရှိဖို့ ကူညီပေးနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ ဘယ်ကုသမှုက အထိရောက်ဆုံးလဲဆိုတာ ဆုံးဖြတ်ဖို့ ဒီအချက်အလက်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ History and physical exam for low back pain တွေကို ဘာကြောင့် လုပ်ကြတာလဲ။ ခါးနာခြင်း ပြဿနာတွေအတွက် ရောဂါရာဇဝင် မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးမှု […]


ဆေးစစ်ချက်များ

Hiv Viral Load Measurement (HIV ပိုးကောင်ရေစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiv Viral Load Measurement (HIV ပိုးကောင်ရေစစ်ဆေးခြင်း) ကဘာလဲ။ ပိုးကောင်ရေ စစ်ဆေးခြင်းဟာ သွေးအတွင်းမှာ HIV ဗိုင်းရပ်စ် ဘယ်လောက်များနေလဲဆိုတာ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ ပိုးကောင်ရေစစ်ဆေးခြင်းကို HIV ရောဂါပိုးဝင်တဲ့အခါမှာ စတင်တိုင်းတာပါတယ်။ ကနဦး တိုင်းတာတဲ့ အဖြေကို baseline (အခြေခံတိုင်းတာမှု) လို့ခေါ်ပြီး နောက်ပိုင်းတိုင်းတာတဲ့အဖြေတွေကို baseline နဲ့ နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။ ပိုးကောင်ရေဟာ တစ်နေ့နဲ့တစ်နေ့ ပြောင်းလဲနိုင်တာကြောင့် အချိန်ကြာလာတာနဲ့ အမျှ ပြောင်းလဲမှုဟာ ရောဂါကူးစက်မှု ပိုဆိုးလာလားဆိုတာ ဆုံးဖြတ်ဖို့ အသုံးပြုပါတယ်။ တကယ်လို့ ပိုးကောင်ရေဟာ တိုင်းတာခြင်းတွေမှာ တက်လာတယ်ဆိုရင် ရောဂါအခြေအနေ ပိုဆိုးလာတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ကျလာတယ်ဆိုရင်တော့ ရောဂါပိုးကူးစက်မှုကို ထိန်းထားနိုင်ပြီလို့ ဆိုလိုတာဖြစ်ပါတယ်။ Viral load ကို အောက်ဖေါ်ပြပါ စစ်ဆေးနည်းသုံးမျိုးနဲ့ […]


ဆေးစစ်ချက်များ

Home Blood Glucose Test (သွေးတွင်းသကြားဓါတ်ကို အိမ်မှာစစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Blood Glucose Test (သွေးတွင်းသကြားဓါတ်ကို အိမ်မှာစစ်ဆေးနည်း) ကဘာလဲ။ Home Blood Glucose Test ဟာ သွေးသကြားဓါတ်တစ်မျိုး ဖြစ်တဲ့ ဂလူးကိုစ့် ကို သွေးအတွင်းမှာ ပမာဏဘယ်လောက်ရှိသလဲဆိုတာကို တိုင်းတာတဲ့ စစ်ဆေးမှု တစ်ခု ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို အိမ်မှာ (သို့) နေရာတိုင်းမှာ သေးငယ်ပြီး သယ်သွားနိုင်တဲ့ ဆီးချိုတိုင်း စက် ကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ အိမ်မှာ သွေးတွင်းသကြားဓါတ်တိုင်းခြင်းကို သွေးသကြားဓါတ် အတက်အကျကို စောင့်ကြည့်ဖို့ အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်ကို ဘယ်လောက်တစ်ခါ စစ်ဆေးသင့်သလဲဆိုတာကို မေးမြန်းသင့်ပါတယ်။ ဘယ်လောက်တစ်ကြိမ် စစ်ဆေးသင့်သလဲဆိုတာဟာ သင့်ဆီးချိုကုသမှုနဲ့ ယေဘုယျ ကျန်းမာရေးပေါ်ကို မူတည်ပါတယ်။ အင်ဆူလင်သောက်ပြီး ဆီးချိုထိန်းနေရသူတွေဟာ သွေးသကြားဓါတ်ကို မကြာခဏ စစ်ဆေးသင့်ပါတယ်။ သွေးသကြားဓါတ်ကို အိမ်မှာစစ်ဆေးခြင်းကို Home […]


