ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးသောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Diverticular Disease Surgery (အူနံရံအိတ်တည် ရောဂါခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diverticluar ရောဂါ ခွဲစိတ်ခြင်းဆိုတာ ဘာလဲ။ Diverticular ရောဂါခွဲစိတ်ခြင်းသည် Diverticular ရောဂါကြောင့် ထိခိုက်နေသော အူအစိတ်အပိုင်းအား ဖယ်ရှားခြင်းဖြစ်သည်။ Diverticulosis ရောဂါဆိုသည်မှာ အူနံရံများတွင် အိတ်အငယ်များဖြစ်သော အခြေအနေဖြစ်သည်။ လူကြီးများတွင် အဖြစ်များ၏။ အသက်လေးအထက် ၁၀၀ လျှင် ၅ ယောက်၊ အသက် ၈၀ အထက် ၁၀၀ လျှင် ၆၀ လောက် ဖြစ်ပွားနေပါသည်။ Diverticula ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ နှစ်များစွာကြာအောင် အမျှင်ဓါတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပြီး အူနံရံများကို အားပျော့သွားစေပါသည်။ အူနံရံသို့ ဖိအားများလာသည့်အခါ ဖောင်းကြွလာပြီး အိတ်များဖြစ်ကျန်နေခဲ့ပါသည်။ ရောဂါသည် များသောအားဖြင့် ဗိုက်ဘယ်ဖက်ပိုင်းကို နာစေတတ်သည်။ ရောင်ရမ်းမှုကို ဖြစ်စေနိုင်သည်။ အူများကိုကျဉ်းစေခြင်း၊ ပြည်တည်ခြင်းနှင့် ဗိုက်နှင့် တခြားအင်္ဂါများကို ဆက်သော ဖစ်စတူလာပြွန်များ ဖြစ်လာခြင်း၊ သွေးထွက်လွန်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။   အခြေခံအကြောင်းရင်းကို သိရှိခြင်းDiverticluar […]


အခြေခံကျန်းမာရေး

Epidural Anaesthetic (ခါးရိုးထုံဆေး)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခါးရိုးထုံဆေးဆိုတာ ဘာလဲ။ ခါးရိုးထုံဆေးတွင် ထုံးဆေးနှင့် တခြားအနာသက်သာဆေးများကို ကျောရိုးအာရုံကြောမအနီးရှိ ဂျူရယ်အပေါ်လွှာဆီသို့ ထိုးသွင်းခြင်းဖြစ်သည်။ ထိုမှနေ၍ ခန္ဓါကိုယ်ရှိ နာကျင်မှုကိုသယ်ဆောင်ပေးသော အာရုံကြောများအား ထုံသွားစေနိုင်ပါသည်။ ခါရိုးထုံဆေးအား သူချည်းလဲသုံးနိုင်သလို မေ့ဆေး အိပ်ဆေးများနှင့်လည်း အသုံးပြုနိုင်ပါသည်။ ခွဲစိတ်ပြီးနောက် အနာသက်သာစေရန်လည်း ခါရိုးထုံးဆေးကို သုံးနိုင်ပါ၏။ ခါရိုးထုံဆေးအာနိသင်တောက်လျှောက်ရစေရန် အပိုဆောင်းဆေးပမာဏထိုးခြင်း သို့မဟုတ် ဆေးပမာဏနည်းနည်းကို တောက်လျှောက်သွင်းနေခြင်း ပြုလုပ်နိုင်ပါသည်။   အခြေခံအကြောင်းရင်းကို သိရှိခြင်းခါးရိုးထုံဆေး ကို ဘာကြောင့်လုပ်ရသလဲ။ အောက်ပါအခြေအနေများတွင် အနာသက်သာစေရန် ခါးရိုးထုံဆေးကို သုံးနိုင်ပါသည်။ ကလေးမွေးစဉ် ခွဲစိတ်မှုတစ်ခုတွင် ခွဲစိတ်ပြီးနောက် အနာသက်သာစေရန် မေ့ဆေးအစား သုံးနိုင်ပါသည်။ ခါရိုးထုံဆေးအား သုံးလာသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။ ခွဲစိတ်ပြီးနောက် နှင့် ကလေးမွေးစဉ် အနာသက်သာစေရန် ထိရောက်သည့်နည်းတစ်ခုဖြစ်ကြောင်း လက်ခံထားကြပါသည်။ သို့သော် တခြားနည်းလမ်းများကဲ့သိုပင် အန္တရာယ်များ ရှိနိုင်ပါသည်။ မပြင်းထန်ဟုဆိုသော်လည်း ထုံဆေးထိုးမထိုး ဆုံးဖြတ်ရန်အတွက် သိထားသင့်၏။ ဖြစ်နိုင်သည့် အန္တရာယ်နှစ်မျိုးမှာ ဂျူရာအလွှာကို ဖောက်မိခြင်း – ကျောရိုးအာရုံကြောမနှင့် […]


