ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို သိထားမယ်ဆိုရင် ဘယ်ရောဂါကို ဘယ်လိုအခြေအနေမှာ ဘယ်လို ကုသနိုင်သလဲဆိုတာ အလွယ်တကူသိနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးသောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ သုတ်လိမ်းတဲ့ […]

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Haemorrhoid Treatment By Injection Or Banding (လိပ်ခေါင်းကို ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီး ကုမယ်)

ခွဲစိတ်တာအပြင် လိပ်ခေါင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ။ ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီးတော့လည်း လိပ်ခေါင်းကို ကုသနိုင်ပါတယ်။ လိပ်ခေါင်းဆိုတာဟာ သင့်စအိုဝမှာရှိနေတဲ့ ခပ်ပျော့ပျော့ အသားလုံးတွေကို ဆိုလိုပြီး ဝမ်းသွားတဲ့အခါ လိပ်ခေါင်းကနေ အလွယ်တကူ သွေးယိုနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်လေ့မရှိပေမယ့် ယားယံမှုကိုတော့ ဖြစ်စေပါတယ်။ လိပ်ခေါင်းဟာ ကြီးလာရင် စအိုကတဆင့် အပြင်ကို ထွက်လာနိုင်တဲ့အတွက် အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အလုံးအဖြစ် စမ်းမိနိုင်ပါတယ်။ လိပ်ခေါင်းတွေဟာ အချိန်အတိုင်းအတာ တခုအတွင်းမှာ တဖြည်းဖြည်း ကြီးလာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းဖြစ်နိုင်သလို မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းတွေ ပိုဆိုးလာလေ့ရှိပါတယ်။   ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီး လိပ်ခေါင်းကုသတဲ့နည်းလမ်းတွေကို ဘာလို့ရွေးချယ်သလဲ။ အခြားနည်းလမ်းတွေနဲ့ မသက်သာရင် ဒါမှမဟုတ် လိပ်ခေါင်းကကြီးနေရင် ခွဲစိတ်ကုသဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ ဆေးထိုးပြီး ဒါမှမဟုတ် သားရေကွင်းချည်ပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Lumbar Laminectomy (ခါးရိုးဆစ်ပြားခွဲထုတ်ကုသခြင်း)

lumbar laminectomy ဆိုတာဘာလဲ။ ကျောခါးဆစ်ရိုးကျဉ်းခြင်းကြောင့် ခြေထောက်နာကျင်ခြင်း၊အားနည်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။Laminectomy ဆိုတာဟာ ကျောရိုးဆစ်ရဲ့အနောက်ဖက်အပိုင်းဖြစ်တဲ့ lamina ကို ဖြတ်ထုတ်ခြင်းအားဖြင့် နေရာလွတ်ဖြစ်အောင် ခွဲစိတ်ဖန်တီးတာကို ဆိုလိုပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျောရိုးဆစ်အတွင်း နေရာပိုကျယ်သွားတာကြောင့် ကျောရိုးအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေပေါ်မှာ ဖိနေတဲ့ ဖိအားလျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင့်ရောဂါလက္ခဏာတွေကို ပိုဆိုးမသွားစေဖို့ပဲ ဖြစ်ပါတယ်။   lumbar laminectomy ကို ဘယ်လိုအခြေအနေမျိုးမှာ ပြုလုပ်သင့်သလဲ။ အောက်ပါအခြေအနေတွေမှာ lumbar laminectomy ကို ပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ · ဆေးသောက်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းတွေနဲ့ မသက်သာရင်။ · ကြွက်သားအားနည်းထုံကျဉ်တာ ဆိုးရွားလာတဲ့အတွက် လမ်းလျှောက်ဖို့၊မတ်တပ်ရပ်ဖို့တောင် အဆင်မပြေတော့ရင်။ · ဆီး၊ဝမ်း မထိန်းနိုင်တော့ရင် စတဲ့ အခြေအနေတွေပေါ့။ ကျောရိုးဆစ်ရိုးပြားကျွံတာကို ကုသဖို့ပြုလုပ်တဲ့ ခွဲစိတ်မှုရဲ့ တစိတ်တပိုင်းအဖြစ်လည်း laminectomy ပြုလုပ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Lumbar Microdiscectomy (ခါးရိုးဆစ်ခွဲစိတ်ခြင်း အကြောင်း သိကောင်းစရာ)

