ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးသောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ

ကင်ဆာကုထုံးအားလုံးက ကိုယ်ခံအားစနစ်အပေါ်ကို သက်ရောက်မှုရှိပါတယ်။ အစာအာဟာရက ကိုယ်ခံအား စနစ်ကိုကြံ့ခိုင်အောင်ထိန်းသိမ်းရာမှာအရေးပါတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်အားလုံးဟာ ကြီးထွားဖို့နဲ့ လုပ်ငန်းစဉ်တွေလုပ်ဆောင်နိုင်ဖို့အတွက် အာဟာရဓါတ်တွေကိုလိုအပ်ပါတယ်။ ဗီတာမင်၊သတ္တုဓါတ်၊ အဆီဓါတ်၊ကယ်လိုရီနဲ့ပရိုတင်းစားသုံးမှုတွေ လျော့နည်းလာပါက ဆဲလ်တွေက လုံလောက်တဲ့ အာဟာရ ဓါတ်ကို မရရှိတာကြောင့် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုအနေအထားကလည်းပြောင်းလဲသွားနိုင်ပါတယ်။ အာဟာရဓါတ်ချို့တဲ့မှုက ကိုယ်ခံအားစနစ်ကို ရောဂါပိုးမွှားတွေ ရှာဖွေဖျက်ဆီးရာမှာ ထိရောက်မှုအားနည်း စေပါတယ်။ အာဟာရဓါတ်ချို့တဲ့နေမယ်ဆိုရင် ကူးစက်ရောဂါတွေ ပုံမှန်ထက်ပို၍ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက်အထောက်အပံ့ဖြစ်အောင် ကယ်လ်လိုရီ၊ ပရိုတင်းနဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေလုံလောက်စွာပါဝင်အောင်ဂရုပြုစားသုံးပေးပါ။   ခွဲစိတ်ကုသမှု အကြီးစားခွဲစိတ်ကုသမှုတိုင်းဟာ ခုခံအားကျဆင်း စေသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းကိုသဲသဲကွဲကွဲမသိရသေးပါ။ ခွဲစိတ်ကုသမှုခံယူပြီး နာရီပိုင်းအတွင်းမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုဟာကျဆင်းသွားနိုင်ပါတယ်လို့ သုတေသီတွေက မှတ်ချက် ပြုခဲ့ပါတယ်။ ခွဲစိတ်မှုမှာအသုံးပြုတဲ့ မေ့ဆေး/ထုံဆေးက ကိုယ်ခံအားစနစ်ကိုကျဆင်းစေမှုမှာ အဓိကကျတဲ့အခန်းကဏ္ဍ ကနေပါဝင်နေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ်အပြည့်အဝပြန်လည်ကောင်းမွန် လာစေဖို့အတွက် ၁၀ ရက်ကနေ လအတော်ကြာတဲ့အထိအချိန်ယူရပါတယ်။ ခွဲစိတ်ကုသမှုဟာ တစ်ခါတရံမှာ အရေပြားနဲ့ အချွဲမြှေးပါး (mucous membrane)ကို […]


အခြေခံကျန်းမာရေး

သင့်ရဲ့ sciatica ကို ကုသခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အမှန်တရား (၂)ခု

Sciatica ဆိုတာကတော့ သင့်ခန္ဓါကိုယ်ရဲ့ အကြီးဆုံး အာရုံကြောတစ်ခုဖြစ်တဲ့ sciatic အာရုံကြောနဲ့ ဆက်စပ်နေတဲ့ နာကျင်မှုတစ်ခုပါ။ ဒိနာကျင်မှုမျိုးကို တစ်သက်မှာ တစ်ခါတော့ သင်ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီအဖြစ်များတဲ့ ရောဂါနဲ့ပတ်သက်လို့ အကောင်းဆုံးကုသမှုခံယူနိုင်ဖို့အတွက် သင်သိထားသင့်တဲ့ အမှန်တရား နှစ်ခုကို ရှာဖွေလိုက်ရအောင်။   နံပါတ် (၁)အမှန်တရား။ ။ sciatica ဖြစ်ရတဲ့ အကြောင်းရင်းတွေဟာ မျိုးရိုးကြောင့်မဟုတ်ပါဘူး။ Sciatica ဆိုတာက ကျောအောက်ပိုင်းမှာရှိတဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်ရတာပါ။ ဥပမာ ကျောရိုးမကြီးရဲ့ ပြန်လည်ဖွဲ့စည်းနိုင်စွမ်းကျဆင်းသွားလို့ ဒါမှမဟုတ် ကျောရိုး ဒဏ်ရာရမှုကြောင့်ဖြစ်ရတာပါ။ ဒါဟာ မျိုးရိုးကြောင့်မဟုတ်ပါဘူး။ ဥပမာ- Hernia ကိုခံစားနေရတဲ့ အရိုးချပ်ပြားတွေဟာ sciatica ကို ခံစားရစေနိုင်ပါတယ်။ ကျောရိုးချပ်ပြားတွေဆိုတာကလည်း ကျောရိုးမကြီးရဲ့ အရိုးနှစ်ခုကြားမှာ တည်ရှိတာပါ။ ပိုမိုပျော့ပျောင်းတဲ့ အတွင်းသားက မာကြောတဲ့ အပြင်လွှာရဲ့ အက်ရာကြားက ထိုးဖောက်ထွက်လာပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခြေသည်း၊ ခြေချောင်းတွေ ကုသရာမှာ လိုက်နာရမည့် အချက်များ

အမျိုးသမီးတစ်ယောက်အနေနဲ့ ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုက သင့်ကိုယ်ကိုသင်ကျေနပ်စေပြီး ဘဝကိုပျော်ရွှင်နိုင်ဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။ သေသေချာချာဂရုမစိုက်ဘူးဆိုရင်တော့ဆလွန်းအလှပြင်ခန်းတွေရဲ့ မသန့်ရှင်းမှုကြောင့် ကူးစက်ပိုးတွေဝင်နိုင်ပါတယ်။ ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုအပြီး ဆရာဝန်နဲ့သွားပြဖို့အလိုမရှိဘူးဆိုရင် အောက်ပါစိတ်ချရတဲ့ဘေးကင်းတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့လိုပါတယ်။   သင့်ခြေသလုံးမွေးတွေကို ရိတ်သင်ခြင်းမပြုပါနဲ့။ အလှပြင်ခန်းကိုသွားပြီး ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူဖို့ရည်ရွယ်ထားတယ်ဆိုရင် ကုသမှုမခံယူခင်၂၄နှစ်နာရီအတွင်း သင့်ခြေသလုံးနဲ့ခြေထောက်တွေကို အမွေးရိတ်သင်ခြင်း၊ အမွေးချွတ်ခရင်မ်၊ ဖယောင်းအသုံးပြုခြင်းတွေ မလုပ်သင့်ပါဘူး။ ခြေသလုံးခြေထောက်အမွေးတွေဖယ်ခြင်းဖြင့် သင်မသိနိုင်တဲ့သိမ်မွေ့တဲ့ပွန်းပဲ့ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။ ထို့နောက် ခြေထောက်အနာအဆာ ကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူတဲ့အခါမှာ ဘတ်တီးရီးယား၊ မှိုပိုးတွေက ထိုအပေါက်ငယ်လေးတွေကတစ်ဆင့် သင့်ကိုယ်အတွင်းဝင်ရောက်လာနိုင်ပါတယ်။ ကူးစက်ရောဂါတွေဝင်လာနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။   ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုအတွက် ကိုယ်ပိုင်ကိရိယာများယူဆောင်သွားပါ။ ကုသမှုမှာအသုံးပြုတဲ့ကိရိယာတန်ဆာပလာတွေကို ပိုးမသတ်ထားဘူး၊ သေချာသန့်စင်ခြင်းမပြုထားဘူးဆိုရင် လူတစ်ယောက်မှတစ်ယောက်ဆီ ဘတ်တီးရီးယားမှိုပိုးတွေ အလွယ်တကူကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။ ကာကွယ်ဖို့အတွက် ကိုယ်ပိုင်ကိရိယာတန်ဆာပလာတွေကို ပြင်ဆင်ယူဆောင်သွားသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် ရောဂါရခြင်းမှရှောင်ကြဉ်နိုင်ပါတယ်။ လက်သည်းတိုက်တံစဉ်းတွေကဲ့သို့သော အချို့သောကိရိယာတန်ဆာပလာတွေကို ကောင်းကောင်း ပိုးသတ်ထားခြင်း၊ တစ်ဦးကိုအသုံးပြုပြီးအစားထိုးလဲလှယ်ခြင်းတွေ မရှိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ပစ္စည်းတွေကို အသုံးပြုခြင်းက