အခြေခံကျန်းမာရေး

External Cephalic Version (သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းဆိုတာ ဘာလဲ။ သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်း (ECV) သည် သားအိမ်အတွင်း တင်ပဆုံဖွားပုံစံမှ ခေါင်းဖြင့်ဖွားနိုင်ရန် လှည့်ပေးသောနည်းလမ်းဖြစ်သည်။ EVC သည် ကလေးအနေအထားမှန်စေရန် ပြုလုပ်နိုင်သည့် စိတ်ချရသောနည်းဖြစ်ပါသည်။ ကိုယ်ဝန် ၃၆ ပတ်ထိ တင်ပဆုံဖွားပုံစံဖြစ်မှ ECV လုပ်သင့်ပါသည်။ ၎င်းသည် ပုံမှန်မွေးလမ်းကြောင်းမှ မွေးဖွားနိုင်ရန် အကောင်းဆုံးအခွင့်အရေးကို ရရှိနိုင်ပြီး အမျိုးသမီးအများစုတွင် လုပ်ရန်သင့်လျော်ပါသည်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းသန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။ သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းကို အောက်ပါအခြေအနေတို့တွင် ပြုလုပ်ရပါလိမ့်မည်။ ကိုယ်ဝန် ၃၆ -၄၂ ပတ်ရှိလျှင်။ ၃၆ ပတ်မတိုင်ခင် သနွေသားသည် အလိုလိုဦးခေါင်းဖွားပုံစံ ပြောင်းသွားနိုင်သည်။ သို့သော် ကိုယ်ဝန် ၃၆ ပတ်မတိုင်ခင် ပြုပြင်ခြင်းသည် ပိုအောင်မြင်နိုင်ချေများ၏။ အဘယ့်ကြောင့်ဆိုသော် သန္ဓေသားပိုငယ်ပြီး၊ ရေမွှာရေနည်းကာ ကလေးလှည့်နိုင်မည့် နေရာပိုကျယ်သောကြောင့်ဖြစ်သည်။ သန္ဓေသားတစ်ယောက်တည်းသာ ကိုယ်ဝန်ဆောင်ထားလျှင် သန္ဓေသားမှ တင်ပဆုံရိုးခွေအတွင်း မဝင်သေးခင် […]


