ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးသောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် မေ့ဆေးပေးခြင်း

လူအများဟာခွဲစိတ်မှု၊ ဒါမှမဟုတ် တချို့ဆေးကုသမှု တွေ ခံယူတဲ့အခါ မေ့ဆေးပေးတာ ကြုံဖူးနိုင်ပါတယ်။ မေ့ဆေးဟာခွဲစိတ်မှု အဆင်ပြေအောင် ကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ဒီလိုအနာသက်သာစေတဲ့နည်းအကြောင်းကိုသိရှိဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မေ့ဆေးပေးခြင်း ကိုယ်ဝန်ဆောင်တွေဟာ တစ်ခါတရံမှာရောဂါအခြေအနေအရခွဲစိတ်ကုသမှုခံယူဖို့ ဖြစ်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ မေ့ဆေးပေးတာ၊ ခွဲစိတ်တာဟာအတော် ရှုပ်ထွေးပါတယ်။ လိုအပ်ချက်တွေ နဲ့မိခင်၊ ကလေးဘေးကင်းမှု ကြားမှာဟန်ချက်ညီဖို့ လိုပါတယ်။ ဆရာဝန်တွေအနေနဲ့ မိခင်ရဲ့ရောဂါဟာမိခင်ကိုရောကလေးကိုပါ သက်ရောက်မှုရှိတယ်ဆိုမှသာခွဲစိတ်ဖို့ အကြံပေးပါတယ်။ ဒါကြောင့် အမေရိကန်မှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဝ.၇၅ ကနေ ၂ရာခိုင်နှုန်းလောက်ထိပဲခွဲစိတ်မှု လုပ်ဖြစ်ပါတယ်။ မေ့ဆေးပေးတဲ့အခါ ဆေးတွေဟာအချင်းကနေတဆင့် ကလေးရဲ့ကိုယ်ခန္ဓါထဲကိုရောက်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ မေ့ဆေးဟာအဆိပ်အတောက်ဖြစ်စေတယ်လို့တော့ အထောက်အထားမရှိပါဘူး။ တိရစ္ဆာန်တွေကိုစမ်းသပ်တဲ့အခါ နောက်ပိုင်းမှာအပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် နေရာအလိုက် ထုံဆေးပေးခြင်းကိုပိုပြီးအသုံးပြုကြပါတယ်။ ဒါဟာမိခင်အတွက်ရောကလေးအတွက်ပါ အန္တရာယ်လျော့နည်းစေပါတယ်။   မီးဖွားစဉ်မေ့ဆေးပေးခြင်း မီးဖွားစဉ်မေ့ဆေးပေးတာဟာအထူးကိစ္စတရပ်ပါ။ ဒီအခြေအနေမှာမိခင်နဲ့ကလေးဆိုပြီး လူနာ၂ယောက်အတွက် စဉ်းစားရပါတယ်။ ရိုးရိုးမွေးသည်ဖြစ်စေ၊ ဗိုက်ခွဲမွေးသည်ဖြစ်စေအဓိကပြင်ဆင်ရမှာကမေ့ဆေးပေးရမယ့် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခါးဆစ်ရိုးထုံဆေးနှင့် ကလေးမွေးခြင်း- သင်သိသင့်သည့်အချက် ၆ ချက်

