ကျန်းမာရေး သတင်းများ

ကျန်းမာရေး သတင်းများ ၊ လေ့လာတွေ့ရှိချက်အသစ်များ၊ ကုထုံးအသစ်များ၊ ဆေးဝါးအသစ်များ အကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာရေး သတင်းများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

Johnson & Johnson လို့ ပြောလိုက်တာနဲ့ ကလေးပေါင်ဒါတွေကို ပြေးမြင်မိမှာပါ။ ဒါပေမယ့် များပြားလှတဲ့ တရားစွဲဆိုမှုတွေကြောင့် Johnson&Johnson က လာမယ့် ၂၀၂၃ကစပြီး Talc ပါဝင်တဲ့ ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ Johnson & Johnson နဲ့ ပေါင်ဒါအရှုပ်တော်ပုံ Johnson&Johnsonက လက်ရှိအချိန်မှာ သူတို့ရဲ့ Talcပါဝင်တဲ့ ပေါင်ဒါက ကင်ဆာဖြစ်စေတယ်ဆိုပြီး တရားစွဲဆိုမှုများစွာကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် မိန်းမကိုယ်နဲ့ အနီးတစ်ဝိုက်မှာ Talcပေါင်ဒါ အသုံးပြုတာကြောင့် သားဥအိမ်ကင်ဆာဖြစ်ရတယ်ဆိုပြီး အမျိုးသမီးတွေက တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။ Johnson&Johnsonက ကလေးပေါင်ဒါဆိုပေမယ့် ပေါင်ပွန်းတဲ့ အမျိုးသမီးတွေကလည်း အပွန်းသက်သာအောင် ပေါင်ခြံတစ်ဝိုက်မှာ အသုံးပြုကြပါတယ်။ Johnson & Johnsonရဲ့ တုံ့ပြန်ချက် Johnson&Johnsonကတော့ သူတို့ရဲ့ ပေါင်ဒါနဲ့ ပတ်သက်ပြီး စိတ်ချရမှုကို ယုံကြည်မှုရှိဆဲလို့ […]

ကျန်းမာရေး သတင်းများ ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

ထိခိုက်ပျက်စီးသွားတဲ့ ကိုယ်အင်္ဂါတွေပြန်လည်ဖွံ့ဖြိုးလာအောင်အထောက်အကူပြုပေးနိုင်မယ့် ထိုးသွင်းနိုင်တဲ့ တစ်သျှူးအလွှာငယ်

ကိုယ်အင်္ဂါပြန်လည်ဖွံ့ဖြိုးရေးအထောက်အကူပြုတစ်သျှူးလွှာ တော်ရန်တို တက္ကသိုလ်က သုတေသီတွေက သွေးကြောတွေပါဝင်ပြီးသား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲကို ထိုးသွင်းပြီး အသုံးပြုနိုင်မယ့် နှလုံးတစ်သျှူးအလွှာငယ်လေးတစ်ခုကိုတီထွင်ခဲ့ပါတယ်။ Invasive open-heart surgery အန္တရာယ်ရှိတဲ့ နှလုံးဖွင့်ခွဲစိတ်မှု လုပ်တဲ့အခါ အသစ်ဖြစ်ပေါ်လာတဲ့ ဆဲတွေ (သို့) တစ်သျှူးကိုအသုံးပြုပြီး ရုတ်တရက်နှလုံးရပ်တာနဲ့အခြားရောဂါတွေကြောင့် ပျက်စီးသွားတဲ့နှလုံးတစ်သျှူးတွေကို ပြန်လည်ဖွံ့ဖြိုး လာအောင်လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ Nature Materials ဂျာနယ်မှာ သြဂုတ်လ ၁၄ ရက်နေ့ကဖော်ပြခဲ့တဲ့ လေ့လာမှုသစ်တစ်ရပ်မှာ တော်ရန်တို တက္ကသိုလ်က biomedical engineering ဇီဝဆေးသိပ္ပံပြုပြင်ပြောင်းလဲခြင်း သုတေသီတွေတီထွင်ခဲ့တဲ့ 3D နည်းပညာကိုအသုံးပြုပြီးပြုလုပ်ထားတဲ့ လူ့တစ်သျှူးအလွှာတွေကိုအသုံးပြုထားတဲ့ နည်းပညာတစ်ရပ်က ခွဲစိတ်စရာမလိုဘဲ လူသားတွေရဲ့နှလုံး တစ်သျှူးတွေကိုပြန်လည်ဖွံ့ဖြိုး လာအောင်လုပ်ဆောင်ပေးနိုင်တယ်၊ လို့ဖော်ပြခဲ့ပါတယ်။ သုတေသနအဖွဲ့က နှလုံးကုသမှုပေးဖို့အတွက် လူနာရဲ့ရင်ဘတ်ကိုခွဲစိတ်တာမျိုးလုံးဝမလုပ်ဘဲ ဆဲလ် နဲ့တစ်သျှူးတွေကို ပြန်လည်ဖွံ့ဖြိုးလာစေမယ့် တစ်သျှူးအလွှာလေးကို ထိုးသွင်းနိုင်ဖို့အတွက် အပ် အသေးစားလေးတွေကိုပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ “နှလုံးအစားထိုးကုသဖို့အတွက် ဆိုရင် ခွဲစိတ်မှုလုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်၊ ဒီကုသမှုကိုလူနာတွေ ကိုကုသရာမှာတွင်တွင်ကျယ်ကျယ်အသုံးမပြုနိုင်သေးပါဘူး။” […]


ကျန်းမာရေး သတင်းများ

သတိမေ့ရောဂါကုသသည့်ဆေးဝါးများက အပြုအမူနှင့်စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပါ သက်သာစေနိုင်ကြောင်း သိကောင်းစရာ

Dementia မှာ ဖြစ်တတ်တဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဟာ အလွန်အတွေ့ရများပြီး ရောဂါပိုဆိုးလာတာနဲ့ အမျှ ဖြစ်လာကြခြင်းဖြစ်ပါတယ်။ အချို့လူတွေအတွက် Dementia မှာ ပေးတဲ့ဆေးတွေဟာ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို သက်သာစေတယ်လို့ သက်သေပြနိုင်မှုတွေကလဲ မြင့်တက်လာခဲ့ပါတယ်။ Dementia ရှိတဲ့လူတွေဟာ ဂနာမငြိမ်ခြင်း၊ စိတ်တိုခြင်း၊ ဂယောင်ခြောက်ခြား ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း အစရှိတဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တတ်ကြပါတယ်။ ဆေးမသောက်ပဲ ကုသခြင်းဟာ အကျိုးမရှိဘူးဆိုရင် ဒီလက္ခဏာတွေကို ပျောက်ကင်းသက်သာစေတဲ့ ဆေးတွေ အများကြီးလည်း ရှိပါတယ်။ သူတု့ိကို ဘယ်အချိန်မှာနဲ့ ဘယ်လိုသောက်သင့်လဲဆိုတာရယ်၊ ဘေးထွက်ဆိုးကျိုးဘာရှိလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။   Dementia ဆေးတွေကို အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ကုသဖို့ ဘယ်အချိန်မှာ အသုံးပြုသင့်ပါသလဲ။ Memantine ဟာ စိတ်ချရတဲ့ ကုသမှုတစ်မျိုးဖြစ်ပြီး […]