အခြေခံကျန်းမာရေး

Facelift Surgery (မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ။ မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်းကို ဆေးပညာအရ rhytidectomy ဟုခေါ်ပြီး ငယ်ရွယ်သည့်မျက်နှာပုံစံထင်ရရန် ပြုပြင်ခွဲစိတ်ခြင်းဖြစ်သည်။ ဤနည်းလမ်းသည် သင့်မျက်နှာနှင့် လည်ပင်းမှတစ်ရှူးပျော့များအား ဆွဲဆန်မတင့်လိုက်ခြင်းဖြစ်သည်။ ဖြစ်နိုင်သည့်ရလဒ်ကိုသာ မျှော်လင့်ရန်လိုအပ်ပြီး ဒီခွဲစိတ်မှုကိုရွေးချယ်ဖို့ရန်အတွက် သေချာစဉ်းစားသင့်ပါသည်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းမျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။ အသက်ကြီးလာလျှင် ကမ္ဘာမြေစွမ်းအားမှ မျက်နှာရှိအရေပြားနှင့် တစ်ရှူးပျော့များအား ဆွဲထားသောကြောင့် တွဲကျလာသည်။ သင့်၌ နှာခေါင်းနှင့်ပါးစပ်အနီး အရည်ပြားအခေါက်ကြီးခြင်း၊ ပါးများတွဲကျလာခြင်း သို့မဟုတ် မေးနှစ်ထပ်ရှိခြင်းတို့အတွက် မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်းက အဆင်ပြေပါသည်။ သင်ခွဲစိတ်ရန်သင့်တော်မသင့်တော်သိရန် ဆရာဝန်မှ စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။ မျက်နှာကိုဓါးနှင့် ခွဲစိတ်ရမှာကြောက်လျှင် ဘိုတောက်စ်ထိုးခြင်း သို့မဟုတ် resurfacing တို့ဖြင့်လည်း အရေးအကြောင်းများကို သက်သာစေပါသည်။ အရေးအကြောင်းနက်လျှင် အစာထိုးခြင်းကို ပြုလုပ်နိုင်ပါသည်။ မျက်နှာလေးပြည့်နေသည်ဟုထင်ရရန် ခန္ဓါကိုယ်၏အခြားနေရာမှအဆီများကိုယူကာ မျက်နှာအရေးအကြောင်းများတွင် အစားထိုးဖြည့်တင်းနိုင်သည်။   မျက်နှာမတင်ပြုပြင်ခွဲစိတ်ခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။ နာခြင်း မအီမသာဖြစ်ခြင်းမျိုးတော့ ဖြစ်တတ်သည်။ အကျိုရလဒ်များသည် ၁၀ နှစ်လောက်ထိခံ၏။ အကောင်းဆုံးရလဒ်များ […]


အခြေခံကျန်းမာရေး

Female Sterilization (အမျိုးသမီးသားကြောဖြတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးသမီးသားကြောဖြတ်ခြင်းဆိုတာ ဘာလဲ။ အမျိုးသမီးသားကြောဖြတ်ခြင်းဆိုသည်မှာ တစ်သက်စာ အမျိုးသမီးများသားဆက်ခြားခြင်း ဖြစ်ပါသည်။ ၎င်းတွင် ကိုယ်ဝန်မရစေရန်အတွက် သားဥပြွန်နှစ်ခုလုးအား ပိတ်လိုက်ခြင်းဖြစ်သည်။ သင်ရော သင့်အမျိုးသားရော ကလေးထပ်မလိုချင်ကြောင်း မသေချာပါက ဒီခွဲစိတ်မှုကိုလုပ်ရန် မစဉ်းစားပါနှင့်။ ပြဿနာတစ်ခုခု သို့မဟုတ် ပြောင်းလဲမှုတစ်ခုခုကြောင့် အလျင်စလို မဆုံးဖြတ်တာပိုကောင်း၏။ ဥပမာ ကလေးမွေးပြီးစ သို့မဟုတ် ကိုယ်ဝန်ဖျက်ချရပြီးနောက်။ သင့်အမျိုးသားနှင့် ဆက်ဆံရေးတွင် ပြဿနာကြီးကြီးမားမားရှိနေလျှင်လည်း မဆုံးဖြတ်သင့်ပါ။ ဒီလိုလုပ်လိုက်ရုံနှင့် ဘယ်လိင်မှုပြဿနာကိုမှ ဖြေရှင်းနိုင်မည်မဟုတ်ပါ။ သားကြောမဖြတ်ခင် တခြားသောသားဆက်ခြား နည်းလမ်းများကို စဉ်းစားသင့်ပါသည်။ တစ်သက်တာ အမျိုးသမီးသားဆက်ခြားနည်း မဟုတ်သည်များ ရှိပါသည်။ ဥပမာ ဟော်မုန်းသွင်းခြင်းနှင့် တားဆေးများ။ သားဥပြွန်ဖြတ်ခြင်းသည် တစ်သက်တာ အမျိုးသမီးသားဆက်ခြားနည်း ဖြစ်၏။ တစ်ခုတည်းသော စိတ်ချရသည့် တသက်တာမဟုတ်သောအမျိုးသား သားဆက်ခြားနည်းမှာ ကွန်ဒုံးသာရှိပါသည်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းအမျိုးသမီးသားကြောဖြတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။ အမျိုးသမီးတိုင်းနီးပါး သားကြောဖြတ်နိုင်၏။ သို့သော် ကလေးထပ်မလိုချင်သည့် သို့မဟုတ် ကလေး လုံးဝမလိုချင်သည့် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ရင်သားအလှပြုပြင်ခွဲစိတ်ခြင်းရဲ့ဆိုးကျိုးများ