ခါးဆစ်ရိုးထုံဆေးဟာ ကလေးမွေးစဉ် နာကျင်မှုမရှိအောင်သုံးတဲ့ ထိရောက်ပြီး လူကြိုက်များတဲ့ နည်းလမ်းတခု ဖြစ်လာပါတယ်။ မိခင်နဲ့ ကလေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေပေမယ့် မီးဖွားစဉ် နာကင်ျမှုဝေဒနာ မခံရအောင် ဘေးကင်းထိရောက်တဲ့ နည်းစနစ်ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။ မျှော်လင့်ချက်ထားလွန်းတဲ့ မိခင်တွေအတွက် ပူပင်စရာ ၂ခုရှိပါတယ်။ အဲဒါတွေကတော့ ဆေးသုံးလိုက်ပေမယ့် ကလေးမွေးချိန်မှာ ခံစားမိမှာစိုးရိမ်တာ၊ နောက်တချက်က သူတို့ဘေးကင်းဖို့ရော ကလေးဘေးကင်းဖို့ပါ စိုးရိမ်တာ ဖြစ်ပါတယ်။ ခါးဆစ်ရိုးထုံဆေးဆိုတာဘာလဲ ခါးဆစ်ရိုးထုံဆေးဆိုတာ ခါးနောက်ပိုင်းမှာ ကျေားရိုးအာရုံကြောမကြီး နေရာမှာ ထုံဆေးထိုးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးထိုးလိုက်တဲ့ နေရာတဝိုက်ကို ထုံသွားစေပြီး မီးဖွားချိန်မှာတော့ သတိရနေမှာဖြစ်ပါတယ်။ ပုံမှန်မွေးဖွားခြင်းဖြစ်စေ၊ ခွဲစိတ်မွေးဖွားခြင်း ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ သိသင့်သော အချက် ၆ချက် ၁။ ခါးဆစ်ရိုးထုံဆေးဟာ မိခင်နဲ့ ကလေးကို ဘယ်လိုသက်ရောက်မှု ရှိသလဲ ကိုယ်ပူချိန်ကို မြင့်တက်စေပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ခါးဆစ်ရိုးထုံဆေး - မိခင်များမီးဖွားစဉ် လျင်မြန်ဘေးကင်းကာ အနာသက်သာစေသောနည်း

ခါးဆစ်ရိုးထုံဆေးဟာ ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာကို နာကျင်ခြင်းမရှိအောင် ပြုလုပ်ပေးတဲ့ ဆေးဖြစ်ပါတယ်။ ကလေးမီးဖွားစဉ် အနာသက်သာအောင် မေ့ဆေးဆရာဝန်ကနေ ထိုးပေးပါတယ်။ ဒီနည်းသုံးရာမှာ ဆေးကို နောက်ကျောဖက် ခါးဆစ်ရိုးနေရာကို ထိုးပြီး သင်ဟာ နိုးကြားနေလျက်နဲ့ပဲ ကိုယ်ခန္ဓာအစိတ်အပိုင်းအများအပြားဟာ နာကျင်မှုကို မခံစားရအေင် ပြုလုပ်ပေးပါတယ်။ ခါးဆစ်ရိုးထုံဆေးဟာ ကလေးမွေးစဉ်တလျှောက်မှာ နာကျင်မှုကို အတော်လေးသက်သာစေပါတယ်။ ဗိုက်ခွဲမွေးဖို့ လိုအပ်လာတိုင်းမှာ အသုံးပြုတာမို့ လူသိများတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ခါးဆစ်ရိုးထုံဆေးကို ဘယ်လိုပေးမလဲ ကလေးမမွေးခင် ခါးဆစ်ရိုးမထိုးခင်မှာ သွေးကြောထဲကို အရည်များထည့်ပေးဖို့ ဆလိုင်းချိတ်ပေးခြင်း ပြုလုပ်ရပါမယ်။ အနာသက်သာစေမယ့် ဆေးတွေကိုသွေးပြန်ကြော ဒါမှမဟုတ် အသားထဲကိုထိုးပေးရပါမယ်။ ဒီဆေးတွေဟာ နာကျင်မှုကို လုံး၀ ပျောက်မသွားစေပေမယ့် သက်သာစေပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဆေးများဟာ သင့်ကိုယ်ခန္ဓာတစ်ခုလုံးကို ထိရောက်စေပြီး သင်ရောသင့်ကလေးကိုပါ အိပ်ငိုက်စေပါတယ်။ ဒီဆေးတွေကို မီးဖွားမှုစစခြင်းမှာသက်သာရာရအောင်၊ အားမကုန်အောင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးပြီးနောက်မှာ နို့ရည်ကို ညှစ်ထုတ်စွန့်ပစ်စရာလိုမလား။