သင့်အတွက်ပိုကောင်းပါတယ်။ သင့်ခြေသည်းနဲ့အသားမာတွေကို   ဘယ်လိုလှီးညှပ်ရမလဲဆိုတာကို သေချာတိတိကျကျပြောပြပါ။ ခြေထောက်အနာအဆာ ကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ခြေသည်းနဲ့ပတ်သက်ပြီး ပြုစုကုသပေးသူတွေစိတ်ကြိုက် ပြုလုပ်ခွင့်ပေးထားတတ်ပါတယ်။ လုံးဝဆိုးရွားပါတယ်။ အဲ့ဒီအစား သင့်ခြေသည်းနဲ့ ခြေသည်းပန်းကုံးတွေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Shoulder Surgery (ပုခုံးခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သင့်လက်မောင်း(ပုခုံး)နဲ့ လက်ပြင်အရိုးပြားကြီးကို တွယ်ဆက်ထားတဲ့ ကြွက်သားလေးခုနဲ့ အရွတ်ကြောတွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတဲ့ ကြွက်သားအုပ်စုကို rotator cuff လို့ခေါ်ပါတယ်။ (ပုခုံးကြွက်သားတွေလို့ပဲအလွယ်ခေါ်ကြစို့ရဲ့)။ ကောင်းကောင်းမလှုပ်ရှားနိုင်တာ၊စုတ်ပြဲတာတွေဟာ ပုခုံးကြွက်သားတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဓိကပြဿနာတွေပဲ ဖြစ်ပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းဘယ်လိုအခြေအနေတွေမှာ ပုခုံးကြွက်သားတွေ ခွဲစိတ်ဖို့ လိုအပ်သလဲ။ ခွဲစိတ်တာမဟုတ်တဲ့ အခြားသော နည်းလမ်းတွေနဲ့ ကုသလို့မရနိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေမျိုး ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ ကုသနေရင်း ပိုဆိုးလာတဲ့ အခြေအနေမျိုးတွေမှာ ပုခုံးခွဲစိတ်မှုကို ခံယူရပါမယ်။ ပုခုံးခွဲစိတ်မှုက ဘာအန္တရာယ်ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲ။ ပုံမှန်အတိုင်း လှုပ်ရှားလို့မရတာ ဒါမှမဟုတ် ကြွက်သားအနည်းငယ် ထိခိုက်စုတ်ပြဲတာမျိုးက ပြဿနာမရှိပါဘူး။ အနေအထိုင် လှုပ်ရှားမှုပုံစံလေးတွေ ပြောင်းလဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေရဲ့ အကူအညီနဲ့ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ပါရာစီတမောလို၊ibuprofen လို အကိုက်အခဲပျောက်ဆေး၊အရောင်ကျဆေးတွေလောက်နဲ့ အဆင်ပြေပါတယ်။ လိုအပ်ရင် စတီးရွိုက်ထိုးဆေး ဒါမှမဟုတ် ထုံဆေးတွေကိုလည်း သင့်လက်မောင်းထဲ ထိုးလို့ရပါသေးတယ်။ ဒါပေမယ့် ကြွက်သားထိခိုက်စုတ်ပြဲခြင်းက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Spinal Anaesthetic (ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းဆိုတာ ဘာလဲ။ ကျောရိုးပင်မအာရုံကြောနားမှာရှိတဲ့ subarachnoid space ထဲကို ထုံဆေး သို့မဟုတ် အခြားသော အကိုက်အခဲပျောက်ဆေးတွေ ထိုးတာကို ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းလို့ ခေါ်ပါတယ်။ ဒီလို ထိုးလိုက်ခြင်းအားဖြင့် အာရုံကြောတွေကို ထုံသွားစေတာကြောင့် သင့်ခန္ဓါကိုယ်ရဲ့ အချို့သော နေရာတွေကို ထုံသွားစေပါတယ်။ ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို သင်နိုးနေချိန်မှာ ထိုးနိုင်သလို