ရင်သားအလှပြုပြင်ခြင်းဆိုတာဘာလဲ ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း (Breast augmentation သို့မဟုတ် augmentation mammoplasty) ဆိုတာ ရင်သားရဲ့ အရွယ်အစားကြီးလာဖို့၊ တင်းရင်းလှပစေဖို့ ပုံသဏ္ဍာန်ပြုပြင်ပေးတဲ့ ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။ ခွဲစိတ်မှုမှာ ဆီလီကွန်(silicone)၊ဆားရည် (saline) သို့မဟုတ် တခြားcomposite ရင်သားအတုပစ္စည်းကို ရင်ဘတ်ကြွက်သား သို့မဟုတ် ရင်သားတစ်ရှူးတွေအောက်မှာ ထည့်သွင်းပေးတာဖြစ်ပါတယ်။ အစားထိုးရင်သားအတုတွေရဲ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇ နှစ်ကနေ ၁၂ နှစ် အထိ တာရှည်ခံတတ်ပါတယ်။   ဘာကြောင့် ပြုပြင်ကြတာလဲ အမျိုးသမီးတွေ ရင်သားခွဲစိတ်ရတဲ့ အကြောင်းရင်းတွေကမတူညီကြပါဘူး။ ဒါပေမယ့် ဒီလိုခွဲစိတ်ပြုပြင်သူတွေထဲမှာ ရင်သားကြီးထွားအောင် အလှခွဲစိတ်ပြုပြင်သူတွေနဲ့ ရင်သားကင်ဆာကြောင့်ခွဲစိတ်ခံရပြီးနောက်ပြန်လည်ပြုပြင်ကြရသူတွေပိုများပါတယ်။ ဆိုဒ်သေးနေတဲ့ ရင်သားကို ကြီးလာစေဖို့၊ ကိုယ်ဝန်ဆောင်ပြီးနောက်၊ ခန္ဓါကိုယ်ပိန်သွားပြီးနောက်၊ ဒါမှမဟုတ် ကလေးနို့တိုက်ရပြီးနောက် ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန်ပြန်လှပစေဖို့၊ ရင်သားနှစ်ဖက်မညီဖြစ်နေရင်ပြန်အချိုးညှိဖို့၊ ရင်သားခွဲစိတ်မှုခံယူပြီးနောက် ပုံမှန်အတိုင်းဖြစ်အောင်ပြန်ပြုပြင်ဖို့ဖြစ်ပါတယ်။ ထည့်သွင်းမယ့် ရင်သားအတုအမျိုးအစားရွေးချယ်ခြင်း အသုံးများတဲ့ ရင်သားအတုကတော့ ဆီလီကွန်ဂျယ်ဖြစ်ပေမယ့်saline အစားထိုးပစ္စည်းဆိုတာလည်း ရှိပါတယ်။ ဘယ်ပုံသဏ္ဍာန်၊ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Lypolysis လုပ်အပြီး အဆီကင်းဝေးအောင် ကူညီပေးနိုင်တဲ့ လူမှုဘဝနေထိုင်ပုံပြောင်းလဲမှုများ အကြောင်း