lumbar microdiscectomy ဆိုတာဘာလဲ။ ကျောရိုးဆစ်ပြား ချော်ထွက်ခြင်းဆိုတာဟာ အဆိုပါ အဆစ်ပြားရဲ့ အလယ်ခေါင်နေရာက အပြင်ကို ထိုးထွက်ပြီး အာရုံကြောအပေါ် ဖိထားသလိုဖြစ်နေပါလိမ့်မယ်။ ဒီလိုဖြစ်နေရင် ဖိခံထားရတဲ့ အာရုံကြောက ထောက်ပံ့တဲ့ နေရာတဝိုက်မှာ ပြင်းထန်စွာ နာကျင်ခြင်း၊အားနည်းခြင်း နဲ့ ထုံကျဉ်ခြင်းတို့ ခံစားရမှာ ဖြစ်ပြီး ခါးနားတဝိုက်က ကျောရိုးဆစ်ပြားမှာ ဒီအခြေအနေ ဖြစ်ပေါ်ရင် သင့်ခြေထောက်တွေမှာ ဝေဒနာခံစားရပါလိမ့်မယ်။   ဘယ်လိုအခြေအနေတွေမှာ lumbar microdiscectomy ခွဲစိတ်မှု ပြုလုပ်ဖို့ လိုသလဲ။ နာကျင်ခြင်းတွေကို လျော့ပါးသက်သာစေဖို့နဲ့ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဒီခွဲစိတ်မှုကို ပြုလုပ်ရပါတယ်။ အောက်ပါအခြေအနေတွေရှိနေရင် ခွဲစိတ်ဖို့ စဉ်းစားရပါတယ်။ · ခြေထောက် အလွန်နာကျင်၊ထုံကျဉ်၊အားနည်းနေတဲ့အတွက် နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မပြုလုပ်နိုင်ခြင်း။ · ခွဲစိတ်တာမဟုတ်တဲ့ အခြားသော နည်းလမ်းတွေနဲ့ တလလောက်ကုသပေမယ့် မသက်သာခြင်း။ · စမ်းသပ်စစ်ဆေးချက်တွေအရ သင်ခံစားနေရတဲ့ ခြေထောက်ကြွက်သားတွေ အားနည်းတာ၊မလှုပ်ရှားနိုင်တော့တာ ဒါမှမဟုတ် ထုံကျဉ်ကိုက်ခဲနာကျင်နေတာမျိုးတွေဟာ ခွဲစိတ်လိုက်ရင် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Pacemaker Insertion (နှလုံးစက် ထည့်သွင်းခြင်း)

Pacemaker insertion ဆိုတာဘာလဲ။ Pacemaker ဟာ နှလုံးခုန်သံ နှေးကွေးခြင်းကို ကုသနိုင်တဲ့ စက်တစ်ခု ဖြစ်ပါတယ်။ Pacemaker ဟာ မီးခြစ်ဆံဗူး အရွယ်အစားရှိပြီး သူ့မှာ လျှပ်စစ်စီးကြောင်းနဲ့ ဘက်ထရီ ပါဝင်ပါတယ်။ Pacemaker ကို များသောအားဖြင့် ရင်ညွန့်ရိုးအောက်မှာ ထည့်တတ်ပြီး နှလုံးရဲ့ သွေးပြန်ကြော တစ်လျှောက် လျှပ်စစ်လှိုင်းတွေကို ပေးစွမ်းမယ့် lead တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပါဝင်ပါတယ်။ ဘာတွေက ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကို ဖြစ်စေသလဲ။ နှလုံးခုန်ခြင်းကို sinus node လို့ခေါ်တဲ့ နှလုံးရဲ့ ဆဲလ်အုပ်စုမှနေပြီး လျှပ်စစ်လှိုင်းတွေ ထုတ်လုပ်ကာ ထိန်းချုပ်ပေးပါတယ်။ နှလုံးက ပုံမှန်အတိုင်းခုန်မယ်ဆိုရင် လျှပ်စစ်လှိုင်းတွေဟာ နှလုံးရဲ့ သွေးလက်ခံခန်းနဲ့ သွေးလွှတ်ခန်းတွေကို စည်းချက်ကျကျ ကံျု့ခြင်း၊ လွှတ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ Pacemaker ဟာ သွေးလွှတ်ခန်းတွေပုံမှန်ထက်ပိုပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Peripheral Nerve Block (စွန်ဖျားအာရုံကြောထုံဆေး)