ကျန်းမာရေး သတင်းများ

ကော်လာဂျင် Collagen အကြောင်း သိကောင်းစရာ

နိဒါန်းCollagen ကို အမျှင်တစ်ရှူးတွေဖြစ်တဲ့ အရေပြား၊ အရွတ်နဲ့ အရိုးတွေ၊ သွေးကြောတွေ၊ မျက်ကြည်လွှာနဲ့ အူတွေထဲမှာ တွေ့ရတတ်ပါတယ်။ Collagen ဟာ သွေးကြောတွေ သန်မာစေဖို့၊ အရေပြားကျုံ့နိုင်စွမ်းအားရှိဖို့နဲ့ အားအင်ပြည့်ဖို့အတွက် အရေးကြီးပါတယ်။ Collagen နည်းပါးခြင်းဟာ အရေးအကြောင်းတွေ ဖြစ်ပွားစေပြီးတော့ အခြားအရေပြား ပြဿနာတွေကိုလဲ ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် Collagen ဟာ အသက်ကြီးတဲ့ လူတွေမှာ သူ့ရဲ့ အရေပြားကို ကုသပေးတဲ့ ဂုဏ်သတ္တိကြောင့် ထင်ရှားတဲ့ ဖြည့်စွက်သုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ စာကိုယ်Collagen(ကော်လာဂျင်) ဆိုတာဘာလဲ။ Collagen ဆိုတာဟာ နို့တိုက်သတ္တဝါတွေမှာ ပမာဏ အများဆုံးတွေ့ရတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓါတစ်ခုလုံးမှာ ရှိတဲ့ ပရိုတင်းတွေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ဟာ Collagen တွေ ဖြစ်ပါတယ်။ သူ့ကို ကိုယ်ခန္ဓါတစ်ခုလုံးကို တွယ်ကပ်ပေးထားတဲ့ ကော် အဖြစ်လည်း တင်စားပြောဆိုကြပါတယ်။   Collagen […]


