ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးသောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Umbilical Hernia Repair For Children (ကလေး ချက်ကနေအူကျွံခြင်း ပြုပြင်ကုသမှု)

ချက်ကနေ အူကျွံတယ်ဆိုတာဘာလဲ။ ချက်အနောက်ဖက် ကပ်ရပ်မှာရှိတဲ့ ဝမ်းဗိုက်ကြွက်သားအလွှာတွေ အားနည်းတာကြောင့် ချက်ကနေအူကျွံတာ ဖြစ်လာနိုင်ပါတယ်။ မိခင်ဗိုက်ထဲရှိနေစဉ်ကာလမှာ ကလေးအားလုံးရဲ့ ချက်ထဲကနေအူတွေအပြင်ကိုကျွံထွက်နေပါတယ်။ ဒါဟာသဘာဝပါ။ မိခင်ဗိုက်ထဲကနေအပြင်ကိုထွက်မလာခင်မှာ အူကျွံတဲ့အပေါက်ပိတ်သွားရမှာဖြစ်ပေမယ့် နေ့စေ့လစေ့အချိန်ရောက်တဲ့အထိ ကလေးငါးယောက်မှာ တစ်ယောက်လောက်ဟာ ဆက်ပြီးအူကျွံနေနိုင်ပါတယ်။ တကယ်လို့သင့်ကလေးမှာအူကျွံနေတယ်ဆိုရင် ဝမ်းဗိုက်မှာဖောင်းနေတာကို မြင်ရမှာ ဖြစ်ပါတယ်(အထူးသဖြင့်ငိုနေတဲ့အချိန်မျိုးမှာပေါ့)။ ကျွံထွက်နေတဲ့အူတွေ ဒါမှမဟုတ် တခြားအရာတွေဟာ ဗိုက်ထဲမှာ ပိတ်မိနေပြီးညှစ်ခံထားရသလို ဖြစ်ကာ သွေးကောင်းကောင်းမရနိုင်တော့တဲ့အခြေအနေဖြစ်လာနိုင်တာမို့အူကျွံတာဟာအန္တရာယ်ရှိပါတယ်။ ဒီလိုအန္တရာယ်ရှိတဲ့အခြေအနေမျိုးဟာ ကလေးဘဝမှာ ဖြစ်ပေါ်လေ့မရှိပေမယ့် အရွယ်ရောက်တဲ့အခါမှာတော့ ဖြစ်လာနိုင်ပါတယ်။ ဘာလို့ခွဲစိတ်သင့်တာလဲ။ သင့်ကလေးမှာ အူကျွံနေတာမျိုးမရှိသင့်ပါဘူး။ ခွဲစိတ်မှုခံယူလိုက်မယ်ဆိုရင် သင့်ကလေးအနေနဲ့အရွယ်ရောက်လာတဲ့အခါ အူကျခြင်းရဲ့ဆိုးရွားလှတဲ့နောက်ဆက်တွဲ ပြဿနာတွေကိုခံစားရတော့မှာမဟုတ်ပါဘူး။ ဒီခွဲစိတ်မှုရဲ့နောက်ဆက်တွဲ ပြဿနာတွေကဘာတွေရှိနိုင်မလဲ။ အူကျွံတဲ့အပေါက်ဟာ ကလေးအသက်တစ်နှစ်မပြည့်ခင်မှာ အများအားဖြင့်ပိတ်သွားလေ့ရှိပါတယ်။ တကယ်လို့အသက်သုံးနှစ်ပြည့်ချိန်ထိ မပိတ်သေးဘူးဆိုရင်တော့ ခွဲစိတ်ဖို့လိုလာပါပြီ။ ခွဲပြီးရင်လည်း အူကျွံတာဟာ ပြန်ဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Upper Gi Endoscopy (အစာအိမ်မှန်ပြောင်းကြည့်ခြင်း)

အစာအိမ်နဲ့အူလမ်းကြောင်းမှန်ပြောင်းကြည့်တယ်ဆိုတာဘာလဲ။ ပျော့ပြောင်းတဲ့မှန်ပြောင်းပိုက်လေးကိုသုံးပြီး အစာရေမြို၊ အစာအိမ်နဲ့အူသိမ်အရှေ့ပိုင်းတို့ရဲ့အတွင်းပိုင်းကိုကြည့်ရှုစစ်ဆေးတာကို ဆိုလိုပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်တာလို့လည်း အလွယ်ခေါ်တတ်ကြပါသေးတယ်။ အစာအိမ်မှန်ပြောင်းကြည့်ဖို့ဘယ်အချိန်မှာ လိုအပ်သလဲ။ အစာရေမြိုပြွန်၊ အစာအိမ်နဲ့အူသိမ်အစပိုင်း အပါအဝင် အစာခြေလမ်းကြောင်းအပေါ်ပိုင်းမှာ ဖြစ်ပွားတတ်တဲ့ ပြဿနာ၊ ရောဂါတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့တစ်ခါတစ်ရံမှာ ကုသပေးနိုင်ဖို့အတွက်ပါ မှန်ပြောင်းကြည့်လေ့ရှိပါတယ်။ သင့်ဆရာဝန်အနေနဲ့အောက်ပါအခြေအနေတွေမှာ အစာအိမ်မှန်ပြောင်းကြည့်ဖို့ညွှန်ကြားပါလိမ့်မယ်။ • ရောဂါလက္ခဏာတွေကို ရှာဖွေဖော်ထုတ်ရန်။ ပျို့အန်ခြင်း၊ ဗိုက်နာ/အောင့်ခြင်း၊ အစာ/ရေ မြိုရခက်ခြင်း၊ အူလမ်းကြောင်းသွေးယိုစီးခြင်းအစရှိတဲ့ အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေရဲ့ မူလဇစ်မြစ်အကြောင်းရင်းကိုသိရှိနိုင်ဖို့အတွက် မှန်ပြောင်းကြည့်ခြင်းက ကူညီပေးပါလိမ့်မယ်။ • ရောဂါစမ်းသပ်စစ်ဆေးရန်။ သွေးအားနည်းခြင်း၊ သွေးယိုစီးခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်အူလမ်းကြောင်းကင်ဆာဖြစ်ခြင်း အစရှိတဲ့ ရောဂါအခြေအနေတွေကို စစ်ဆေးစမ်းသပ်ဖို့အသားစနမူနာယူတဲ့ နေရာမှာလည်းမှန်ပြောင်းကို အသုံးပြုနိုင်ပါတယ်။ • ကုသပေးဖို့။ သွေးယိုစီးနေတဲ့ သွေးကြောကိုမီးရှို့လောင်ကျွမ်းစေပြီးသွေးတိတ်စေခြင်း၊ ကျဉ်းနေတဲ့ အစာရေမြိုလမ်းကြောင်းကို ချဲ့ပေးခြင်း၊ အသားပိုဖယ်ရှားခြင်းအပြင်က ပစ္စည်းတစ်ခုခုမြိုချမိတာကို ဖယ်ရှားပစ်ခြင်းအစရှိတဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေကို ကုသပေးဖို့အတွက်မှန်ပြောင်းထဲကတဆင့် အမျိုးမျိုးသောကိရိယာတွေကို ထည့်သွင်းကုသပေးနိုင်ပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်တာဘာအန္တရာယ်တွေရှိသလဲ။ မှန်ပြောင်းကြည့်ရင်း အစာရေမြို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Urethrotomy (ဆီးလမ်းကြောင်းချဲ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးလမ်းကြောင်းချဲ့တယ်ဆိုတာဘာလဲ။ ဆီးလမ်းကြောင်း (ဆီးအိမ်ကဆီးတွေကိုလိင်တံထိပ်ထိပို့ပေးတဲ့လမ်းကြောင်း)ကျဉ်းတာကိုကုသဖို့အတွက်ဒီခွဲစိတ်မှုကို ပြုလုပ်ပါတယ်။ ဆီးလမ်းကြောင်းရောင်ရမ်း၊ပိုးဝင်တာဒါမှမဟုတ်ထိခိုက်ဒဏ်ရာရတာတွေကြောင့်အမာရွတ်တစ်သျှူးဖြစ်ပေါ်ပြီးဆီးလမ်းကြောင်းကျဉ်းလာရပါတယ်။ နောက်ဆက်တွဲအနေနဲ့ဆီးခဏခဏသွားခြင်း၊ဆီးမအောင့်ထားနိုင်ခြင်း၊ဆီးသွားတဲ့အရှိန်နည်းခြင်း၊ဆီးလုံးသေးခြင်းနဲ့ဆီးသွားတာအားမရတဲ့ခံစားမှုမျိုးဖြစ်ခြင်းစသည်တို့ကိုခံစားရစေပါတယ်။ ဘာကြောင့်ဆီးလမ်းကြောင်းချဲ့ဖို့လိုတာလဲ။ အမာရွတ်တစ်သျှူးတွေကြောင့်ဆီးလမ်းကြောင်းကျဉ်းလာတဲ့လူနာတွေမှာဆီးကောင်းကောင်းသွားနိုင်ဖို့အတွက်ဒီခွဲစိတ်မှုကို ပြုလုပ်ရပါတယ်။ သင့်အနေနဲ့ဆီးအလွယ်တကူသွားနိုင်ဖို့၊ဆီးမကျန်စေဖို့နဲ့ညဖက်ဆီးခဏခဏထမသွားရစေဖို့ဒီခွဲစိတ်မှုကကူညီပေးမှာ ဖြစ်တဲ့အပြင်ပိုးဝင်တာမျိုးကိုလည်းနည်းပါးသွားစေမှာပါ။ အန္တရာယ်ဆီးလမ်းကြောင်းချဲ့တဲ့ ခွဲစိတ်မှုက ဘာအန္တရာယ်တွေရှိသလဲ။ ဆီးလမ်းကြောင်းမချဲ့ခင်မှာ အောက်ဖော်ပြပါနည်းလမ်းတွေနဲ့အရင်ကုသထားနိုင်ပါသေးတယ်။ • ဆီးပိုက်ထည့်ခြင်း။ သင့်ဆီးအိမ်ထဲကို ဆီးပိုက်တိုက်ရိုက်ထည့်ထားမယ်ဆိုရင် ဆီးသွားရတာအဆင်ပြေစေမှာပါ။ လမ်းကြောင်းတိုတိုလေးပဲ ကျဉ်းတယ်ဆိုရင်တော့ ဆီးပိုက်ကို မိမိဖာသာထည့်နိုင်ပါတယ်။ • ဆီးပိုက်အမြဲထည့်ထားခြင်း။ လမ်းကြောင်းအရမ်းကျဉ်းနေရင် ဒါမှမဟုတ် ခွဲစိတ်မှုမလုပ်ချင်ဘူးဆိုရင် ဆီးလမ်းကြောင်းပွင့်နေစေဖို့အတွက် stent လို့ခေါ်တဲ့ ပြွန်လေးထည့်ထားတာ ဒါမှမဟုတ် ဆီးပိုက်အမြဲထည့်ထားတာမျိုးကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ထားတာတွေဟာ (ဆီးအိမ်ကို ထိခိုက်တာ၊ဆွနေသလို ဖြစ်တာ၊ နေရထိုင်ရအဆင်မပြေတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာအစရှိတဲ့) ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ်။ တခြားကုသမှုတွေနဲ့အဆင်မပြေတော့မှသာ stent ပြွန်ထည့်တာကို ပြုလုပ်လေ့ရှိပြီး အင်မတန်အသုံးပြုခဲပါတယ်။ • ဘောလုံးထည့်ပြီး လမ်းကြောင်းချဲ့ခြင်း။ ဆီးလမ်းကြောင်းကိုချဲ့ဖို့အတွက် ဘောလုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆီးလမ်းကြောင်း အတော်ကျဉ်းပြီး တခြားပြဿနာတွေလည်းရှိနေသေးတဲ့ လူနာတွေဆိုရင်တော့ ပလတ်စတစ်ဆာဂျရီနည်းကို အသုံးပြုပြီး ခွဲစိတ်ကုသမှုအကြီးစား […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Vaginal Hysterectomy (မိန်းမကိုယ်မှတဆင့် သားအိမ်ခွဲစိတ်ထုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မိန်းမကိုယ်မှတဆင့် သားအိမ်ထုတ်ခြင်းဆိုတာဘာလဲ။ သင့်ရဲ့သားအိမ်နဲ့သားအိမ်ခေါင်းတို့ကို ဖယ်ထုတ်တဲ့ခွဲစိတ်မှုကို ဆိုလိုတာဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကနေ မမျိုးဥအိမ်ကိုပါ ဖယ်ထုတ်နိုင်ပေမယ့် အများအားဖြင့်တော့ ဖယ်ထုတ်လေ့မရှိဘဲ ဒီအတိုင်းပဲထားခဲ့လေ့ရှိပါတယ်။ သားအိမ်ကျွံခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းနဲ့သားအိမ်အလုံးတည်ခြင်းအစရှိတဲ့အခြေအနေတွေကြောင့် သားအိမ်ထုတ်ပစ်ရတတ်ပါတယ်။ ဘာလို့ဒီခွဲစိတ်မှုကို ပြုလုပ်သင့်တာလဲ။ သားအိမ်ထုတ်လိုက်မယ်ဆိုရင် သင့်ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။ ဓမ္မတာလာတာမျိုးရှိမှာမဟုတ်တော့ပါဘူး။ ကုသမှုဒီခွဲစိတ်မှုအစားပြုလုပ်နိုင်တဲ့ ကုသမှု နဲ့ ခွဲစိတ်မှု အန္တရယ်တွေက ဘာတွေလဲ တင်ပါးဆုံအောက်ပိုင်းကြွက်သားတွေ သန်စွမ်းလာစေဖို့လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် သားအိမ်ကျွံကျတဲ့ လက္ခဏာတွေကို သက်သာလာစေမှာပါ။ ဆေးသောက်ခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်းအသုံးပြုခြင်း ဒါမှမဟုတ် သားအိမ်ရဲ့အပေါ်ယံအလွှာကိုပဲ ဖယ်ရှားပစ်ခြင်းစတဲ့ ကုသမှုတွေလုပ်ပေးခြင်းအားဖြင့်လည်း ဓမ္မတာသွေးအဆင်းများတာကို သက်သာစေနိုင်ပါတယ်။ သားအိမ်အလုံးရဲ့ အရွယ်အစားနဲ့တည်နေရာတို့အပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာလာစေဖို့အတွက် သောက်ဆေးတွေသောက်နိုင်ပါတယ်။ သားအိမ်အလုံးကိုပဲ ဖယ်ရှားတာမျိုး ဒါမှမဟုတ် အလုံးကိုသွေးထောက်ပံ့ပေးနေတဲ့ သားအိမ်သွေးကြောကိုပိတ်ဆို့ပစ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Varicose Veins Surgery (သွေးကြောထုံးခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်သွေးကြောထုံးတွေဆိုတာ ဘာလဲ။ သွေးကြောထုံးဆိုတာ သင့်ခြေထောက်မှာရှိတဲ့ ဖောင်းကားပြီးတွန့်လိမ်နေတဲ့ သွေးပြန်ကြောအဖောင်းလေးတွေကို ဆိုလိုပါတယ်။ ဒီလိုဖြစ်တာဟာ မျိုးရိုးလိုက်လေ့ရှိပြီး ကိုယ်ဝန်ဆောင်တဲ့အချိန်တွေနဲ့မတ်တပ်ကြာကြာရပ်ရတဲ့အလုပ်လုပ်ကိုင်သူတွေမှာ ပိုဆိုးလေ့ရှိပါတယ်။ ခြေထောက်က သွေးတွေကို နှလုံးဆီပြန်ပို့ပေးတာကိုကူညီပေးနိုင်ဖို့အတွက်ခြေထောက်က သွေးကြောတွေမှာ တဖက်တည်းကိုပဲပွင့်တဲ့အဆို့ရှင်လေးတွေများစွာပါရှိပါတယ်။ ဒီအဆို့ရှင်လေးတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါ သွေးတွေဟာ နှလုံးဆီကိုဖြောင့်ဖြောင့်တန်းတန်းမတက်နိုင်တော့ဘဲ အောက်ကိုပြန်စီးလာကာ ခြေထောက်သွေးကြောတွေမှာ စုပုံပြီးဖောင်းကားလာပါတော့တယ်။ သွေးကြောထုံးတွေကို ဘာလို့ခွဲစိတ်သင့်သလဲ။ ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေတဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် ခွဲစိတ်မှုကို ပြုလုပ်သင့်ပါတယ်။ ခွဲစိတ်မှုသွေးကြောထုံးခွဲစိတ်မှုကို ဘယ်လိုပြုလုပ်မှာလဲ။ မေ့ဆေးသုံးကာ ခွဲစိတ်လေ့ရှိပြီး မိနစ်နှစ်ဆယ်ခန့်ကနေ သုံးနာရီခန့်အထိ အခြေအနေပေါ်မူတည်ပြီး ကြာမြင့်နိုင်ပါတယ်။ သင့်ပေါင်ခြံ ဒါမှမဟုတ် ဒူးခေါက်ခွက်နေရာလောက်ကိုခွဲမှာ ဖြစ်ပြီး ခြေထောက်မှာရှိတဲ့ အပေါ်ယံသွေးကြောတွေနဲ့အတွင်းဖက်ကသွေးကြောတွေကို ဆက်မနေအောင် ခွဲထုတ်မှာဖြစ်ပါတယ်။ ဖောင်းနေတဲ့သွေးကြောတလျှောက်ကို လှီးပြီး ဖြတ်ထုတ်တာမျိုးလည်း လုပ်ကောင်းလုပ်နိုင်ပါသေးတယ်။ အထူးစီမံထားတဲ့ ကိရိယာလေးတွေကို အသုံးပြုပြီး ဖောင်းနေတဲ့အဓိကသွေးကြောကို အရေပြားအောက်က ဆွဲထုတ်တာမျိုးလည်း လုပ်လေ့ရှိကြပါသေးတယ်။ အန္တရာယ် သွေးကြောထုံးခွဲစိတ်မှုကနေ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Anal Fistula Surgery (ဂရင်ဂျီနာ ခွဲစိတ်ကုသမှု)