Peripheral nerve block စွန်ဖျားအာရုံကြောထုံဆေး ဆိုတာဘာလဲ။ Peripheral nerve block ဟာ ထုံဆေးထိုးခြင်းနဲ့ လက်မောင်းကိုသွားတဲ့အဓိက အာရုံကြောများပတ်လည်မှာ နာကျင်မှုကင်းမဲ့စေခြင်းတွေ ပါဝင်တဲ့ ထုံဆေးပေးနည်းတစ်မျိုး ဖြစ်ပါတယ်။ Peripheral nerve block ဟာ နာကျင်မှုသက်သာစေဖို့ အာရုံကြောတွေကို ခဏတာထုံသွားစေပါတယ်။ လက်မောင်းတွင် အာရုံကြောပိတ်ဆို့ခြင်းကို များသောအားဖြင့် သင့်ကို စိတ်ငြိမ်ဆေးပေးပြီး နိုးနေစဉ်မှာ ပြုလုပ်လေ့ရှိပြီး မေ့ဆေးနဲ့လည်း တွဲဖက် ပြုလုပ်နိုင်ပါတယ်။ အာရုံကြောပိတ်ဆို့ခြင်းကို ခွဲစိတ်မှုအတွက် မေ့ဆေးအနေနဲ့အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ နာကျင်မှု သက်သာစေပါတယ်။ ခွဲစိတ်မှုပေါ်မူတည်ပြီး ထိုးသွင်းခြင်းကို လည်ပင်းဘေး၊ ရင်ညွန့်ရိုးနဲ့ ချိုင်းကြားနား၊ လက်မောင်း၊ လက်ဖျံ၊ လက်ကောက်ဝတ်တွေမှာ ထိုးနိုင်ပါတယ်။ ခြေထောက်မှာတော့ ပေါင်၊ ဒူး အနောက်ပိုင်း၊ ခြေချင်းဝတ်၊ ခြေဖဝါးနဲ့ ပေါင်နားမှာ ထိုးနိုင်ပါတယ်။ Peripheral nerve block […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Prostate Disease Surgery (ဆီးကျိတ်ခွဲစိတ်ခြင်း)

Prostate disease surgery ဆိုတာဘာလဲ။ ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်း Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာ အသင့်အတင့်မှ များပြားခြင်းကို လျော့နည်းစေဖို့အတွက် ဆီးကျိတ်ခွဲစိတ်မှု တစ်ခုဖြစ်ပါတယ်။ Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကုသဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ သင့်အတွက် သင့်လျော်လားဆိုတာ သိရှိဖို့အတွက် ဆရာဝန်က နောက်ဆက်တွဲဆိုးကျိုးတွေရဲ့ ပြင်းထန်မှုတွေကို လေ့လာစစ်ဆေးမှာ ဖြစ်ပြီး အခြားရောဂါရှိမရှိ၊ ဆီးကျိတ်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍန်ကို စစ်ဆေးမှာ ဖြစ်ပါတယ်။ Prostate disease surgery တွေကို ဘာကြောင့် လုပ်ကြတာလဲ။ Transurethral resection of the prostate […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Reduction Surgery (ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း)

ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ရင်သားမှာ ပိုနေတဲ့ အဆီတွေ၊ အရေပြားတွေကို ဖယ်ထုတ်ပြီး သေးငယ်ပါးလျားစေဖို့ ခွဲစိတ်ပုံသွင်းခြင်း ဖြစ်ပါတယ်။ ရင်သားကြီးမားလွန်းပြီး စိတ်အနှောက်အယှက် ဖြစ်ရသူတွေအတွက် ဒီခွဲစိတ်မှုဟာ အထောက်အကူ ပြုပါတယ်။ ဒီခွဲစိတ်မှုဟာ ကိုယ်ခန္ဓါနဲ့ ရင်သား အချိုးအစား ကိုက်ညီမှုရှိစေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကာ လှုပ်ရှားသွားလာနိုင်စေပါတယ်။ ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း ဘာကြောင့် ပြုလုပ်သလဲ ဒီခွဲစိတ်ခြင်းဟာ သင့်ရဲ့ကိုယ်ပိုင် အလေးထားစရာ ကိစ္စဖြစ်တာမို့ သင့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ အောက်ပါအခြေအနေတွေမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ - ခွဲစိတ်မှုခံယူရန် ကျန်းမာရေးကောင်းမွန်ခြင်း - ဆေးလိပ်မသောက်ခြင်း - ရင်သားများကြီးမားလွန်း၍ စိတ်အနှောက်အယှက် ဖြစ်နေခြင်း - ရင်သားများကြောင့် ကိုယ်လက်လှုပ်ရှားမှု အကန့်အသတ်ရှိနေခြင်း - ရင်သားအလေးချိန်ကြောင့် ကျော၊ လည်ပင်နှင့် ပခုံးများ နာကျင်မှုရှိခြင်း - ရင်သားကြီးခြင်းကြောင့် ဘရာစီယာကြိုးရာများ အမြောင်းလိုက်ပေါ်နေခြင်း - ရင်သားတွန့်သည့်အောက်တွင် အရေပြား […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Breast Uplift (ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း)

ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုဖြစ်ပြီး ရင်သားမှာ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ပုံသွင်းခြင်း ဖြစ်ပါတယ်။ အရေပြားနဲ့ တစ်သျှူးများကို ငယ်စဉ်ကလိုပဲ တင်းရင်းအောင် ပြန်လည်ပြုပြင် ခွဲစိတ်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် နို့သီးခေါင်းပတ်လည်က တဖြည်းဖြည်း ကြီးထွားလာတဲ့ အရောင်မည်းခြင်းကို လျှော့ချနိုင်ပါတယ်။ ရင်သားလျော့ရဲစေတဲ့ အကြောင်းရင်းတွေကတော့ - ကိုယ်ဝန်ရှိခြင်း - ကလေးနို့တိုက်နေခြင်း - ကိုယ်အလေးချိန် အတက်အျကရှိခြင်း - အသက်အရွယ်ကြီးလာခြင်း - မြေဆွဲအား - မျိုးရိုးလိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။   ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း ဘာကြောင့် ပြုလုပ်သလဲ ကိုယ်ဝန်ရှိချိန်၊ နို့တိုက်ချိန်၊ ကိုယ်အလေးချိန် ကျချိန်တွေမှာ ရင်သားတင်းရင်းခြင်းကို အဓိက ပျက်စီးစေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတာနဲ့အမျှ ရင်သားတွေဟာ လျော့ရဲ့လာပါတယ်။ အောက်ပါအခြေအနေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ရင်သားခွဲစိတ်ခြင်းကို လုပ်ဆောင်ပါတယ်။ - ရင်သားနှစ်ဘက် လျော့ရဲတွဲကျနေခြင်း - ရင်သားများ ပျော့အိလျော့ရဲကာ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Caesarean Section (ဗိုက်ခွဲမွေးဖွားခြင်း)