ကျန်းမာရေး သတင်းများ

အရေးကြီးသောဖုန်းနံပါတ်များ

အချိန်အတော်များများတွင်လူများသည်ဖုန်းများကိုတစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန်သို့မဟုတ်အင်တာနက်သုံးရန်သာသဘောထားကြသည်။ တကယ်တမ်းတောအရေးပေါ်အခြေအနေများတွင်ဖုန်းများသည်မိမိအသက်ကိုပင်ကယ်တင်နိုင်သည်။ သင်သည်အရေးပေါ်ကိစ္စဖြစ်ပေါ်လာလျှင်ဆက်သွယ်နိုင်ရန်အရေးပေါ်ဌာနများ၏ဖုန်းနံပါတ်များသင့်ဖုန်းတွင်ထားရှိသင့်ပါသည်။ အောက်တွင်သင်ထားရှိသင့်သည့်အရေးပေါ်ဌာနများကိုရေးပေးထားပါသည်။   ဒေသခံရဲဌာန အကယ်၍သင့်အိမ်သို့မဟုတ်သင့်အိမ်ပတ်ဝန်းကျင်တွင်ရာဇဝတ်မှုတစ်ခုခုဖြစ်နေပြီဆိုပါကရဲကိုဖုန်းဆက်ခေါ်ဖို့အတွက်မနှောင့်နှေးပါနှင့်။ သင့်ဒေသနှင့်ပိုပြီးသက်ဆိုင်၍ပိုပြီးတိကျသောဖုန်းနံပါတ်များကိုထားရှိခြင်းအားဖြင့်ရဲဌာနတစ်ဌာနနှင့်တစ်ဌာနဖုန်းလွှဲခြင်းကိုစောင့်ဆိုင်းနေရသည့်အချိန်ပိုမိုတိုတောင်းသွားမည်ဖြစ်ပါသည်။   ဒေသခံမီးသတ်ဌာန ဒေသခံမီးသတ်ဌာနသည်မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှုနှင့်ပက်သက်သောလေ့ကျင့်မှုများပြုလုပ်ထားပြီးအသုံးဝင်သောသတင်းအချက်အလက်များစွာရှိသည်။ သို့ဖြစ်၍မီးဘေးကိစ္စတစ်စုံတစ်ရာဖြစ်လာပါကဒေသခံမီးသတ်ဌာနကိုဆက်သွယ်ခြင်းသည်ပို၍ကောင်းသည်။ အဘယ်ကြောင့်ဆိုသော်သူတို့တွင်မီးသတ်ကားများနှင့်ရေများအလုံအလောက်ရှိသောကြောင့်ဖြစ်သည်။   အရင်းအမြစ်ကုမ္ပဏီများ အကယ်၍သင်သည်ရေထောက်ပံ့မှုနှင့်ပက်သက်ပြီးပြဿနာတစ်စုံတစ်ရာရှိခဲ့မည်ဆိုလျှင်ဥပမာရေမလုံလောက်မှုရေညစ်ညမ်းမှုများရှိခဲ့မည်ဆိုလျှင်သင်သည်ရေကုမ္ပဏီကိုဖုန်းဆက်ခေါ်၍ရေကိုစစ်ဆေးခြင်းထောက်ပံ့ခြင်းပြုလုပ်နိုင်သည်။ စွမ်းအင်ကုမ္ပဏီဖုန်းနံပါတ်များရှိခြင်းအားဖြင့်လျှပ်စစ်စွမ်းအင်နှင့်အခြားပြဿနာများအကူအညီလိုပါကဆက်သွယ်နိုင်သည်။ သင်၏မီတာခများပေးပြီးမပြီးလည်းဖုန်းဆက်ကာစုံစမ်းနိုင်သည်။   အဆိပ်အတောက်ထိန်းချုပ်မှု အထူးသဖြင့်ကလေးငယ်များရှိသောမိသားစုများတွင်အဆိပ်သင့်ခြင်းသည်ဖြစ်ပွားနှုန်းများသည်။ အဘယ်ကြောင့်ဆိုသော်ကလေးများသည်သူတို့လက်လှမ်းမီရာအရပ်တွင်ရှိသောရှန်ပူများရေချိုးဆပ်ပြာများအဝတ်လျှော်ဆပ်ပြာမှုန့်များနှင့်အခြားအဆိပ်အတောက်ဖြစ်စေသောအရာများကိုယူရန်ကြိုးစားကြခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်အဆိပ်ထိန်းချုပ်မှုဌာန၏ဖုန်းနံပါတ်သည်သင့်ဖုန်းထဲတွင်ရှိသင့်သည်။   ဆေးရုံဖုန်းနံပါတ်များ ဖျားနာမှုနာမကျန်းမှုများသည်မတော်တဆမှုများကဲ့သို့ပင်မမျှော်လင့်ဘဲဖြစ်လာနိုင်သည်။ ဆေးရုံဖုန်းနံပါတ်များထားရှိခြင်းဖြင့်သင်လိုအပ်ပါကလူနာတင်ယာဉ်လွှတ်ပေးနိုင်သကဲ့သို့ဆေးရုံကားလာနေစဉ်အချိန်အတွင်းတွင်လည်းလူ့အသက်တစ်ချောင်းဘယ်လိုကယ်ရမည်ဆိုသောညွှန်ကြားချက်များပေးနိုင်သည်။ အစိုးရဆေးရုံရောပုဂ္ဂလိကဆေးရုံရောနှစ်မျိုးလုံး၏ဖုန်းနံပါတ်အမျိုးမျိုးကိုထားရှိသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်ဆေးရုံများသည်လူနာများပြည့်လျှံနေသည့်အခါအခြားဆေးရုံတစ်ရုံသို့ဆက်သွယ်နိုင်ရန်ဖြစ်သည်။   တိရိစ္ဆာန်ဌာန အကယ်၍သင်သည်လမ်းဘေးပိုင်ရှင်မဲ့ကြောင်တစ်ကောင်နှင့်တွေ့ဆုံရပြီဆိုပါကမည်သို့ပြုလုပ်မည်နည်း။ သို့မဟုတ်သင်၏အိမ်အနီးအနားတွင်ကျားတစ်ကောင်ရောက်နေသည်ဆိုပါကမည်သို့ပြုလုပ်မည်နည်း။ တိရိစ္ဆာန်ဌာနကိုဖုန်းဆက်ရမည်သာဖြစ်ပါသည်။ ၎င်းတို့သည်တိရိစ္ဆာန်များနှင့်ပက်သက်သည့်အရေးပေါ်ပြဿနာရပ်များကိုတာဝန်ယူပေးသည့်အပြင်တိရိစ္ဆာန်များနေစရာနေရာနှင့်တိရိစ္ဆာန်များကိုမည်သို့ကူညီမည်ဆိုသည်နှင့်ပက်သက်၍သတင်းအချက်အလက်များစွာကိုလည်းပေးပါသည်။   လုပ်ဖော်ကိုင်ဖက်များနှင့်အိမ်နီးနားချင်းများ သင်ဟာသင့်လုပ်ဖော်ကိုင်ဖက်တွေအိမ်နီးနားချင်းတွေကိုကြိုက်နှစ်သက်ခြင်မှကြိုက်နှစ်သက်ပါလိမ့်မည်။ သို့သော်လည်းအရေးပေါ်ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်လာပါကသင်ခေါ်ချင်သည်ဖြစ်စေမခေါ်ချင်သည်ဖြစ်စေထိုသူများကိုဖုန်းဆက်ရမည်သာဖြစ်ပါသည်။ သင့်လုပ်ဖော်ကိုင်ဖက်များနှင့်အိမ်နီးနားချင်းများ၏ဖုန်းနံပါတ်များကိုယူထားခြင်းအားဖြင့်သင်နေမကောင်းပါကအလုပ်ကိုခွင့်တိုင်ပေးရန်ဖုန်းလှမ်းဆက်နိုင်သကဲ့သို့သင်အပြင်ရောက်နေချိန်သင့်အိမ်ကိုကြည့်ပေးထားရန်သင့်အိမ်နီးနားချင်းကိုဖုန်းဆက်ပြောနိုင်ပါသည်။ အထက်ပါဖုန်းနံပါတ်များကိုဘယ်လိုမှတ်သားထားမလဲ။ အချို့အရေးပေါ်အခြေအနေများတွင်သင်ဟာသင့်ဖုန်းဆက်သွယ်ရမည့်စာရင်းထဲတွင်အေမှဇက်အထိနံမည်တစ်ခုခြင်းလိုက်ရွေးဖို့အချိန်မရှိပါဘူး။ ထို့ကြောင့်ထိုအရေးပေါ်ဖုန်းနံပါတ်များကိုအုပ်စုတစ်ခုသက်သက်ခွဲ၍သိမ်းထားပါ။ သင့်မိသားစုဝင်များသင့်သူငယ်ချင်းများကိုလည်းဤအရေးပေါ်နံပါတ်များဘယ်လိုမှတ်သားရမည်ကိုပြောပြပေးပါ။   Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။