တချို့နို့တိုက်မိခင်များဟာ ခွဲစိတ်မှုခံယူရတတ်ပါတယ်။ သူတို့အနေနဲ့ မကြာခဏမေးတတ်တာကတော့ မေ့ဆေးပေးခံရပြီးချိန်မှာ သူတို့ကလေးကို မိခင်နို့ ဆက်တိုက်ဖို့ သင့်မသင့်ပါပဲ။ လူအများ ယုံကြည်ကြတာက မေ့ဆေးများဟာ အာနိသင်ပြင်းပြီး အန္တရာယ်ရှိတဲ့အတွက် မိခင်နို့စို့တဲ့ကလေးမှာပါ အန္တရာယ်ရှိတယ်ဆိုပြီး ဖြစ်ပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေဟာ မိခင်တွေကို မေ့ဆေးပေးခံပြီး ၂၄နာရီအတွင်း မိခင်နို့တွေကို ညှစ်ထုတ်စွန့်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီအကြံဟာ မှန်ကန်ရဲ့လား သေချာ စဉ်းစားကြည့်ဖို့လိုပါတယ်။ မေ့ဆေးပေးပြီး ခွဲစိတ်မှုပြုအပြီးမှာ မိခင်နိုပတိုက်ခြင်းဟာ ဘေးကင်းပါသလား။ နို့ရည်ညှစ်ထုတ် စွန့်ပစ်ခြင်းဆိုတာ ဘာလဲ။ သင်ဟာ ဒီလိုလုပ်ဖို့ဆိုရင် သင့်နို့ရည်ကို ညှစ်ထုတ်ပြီး ကလေးအတွက် သိမ်းမထားဘဲ သွန်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ စွန့်ပစ်သင့်သလဲ။ သင်ဟာ ကလေးနားမှာ မရှိချိန်၊ သင့်နို့ရည်ကို သယ်ယူသွားပေးဖို့ မဖြစ်နိုင်ချိန်မှာ နို့ရည်ညှစ်ထုတ်ချင်တတ်ပါတယ်။ သ်င့နို့ရည်ဟာ တစုံတရာကြောင့် ဥပမာ အရက်နဲ့ ဆေးတမျိုးမျိုးကြောင့် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

အဝလွန်ခြင်း နှင့် မေ့ဆေးထုံဆေး

အဝလွန်ခြင်းဆိုတာကိုယ်ခန္ဓါထဲမှာအဆီပါဝင်တာ လိုအပ်တာထက် ပိုများလာခြင်းပါပဲ။ အဝလွန်နေတဲ့၊ ကိုယ်အလေးချိန်များနေတဲ့ သူတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ သင်ဖြစ်စေ၊ သင့်ဝန်းကျင်က တယောက်ယောက် ဖြစ်စေခွဲစိတ်မှုခံယူမယ်ဆိုရင်မေ့ဆေးပေးရတာမျိုးကိုခက်ခဲစေပါတယ်။ ဖြစ်ပွားစေနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းများကတော့ မေ့ဆေးထိုးမယ့်အချိန်၊ အရေးပေါ်ကုသမှု လိုအပ်ချိန် အကြောရှာပြီးဆေးသွင်းဖို့ ခက်ခဲစေပါတယ်။ လူနာအတွက် အမှန်တကယ် လိုအပ်တဲ့ ဆေးပမာဏကိုဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ အဝလွန်သူတွေမှာ လည်ချောင်းနောက်ပိုင်းနေရာလွတ်မရှိလို့ အသက်ရှူ ပစ္စည်းကိရိယာများတပ်ဆင်ဖို့ ခက်ခဲပါတယ်။ အောက်ဆီဂျင်ပမာဏနည်းတာမို့ အဆုတ်မှာ ပိုးဝင်နိုင်ပါတယ်၊ တခြားနောက်ဆက်တွဲ ပြသနာတွေ ဖြစ်နိုင်ပါတယ်။ လူနာဟာသတိပြန်ရဖို့ အချိန်ပိုယူရပါတယ်။ အဝလွန်သူတွေရဲ့ နှလုံးဟာများသောအားဖြင့် နံရိုးကြားက ကြွက်သားတွေရဲ့ ဖိအားအောက် ရောက်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးခြင်း၊ အောက်ဆီဂျင်မရခြင်း၊ လေဖြတ်ခြင်းစတာတွေအတွက် ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် မေ့ဆေးဟာနှလုံးနဲ့သွေးကြောဆိုင်ရာ ပြသနာတွေအတွက် ဘေးထွက်ဆိုးကျိုးကို မြင့်တက်လာစေပါတယ်။ ကာကွယ်ရန်နည်းလမ်းများ မခွဲစိတ်မီ မခွဲစိတ်မီကျန်းမာရေးအလုံးစုံကောင်းအောင်နေပါ။ ကိုယ်အလေးချိန် လျှော့ချတာ အပါအဝင်ဖြစ်ပါတယ်။ ဆီးချိုနဲ့ နှလုံးရောဂါ […]


