ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးသောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သွားဘက်ဆိုင်ရာဆေးခန်းတွင် နာကျင်မှုနှင့် စိုးရိမ်မှုကို ထိန်းချုပ်ခြင်း

လူအများစုသည် သွားဆေးခန်းသို့ သွားရန် စိုးရိမ်စိတ်များတတ်ကြသည်။ သွားကျန်မာရေးအတွက် ကုသမှုယူရန် မသွားလိုကြပဲ သူတို့၏သွားပြသနာများ ပိုဆိုးလာတတ်ကြသည်။ ထို့ကြောင့် သွားဘက်ဆိုင်ရာ ကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ် ကို မည်ကဲ့သို့သက်သာစေသည် ကို ထိုသူများ သိရှိရန်လိုအပ်ပါသည်။ မေ့ဆေးသုံးခြင်းသည် လူသိများသော နည်းလမ်းတစ်ခုဖြစ်သည်။ အောက်တွင် သွားဘက်ဆိုင်ရာမေ့ဆေးနှင့် ပတ်သတ်ပြီး ဆွေးနွေးထားပါသည်။ သွားဘက်ဆိုင်ရာမေ့ဆေးပညာသည် လူများကို နာကျင်မှုမှ သက်သာစေပြီး ဆရာဝန်ကိုလည်း ကုသမှုများ ပြီးမြောက်အောင်မြင်စေရန် ကူညီပေးသည်။ ၎င်းတွင် ထုံဆေး၊ စိတ်ငြိမ်ဆေးနှင့် မေ့ဆေး တို့ပါဝင်သည်။ သွားဘက်ဆိုင်ရာကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ်ကိုသက်သာစေရန် ဆေးများ အသုံးပြုရန် အရေးကြီးသည်။ ထုံဆေး ထုံဆေးသည် သွားဘက်ဆိုင်ရာကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ်ကို သက်သာစေရန် အခြေခံဖြစ်သည်။ ထုံဆေးသည် ကုသမှုပြုလုပ်မည့် နေရာတစ်ကွက်ကို ထုံစေပြီး နာကျင်မှုကို သက်သာစေသည်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

နှလုံးခွဲစိတ်ခြင်း

နှလုံးခွဲစိတ်မှုဆိုတာ ဘာလဲ။ နှလုံးခွဲစိတ်မှုဆိုသည်မှာ သင့် နှလုံးတွင် ရောဂါရှိသောကြောင့် ကုသရန် ခွဲစိတ်ခြင်းဖြစ်သည်။ သင့်ရင်ခေါင်းကိုဖွင့်ပြီး နှလုံးကိုခွဲစိတ်ခြင်း၊ နှလုံးကြွက် သားများ အဆို့ရှင်များ၊ သွေးကြောများကို ခွဲစိတ်ခြင်း ဖြစ်သည်။ ၎င်းကို ရင်ခေါင်းဖွင့်ပြီး နှလုံးခွဲစိတ်ခြင်းဟု ခေါ်သည်။ နောက်ပိုင်းတွင် ဆေးပညာတိုးတက်မှုကြောင့် တချို့သောနှလုံးခွဲစိတ်မှုများသည် ခွဲကြောင်းသေးသေးဖြင့် နှလုံးခွဲစိတ်မှု ပြုလုပ်နိုင်သည်။ ဘာကြောင့်နှလုံးခွဲစိတ်မှုကို လုပ်ရသလဲ။ နှလုံးခွဲစိတ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်သည်။ နှလုံးသွေးကြော ကျဉ်းရောဂါဆိုသည်မှာ နှလုံးသွေးကြောထဲတွင် အဆီဖတ် များစုပုံလာပြီး သွေးကြောမာ လာကာ ကျဉ်းမြောင်းသွားပြီး သွေးကောင်းကောင်း မစီးနိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် နှလုံးသွေးကြောလမ်းကြောင်းလွှဲ ကုသနည်း (coronary artery by pass surgery) ကို လုပ်ဆောင်ရပါသည်။ တခြားသောနှလုံးခွဲစိတ်မှုများမှာ နှလုံးအဆို့ရှင်ကို ပြု ပြင်ခြင်း၊ ပျက်စီးနေသော နှလုံးကြွက်သားများကို ပြုပြင်ခြင်း၊ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများ ခွဲစိတ်မှုပြီးရင်ဘာတွေမျှော်လင့်ပြင်ဆင်ထားရမလဲ