ဆေးစစ်ချက်များ

Home Ear Examination (အိမ်တွင်း နားစစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Ear Examination (အိမ်တွင်း နားစစ်ဆေးနည်း) ကဘာလဲ။ Home Ear Examination ဟာ နားပြွန် နဲ့ နားစည် တို့ကို နားကြည့်မှန်ပြောင်း (Otoscope) လို့ခေါ်တဲ့ ကိရိယာတစ်ခုနဲ့ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ နားကြည့်မှန်ပြောင်းဟာ လက်နဲ့ ကိုင်လို့ရပြီး အကျယ်ချဲ့နိုင်တဲ့ မှန်ဘီလူးပါဝင်ပြီး ကတော့ပုံ မြင်ကွင်းကြည့်တဲ့ အပိုင်းနဲ့ ကျဉ်းမြောင်းချွန်ထက်တဲ့ အဆုံးသတ် speculum ပါဝင်ပါတယ်။ Home ear examination ဟာ နားရောဂါပိုးဝင်မှုတွေ၊ earwax များမှုတွေနဲ့ နားထဲမှာ ပြင်ပအရာဝတ္ထုဝင်ရောက်ခြင်းတွေ အစရှိတဲ့ နားပြဿနာတွေကို ရှာဖွေပေးနိုင်ပါတယ်။ ဆရာဝန်ထံကနေ ညွှန်ကြားချက်နဲ့ သင်ယူမှုအပြီးမှာ နားကိုက်ခြင်းတွေ၊ မကြာခဏ နားရောဂါပိုးဝင်ခြင်းတွေ ဖြစ်ပွားတတ်တဲ့ကလေးငယ်တွေရဲ့ မိခင်တွေအတွက် အိမ်သုံးနားစစ်ဆေးနည်းဟာ အသုံးဝင်ပါတယ်။ တခါတရံမှာ ကလေးငယ်ဟာ ပြင်ပလက္ခဏာတွေ ဖြစ်တဲ့ […]


ဆေးစစ်ချက်များ

Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း) ကဘာလဲ။ Home Lung Function Test တွေဟာ peak flow meter သို့ home spirometer တွေကို အသုံးပြုပြီး သင့်မှာ နေ့တဓူ၀ ရှိနေနိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို စမ်းစစ်ခြင်းပဲ ဖြစ်ပါတယ်။ Peak flow meter ဟာ သင့်ရဲ့ ရှူထုတ်လိုက်တဲ့လေကို တိုင်းတာပါတယ်။ Home spirometer ကတော့ FEV1 ကို တိုင်းတာပါတယ်။ သင့်မှာ ပန်းနာရင်ကျပ်ရောဂါလိုမျိုး အဆုတ်ရောဂါ တစ်ခုခု ရှိနေခဲ့ရင် သင့်ဆရာဝန်က PIF နဲ့ PEF ကို စစ်ဆေးပြီး သင်ရှူသွင်းတဲ့လေနဲ့ ရှူထုတ်လိုက်တဲ့လေတွေကို တိုင်းတာပါလိမ့်မယ်။ ဒါဟာ အဆုတ်လုပ်ငန်းဆောင်တာစစ်ဆေးခြင်း ရဲ့ […]


ဆေးစစ်ချက်များ

Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း) ကဘာလဲ။ Home Pregnancy Tests တွေဟာ ကိုယ်ဝန်ရှိစဉ် ထွက်တဲ့ ဟော်မုန်း (human chorionic gonadotrophin, သို့ hCG) တွေကို ဆီးအတွင်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အိမ်မှာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေဟာ သေချာလိုက်နာမယ်ဆိုရင် ဆရာဝန် ရုံးခန်းမှာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေနဲ့ အဖြေတူ ထွက်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် မျိုးဥဟာ fallopian tube အတွင်းမှာ သုက်ပိုးနဲ့ မျိုးစပ်တာ ဖြစ်ပါတယ်။ မျိုးအောင်ပြီး ၉ ရက်အတွင်းမှာ မျိုးဥဟာ fallopian tube တစ်လျှောက်ဆင်းလာပြီး သားအိမ်နဲ့ နံရံကို ကပ်သွားမှာ ဖြစ်ပါတယ်။ မျိုးအောင်တဲ့ သားဥတွေဟာ သားအိမ်နံရံမှာ ကပ်သွားပြီးရင် […]


ဆေးစစ်ချက်များ

Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း) ကဘာလဲ။ ဆီးလမ်းကြောင်းမှာ ကျောက်ကပ်၊ ဆီးအိမ်၊ ureter နဲ့ urethra တို့ပါဝင်ပါတယ်။ ဆီးအိမ်အတွင်းမှာ ရှိတဲ့ ဆီးတွေဟာ ပုံမှန်အားဖြင့် သန့်စင်ပြီး ဘက်တီးရီးယားနဲ့ အခြားမှိုရောဂါတွေ ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဘက်တီးရီးယားတွေဟာ urethra ကို ဖြတ်ပြီး ဆီးလမ်းကြောင်းအတွင်းပိုင်းကို ဝင်ရောက်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ အမျိုးသမီးကြီးတွေနဲ့ အမျိုးသမီးငယ်တွေမှာ အမျိုးသားတွေထက်ပိုအဖြစ်များပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ urethra ဟာ ပိုတိုပြီး စအိုနားကိုပိုနီးတာကြောင့် အူကဘက်တီးရီးယားတွေဟာ urethra နားကို ပိုမိုထိတွေ့နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်အတွင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်နိုင်တဲ့ အရာဝတ္ထုတစ်ခုဟာ သူတို့ရဲ့ ရောဂါပိုး ကူးစက်နိုင်ခြေကို […]


ဆေးစစ်ချက်များ

Calcitonin (ကယ်လ်စီတိုနင်)