အခြေခံကျန်းမာရေး

အဖြစ်များဆုံး အားကစားထိခိုက်ဒဏ်ရာများ နဲ့ ကုသနည်းများ

အားကစားသမား ပညာရှင် တွေတောင်မှ ကစားရင်း ထိခိုက်မိတဲ့ အနာတရတွေကို မကာကွယ်နိုင်ပါဘူး။ အားကစား ပုံမှန်မလုပ်သူ (သို့) စားပွဲမှာ ထိုင်ပြီးအလုပ်လုပ်သူဆိုရင် အနာတရ ဖြစ်နိုင်ချေ ပိုများပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဆေးရုံ ဆေးခန်းတွေမှာ အများဆုံးတွေ့ရတဲ့ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာ ရမှုတွေပဲဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာရခြင်း အတွေ့အများဆုံး မတော်တဆမှုကတော့ ကြွက်သားဒဏ်ရာရခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓါအတွင်းက ဘယ်ကြွက်သားမဆိုမှာ ဖြစ်နိုင်ပါတယ်။ သင်ဘယ်လောက် သွေးပူလေ့ကျင့်ခန်းလုပ်သည်ဖြစ်သည်၊ အနားနေပြီး ကြွက်သားဆန့်ထုတ်သည်ဖြစ်စေ ကြွက်သားဒဏ်ရာရခြင်းကို ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ အသုံးပြုမိခြင်း(သို့) ချော်ကျခြင်းမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ကြွက်သားဒဏ်ရာရခြင်းမျိုး မဖြစ်စေဘဲ လုပ်နိုင်တဲ့အလုပ် ရှားပါးပါတယ်။ ကြွက်သားဒဏ်ရာရခြင်းဟာ ကြွက်သားကို ပြင်းထန်တဲ့အားတစ်ခု သက်ရောက်ပြီး ကြွက်သားမျှင်တွေဟာ သူတို့တတ်နိုင်တာထက် ပိုပြီး ဆွဲဆန့်မိခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ကြွက်သားမျှင်တစ်ခုပဲ ဒဏ်ရာရခဲ့ရင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Rotator Cuff Tear (ပခုံးခွဲစိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rotator Cuff Tear (ပခုံးခွဲစိတ်ခြင်း) ကဘာလဲ။ သင့်လက်မောင်း(ပုခုံး)နဲ့ လက်ပြင်အရိုးပြားကြီးကို တွယ်ဆက်ထားတဲ့ ကြွက်သားလေးခုနဲ့ အရွတ်ကြောတွေ ပေါင်းစုပြီး ဖြစ်ပေါ်လာတဲ့ ကြွက်သားအုပ်စုကို rotator cuff လို့ခေါ်ပါတယ် (ပုခုံးကြွက်သားတွေလို့ပဲ အလွယ်ခေါ်ကြစို့ရဲ့)။ ကောင်းကောင်းမလှုပ်ရှားနိုင်တာ၊စုတ်ပြဲတာတွေဟာ ပုခုံးကြွက်သားတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဓိကပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေတွေမှာ ပုခုံးကြွက်သားတွေ ခွဲစိတ်ဖို့ လိုအပ်သလဲ။ ခွဲစိတ်တာမဟုတ်တဲ့ အခြားသော နည်းလမ်းတွေနဲ့ ကုသလို့မရနိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေမျိုး ဒါမှမဟုတ် အခြားနည်းလမ်းတွေနဲ့ ကုသနေရင်း ပိုဆိုးလာတဲ့ အခြေအနေမျိုးတွေမှာ ပုခုံးခွဲစိတ်မှုကို ခံယူရပါမယ်။ ဘေးထွက်ဆိုးကျိုးများRotator Cuff Tear (ပခုံးခွဲစိတ်ခြင်း) ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ ပုံမှန်အတိုင်း လှုပ်ရှားလို့မရတာ ဒါမှမဟုတ် ကြွက်သားအနည်းငယ် ထိခိုက်စုတ်ပြဲတာမျိုးက ပြဿနာမရှိပါဘူး။ အနေအထိုင် လှုပ်ရှားမှုပုံစံလေးတွေ ပြောင်းလဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေရဲ့ အကူအညီနဲ့ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ပါရာစီတမောလို၊ibuprofen လို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Pyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း) ကဘာလဲ။ Pyloric stenosis ဆိုတာ အစာအိမ်နှင့် အူကြား အဆို့ရှင်ထူခြင်းကြောင့် ဖြစ်တဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Pylorus ဆိုတာ အဆို့ရှင်ကြွက်သားဖြစ်ပြီး အစာအိမ်အတွင်း အစာချက်လုပ်ငန်းစဉ်ပြီးသည်အထိ အစာများကို အစာအိမ်အတွင်းထိန်းသိမ်းထားပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။     ရောဂါလက္ခဏာများPyloric Stenosis (ထူပြီးကျဉ်းနေသော အစာအိမ်အဆို့ ရှင် ခွဲစိတ်ကုသခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Pyloric stenosis ဖြစ်တဲ့အခါ pyloric ကြွက်သားတွေဟာထူလာပြီး အူငယ်အတွင်းသို့ အစာများပို့ဆောင်မှုကို သွားပိတ်ပါတယ်။ Pyloric stenosis က ဆိုးရွားစွာ အန်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း နှင့် ကိုယ်အလေးချိန်ကျခြင်းတို့ကို ဖြစ်စေပါတယ်။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အမြဲ ဗိုက်ဆာနေတတ်ပါတယ်။ Pyloric stenosis အစာအိမ်အဆို့ရှင်ကျဉ်းခြင်း ဟာ ခွဲစိပ်ကုသလို့ရတဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Hydrochlorothiazide (ဟိုက်ဒရိုကလိုသိုင်ရာဇင်း)