မေ့ဆေးဆိုတာ ခွဲစိတ်မှုတစ်ခုပြုလုပ်စဉ်မှာပဲ ဖြစ်စေ၊ မေ့ဆေးကို အသုံးပြုရတဲ့ လုပ်ငန်းစဉ်တစ်ခုမှာပဲ ဖြစ်စေ နာကျင်မှုကို ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါက သင့်ရဲ့ အသက်ရှူခြင်း၊ နှလုံးခုန်နှုန်း၊ သွေးလည်ပတ်မှု (သွေးဖိအား)၊ အစာခြေစနစ်ရဲ့လှုပ်ရားမှုတွေနဲ့ လည်ချောင်းလှုပ်ရှားမှုတွေ (ဥပမာ -မျိုချခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အဆုတ်တွေထဲ ထူးဆန်းတဲ့ပစ္စည်းတွေ မရှူမိနိုင်အောင် ကာကွယ်ပေးတဲ့ ဟပ်ခြင်း)စတာတွေကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။ မေ့ဆေးဟာ တခြားသောဆေးတွေနဲ့ တွဲသုံးနိုင်ပြီး ဒီလိုသုံးစွဲခြင်းက မေ့ဆေး ရဲ့ ဆိုးကျိုးတွေကို သက်သာလျော့နည်းစေပါတယ်။ ဘေးထွက်ဆိုးကျိုးများ ကံကောင်းထောက်မစွာနဲ့ပဲ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အခြားသော ပြဿနာတွေဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့အပြင် ဖြစ်လာခဲ့ရင်တောင် အလွယ်တကူဖြေရှင်းလို့ရနေတာပါပဲ။ အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာဆိုရင်ပေါ့။ ဒါပေမယ့် မေ့ဆေးတွေအားလုံးမှာတော့ ကျွန်တော်တို့ စိတ်ပူမယ်ဆို စိတ်ပူလို့ရမယ့် အချို့သော ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ဥပမာ- • မေ့ဆေးကို သုံးစွဲထားတဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးအသုံးပြုနေချိန်အတွင်း ရုတ်တရက် သတိပြန်လည်လာရခြင်း အကြောင်းစုံ။

မေ့ဆေး သုံးပြီး ခွဲစိတ်ကုသမှုခံယူနေစဉ်မှာ ရုတ်တရက်ကြီးသတိပြန်ရလာတာမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေမျိုးပါ။ သူတို့ဟာ မေ့ဆေးပေးတဲ့ကိစ္စတွေမှာဖြစ်တတ်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်စေတဲ့အထိ ဆိုးရွားကြောက်ရွံ့စရာကောင်းလှတဲ့ အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေအကြောင်း ပိုပြီးသိရဖို့အတွက် ဆက်ပြီးဖတ်ကြည့်ရအောင်။ မေ့ဆေး အသုံးပြုနေချိန်အတွင်းမှာ သတိပြန်လည်လာခြင်းဆိုတာ ဘာလဲ။ မေ့ဆေးပေးစဉ်ကာလမှာဆိုရင် လူနာတွေကို မေ့နေစေဖို့နဲ့ နာကျင်မှုကိုသက်သာစေဖို့အတွက် ဆေးတွေသုံးစွဲရလေ့ရှိပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေတွေမှာ ဒီဆေးတွေဟာ မအောင်မြင်ဘဲ လူနာသတိပြန်လည်လာတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ လူနာတွေဟာ နိုးလာပြီး ခွဲစိတ်နေစဉ်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ အားလုံးသိသွားပါတယ်။ တကယ်လို့ နာကျင်မှုသက်သာစေတဲ့ဆေးက မတိုးဘူးဆိုရင်တော့ လူနာက နာကျင်မှုကို ပိုပြီးခံစားရမှာပါ။ ဒါဟာ အန္တရာယ်များလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်စက်စေဖို့နဲ့ နာကျင်မှုကိုသက်သာစေဖို့ စီမံထားတဲ့ ရည်ရွယ်ချက်ဟာ ရှုံးနိမ့်သွားပေမယ့် Paralytic agent (လေဖြတ်သကဲ့သို့ မလှုပ်ရှားစေနိုင်သောဆေး) တွေက အလုပ်လုပ်နေဆဲဖြစ်တာမို့ လူနာတွေဟာ သူတို့အခြေအနေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးခြင်းနှင့် ခွဲစိတ်ပြီးနောက်ပိုင်းနာကျင်မှု ဆက်စပ်ပုံ