Lypolysis လုပ်အပြီးမှာ အဆီတွေဟာ ဘယ်လောက်လွယ်ကူစွာ ပြန်ပေါ်လာနိုင်သလဲဆိုတာ သင်သိပါသလား။ လူတွေဟာ Lypolysis အကြောင်းကို နားလည်မှုလွဲကြပြီး သူတို့ ဘာတစ်ခုမှ လုပ်စရာမလိုပဲ Lypolysis က ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီပေးနိုင်တယ်လို့ ထင်ကြပါတယ်။ တကယ်တမ်းတော့ Lypolysis ဟာ အရေပြားအောက်က အဆီကို ဖယ်ထုတ်ပေးနိုင်ပေမယ့် ဒါတစ်ခုတည်းကို ကိုယ်အလေးချိန်ကျဆင်းရန်အတွက် မမှီခိုသင့်ပါဘူး။ သင့်ရဲ့ လူနေမှုပုံစံကိုပြောင်းလဲခြင်းအားဖြင့် Lypolysis လုပ်အပြီး ရလဒ်တွေကို ထိန်းသိမ်းနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်အလက်တွေကတော့ Lypolysis လုပ်အပြီးမှာ အဆီကင်းဝေးအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာတွေပဲ ဖြစ်ပါတယ်။   သင့်လူနေမှု နေထိုင်ပုံကို ပြောင်းလဲဖို့အတွက် စိတ်ဓါတ်ခိုင်မာဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တကယ်လို့ သင့်ရဲ့ လူမှုနေထိုင်ပုံကို ပိုမိုတိုးတက်စေနိုင်တယ်ဆိုရင်တော့ အဆီပြန်ဖြစ်လာခြင်းကနေ ကာကွယ်ဖို့ အလွန်ကောင်းမွန်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အစားလျှော့စားခြင်းဟာ သင့်လူမှုဘဝနေထိုင်ပုံကို စတင်ပြောင်းလဲဖို့ အရေးကြီးတဲ့အချက်နှစ်ချက် ဖြစ်ပါတယ်။ ၁။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

အဆီကျစေတဲ့ ဆေးသွင်းခြင်းဟာ သင့်အတွက် သင့်လျော်ပါသလား

ကိုယ်ခန္ဓါကို အာဟာရဖြည့်တင်းဖို့အတွက် drip သွင်းခြင်း၊ သွေးပြန်ကြောအတွင်း သွင်းခြင်းဟာ ထိရောက်တဲ့ နည်းတစ်ခုဖြစ်တယ်ဆိုတာ သင်ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆီကျဆင်းအောင် အသုံးပြုတဲ့ drip ရှိတယ်ဆိုတာရော သိပါသလား။ သူဟာ စိတ်ချရပြီး ရိုးရှင်းတဲ့နည်းဖြစ်ပါတယ်။ ဒါပေမယ့် အချို့အခြေအနေတွေ လိုအပ်ပါတယ်။ အဆီကျဆင်းစေတဲ့ drip အတွက် သင်က သင့်လျော်လားဆိုတာကို သိရှိဖို့အတွက် အောက်ပါအချက်တွေကို ဖေါ်ပြပေးလိုက်ပါတယ်။     Drip infusion ဆိုတာဘာလဲ။ Drip သွင်းခြင်း (သို့) သွေးပြန်ကြောထဲသွင်းခြင်းဟာ သွေးပြန်ကြောထဲကို cannula (အပ်) မှတစ်ဆင့် ချိတ်ထားတဲ့ အိတ်အတွင်းမှ အရည်တွေကို လက်မောင်းမှ သွေးပြန်ကြောအတွင်းထည့်ကာ သွင်းခြင်း ဖြစ်ပါတယ်။ ဒီချိတ်ထားတဲ့ အိတ်အတွင်းမှာတော့ လူတစ်ယောက် လိုအပ်တဲ့ electrolytes၊ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားအာဟာရဓါတ်တွေ ပါဝင်ပါတယ်။ သွေးပြန်ကြောမှတစ်ဆင့် သွေးအတွင်း တိုက်ရိုက်ထည့်ခြင်းအားဖြင့် အာဟာရဓါတ်တွေဟာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