ဂရင်ဂျီနာခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ မည်သည့်ဂရင်ဂျီနာမဆို ရောဂါပိုးဝင်ပြီး နာကျင်မှု ရှိနိုင်ပါတယ်။ ဒီရောဂါဟာ ခွဲစိတ်မှုမလုပ်ရင် ပိုဆိုးလာနိုင်ပါတယ်။ ဂရင်ဂျီနာအများစုဟာ စအိုလမ်းကြောင်းအတွင်း ပြည်တည်နာ ဖြစ်လာခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပြည်တည်တဲ့လမ်းကြောင်းဟာ အရေပြားပေါ်ထိရောက်ပြီး အနာအပေါက်ဖြစ်သွားတဲ့အခါ ဂရင်ဂျီနာဖြစ်နိုင်ပါတယ်။ ပြည်များဟာ အရေပြားပေါ်က အနာပေါက်မှာ သူ့ဖာသာဖြစ်ဖြစ်၊ ခွဲစိတ်ပေးလို့ပဲဖြစ်ဖြစ် စီးထွက်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်ဟာ နောက်ထပ်မနာကျင်စေဖို့၊ ရောဂါပိုးဝင်ခြင်း မရှိဖို့ ဖြစ်ပါတယ်။ ဂရင်ဂျီနာခွဲစိတ်မှုကို ဘယ်အချိန်မှာ ခံယူသင့်သလဲ လက်ရှိကာလမှာတော့ ဂရင်ဂျီနာအတွက် ဆေးပေးရုံနဲ့ ကုသမှုမပြုနိုင်သေးပါဘူး။ ခွဲစိတ်မှုနဲ့ပဲ ကုသနိုင်ပါတယ်။ ခွဲစိတ်မှုကို စအိုနားက အရေပြားမှာ ပြုလုပ်ပေးခြင်းဖြင့် ပြည်များကို စီးထွက်သွားစေပါတယ်။ ဂရင်ဂျီနာကို ခွဲစိတ်ပြီးအပြီးသတ် မကုသနိုင်သေးခင်ထိ လူနာအများဟာ နာကျင်ခြင်း၊ ပြည်ထွက်ခြင်း၊ ခဏတာသက်သာသလိုဖြစ်ပြီး ပြန်ဖြစ်ခြင်းစတဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။ ဂရင်ဂျီနာမခွဲခင် ဘာတွေသိထားသင့်သလဲ ပြည်ထုတ်နေချိန်မှာပဲ ခွဲစိတ်ကုသမှုကို တချိန်တည်း ပြုလုပ်နိုင်ပါတယ်။ တခါတရံမှာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Benign Scrotal Lump Surgery

Benign Scrotal Lump Surgery (ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းအား ခွဲစိတ်ကုသခြင်း) ကဘာလဲ။ ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်းဆိုတာ ကပ်ပယ်အိတ်ထဲမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ် ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ များသောအားဖြင့် လက္ခဏာမပြတတ်လို့ ခွဲစိတ်ကုသဖို့ မလိုပါဘူး။ ဒါပေမယ့် တချို့အကျိတ်တွေဟာ လက္ခဏာတွေ ပြလာတတ်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အကျိတ်နှစ်မျိုး ရှိတတ်ပါတယ်။ • ရေမုတ်။ ဝှေးစေ့ကိုဖုံးထားတဲ့ အလွှာမှာ အရည်စုပြီး ကြီးလာခြင်း ဖြစ်ပါတယ်။ • သုတ်လွှတ်ပြွန်အရည်အိတ်ဖြစ်ခြင်း။ သုတ်ရည်ထွက်လာတဲ့ လမ်းကြောင်းမှာ အရည်များစုလာခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ကင်ဆာမဟုတ်သော ကပ်ပယ်အိတ်ကြီးခြင်း ခွဲစိတ်ကုသခြင်း