မည်သည့် ဆေးကုသခြင်းမဆို ဘေးထွက်ဆိုးကျိုး အနည်းနှင့် အများ ရှိသည်။ မေ့ဆေးသည်လည်း ဆေးတစ်မျိုးပင်ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများရှိသော်လည်း ကျန်းမာရေးကောင်းသူများတွင် အလွယ်တကူ သက်သာသွားအောင် ပြုလုပ်နိုင်သည်။ အောက်ပါတို့သည် ခွဲစိတ်ခြင်းမပြုမီ ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပါသည်။ ပျို့အန်ခြင်း ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင် အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်။ ၂၀-၃၀ ရာခိုင်နှုန်းသော လူနာများတွင် ဤလက္ခဏာများဖြစ်တတ်သည်။ ဆေးလိပ်သောက်သူများနှင့် လှုပ်ရှားမှုများတွင် မူတတ်သော အမျိုးသမီးလူနာများတွင် ဖြစ်နိုင်ချေပိုများသည်။ နား ခွဲစိတ်ခြင်းနှင့် အူလမ်းကြောင်းခွဲစိတ်ခြင်းတွင် အဖြစ်များသည်။ ဤဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန် သင့်ဆရာဝန်ကို မော်ဖင်းနှင့် ဓါတ်ငွေ့ မပါသော မေ့ဆေးကို အသုံးပြုရန် တောင်းဆိုနိုင်သည်။ လက္ခဏာများ ဆက်ရှိနေလျှင် ခွဲစိတ်ခြင်းမတိုင်မီ အအန်ပျောက်ဆေးကို ကြိုသောက်နိုင်သည်။ လည်ချောင်းနာခြင်း လည်ချောင်းနာခြင်းနှင့် အသံဝင်ခြင်းသည် လူနာ ၄၀ ရာခိုင်နှုန်းတွင် ခွဲစိတ်ပြီး ပထမနာရီအတွင်းတွင် ဖြစ်ကြသည်။ အသက် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးသူအမျိုးအစားများ

ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။ မေ့ဆေးအထူးကုဆရာဝန် မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။ သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။ • လူနာ၏ကျန်းမာရေးကို အကဲဖြတ်ရန် ၊ လူ၏အခြေအနေသည် ပြုလုပ်တော့မည့် ခွဲစိတ်မှုအတွက် သင့်တော်၊ မတော်စဉ်စားရန် နှင့် လူနာအတွက် သင့်တော်သော မေ့ဆေးအမျိုးအစားကို ဆုံးဖြတ်ရန်လိုအပ်ပါသည်။ • လူနာကို မေ့ဆေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ပေးရန်လိုပြီး လူနာကို စိတ်သက်သာစေရန် ပြုလုပ်ပေးရပါသည်။ • […]


အခြေခံကျန်းမာရေး

ဖိအားကြောင့် ဖြစ်သောအနာကို ဘယ်လိုကာကွယ် ကုသမလဲ

ဖိအား သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော အနာ များကို ကုသဖို့ထက် ကာကွယ်ဖို့က ပိုလွယ်ကူပါတယ်။ ဒီလိုဆိုလို့လည်း ဖြစ်စဉ်က ရိုးရှင်းလွယ်ကူတယ်လို့တော့ မဆိုလိုပါဘူး။ ထိုပြဿနာကို ကာကွယ်ဖို့အတွက်ရော၊ ကုသဖို့အတွက်ရော အဆင့်ဆင့်လိုတယ် ဆိုတာသိဖို့တော့ အရေးကြီးပါတယ်။ ဘယ်လိုကာကွယ်မလဲ ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကုသဖို့ပဲဖြစ်ဖြစ် အရေပြားပေါ် သက်ရောက် နေတဲ့ဖိအားကို လျှော့ချဖယ်ရှားပစ်ဖို့က အရေးကြီးဆုံးအချက်ပါ။ တစ်နေရာထဲကို အချိန်အကြာကြီး ဖိထားတာကြောင့် ထိုနေရာကို သွေးလျှောက်မှု နည်းပြီး ဆဲလ်များကို သေစေ၊ ပျက်စီးစေတာကြောင့် အနာဖြစ်ရခြင်း ဖြစ်တယ်။ မကြာခဏ ပုံစံအမျိုးမျိုး ပြောင်းပေးခြင်း အပြင် ပွတ်တိုက်ခြင်း၊ အရှိန်နှင့် ပွတ်မိခြင်း၊ တစ်နေရာတည်းကို တိုက်ရိုက်ဖိမိနေသော အနေအထားတွင် နေခြင်း များကိုရှောင်ရှားခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ ဖိအားသက်ရောက်ခြင်းကို သက်သာစေနိုင်ပါတယ်။ နောက်တစ်နည်းကတော့ မွေ့ရာ၊ အိပ်ရာခင်း၊ ထိုင်ခုံကူရှင်တွေလို အကာအကွယ် အထောက်အပံ့ […]