အပ်မလိုတဲ့ Mesotherapy ဟာ ရင်သားတွေကို ဘယ်လို မြှင့်တင်ပေးနိုင်သလဲ

အလှအပဆိုင်ရာ အရေပြားကုသနည်းတွေမှာ ပြင်သစ်နိုင်ငံက ရှာဖွေတွေ့ရှိခဲ့တဲ့ အကောင်းဆုံးကုသနည်းတစ်ခုကတော့ mesotherapy ပဲဖြစ်ပါတယ်။ ဒီနည်းဟာ အသက်ကြီးခြင်း၊ အဝလွန်ခြင်းအစရှိတာတွေကို ကုသရာမှာ အံ့သြဖွယ်ကောင်းတဲ့ ရလဒ်တွေကို ပြသခဲ့ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အပ်မလိုတဲ့ mesotherapy (NNM) ဟာ ဆိုးကျိုးပိုနည်းပြီး အရေပြားကို နာကျင်မှုမရှိပဲ ဖေါက်ထွင်းဝင်နိုင်တဲ့ တူညီစွာ အာနိသင်ရှိတဲ့နည်းလမ်းတစ်ခုအဖြစ်ပေါ်ထွက် လာခဲ့ပါတယ်။   ဒီကုသနည်းဟာ ဘယ်လိုအကျိုးရှိသလဲ။ အပ်မပါတဲ့ Mesotherapy စက်ဟာ အသက်ကြီးရင့်ခြင်းကြောင့် အရေးအကြောင်းဖြစ်တဲ့နေရာတွေကို ပင့်တင်နိုင်ဖို့အတွက် လှုံ့ဆော်ပေးနိုင်ပြီး အရေပြားရဲ့ Mesoderm အလွှာထဲကို နက်ရှိုင်းစွာ ဝင်ရောက်သွားနိုင်တဲ့ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေကို ရင်သားအတွင်းထိုးသွင်းခြင်းအားဖြင့် ရင်သားကိုပင့်တင်ပေးနိုင်ပါတယ်။ ဒီသဘာဝပစ္စည်းတွေမှာ ဗီတာမင်၊ သတ္တုဓါတ်၊ amino acids၊ anti-oxidants တွေ ပါဝင်ပြီး collagen နဲ့ elastin ကို လှုံ့ဆော်ပေးကာ အရေပြားကို ရေဓါတ်နဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သင်လျစ်လျူမရှုနိုင်တဲ့ lipolysis mesotherapy ရဲ့ ကောင်းကျိုးများ

အထူးသဖြင့် Europe နဲ့ အမေရိကမှာ အရေပြားအောက်က အဆီကိုဖယ်ထုတ်ဖို့အတွက် lipolysis mesotherapy ကို ပိုမို အသုံးများလာကြပါတယ်။ ဘယ်အချက်တွေကများ မကြာသေးမီက သူ့ကို ပိုမို လူကြိုက်များစေပါသလဲ။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင်စိတ်ဝင်စားနိုင်မယ့် lipolysis mesotherapy ရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။       ၁။ နာလန်ထချိန် မြန်ဆန်ခြင်း ဒါဟာ အခြားအချိန်ယူရတဲ့ lipolysis ကုသမှုတွေနဲ့ နှိုင်းယှဉ်ရင် lipolysis mesotherapy ရဲ့ လူသိအများဆုံး အကျိုးကျေးဇူးတစ်ခုပဲ ဖြစ်ပါတယ်။ lipolysis mesotherapy ဟာ ကိုယ်ခန္ဓါအတွင်း ထိုးဖေါက်ရန်မလိုပဲ လူနာတွေကို ပုံမှန်အလုပ်တွေ ပြန်လုပ်ဖို့အတွက် အချိန်များစွာယူခြင်း မရှိပါဘူး။ ကုသမှုခံယူတဲ့နေ့မှာပဲ ကုသမှုအပြီးမှာ အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ၂။ ဈေးသက်သာခြင်း Liposuction ဟာ lipolysis mesotherapy နဲ့တူတဲ့ အဆီချနည်းတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း