ကျန်းမာရေး သတင်းများ

တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းကနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း

တစ်နေ့လျှင် ဆိုဒါ ၂ ခွက်သောက်ခြင်းကနှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ခြင်း တစ်နေ့လျှင်အချိုကဲသောအမြုပ်ထသည့်အချိုရည် ၂ ခွက်သောက်လျှင်နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ တို့ဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါသည်။ ဟားဗတ်လေ့လာမှုတစ်ခုတွင် အချိုရည်များ သောက်သုံးမှုနှင့် ပတ်သက်၍ ပြည့်စုံသော လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ တစ်နေ့လျှင်အချိုရည် ၁ ခွက်မှ ၂ ခွက်သောက်သုံးလျှင် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို ၂၆% ထိ တိုးစေသည်။ နှလုံးရုတ်တရက် ဖောက်ပြန်ခြင်းနှင့် နှလုံးရောဂါကို ၃၅% အထိ ၊ လေဖြတ်ရောဂါကို ၁၆% ထိ အန္တရာယ်တိုးမြင့်စေပါသည်။ ထို့ကြောင့် ကျွမ်းကျင်သူများက အချိုရည်သောက်သုံးမှုကို လျှော့ချရန် အရေးပေါ်လုပ်ငန်းတစ်ခု ပြုလုပ်ရန် အရေးဆိုခဲ့ကြသည်။ သုတေသနတစ်ခုက အချိုကဲသော အမြှုပ်ထသည့်အချိုရည် ၂ ခွက်သောက်သုံးလျှင် အဝလွန်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါနှင့် နှလုံးရောဂါ တို့ဖြစ်နိုင်ခြေကိုသိသာစွာတိုးမြင့်စေကြောင်းဖော်ပြခဲ့ပါသည်။ ထို့ကြောင့် သုတေသီများက […]