အိပ်ဆေး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေနဲ့လည်း တွဲဖက်ပြီး သုံးစွဲနိုင်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးတဲ့အခါ နာကျင်ခြင်းဝေဒနာကို ထိရောက်စွာ သက်သာစေဖို့အတွက်လည်း ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။ မေ့ဆေးဆရာဝန်က အပ်ထိုးထည့်ပြီး ထုံဆေးကို အပ်မှတဆင့် ထိုးသွင်းကာ အပ်ကို ပြန်ဖယ်ရှားပါလိမ့်မယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းဘာလို့ ပြုလုပ်ရသလဲ။ ခါးအောက်ပိုင်းမှာ ပြုလုပ်တဲ့ ခွဲစိတ်မှုမှန်သမျှ ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးဖို့ သင့်တော်ပါတယ်။ သင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ကျောရိုးပင်မအာရုံကြောထဲ ထုံဆေးထိုးခြင်းကနေ အကျိုးကျေးဇူးတွေ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Tonsillectomy (အာသီးဖြတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အာသီးဖြတ်တယ်ဆိုတာဘာလဲ။ လည်ပင်းပြန်ရည်ကျိတ်အစုအဝေးတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ အာသီးဟာ ကျွန်တော်တို့ ရှုသွင်းလိုက် ဒါမှမဟုတ် မြိုချလိုက်မိတဲ့ ပိုးမွှားတွေကြောင့် ဖြစ်လာတဲ့ ကူးစက်ရောဂါတွေကို ဖယ်ရှားရှင်းလင်းပေးရာမှာကူညီပေးပြီး အဆိုပါ အာသီးဖြတ်ထုတ်ခြင်းကို အာသီးဖြတ်တယ်လို့ ခေါ်ပါတယ်။ အာသီးပိုးဝင်တဲ့အခါ Tonsillitis ဆိုတဲ့ အာသီးရောင်ခြင်း ဖြစ်ပေါ်လာပြီး နာကျင်ခြင်း၊ဖျားနာခြင်း နဲ့ အစာ၊ရေမြိုရခက်ခြင်းတို့ကို ခံစားရစေပါတယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းဘယ်လိုအခြေအနေတွေမှာ အာသီးဖြတ်မလဲ။ မကြာခဏ အာသီးရောင်ခြင်းကို ထိရောက်စွာ တားဆီးပေးနိုင်မယ့် တခုတည်းသော နည်းလမ်းက အာသီးဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ အာသီးဖြတ်ထုတ်လိုက်ခြင်းအားဖြင့် သင်ခံစားနေရတဲ့ လည်ချောင်းခဏခဏနာခြင်းပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ အာသီးဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာလဲ။ ပဋိဇီဝပိုးသတ်ဆေးကာလကြာရှည်စွဲသောက်ခြင်းဟာ ကလေးတွေမှာ အာသီးခဏခဏရောင်ခြင်းကို တားဆီးပေးနိုင်ပေမယ့် အရွယ်ရောက်ပြီး လူကြီးတွေမှာတော့ သိပ်ထိရောက်မှုရှိမှာ မဟုတ်ပါဘူး (အထူးသဖြင့် အကျိတ်ရောင်ခြင်းကြောင့်ဖြစ်တဲ့ အဖျားတက်ခြင်းတွေမှာပေါ့)။ ပြင်းထန်ခြင်းမရှိတဲ့ ရောင်ရမ်းခြင်းနဲ့ လည်ချောင်းနာခြင်းတွေကိုပဲ ခွဲစိတ်မှုက အဓိက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Total Hip Replacement (ပေါင်ရိုးအစားထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆစ်အမြစ်ရောင်ခြင်း ဆိုတာဘာလဲ။ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ အဆစ်တွေကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေတွေကို စုပေါင်းပြီး