အခြေခံကျန်းမာရေး

အသားပုပ်ခြင်း ဖြစ်ပွားစေသည့်အကြောင်းများ၊ လက္ခဏာများ၊ ကုသချက်များ

အသားပုပ်ခြင်းအကြောင်းကိုသေချာမသိရင် ကြောက်စရာကောင်းပါတယ်။ အသားပုပ်ခြင်းဟာကိုယ်ခန္ဓါ ဘယ်အစိတ်အပိုင်းကိုမဆိုထိခိုက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဲ့ဒီရောဂါအကြောင်းသိထားရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကြောင်းရင်းများ၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေကုသပုံများကိုလေ့လာကြည့်ပါစို့။ ဘယ်အရာတွေကအသားပုပ်ခြင်းဖြစ်သလဲ သွေးဟာကိုယ်ခန္ဓါရဲ့ဆဲလ်တွေကလိုအပ်တဲ့ အောက်ဆီဂျင်၊ အာဟာရဓါတ်နဲ့ ကိုယ်ခံပစ္စည်းတွေကိုသယ်ပေးပါတယ်။ အဲဒီအခါ ဆဲလ်တွေဟာပုံမှန်ကြီးထွားနိုင်ပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှုမှာ ပြသနာရှိရင်တော့ ဆဲလ်တွေဟာမရှင်သန်နိုင်တော့ပါဘူး။ ရောဂါပိုးဝင်ခြင်းကြောင့် အသားစတွေပျက်စီးပြီးအသားပုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသားပုပ်ခြင်းကို ဖြစ်နိုင်ခြေရှိတဲ့အရာတွေကဘာတွေလဲ အောက်ပါအချက်တွေရှိရင် ဖြစ်လာနိုင်ပါတယ်။ • ဆီးချိုရှိတဲ့အခါ သကြားဓါတ်ကိုဖြိုခွဲမယ့် အင်ဆူလင်ကိုမထုတ်နိုင်တာ၊ လုံလောက်စွာမသုံးနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုကို ထိရောက်စွာမကုရင် သွေးတွင်းသကြားဓါတ်ဟာ မြင့်တက်လာပြီးသွေးကြောတွေကို ပျက်စီးစေတဲ့အခါ အဲဒီသွေးကြောတွေနဲ့ ထောက်ပံ့ပေးထားတဲ့ သက်ဆိုင်ရာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို အကျိုးသက်ရောက်စေပါတယ်။ • သွေးကြောပြသနာများဖြစ်တဲ့ သွေးကြောမာကျစ်၍ ကျဉ်းမြောင်းလာခြင်း၊ အရေပြားကိုသွားတဲ့ သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းစတဲ့ပြသနာတွေဖြစ်ရင် သွေးစီးဆင်းမှုကို ပိတ်ဆို့စေပါတယ်။ • ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်းစတာတွေကလည်း အသားပုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာသွေးစီးဆင်းမှုကို ထိခိုက်ပြတ်တောက်စေလို့ ဖြစ်ပါတယ်။ • […]


အခြေခံကျန်းမာရေး

အရေပြားအစားထိုးကုသခြင်း ဆိုတာဘာလဲ

အရေပြားအစားထိုးခြင်းဟာ အရေပြား တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပြီး အခြားအစိတ်အပိုင်း တစ်ခုမှာ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။ အရေပြားအစားထိုးခြင်းကို ကြီးမားတဲ့ အနာတွေဖြစ်တဲ့ အရေပြားပေါက်သွားတဲ့ အရိုးကျိုးခြင်း၊ မီးလောင်ခြင်းနဲ့ ရောဂါပိုးဝင်ပြီး အနာမကျက်ခြင်းတွေပေါ်မှာ ကပ်ဖို့ အသုံးပြုနိုင်ပါတယ်။ အရေပြားအစားထိုးခြင်း နှစ်မျိုးရှိပါတယ်။ • Split-Level Thickness Grafts ဒီအမျိုးအစားဟာ အရေပြား အပေါ်လွှာ နှစ်လွှာကို ဖယ်ရှားလိုက်ပါတယ်။ Split-Level Thickness Grafts ဟာ ကျက်သွားတဲ့အခါ ကျန်တဲ့အရေပြားတွေနဲ့ ယှဉ်ရင် ပိုပြီး ပြောင်ပါတယ်။ ဒီအရေပြားဟာ ကျန်အရေပြားတွေနဲ့ လိုက်ပြီး ဖွံ့ဖြိုးခြင်းမရှိပါဘူး။ ဒါကြောင့် ဒီလို အရေပြားအစားထိုးမှု လုပ်ထားတဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါမှာ နောက်တစ်ခါ ထပ်လုပ်ဖို့ လိုပါတယ်။ • Full-Thickness Grafts ဒီအမျိုးအစားကတော့ အရေပြား အလွှာနှစ်လွှာနဲ့အတူ သွေးကြောတွေနဲ့ ကြွက်သားတွေကို ဖယ်ရှားလိုက်ပါတယ်။ ဒီအစားထိုးခြင်းဟာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သင့်ရဲ့ကလေးကို မေ့ဆေးပေးရန် ပြင်ဆင်ခြင်း