ကျန်းမာရေး သတင်းများ

နေပြည်တော်

နေပြည်တော်ရှိ လူမှုကူညီရေးအသင်းများ ဇေယျာသီရိမြို့နယ် ကရုဏာရှင် (လူမှုရေးအသင်း) Ph: 9797712335 ပြည်စံအောင် ရပ်ကွက် ပညာရောင်ခြည်ကျောင်းတိုက်၊နေပြည်တော်၊ဇေယျာသီရိ   ဇမ္ဗူသီရိမြို့နယ် ပိတိကုသိုလ်(လူမှုရေးအသင်း) Ph:9420721199 ကိုမောင်မောင် ၊တိုက်၃၃၁ရအခန်း၃၁ ချယ်ရီအိမ်ယာ ၊ဉာဏသိဒ္ဓိရပ်ကွက်၊ဇမ္ဗူသီရိမြို့နယ်   ပျဉ်းမနားမြို့နယ်ရှိဆေးခန်းများ (၁)အေးငြိမ်းချမ်းသာ ဘိုးဘွားရိပ်သာ Ph:6727090 ပဒုမ္မာလမ်း၊ပေါင်းလောင်း (၂) ဘောဂဝတီရပ်ကွက်၊ ပျဉ်းမနား၊ပျဉ်းမနားမြို့ (၂)မျှဝေသောလက်များ အခမဲ့ဆေးခန်း Ph:949203204 တံခွန်တိုင်ကျောင်းတိုက် ၊ဗိုလ်ချုပ်လမ်းထိပ်၊ပျဉ်းမနား၊ပျဉ်းမနားမြို့   (၃)မတ္တာဆာယာအခမဲ့ဆေးခန်း ဈေးကုန်းကျောင်းတိုက်၊ ပျဉ်းမနား၊ပျဉ်းမနားမြို့ (၄)ပျဉ်းမနား ဘိုးဘွားရိပ်သာ အခမဲ့ဆေးခန်း Ph:067 21099 ပျဉ်းမနားဘိုးဘွားရိပ်သာ ၊တောင်သာရပ်၊ပျဉ်းမနား၊ပျဉ်းမနားမြို့   (၅)ဇီဝိတဒါနသံဃာ့ ဆေးရုံ Ph:067 21134   လယ်ဝေးမြို့နယ်ရှိလူနာတင်ယာဉ် ဒို့လယ်ဝေးပရဟိတလူငယ်များ Ph: 943106850   ပုဗ္ဗသီရိမြို့နယ်ရှိ (၁) ကြက်ခြေနီ Ph:9250687824 မြို့နယ်ကြက်ခြေနီရုံး(ယာယီ) ၊မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်   (၂) သဗ္ဗသုခနာရေးကူညီမှုအသင်း: Ph:9448537100 ပုပ္ဗသီရိမြို့ ၊နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်