လုပ်ဆောင်သလဲ အကျိတ်ကြီးလာတဲ့အခါ ခွဲစိတ်ကုသမှသာ နေထိုင်ရတာ သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကပ်ပယ်အိတ်ကြီးခြင်းဟာ ဒီအတိုင်းထားနိုင်ပေမယ့် အောက်ပါ အခြေအနေတွေကြောင့် ခွဲစိတ်ခြင်း၊ ပြုပြင်ခြင်း ပြုလုပ်ကြပါတယ်။ • နေရထိုင်ရခက်ခြင်း၊ နာကျင်ခြင်း • […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Laparoscopic Gastric Bypass (Laparoscopic gastric bypass ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laparoscopic gastric bypass ဆိုတာဘာလဲ? Gastric bypass ကသင့်ကိုတစ်သက်စာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။ Gastric bypass ကို Roux-en-Y လို့လည်းခေါ်ပြီး အဲဒီခွဲစိတ်မှုမှာ သင့်ရဲ့အစာအိမ်ကို အိတ်အသေးလေးဖြစ်သွားအော င်ကျန်ရှိနေတဲ့အစာအိမ်နဲ့ အူမကြီးတွေကိုရှောင်ပြီးညှပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းက အစားစားတဲ့အခါ စောစောဗိုက်ပြည့်စေခြင်းဖြင့် အစားနည်းစေတဲ့အပြင် သင့်ရဲ့အစာထဲက တချို့ကယ်လိုရီတွေနဲ့အာဟာရတွေကို စုပ်ယူခြင်းမှ ကာကွယ်ပါတယ်။ ဒီခွဲစိတ်မှုအောင်မြင်ခြင်းက စားသောက်မှုအစီအစဉ်အသစ်နဲ့ လေ့ကျင့်ခန်းတွေအပေါ်မှာလည်း မူတည်ပါတယ်။ ဘာကြောင့် Laparoscopic bypass ကိုလုပ်ကြလဲ ? တကယ်လို့သင့်ရဲ့ BMI က၄၀ ကျော်နေရင်ဒီခွဲစိတ်မှုက တစ်သက်တာကိုယ်အလေးချိန်ကျစေပါတယ်။ တကယ်လို့သင့်ရဲ့ BMI က၃၅ ကျော်နေတာပဲ ဖြစ်ဖြစ်၊သင့်မှာဆီးချို type 2 ရှိနေတာပဲဖြစ်ဖြစ် သင့်ကို ဒီခွဲစိတ်မှုကကူညီပါလိမ့်မယ်။ သင့်ရဲ့ BMI နဲ့တခြားသော စစ်ဆေးမှုတွေအပေါ် မူတည်ပြီး ဒီခွဲစိတ်မှုကသင့်အတွက်သင့်တော်မှုရှိ၊ မရှိဆုံးဖြတ်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ ခွဲစိတ်မှုအပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Paraumbilical And Umbilical Hernia Repair (ချက်တစ်ဝိုက် အူကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Paraumbilical And Umbilical Hernia Repair (ချက်တစ်ဝိုက် အူကျွံခြင်း) ကဘာလဲ။ ချက်ဟာ သင့်ဝမ်းဗိုက်ရဲ့ သဘာဝအားနည်းချက်နေရာပါ။ သားအိမ်ထဲမှာ ကလေးလေးရှိနေစဉ်အချိန်ကစလို့ ချက်ဟာစတင်ဖြစ်ပေါ်လာတာပါ။ တကယ်လို့ သင့်ဝမ်းဗိုက်ထဲက အူတွေဝမ်းဗိုက်နံရံကို တွန်းထွက်လာရင် ချက်နေရာမှာ အလုံးကြီးဖြစ်လာပါလိမ့်မယ်။ ဒါကို အူကျွံတယ်လို့ခေါ်ပါတယ်။ ကျွံထွက်နေတဲ့ အူတွေ ဒါမှမဟုတ် တခြားအရာတွေဟာ ဝမ်းဗိုက်ထဲမှာ ပိတ်မိနေပြီး ညှစ်ခံထားရသလို ဖြစ်ကာ သွေးကောင်းကောင်းမရနိုင်တော့တဲ့ အခြေအနေဖြစ်လာနိုင်တာမို့ အူကျွံတာဟာအန္တရာယ်ရှိပါတယ်။ ခွဲစိတ်ပြုပြင်မှုရဲ့ ကောင်းတဲ့အချက်တွေကဘာတွေလဲ။ ခွဲစိတ်လိုက်ရင် သင့်ရဲ့အူကျွံရောဂါ လုံးဝအရှင်းပျောက်သွားမှာ ဖြစ်တဲ့အတွက် အူကျွံတာကြောင့် ဖြစ်လာမယ့် ဆိုးရွားပြင်းထန်တဲ့နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ခွဲစိတ်မှုကြောင့် ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ။ အသက်လေးနှစ်အောက် ကလေးတွေမှာသူ့အလိုလို ပြန်ကောင်းသွားနိုင်ပေမယ့် ဒီထက်ကြီးတဲ့ ကလေးတွေနဲ့အရွယ်ရောက်ပြီးသား လူကြီးတွေမှာတော့ ခွဲစိတ်မှုမလုပ်ဘဲနဲ့ ပြန်ကောင်းလာစရာ အကြောင်းလုံးဝမရှိပါဘူး။ ခွဲစိတ်မှုလုပ်ပြီးတဲ့နောက်ပိုင်းမှာလည်း အူကျွံတာ ပြန်ဖြစ်နိုင်ပါသေးတယ်။ ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Pyloromyotomy (အစာအိမ်ထွက်ပေါက်အဆို့ ကြွက်သားခွဲစိတ်ကုသမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pyloromyotomy (အစာအိမ်ထွက်ပေါက်အဆို့ ကြွက်သားခွဲစိတ်ကုသမှု) ကဘာလဲ။ အစာအိမ်ထွက်ပေါက်ကျဉ်းခြင်း (pyloric stenosis) ဟာကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အစာအိမ်နဲ့အူသိဆက်ထားတဲ့ နေရာမှာရှိတဲ့ pylorus အဆို့လေးထူလာတဲ့အတွက် ဒီရောဂါ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ Pylorus ဆိုတာအစာအိမ်တွင်း အစာချေလုပ်ငန်း လုပ်ဆောင်နေချိန်မှာ အစာတွေကို အစာအိမ်ထဲမှာပဲ ရှိနေအောင်ထိန်းပေးထားတဲ့ အဆို့ကြွက်သားတစ်ခုဖြစ်ပါတယ်။ အစာအိမ်ထွက်ပေါက်ကျဉ်းရောဂါရှင်တွေမှာ ထွက်ပေါက်နားက ကြွက်သားတွေထူလာတဲ့အတွက် အစာတွေအူသိမ်ထဲ ဆက်သွားတာကို တားဆီးပိတ်ဆို့ထားတာကြောင့် အန်ခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ကိုယ်အလေးချိန်ကျဆင်းတာတို့ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါရှိနေတဲ့ ကလေးလေးတွေဟာ အမြဲတမ်းဆိုသလို ဗိုက်ဆာနေတတ်ကြတာကို တွေ့ရပါတယ်။ အစာအိမ်ထွက်ပေါက်ကျဉ်းတာကို ခွဲစိတ်ကုသလို့ရပြီး ခွဲစိတ်မှုအများစုဟာ အောင်မြင်ကြပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေလည်း မရှိသလောက်နည်းပါးပါတယ်။ အစာအိမ်ထွက်ပေါက် အဆို့ ကြွက်သားခွဲစိတ်ကုသမှု (Pyloromyotomy) ဘာလို့လုပ်ဖို့လိုတာလဲ။ ကလေးလေးမှာ အစာအိမ်ထွက်ပေါက်ကျဉ်းတဲ့ ဝေဒနာကို ခံစားနေရပြီဆိုရင် ခွဲစိတ်ကုသမှုကို ခံယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ ဒါဟာအကောင်းဆုံးကုသမှုဖြစ်နေလို့ပါပဲ။ အစာအိမ်ထွက်ပေါက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း