အသုံးပြုပုံများHydrochlorothiazide (ဟိုက်ဒရိုကလိုသိုင်ရာဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ Hydrochlorothiazide ကိုသွေးတိုးကျဆေးအဖြစ် အသုံးပြုကြပါတယ်။ သွေးတိုးကျစေခြင်းဖြင့် လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်းနဲ့ ကျောက်ကပ်ရောဂါများကိုကာကွယ်ပေးနိုင်ပါတယ်။ Hydrochlorothiazide ကိုဆီးပိုမိုသွားစေလို့ ဆီးရွှင်ဆေးအဖြစ် အသိများပါတယ်။ သူဟာသင့်ခန္ဓါကိုယ်မှ ပိုလျှံနေသောရေနှင့်ဆားများကိုထွက်သွားအောင် ကူညီပေးပါတယ်။ အလားတူစွာHydrochlorothiazide ဟာ ခန္ဓါကိုယ်မှ အရည်ပိုများကိုလျော့ကျစေပြီးနှလုံးရောဂါ၊အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါတို့ကြောင့်ဖြစ်တဲ့ဖောရောင်ခြင်းကိုသက်သာစေပါတယ်။ အဲဒါကြောင့် ကိုယ်တွင်းအင်္ဂါရောဂါများကြောင့် အဆုတ်ရေဖုံး၍ အသက်ရှူကျပ်ခြင်းနဲ့ ခြေထောက် ဖောရောင်ခြင်းများတွေ အတွက် အသုံးဝင်ပါတယ်။ Hydrochlorothiazide (ဟိုက်ဒရိုကလိုသိုင်ရာဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ Hydrochlorothiazide ကိုသောက်ဆေးအဖြစ် ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးသင့်ပါတယ်။ များသောအားဖြင့် တစ်နေ့တစ်ကြိမ် မနက်ပိုင်းမှာအစာဖြင့်သော်လည်းကောင်းအစာမပါပဲသော်လည်းကောင်းသောက်သုံးသင့်ပါတယ်။ အိပ်နေစဉ်ဆီးခဏခဏသွားခြင်းကိုရှောင်ကျဉ်ရန် Hydrochlorothiazide ကိုမအိပ်ခင် လေးနာရီလောက်အတွင်းသောက်သုံးမှု မပြုသင့်ပါဘူး။ ဆေးပမာဏကတော့ သင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးကိုတုံ့ပြန်မှုအပေါ် မူတည်ပါတယ်။ အကောင်းဆုံးအကျိုးကျေးဇူးရရှိအောင် ဆေးပုံမှန်သောက်သုံးသင့်ပါတယ်။ သတိမမေ့ရအောင် နေ့တိုင်းအချိန်မှန် သောက်သုံးသင့်ပါတယ်။ နေကောင်းရင်တောင် ဆေးကိုပုံမှန်သောက်သုံးရန်လိုပါတယ်။ သွေးတိုးရှိတဲ့ လူအများစုဟာလည်းနေမကောင်းဘူးလို့ မခံစားကြရပါဘူး။ Cholestyramineနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း