အခြေခံအကြောင်းအရာများဗိုက်ခွဲမွေးဖွားခြင်း (C-Section) ဆိုတာဘာလဲ ဗိုက်ခွဲမွေးဖွားခြင်း (C-Section)ဆိုတာ ဝမ်းဗိုက်ကို ခွဲစိတ်ခြင်းအားဖြင့် ကလေးမွေးဖွားစေတဲ့ ခွဲစိတ်မှု တခုပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ပုံမှန်လမ်းကြောင်းကနေ ကလေးမွေးဖွားဖို့ ခက်ခဲတဲ့အခါ ဗိုက်ခွဲမွေးဖွားကြပါတယ်။ ယခင်က ခွဲစိတ်ဖူးရင်လည်း ထပ်မံခွဲစိတ်ရတတ်ပါတယ်။ ပထမဆုံးအကြိမ် ကလေးမွေးတာဆိုရင်တော့ ဗိုက်ခွဲမွေးဖို့ ကိစ္စကို မွေးခန်းထဲမှာ ဆရာဝန်ကပဲ ဆုံးဖြတ်တတ် ကြပါတယ်။ ဗိုက်ခွဲမွေးဖွားခြင်း ဘာကြောင့် လုပ်ဆောင်သလဲ တခါတရံမှာ ဗိုက်ခွဲမွေးဖွားဟာ ဘေးအကင်းဆုံးနည်း ဖြစ်ပါတယ်။ အောက်ပါ အခြေအနေတွေမှာ ဆရာဝန်ဟာ ဗိုက်ခွဲပြီး မွေးပေးနိုင်ပါတယ်။ ကလေးအနေအထား မမှန်ခြင်း ကလေး ဖွံ့ဖြိုးမှုသိပ်မရှိခြင်း၊ အားနည်းခြင်း အချင်းရှေ့ရောက်ခြင်း ဗိုက်ခွဲမွေးဖူးခြင်း ကလေးများများမွေးဖူးခြင်း အခြားပြသနာများရှိပြီး ဗိုက်ခွဲမွေးခြင်းသည် ပိုမိုသင့်တော်ခြင်း သွေးတိုး၊ ဆီးချို စသည့် ရောဂါတမျိုးမျိုးကြောင့် ရိုးရိုးမွေးဖွားစဉ် ပြသနာရှိနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်များဗိုက်ခွဲမွေးဖွားခြင်း ရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ ဗိုက်ခွဲမွေးဖွားခြင်းကို ယနေ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပါတယ်။ ဒီနည်းဟာ ကလေးနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

Carpal Tunnel Surgery (ကာပယ်လ်တန်နယ်လ်ရောဂါလက္ခဏာစု ခွဲစိတ်ကုသခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Carpal tunnel ရောဂါလက္ခဏာစုဟာ လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ထုံနေစေပါတယ်။ ခွဲစိတ်ကုသခြင်းဟာ ဒီလက္ခဏာတွေကို သက်သာစေပြီး အာရုံကြော အမြဲတမ်းပျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ Carpal tunnel ရောဂါလက္ခဏာစု ဆိုတာ ဘာလဲ လက်ကောက်ဝတ်နဲ့ လက်ရဲ့ ခံစားမှုနဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ median အာရုံကြောအပေါ် ဖိအားဖြစ်စေတဲ့အခါ ဒီပြသနာဖြစ်တတ်ပါတယ်။ အဲ့ဒီအာရုံကြောဟာ လက်ကောက်ဝတ်အတွင်းက carpal tunnel လို့ခေါ်တဲ့ လမ်းကြောင်းအတွင်းမှာ တခြားကြွက်သားအရွတ်တွေနဲ့အတူ တည်ရှိပါတယ်။ အကြောင်းရင်းများခွဲစိတ်မှုရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ခွဲစိတ်မှုရဲ့ ရည်ရွယ်ချက်က median အာရုံကြောပေါ် ဖိအားဖြစ်စေတဲ့ အရွတ်တွေကို ခွဲစိတ်ပြုပြင်ပြီး သက်သာစေဖို့ ဖြစ်ပါတယ်။ လက်မှာဖြစ်ပေါ်နေတဲ့ နာကျင်ခြင်း၊ ထုံကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဘယ်အချိန်မှာ Carpal tunnel ရောဂါလက္ခဏာစုကို ခွဲစိတ်ကုသသင့်သလဲ သင့်ရဲ့လက္ခဏာတွေဟာ မခွဲစိတ်ဘဲ ဆိုးရွားလာရင်၊ ကြာရှည်နေရင် ခွဲစိတ်ကုသမှုခံယူတာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း