ကလေး၊ ခွဲစိတ်ခြင်း၊ မေ့ဆေး၊ နှစ်သိမ့်ခြင်း သင့်ရဲ့ကလေးဟာမေ့ဆေးသုံးရမယ့် ခွဲစိတ်မှု၊ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ရတော့မယ်ဆိုရင် သင်သိချင်တာတွေ အများကြီးရှိနိုင်ပါတယ်။ အမေးအများဆုံးမေးခွန်းတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တာပါပဲ။ ကောင်းတဲ့အချက်ကတော့ မေ့ဆေးဟာဘေးကင်းတတ်ပါတယ်။ ခွဲစိတ်မှုမတိုင်မီဘယ်လိုပြင်ဆင်မလဲ သင့်ရဲ့ကလေးနဲ့ သင်ဟာခွဲစိတ်မှုကိုကောင်းကောင်းစတင်ဖို့ အသင့်ဖြစ်နေသင့်ပါတယ်။ အောက်ပါအချက်သုံးချက်ကတော့ အရေးကြီးပါတယ်။ သင့်ကလေးကိုကုသနေသူများထံမှရသောအချက်အလက်များကိုသုံးသပ်ပါ။ ဘာဖြစ်နေတယ်ဆိုတာကိုရှင်းပြပါ။ သင့်ရဲ့ကလေးအသက်အရွယ်နဲ့ ကိုက်ညီမယ့် အသုံးအနှုန်းများနဲ့ ဘာကိုမျှော်လင့်ကြောင်းရှင်းပြပါ။ ဒါဟာလူနာတွေကို နှစ်သိမ့်မှုပေးနိုင်ဖို့ အရေးကြီးတဲ့နည်းလမ်း ဖြစ်ပါတယ်။ သင့်ကလေးရဲ့ အသက်အရွယ် ခံစားမှုအလိုက်ပြောပြဖို့ အကောင်းဆုံးနည်းလမ်းဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ အသက်နဲ့ ဖွံ့ဖြိုးမှုဟာသူတို့မေ့ဆေးကိုကြောက်ခြင်းရှိမရှိဆိုတဲ့နေရာမှာအများကြီးမူတည်ပါတယ်။ တချို့ငယ်ရွယ်တဲ့ကလေးများဟာမိဘများနဲ့ ခွဲခွာရမယ့်အချိန်ကိုကြောက်ရွံ့တတ်ကြပါတယ်။ ခွဲစိတ်မှု ပြင်ဆင်တဲ့အခန်း၊ ခွဲစိတ်ခန်းစတာတွေမှာသူတို့အိပ်ပျော်မသွားခင်ထိမိဘများနဲ့ နီးနေရင် စိတ်လုံခြုံမှု ရှိပါတယ်။   တကယ့်နေ့မှာဘာကိုမျှော်လင့်လဲ ခွဲစိတ်မှုပြုတဲ့နေ့မှာဆေးအဖွဲ့ဟာသင့်ရဲ့ကလေးကိုသက်တောင့်သက်သာရှိအောင် ကူညီပေးပါလိမ့်မယ်။ အောက်ပါအချက်တွေကိုသင်ကြိုပြင်ထားနိုင်ပါတယ်။ ဆာလောင်ခြင်းဟာကလေးကိုစိတ်တိုစေနိုင်ပါတယ်။ မေ့ဆေးပေးချိန်မှာစားသောက်ထားခြင်းမရှိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ကလေးဟာမခွဲစိတ်မီ ၈နာရီနောက်ပိုင်း စားသောက်မှုမပြုဖို့ လိုပါတယ်။ အဲဒီအခြေအနေမှာသင့်ကလေးစိတ်မကြည်မလင်ဖြစ်တဲ့အခါ နှစ်သိမ့်ပေးဖို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း