အဆစ်အမြစ်ရောင်ခြင်း (arthritis) လို့ ခေါ်ပါတယ်။ အဖြစ်အများဆုံး အဆစ်အမြစ်ရောင်ရောဂါအမျိုးအစားကတော့ အဆစ်တွေ တဖြည်းဖြည်းချင်းပျက်စီးလာတဲ့ osteoarthritis လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ရောဂါပဲ ဖြစ်ပါတယ်။ အချို့ရောဂါအမျိုးအစားတွေ ကျပြန်တော့လည်း အဆစ်တွေ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ အဆစ်မျက်နှာပြင်ကို အုပ်ထားတဲ့ အရိုးနုအလွှာဟာ အဆစ်အမြစ်ရောင်ရောဂါကြောင့် တစတစပျက်စီးလာပြီး အောက်မှာရှိတဲ့ အရိုးကို ထိခိုက်ပျက်စီးစေကာ နာကျင်ခြင်း၊မလှုပ်ရှားနိုင်ခြင်းတို့ကို ခံစားလာရပါတော့တယ်။ ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်းပေါင်ရိုးအစားထိုးဖို့ ဘာလို့လိုအပ်တာလဲ။ ပေါင်ရိုးအစားထိုးဖို့ လိုအပ်တဲ့ အခြေအနေ အများအပြားရှိပါတယ်။ဥပမာ လမ်းလျှောက်ခြင်း၊ခြေလက်ဆန့်ခြင်းကွေးခြင်း အစရှိတဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်မလုပ်နိုင်တော့ခြင်း။ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်ထိုင်နေချိန်မှာတောင် (နေ့ရောညပါ) နာနေခြင်း။ ပေါင်တချောင်းလုံး တောင့်တင်းနေတာကြောင့် ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း၊ခြေထောက်ကို မ မနိုင်ခြင်း။ လေ့ကျင့်ခန်းလုပ်ခြင်း၊အကိုက်အခဲပျောက်ဆေးသောက်ခြင်း သို့မဟုတ် တုတ်ကောက်စတာတွေ အသုံးပြုတာတောင် နာကျင်မှုမသက်သာခြင်း။ ဘေးထွက်ဆိုးကျိုးများပေါင်ရိုးအစားထိုးခြင်းရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်၊ဘေးထွက်ဆိုးကျိုးတွေက […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Ulnar Nerve Release (Ulnar nerve ဖယ်ထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ulnar nerve ညပ်ခြင်းဆိုတာဘာလဲ။ ulnar nerve ဟာ တံတောင်အတွင်းဖက်ကနေ ပတ်ပြီး လက်ဖျံကြွက်သားတွေကြားမှာရှိတဲ့ လမ်းကြောင်းကျဉ်းကျဉ်းလေးကို ဖြတ်သန်းသွားတဲ့ အာရုံကြောတခု ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းကျဉ်းလေးဟာ အကြောင်းအမျိုးမျိုးကြောင့် ပိုကျဉ်းလာပြီး ulnar nerve ပေါ်ဖိထားတဲ့ ဖိအားပိုများလာတဲ့အခါမှာ ulnar nerve ညပ်ခြင်း ဖြစ်ပေါ်လာပြီး လက်သန်းနဲ့ လက်သန်းကြွယ်တို့ ထုံကျဉ်ခြင်းကို ခံစားလာရပါတော့တယ်။ အခြေခံအကြောင်းရင်းကို သိရှိခြင်းUlnar nerve ဖယ်ထုတ်ဖို့ ဘာလို့ လိုအပ်တာလဲ။ ဒီခွဲစိတ်မှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Ulnar nerve အာရုံကြောကို ထပ်မံထိခိုက်မှုတွေက ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ စောစီးစွာ ခွဲစိတ်ကုသမှုခံယူမယ်ဆိုရင် သင့်လက်ထုံနေတာဟာ ပြန်လည်သက်သာလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Ulnar nerve လုံးဝပျက်စီးသွားခြင်းကို ကာကွယ်ဖို့အတွက် Ulnar nerve ဖယ်ထုတ်တဲ့ ခွဲစိတ်ကုသမှုကို […]