ကျန်းမာရေး သတင်းများ

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးရှိ လူမှုကူညီရေးအသင်းများ သရက်မြို့နယ် စေတနာဖြူ Ph: 095330673 သရက်မြို့နယ်။ သရက်ခရိုင်။ မကွေးတိုင်းဒေသကြီး   ပခုက္ကူမြို့ (၁) သဟာရ Ph: 0933233908 အမှတ် ၁၅ မြစ်ကိုင်းရပ်၊ပခုက္ကူမြို့မကွေးတိုင်းဒေသကြီး   (၂)ာသုဂတိစေတနာလှုမှုကူညီရေးအသင်း Ph: 0947214517 ,0931827700, 09256225669 ပြသာဒ်ကျောင်း၊ခန်တော အမှတ်(12)ရပ်ကွက်၊ပခုက္ကူ မြို့ မကွေးတိုင်းဒေသကြီး   (၃) ကိန္နရာတောင်လူမူကူညီရေးအသင်း Ph: 0947214716 အမှတ်၅ ရပ်ကွက် ပခုက္ကူမြို့၊မကွေးတိုင်းဒေသကြီး   (၄) ယသနှလုံးသား Ph: 09402501409 မကွေးတိုင်း ပခုက္ကူမြို့နယ်ကျွန်းချောင်းဒေသ၊ပခုက္ကူမြို့ မကွေးတိုင်းဒေသကြီး   (၅) ပခုက္ကူအရေးပေါ်လူမှုကယ်ဆယ်ရေး Ph: 0930527065 ပခုက္ကူအဝေးပြေးကားကွင်းအတွင်း၊ပခုက္ကူမြို့ မကွေးတိုင်းဒေသကြီး   (၆) အမှတ် ၁၃ လူငယ်သွေးလှူရှင် အသင်း Ph: 09401673616 အမှတ် ၁၃ မဲအိုးတန်းရပ်ကွက် ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး   ပေါက်မြို့နယ် (၁) အာယုပါလ လူမှုကူညီရေးအသင်း Ph: 09401509844 ပေါက်မြို့နယ် ကမ္ဘာဖြူအုပ်စု ဆေးပင်ကြီးကျေးရွာ၊ မကွေးတိုင်းဒေသကြီး   (၂) အဝေရာ Ph: 096565132 မကွေးတိုင်း၊ပေါက် မကွေးတိုင်းဒေသကြီး   အောင်လံမြို့ (၁) မွန်မြတ်လူငယ် Ph: 0931878616 မကွေးတိုင်း၊အောင်လံမြို့၊အောင်မင်္ဂလာရပ်ကွက်၊ မကွေးတိုင်းဒေသကြီး (၂) မေတ္တာမွန် Ph: 69200870 အောင်လံမြို့ တရော်ကုန်းရပ်၊အောင်လံ မကွေးတိုင်းဒေသကြီး   ခရမ်းမြို့ အဖြူရောင်အဖွဲ့ Ph: 09250346502 အမှတ်(9)ရပ်ကွက်၊ခရမ်း မကွေးတိုင်းဒေသကြီး ချောက်မြို့ သွေးမေတ္တာ (သွေးလှူရှင်အသင်း) Ph: 09960099214 […]


ကျန်းမာရေး သတင်းများ

ကချင်ပြည်နယ်

မြစ်ကြီးနားမြို့     ၁။ အခမဲ့နာရေးကူညီမှုအသင်းစီတာပူ   Ph.09400021298 SNS( 284 )   စီတာပူ ဆွတ်ငိုင်တောင်၊မြစ်ကြီးနား၊ကချင်ပြည်နယ်။         ၂။၉၆၉မျိုးဆက်သစ်သွေးလှုရှင် အသင်း Ph.9256077551   အောင် နန်း၊မြစ်ကြီးနားမြို့ ၊ကချင်ပြည်နယ် ။         ၃။ မြန်မာနိုင်ငံကြက်ခြေနီအသင်း   Ph.07423501   ကြက်ခြေနီကြီးကြပ်မူ့ကော်မတီ၊မြစ်ကြီးနား ၊ ကချင်ပြည်နယ်။           ဖားကန့် မြို့ ၁။ မေတ္တာလူမှုကူညီရေးအသင်း   Ph.01-3333585, 01-3333586   တာမခန်မြို့သစ်၊ဆေးရုံအနီး၊ ဖားကန့် မြို့၊ ကချင်ပြည်နယ် ။         လိုင်ဇာမြို့     Airavati Foundation   Ph.13208828971   လိုင်ဇာမြို့၊ ကချင်ပြည်နယ်။         နမ္မတီးမြို့       ၁။ ရှမ်းပရဟိတ   Ph. 9261072421   နမ္မတီးမြို့၊ ကချင်ပြည်နယ်။       ဗန်းမော်မြို့     ၁။ ဗန်းမော်သွေးအလှူရှင်အသင်း     Ph. 936150016 ညောင်ပင်ရပ်၊ ဗန်းမော်မြို့၊ ကချင်ပြည်နယ်။       ၂။ လူမျိုးဘာသာမရွေးအခမဲ့လူမှုကူညီရေးအသင်း   Ph.09400027763, 0936150007   သိမ်တော်ကြီးဘုန်းကြီးကျောင်းဝင်း၊သာသနာ့ဗိမာန်ဘေး, ဗန်းမော်မြို့၊ ကချင်ပြည်နယ်။     မိုးမောက်မြို့   ၁။ ဗုဒ္ဓလူငယ်အဖွဲ့   Ph.0936253179   မန္တလေးကျောင်းတိုက် မိုးမောက်မြို့၊ကချင်ပြည်နယ်။     ဖထိုးမြို့   ၁။ နာရေးကူညီမူအသင်း   Ph. 989134716   ဆိုင်ဟ ဖင်းကျလိင်၊ ဖထိုးမြို့နယ်။ ကချင်ပြည်နယ်။     မိုးညှင်းမြို့   ၁။ မေတ္တာမွန် (ဗုဒ္ဓဘာသာလူမှုကူညီရေးအသင်း)   Ph.09400018549 ,09400005510,09401567067   နားခါ(မြောက်)ရပ်ကွက်|ဇေယျသုခဝါဆိုကျောင်းတိုက်၊ မိုးညှင်းခရိုင် ၊မိုးညှင်းမြို့ ကချင်ပြည်နယ်။