ကယ်လ်စီတိုနင် (Calcitonin) ဆိုတာဘာလဲ။ ကယ်လ်စီတိုနင် (Calcitonin) ကို အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ စသည့်ကင်ဆာများ ရှာဖွေရန် စစ်ဆေးနိုင်ပါတယ်။ ကယ်လ်စီတိုနင် (Calcitonin) ဆိုသည်မှာ သိုင်းရွိုက်ဂလန်းဆဲလ် (စီ ဆဲလ်) မှထုတ်သော ဟော်မုန်းတစ်မျိုးဖြစ်တယ်။ သွေးတွင်းကယ်လ်စီယမ်ပမာဏ တက်ခြင်းသည် ကယ်လ်စီတိုနင် (Calcitonin) စစ်ထုတ်မှုကိုလှုံဆော်ပြီး ခန္ဓါကိုယ်တွင်း ကယ်လ်စီယမ်ပမာဏ ထိန်းညှိပေးသော ဟော်မုန်းဖြစ်တယ်။ Medullary သိုင်းရွိုက်ကင်ဆာသည် မိသားစုတွင်း မျိုးရိုးလိုက်တတ်သည့် သိုင်းရွိုက်ကင်ဆာတစ်မျိုးဖြစ်ပြီး အချိန်နောက်ကျမှရှာဖွေတွေ့ရှိရလေ့ရှိပြီး ကုသမှုအရာမရောက်ဖြစ်နိုင်ပါသည်။ ထိုကင်ဆာကို စောစီးစွာရှာဖွေတွေ့ရှိနိုင်ရန် ကယ်လ်စီတိုနင် (Calcitonin) ပုံမှန်စစ်ဆေးခြင်းဖြင့် ထိရောက်သောကုသမှုကို အချိန်မီပြုလုပ်နိုင်ပါတယ်။ စီ ဆဲလ်ပွားသောရောဂါသည် ကင်ဆာမဟုတ်သောရောဂါတစ်ခုဖြစ်ပြီး မျိုးရိုးလိုက်တတ်ကာ ကယ်လ်စီတိုနင် (Calcitonin)ပမာဏမြင့်တက်ခြင်းစေပါသည်။ ရောဂါကိုဆုံးဖြတ်ရန် Calcitonin စစ်ဆေးမှုနဲ့မလုံလောက်ပါက pentagastrin သို့မဟုတ် Calcium ကိုအသုံးပြုကာ calcitonin စစ်ထုတ်မှုတက်စေပါလိမ့်မယ်။ Pentagastin […]


ဆေးစစ်ချက်များ

Calcium Blood Test (သွေးတွင်းကယ်လ်စီယမ်ပမာဏစစ်ဆေးခြင်း)

ကယ်လ်စီယမ်စစ်ဆေးခြင်း ဆိုတာဘာလဲ။ ကယ်လ်စီယမ် စစ်ဆေးခြင်းသည် အရိုးထဲတွင်မဟုတ်ဘဲ သွေးထဲတွင်ရှိနေသည့် ကယ်လ်စီယမ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။ ကယ်လ်စီယမ် ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အဓိက အရေးကြီးသော သတ္တုဓါတ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အရိုးနှင့်သွားကျန်းမာရေး၊ အာရုံကြောလုပ်ငန်းများ၊ သွေးခဲစေရန်၊ ကြွက်သားညှစ်အားကောင်းစေရန် နှင့် နှလုံးအလုပ်လုပ်ရန်အတွက် လိုအပ်ပါတယ်။ ကယ်လ်စီယမ် အားလုံးနီးပါးကို အရိုးတွေထဲမှာ သိမ်းဆည်းထားပါတယ်။ သွေးတွင်းရှိ ကယ်လ်စီယမ် ပမာဏကို အမြဲပုံမှန်ဖြစ်နေရန် ထိန်းထားလေ့ရှိပြီး နည်းသွားပါက အရိုးထဲမှ ကယ်လ်စီယမ်ထုတ်ပေးပြီး များနေပါက အရိုးထဲတွင်ပြန်သိမ်းဆည်းပြီး တချို့ကိုဆီး၊ဝမ်းထဲမှတဆင့် ခန္ဓါကိုယ်အပြင်ဘက်သို့စွန့်ထုတ်လေ့ရှိပါတယ်။ ကယ်လ်စီယမ်ပမာဏဟာ- • အစာထဲတွင်ပါသော ကယ်လ်စီယမ ပမာဏ • အူမှစုပ်ယူနိုင်သော ကယ်လ်စီယမ် နှင့် ဗီတာမင်ဒီ ပမာဏ • ဖော့စ်ဖိတ် (phosphate)ပမာဏ • ပါရာသိုင်းရွိုက်ဟောမုန်း(Parathyroid)၊ ကယ်လ်စီတိုနင်(Calcitonin)၊ အီစထရိုဂျင်(Estrogen) ကဲ့သို့သော ဟော်မုန်းတချို့ ပေါ်မူတည်ပါတယ်။ ဗီတာမင် ဒီအပါအဝင် ထိုဟော်မုန်းတွေဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း