အခြေခံကျန်းမာရေး

Corrective Jaw Surgery (မေးရိုးပြုပြင် ခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မေးရိုးပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ။ sagittal split osteotomy ကို များသောအားဖြင့် မေးရိုးပြုပြင်ခွဲစိတ်ခြင်း သို့မဟုတ် orthognathic surgery ဟုလည်းခေါ်၏။ သင်၏အောက်မေးရိုးကို အနေအထေားပြောင်းခြင်းများ သွားများအထက်အောက် ညီညာစေမည့် ခွဲစိတ်ခြင်းဖြစ်သည်။ သွားပြုပြင်ဆရာဝန်သည် သင့်သွားများညီစေမည့် Brace များသုံးရာတွင် အကန့်အသတ်များရှိပါသည်။ တစ်ခါတစ်ရံ၌ အောက်မေးရိုးကို မပြုပြင်ပါပဲနှင့် သွားများအထက်အောက်ညီအောင်လုပ်ရန် လုံးဝမဖြစ်ပါ။ မေးရိုးခွဲစိတ်ခြင်းသည် ကြီးထွားဖွံဖြိုးမှုရပ်ချိန် ၁၃ ၊၁၅ နှစ်ဝန်းကျင် အမျိုးသမီးများ နှင့် ၁၆ ၊၁၈ နှစ်ဝန်းကျင် အမျိုးသားများတွင် ပြုလုပ်နိုင်၏။ အခြေခံအကြောင်းရင်းကို သိရှိခြင်းမေးရိုးပြုပြင်ခွဲစိတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။ သွားပြုပြင်ရုံနှင့် မရနိုင်သည့်ပြဿနာများ သင့်၌ရှိနေလျှင် မေးရိုးခွဲစိတ်ခြင်းကို ရွေးချယ်ရပါမည်။ သင်၏သွားပြုပြင်ဆရာဝန်မှ သွားများအထက်အောက် ညီစေရန်ညှိပေးနိုင်မှသာ ရေရှည်တွင်း ဝါးရပြုရ အကောင်းဆုံးဖြစ်ပါမည်။ ထို့အပြင် မျက်နှာသွင်ပြင်ပါ လှပလာနိုင်ပါသေးသည်။ ဤကုံးထုံးအပြင် တခြားရွေးချယ်စရာ ကုထုံးများကိုလည်း သိထားသင့်သည်။ သွားပြုပြင်ဆရာဝန်မှ […]


အခြေခံကျန်းမာရေး

De Quervain Surgery (ဒီ ကွာဗိန်း ခွဲစိတ်ခြင်း)

အခြေခံများDe quervainခွဲစိတ်ခြင်းဆိုတာ ဘာလဲ။ De quervain ရောဂါသည် သင်လက်ကောက်ဝတ်နှင့် လက်မတို့ကိုရွေ့လျားလိုက်လျှင် နာကျင်မှုကို ဖြစ်စေပြီး များသောအားဖြင့် လက်မအခြေတွင် ဖောင်းကြွနာကျင်နေတတ်ပါသည် လက်မကိုရွေ့လျားပေးသော အရွတ်နှစ်ခုသည် လက်မအခြေတွင်ရှိသော အရွတ်အိတ်အတွင်း၌ လွတ်လပ်စွာ ပွတ်တိုက်လှုပ်ရှားနိုင်၏။ အရွတ်အိတ်မှ အမျှင်အကာများ ထူလာသည့်အခါ အိတ်သည် အလွန်ကြပ်လာပြီး လက်မနှင့်လက်ကောက်ဝတ် လှုပ်တိုင်း နာကျင်လာပါသည်။ တစ်ခါတစ်ရံ လက်မနှင့် လက်ကောက်ဝတ် တောင့်နေတတ်ပြီး ရွေ့မရတာမျိုး ကြုံရနိုင်ပါသည်။   De quervainခွဲစိတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။ De quervain အရွတ်ကို လွှတ်ပေးသည့်ခွဲစိတ်မှုသည် လက်မအနီးရှိ လက်ကောက်ဝတ်ဖက်၌ ရှိနေသော အရွတ်ပေါ်သို့ ဖိအားလျော့ပေးခြင်းဖြစ်သည်။ ခွဲစိတ်ခြင်းဖြင့် အရွတ်ပေါ်ရှိ ရောင်နေသောတစ်ရှူးများကို ဖွင့်လိုက်ခြင်းဖြစ်သည်။ ထိုမှသာ နာကျင်မှုမရှိပဲ အရွတ်လှုပ်နိုင်ပါလိမ့်မည်။ လက္ခဏာများမပြင်းထန်ပါက လက်မနှင့်လက်ကောက်ဝတ်ကို အနားပေးပါ။ ညအိပ်လျှင် ကြပ်စည်းပါ။ ရူပကုထုံးနှင့် အရောင်ကျဆေးများကလည်း နာကျင်မှုကိုလျော့ပါးစေပါသည်။ လက်အခြေကြားထဲ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း