ကျန်းမာရေး သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသော လူမှုကူညီရေးအသင်းများ တံတားဦးမြို့နယ် စေတနာရှင်လူမှုကူညီရေးအသင်း Ph: 6644148 ,0930121200 အမှတ်(၃)လွှစဉ်တန်းရပ်|တံတားဦးမြို့။ စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့ (၁) သာကီနွယ်ပရဟိတ နှင့်သွေးလှူအသင်း Ph: 9256393068 နတ်လူထိပ္ပန်ရပ်ကွက်၊မဟာမင်းကျောင်းတိုက်၊မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး   (၂) စိတ္တသုခ Ph: 9256068688 မုံရွာမြို့နယ်မုံရွေး-ကြေးမုံ၊မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး   (၃) ဇနသုခကျန်းမာရေး ကူညီမှုအသင်း Ph: 09442075766, 09256300000 ဒက္ခိဏါရုံကျောင်းတိုက် အလုံမြို့. ၊မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး   (၄) မြတ်ဒါန လူငယ်ဖွံ့ဖြိုးမှုဆောင့်ရှောက်ရေးဂေဟာ Ph: 0947051649 စက်မှု(၂)သီရိမင်္ဂလာရပ်ကွက် မေတ္တာရှင်ရွှေပြည်သာကျောင်းတောင်ဘက် မဟာကင်းစမ်းကျောင်းအနီး မုံရွာမြို့။ စစ်ကိုင်းတိုင်းဒေသကြီး   ကလေးမြို့ (၁) ကာယကံမေတ္တာလူမှုကူညီသူများ Ph: 09 47072023, 0947073466, 073 21094 ကာယကံမေတ္တာရုံး၊ ဗိုလ်ချုပ်လမ်း၊ နေသာကျောင်းအနောက်ဘက်၊ ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီး   (၂) ဥယျာဉ်လူငယ် Ph: 09400493885,09440350506, 0978912518,09259797321 ဥက္ကဌ ဦးဝိသဒ(သာသနဓဇဓမ္မာစရိယ)၊ ဒု-ဦးပညာဝုဓ(ဓမ္မာစရိယ)၊မင်္င်ဂလာဥယျာဉ်ပရိယတ္တိစာသင်တိုက်၊မင်္ဂလာဥယျာဉ်ရပ်ကွက်၊စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး   (၃) ZYA (Zomi Youth Association) Charity Ph: 0933565003, 09789275924 Hallelujah Building. Tat Oo 4/51,(Pinlong-8) Yathana […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း